ပင်လယ်ကမ်းပါးနံရံတွင် လှိုဏ်ဂူဝင်္ကပါဖောက်ကာ နှစ်ပေါင်း ၅၀ ကျော် နေထိုင်လျက်ရှိသည့် အဘိုးအို

ပင်လယ်ကမ်းပါးနံရံတွင် လှိုဏ်ဂူဝင်္ကပါဖောက်ကာ နှစ်ပေါင်း ၅၀ ကျော် နေထိုင်လျက်ရှိသည့် အဘိုးအို - Property News in Myanmar from iMyanmarHouse.com
20 Jul 2023 12:03 pm တွင် တင်ခဲ့သည်
548 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အစ္စရေးနိုင်ငံတွင် နစ်ဆင်းမ် ခါလွန် (Nissim Kahlon) အမည်ရှိ အဘိုးအိုသည် မြေထဲပင်လယ်ကမ်းခြေရှိ လှိုဏ်ဂူတစ်ခုတွင် နေထိုင်ခဲ့သည်မှာ ရာစုနှစ်ထက်ဝက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူ၏ မြေအောက်လှိုဏ်ဂူဝင်္ကပါသည် ထွင်းထုဖောက်လုပ်ထားသော ဥမင်လှိုဏ်ခေါင်းများ ၊ ရောင်စုံကြွေပြားတို့ဖြင့် အကွက်ဖော်ခင်းကျင်းထားသော ကြမ်းပြင်များ ၊ လှေကားများ ၊ အခန်းများဖြင့် ဖွဲ့စည်းထားသည်။

သူနေထိုင်သောနေရာသည် ဒေသခံပြည်သူများ လည်ပတ်လေ့ရှိသည့် နာမည်ကျော်နေရာတစ်ခုဖြစ်ပြီး အသက် ၇၇ နှစ်အရွယ် အဘိုးအို ခါလွန်က လာရောက်လည်ပတ်သူများကို သူ၏ မြေအောက်အိမ်သို့ လှိုက်လှဲစွာ ကြိုဆိုလေ့ရှိသည်။

ယခုအခါ အစ္စရေးအစိုးရက အဘိုးအိုခါလွန်အား ထိုနေရာမှ ရွှေ့ပြောင်းပေးရန် သတိပေးထားသည်။

အစ္စရေး သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ဝန်ကြီးဌာနက အဘိုးအိုခါလွန်အား နှင်ထုတ်သည့် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သူ၏ နေထိုင်မှုမှာ တရားမဝင်ကြောင်း ၊ အစ္စရေး၏ ပင်လယ်ကမ်းရိုးတန်းကို ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားထားသည်။

“သူတို့က ကျွန်တော့်ကို အားပေးရမယ့်အစား ရှုတ်ချဝေဖန်နေကြပါတယ်”ဟု အဘိုးအိုခါလွန်က ကြွေပြားရောင်စုံခင်းကျင်းထားသော သူ၏ ဧည့်ခန်းအတွင်း ဆေးလိပ်တစ်လိပ်လိပ်ရင်း ပြောသည်။

အနောက်အရပ်သို့ မျက်နှာမူသော ပြတင်းများ၏ အပြင်ဘက် ပင်လယ်ပြင်ဆီတွင်ကား နေခြည်က ခပ်ဖျဖျလင်းလက်နေသည်။

ခါလွန်သည် တဲလ်အဗစ်မြို့၏ မြောက်ဘက် Herzliya ပင်လယ်ကမ်းခြေတွင် ၁၉၇၃ ခုနှစ်က တဲတစ်လုံးထိုးကာ နေထိုင်ခဲ့သည်။

ယင်းနောက်ပိုင်း ပင်လယ်ကမ်းပါးရှိ သဲကျောက်နံရံများတွင် လှိုဏ်ဂူတစ်ခု တူးကာ ထိုဂူထဲသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

(ခါလွန်သည် သူ၏ လှိုဏ်ဂူကို လှပသော မြေအောက် ဝင်္ကပါတစ်ခုအဖြစ် နှစ် ၅၀ ကာလအတွင်း ပြောင်းလဲခဲ့သည်။ ဓာတ်ပုံ-AP)

သူ၏ မြေအောက်ကမ္ဘာကို အသုံးပြုပြီးသား သစ် ၊ သတ္တု ၊ ကြွေပြား ၊ ကျောက်တုံးတို့ဖြင့် ဆောက်လုပ်အလှဆင်ခဲ့သည်။

