မြို့စွန်လေးမြို့နယ်မှ မြေကွက် ၁၈ ကွက်ကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီက ယခုနှစ်အတွင်း ပထမဆုံး အကြိမ် လေလံတင်ရောင်းချရာ လေလံဝင်ဆွဲသူ ၂၂ ဦးရှိခဲ့ပြီး ၁၈ ဦးက လေလံအောင်မြင်ခဲ့သည်။
မြေကွက်တစ်ကွက်လျှင် ပေ၄၀×၆၀ မြေကွက်များကို ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက သိန်း ၈၀၀ ကျော်ဈေးဖြင့် လေလံတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။
လေလံတင်သည့် မြေနေရာ များမှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပိုင်မြေများ ဖြစ်သည့် ဒဂုံဧရာအဝေးပြေးဝင်း ရှိ ပွဲရုံမြေနေရာများ အပါအ၀င် သာကေတ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာ မြို့နယ်များမှ မြေကွက်များ ဖြစ် သည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည် ၂၀၁၄ မှစတင်ပြီး ဌာနပိုင်မြေကွက်များကို ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် လေလံပစ်ခြင်း၊ တင်ဒါ ခေါ်ခြင်းများ ပြုလုပ်ခဲ့သည်။
‘‘စည်ပင်လေလံက မြေ ကွက်တွေက ပြင်ပက မြေဈေး ထက်တော့ သက်သာတယ်။ ပြီး တော့ အချက်အချာနေရာကောင်း တွေပါတယ်။ လေလံအောင်တဲ့ သူတွေအတွက်တော့ အရမ်းတန် တယ်’’ ဟု စည်ပင်လေလံပွဲများဝင်ရောက်ဆွဲလေ့ရှိသူ TZKM ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ထွန်းဦးက ဆိုသည်။
နောက်ပိုင်းတွင်လည်း မြို့ တွင်းပိုင်းမှ အဆောက်အအုံအချို့ နှင့် မြေကွက်များကို လေလံပစ် ရန် အစီအစဉ် ရှိသေးကြောင်းသတင်းရရှိသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း မှ အချက်အချာကျပြီး မြေဧက ကျယ်ဝန်းသည့် စည်ပင်ပိုင်မြေ ခုနစ်ကွက်ကို ၂၀၁၄ က တင်ဒါခေါ်ယူထားရာ ယခု ၂၀၁၅ တွင် တင်ဒါအောင်မြင်သူများကို မကြာမီ ဖွင့်ဖောက်ကြေညာမည် ဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် ယင်းဌာနပိုင်မြေကွက်များ၊ အဆောက် အအုံများကို ပုဂ္ဂလိကသို့ တဖြည်း ဖြည်းချင်းလွှဲပြောင်းပေးအပ်သွား ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့်က ၂၀၁၄နှစ်ကုန်ပိုင်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
၂၀၁၄ တွင် စည်ပင်က ခေါ်ယူခဲ့သည့် လေလံပွဲများ၌
ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ စည်ပင်ပိုင် အဆောက်အအုံသစ် ငါးလုံးကို ဈေးဝယ်စင်တာဖွင့်လှစ်ရန် လုပ်ငန်းရှင် ခြောက်ဦးက ကျပ် ၄၈ ဘီလီယံဖြင့် လေလံအောင်မြင်ခဲ့သည်။
Credit: 7 day daily