Sweet Bunny Garden လေး ဖန်တီးရအောင် - Property Knowledge in Myanmar from iMyanmarHouse.com
395 Views
Sweet Bunny Garden လေး ဖန်တီးရအောင်
Knowledge | Posted by Zarni Kyaw
[Unicode]
ဒီထဲမှာ အာဝုလေးတွေ မြောင်လေးတွေထက် အသည်းငယ်တဲ့ ယုန်ပိစိလေးတွေ မွေးထားသူများရှိကြလား...။ ယုန်ပေါက်စလေးတွေက အရွက်စားသတ္တဝါဖြစ်လို့ ဒီကနေ့မှာတော့ ယုန်လေးတွေ ခြံထဲအလွယ်တကူ ဆင်းစားနိုင်အောင် ခြံစိုက်ဟင်းသီးဟင်းရွက်လေးတွေကို တင်ဆက်ပေးပါရစေ။ ကဲ ... ယုန်လေးတွေ ဘယ်လိုအစားအစာကြိုက်တတ်လဲဆိုတော့ကာ....
စုံစုံလင်လင် ရောင်စုံအသီးအရွက်များ
ပင်စိမ်း၊ မုန်လာဥနီ၊ နံနံပင်၊ မြင်းခွာရွက်၊ ထိုင်ဝမ်မုန်ညှင်း စတဲ့ အရွက်စိမ်းစိမ်းလေးတွေဟာ ယုန်လေးတွေ အသဲစွဲကြိုက်တဲ့ အသီးအရွက်လေးတွေဖြစ်ပါတယ်။ မုန်လာဥနီဟာ မြေကောင်းကောင်းမှာ ဖြစ်ထွန်းနိုင်တာမို့ ပန်းဥယျာဉ်လေးထဲ ထည့်စိုက်ပျိုးသင့်ပါတယ်နော်။ မြင်းခွာရွက် ဆိုရင်လည်း ဥယျာဉ်ခြံထဲ ပေါပေါများများပေါက်နိုင်တာကြောင့် ထိပ်ဆုံးက ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။
ယုန်လေးတို့ရဲ့ အစာ ဘယ်ရီသီးများ
စတော်ဘယ်ရီပင်လေးတွေဟာ အိမ်မှာစိုက်လို့ရနိုင်တဲ့ အပင်ပုအမျိုးအစားပါ။ ဝရံတာပေါ်မှာ စီတန်းစိုက်ထားရင် ယုန်ငယ်လေးအတွက် နိဗ္ဗာန်ဘုံပဲပေါ့။ တခြားအလွယ်တကူ စိုက်ပျိုးလို့ရနိုင်တဲ့ Blueberry, Raspberry, Blackberry တို့ကိုလည်း သူတို့လေးတွေ ကြိုက်တတ်ကြတာမို့ တိရစ္ဆာန်ချစ်သူလေးများ Try ကြည့်သင့်ပါတယ်နော်။
ဆလပ်ရွက်
သူတို့လေးတွေ နောက်ထပ် ငမ်းငမ်းတက် စားတတ်တဲ့ အရွက်တစ်မျိုးကတော့ ဆလပ်ရွက်ပါ။ အိမ်မှာ မြေကောင်းကောင်းနဲ့ ဥယျာဉ်ခြံလေးရှိရုံနဲ့ ဆလပ်ရွက်ကို လွယ်လင့်တကူ စိုက်ပျိုးလို့ရနိုင်ပါတယ်။ ခြံထဲမှာ ယုန်လေးတွေအတွက် စားစရာအသင့်စိုက်ပျိုးထားတော့ တကူးတက ထွက်ဝယ်စရာမလိုတော့ဘူးပေါ့။
ဒီတစ်ခေါက်ကတော့ ကိုရွှေယုန်လေးတွေအတွက် ခြံတွင်းစိုက်ပျိုးနိုင်တဲ့ ဟင်းသီးဟင်းရွက်အစုံအလင်ကို တင်ဆက်ပေးသွားတာဖြစ်ပါတယ်။ စိုက်ပျိုးရတာ ဝါသနာပါတဲ့ အိမ်ရှင်မတို့အတွက် အပျင်းလဲပြေ ယုန်ကလေးလဲ ဗိုက်ပြည့် အိမ်ခြံလေးထဲ စိုက်ပျိုးလိုက်ကြစို့နော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဆလပ်ရွက်
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
bkk-projects
platinum-garden
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service