သူအဓိက နေထိုင်ရာအခန်းတစ်ခုလုံးကို စွန့်ပစ်ထားသော ကြွေပြားများဖြင့် မွမ်းမံထားသည်။

အရောင်အသွေး စုံလင်လှသော ထိုကြွေပြားများကို ခါလွန်က တဲလ်အဗစ်မြို့ရှိ အမှိုက်ပုံကြီးများမှ နှစ်ပေါင်းများစွာ ကောက်ယူစုဆောင်းထားခဲ့ခြင်း ဖြစ်သည်။

ပုလင်းခွံဟောင်းများကို အပြင်ဘက်နံရံများတွင် အလှဆင်ရန်နှင့် အပူကာသည့်သဘော မွမ်းမံကာရံထားသည်။

သူ၏ လှိုဏ်ဂူကွန်ရက်တွင် ရေပိုက်လိုင်း ၊ တယ်လီဖုန်းလိုင်းတို့ ပါဝင်ပြီး အခန်းပေါင်းများစွာတွင် လျှပ်စစ်မီး ရှိသည်။

(မြေထဲပင်လယ်ကို စီးမိုးတွေ့မြင်နေရသော အိပ်ယာပေါ်တွင် ခါလွန်အနားယူနေပုံ။ ဓာတ်ပုံ-AP)

ခါလွန်က ပြောသည်မှာ ၁၉၇၄ ခုနှစ်ကလည်း မိမိနေထိုင်သည့်နေရာကို ဖျက်သိမ်းရန် အမိန့်ထုတ်ခံရကြောင်း ၊ ထိုအမိန့်ကို အကောင်အထည်မဖော်ဖြစ်ခဲ့ကြကြောင်း ပြောသည်။

ယင်းနောက်ပိုင်းကတည်းက ပြီးခဲ့သောနှစ်အထိ ခါလွန်၏ နေထိုင်မှုကို အာဏာပိုင်တို့ထံမှ ကန့်ကွက်သံ မကြားခဲ့ရ။

(ယခုအခါ အစ္စရေးအစိုးရက ခါလွန်ကို ထိုနေရာမှ နှင်ထုတ်လျက်ရှိသည်။ ဓာတ်ပုံ-AP)

ခါလွန်က ပြောသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်များက ဒေသတွင်းအာဏာပိုင်တို့က မိမိ၏ လှိုဏ်ဂူကို လျှပ်စစ်မီး သွယ်တန်းပေးခဲ့ကြောင်း ပြောသည်။

“ကျွန်တော် ဒီကနေ ဘယ်မှ မသွားပါဘူး။ သူတို့ ကျွန်တော့်ကို ဒီမှာ မြေမြှပ်မယ်ဆိုရင်လည်း ကျွန်တော့်ဘက်က အဆင်သင့်ပါပဲ။ ကျွန်တော့်မှာ သွားစရာနေရာလည်း မရှိပါဘူး။ ကျွန်တော့မှာ တခြားနေစရာလည်း မရှိပါဘူး။”

ခါလွန်၏ လှိုဏ်ဂူသည် တဲလ်အဗစ်မြို့၏ မြောက်ဘက် ၈ မိုင်အကွာ ပင်လယ်ကမ်းခြေမြို့ဖြစ်သော Herzliya ၏ ဆင်ခြေဖုံးတွင် တည်ရှိသည်။

(ခါလွန်၏ မြေအောက်အိမ်ကို စွန့်ပစ်သစ် ၊ သတ္တု ၊ ကြွေပြား ၊ ကျောက်တုံးတို့ဖြင့် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-AP)

(ခါလွန်၏ လှိုဏ်ဂူကြောင့် ကမ်းခြေသို့ အများပြည်သူ ကြည့်ရှုလည်ပတ်နိုင်သည့်နေရာ ကျဆင်းစေကြောင်း ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။ ဓာတ်ပုံ-AP)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Squatter’s elaborate cave home in danger as Israel moves to evict man after 50 years on Mediterranean beach (nypost)

[Zawgyi]

ပင္လယ္ကမ္းပါးနံရံတြင္ လိႈဏ္ဂူဝကၤပါေဖာက္ကာ ႏွစ္ေပါင္း ၅၀ ေက်ာ္ ေနထိုင္လ်က္ရွိသည့္ အဘုိးအုိ

အစၥေရးႏိုင္ငံတြင္ နစ္ဆင္းမ္ ခါလြန္ (Nissim Kahlon) အမည္ရွိ အဘိုးအိုသည္ ေျမထဲပင္လယ္ကမ္းေျခရွိ လိႈဏ္ဂူတစ္ခုတြင္ ေနထုိင္ခဲ့သည္မွာ ရာစုႏွစ္ထက္ဝက္ေက်ာ္ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္။

သူ၏ ေျမေအာက္လိႈဏ္ဂူဝကၤပါသည္ ထြင္းထုေဖာက္လုပ္ထားေသာ ဥမင္လိႈဏ္ေခါင္းမ်ား ၊ ေရာင္စံုေၾကြျပားတို႔ျဖင့္ အကြက္ေဖာ္ခင္းက်င္းထားေသာ ၾကမ္းျပင္မ်ား ၊ ေလွကားမ်ား ၊ အခန္းမ်ားျဖင့္ ဖြဲ႔စည္းထားသည္။

သူေနထိုင္ေသာေနရာသည္ ေဒသခံျပည္သူမ်ား လည္ပတ္ေလ့ရွိသည့္ နာမည္ေက်ာ္ေနရာတစ္ခုျဖစ္ျပီး အသက္ ၇၇ ႏွစ္အရြယ္ အဘိုးအို ခါလြန္က လာေရာက္လည္ပတ္သူမ်ားကို သူ၏ ေျမေအာက္အိမ္သုိ႔ လိႈက္လွဲစြာ ၾကိဳဆိုေလ့ရွိသည္။

ယခုအခါ အစၥေရးအစိုးရက အဘိုးအိုခါလြန္အား ထိုေနရာမွ ေရႊ႕ေျပာင္းေပးရန္ သတိေပးထားသည္။

အစၥေရး သဘာဝပတ္ဝန္းက်င္ကာကြယ္ေရး ဝန္ၾကီးဌာနက အဘိုးအိုခါလြန္အား ႏွင္ထုတ္သည့္ သတိေပးခ်က္ ထုတ္ျပန္ခဲ့ျခင္းျဖစ္ျပီး သူ၏ ေနထိုင္မႈမွာ တရားမဝင္ေၾကာင္း ၊ အစၥေရး၏ ပင္လယ္ကမ္းရိုးတန္းကို ျခိမ္းေျခာက္မႈတစ္ရပ္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

“သူတို႔က ကၽြန္ေတာ့္ကို အားေပးရမယ့္အစား ရႈတ္ခ်ေဝဖန္ေနၾကပါတယ္”ဟု အဘုိးအိုခါလြန္က ေၾကြျပားေရာင္စံုခင္းက်င္းထားေသာ သူ၏ ဧည့္ခန္းအတြင္း ေဆးလိပ္တစ္လိပ္လိပ္ရင္း ေျပာသည္။

အေနာက္အရပ္သို႔ မ်က္ႏွာမူေသာ ျပတင္းမ်ား၏ အျပင္ဘက္ ပင္လယ္ျပင္ဆီတြင္ကား ေနျခည္က ခပ္ဖ်ဖ်လင္းလက္ေနသည္။

ခါလြန္သည္ တဲလ္အဗစ္ျမိဳ႕၏ ေျမာက္ဘက္ Herzliya ပင္လယ္ကမ္းေျခတြင္ ၁၉၇၃ ခုႏွစ္က တဲတစ္လံုးထိုးကာ ေနထုိင္ခဲ့သည္။

ယင္းေနာက္ပိုင္း ပင္လယ္ကမ္းပါးရွိ သဲေက်ာက္နံရံမ်ားတြင္ လိႈဏ္ဂူတစ္ခု တူးကာ ထုိဂူထဲသို႔ ေျပာင္းေရႊ႕ေနထိုင္ခဲ့သည္။

(ခါလြန္သည္ သူ၏ လိႈဏ္ဂူကုိ လွပေသာ ေျမေအာက္ ဝကၤပါတစ္ခုအျဖစ္ ႏွစ္ ၅၀ ကာလအတြင္း ေျပာင္းလဲခဲ့သည္။ ဓာတ္ပံု-AP)

သူ၏ ေျမေအာက္ကမၻာကို အသံုးျပဳျပီးသား သစ္ ၊ သတၱဳ ၊ ေၾကြျပား ၊ ေက်ာက္တံုးတို႔ျဖင့္ ေဆာက္လုပ္အလွဆင္ခဲ့သည္။

သူအဓိက ေနထိုင္ရာအခန္းတစ္ခုလံုးကို စြန္႔ပစ္ထားေသာ ေၾကြျပားမ်ားျဖင့္ မြမ္းမံထားသည္။

အေရာင္အေသြး စံုလင္လွေသာ ထိုေၾကြျပားမ်ားကို ခါလြန္က တဲလ္အဗစ္ျမိဳ႕ရွိ အမိႈက္ပံုၾကီးမ်ားမွ ႏွစ္ေပါင္းမ်ားစြာ ေကာက္ယူစုေဆာင္းထားခဲ့ျခင္း ျဖစ္သည္။

ပုလင္းခြံေဟာင္းမ်ားကို အျပင္ဘက္နံရံမ်ားတြင္ အလွဆင္ရန္ႏွင့္ အပူကာသည့္သေဘာ မြမ္းမံကာရံထားသည္။

သူ၏ လိႈဏ္ဂူကြန္ရက္တြင္ ေရပိုက္လိုင္း ၊ တယ္လီဖုန္းလိုင္းတို႔ ပါဝင္ျပီး အခန္းေပါင္းမ်ားစြာတြင္ လွ်ပ္စစ္မီး ရွိသည္။

(ေျမထဲပင္လယ္ကုိ စီးမိုးေတြ႔ျမင္ေနရေသာ အိပ္ယာေပၚတြင္ ခါလြန္အနားယူေနပံု။ ဓာတ္ပံု-AP)

ခါလြန္က ေျပာသည္မွာ ၁၉၇၄ ခုႏွစ္ကလည္း မိမိေနထုိင္သည့္ေနရာကို ဖ်က္သိမ္းရန္ အမိန္႔ထုတ္ခံရေၾကာင္း ၊ ထိုအမိန္႔ကို အေကာင္အထည္မေဖာ္ျဖစ္ခဲ့ၾကေၾကာင္း ေျပာသည္။

ယင္းေနာက္ပိုင္းကတည္းက ျပီးခဲ့ေသာႏွစ္အထိ ခါလြန္၏ ေနထိုင္မႈကို အာဏာပိုင္တို႔ထံမွ ကန္႔ကြက္သံ မၾကားခဲ့ရ။

(ယခုအခါ အစၥေရးအစိုးရက ခါလြန္ကို ထိုေနရာမွ ႏွင္ထုတ္လ်က္ရွိသည္။ ဓာတ္ပံု-AP)

ခါလြန္က ေျပာသည္မွာ လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားက ေဒသတြင္းအာဏာပုိင္တုိ႔က မိမိ၏ လိႈဏ္ဂူကို လွ်ပ္စစ္မီး သြယ္တန္းေပးခဲ့ေၾကာင္း ေျပာသည္။

“ကၽြန္ေတာ္ ဒီကေန ဘယ္မွ မသြားပါဘူး။ သူတို႔ ကၽြန္ေတာ့္ကို ဒီမွာ ေျမျမွပ္မယ္ဆုိရင္လည္း ကၽြန္ေတာ့္ဘက္က အဆင္သင့္ပါပဲ။ ကၽြန္ေတာ့္မွာ သြားစရာေနရာလည္း မရွိပါဘူး။ ကၽြန္ေတာ့မွာ တျခားေနစရာလည္း မရွိပါဘူး။”

ခါလြန္၏ လိႈဏ္ဂူသည္ တဲလ္အဗစ္ျမိဳ႕၏ ေျမာက္ဘက္ ၈ မိုင္အကြာ ပင္လယ္ကမ္းေျချမဳိ႕ျဖစ္ေသာ Herzliya ၏ ဆင္ေျခဖံုးတြင္ တည္ရွိသည္။

(ခါလြန္၏ ေျမေအာက္အိမ္ကို စြန္႔ပစ္သစ္ ၊ သတၱဳ ၊ ေၾကြျပား ၊ ေက်ာက္တံုးတို႔ျဖင့္ ေဆာက္လုပ္ထားသည္။ ဓာတ္ပံု-AP)

(ခါလြန္၏ လိႈဏ္ဂူေၾကာင့္ ကမ္းေျခသို႔ အမ်ားျပည္သူ ၾကည့္ရႈလည္ပတ္ႏိုင္သည့္ေနရာ က်ဆင္းေစေၾကာင္း ၊ သဘာဝပတ္ဝန္းက်င္ကာကြယ္ေရး ဝန္ၾကီးဌာနက ေျပာသည္။ ဓာတ္ပံု-AP)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Squatter’s elaborate cave home in danger as Israel moves to evict man after 50 years on Mediterranean beach (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service