Take That အဖွဲ့အဆိုတော် ရော့ဘီ ဝီလျံစ်က လန်ဒန်အနောက်ပိုင်းရှိ ပေါင် ၁၇ ဒသမ ၅ သန်းတန်စံအိမ်မှ အပင် ၁၄ ပင် ခုတ်လှဲရန် စီစဉ်မှုအပေါ် အိမ်နီးချင်းဖြစ်သူ Led Zeppelin ရော့ခ်ဂီတအဖွဲ့ကြီးမှ ဂစ်တာသမား Jimmy Page နှင့် အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွား ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးသူဟု စွပ်စွဲခံရ

Take That အဖွဲ့အဆိုတော် ရော့ဘီ ဝီလျံစ်က လန်ဒန်အနောက်ပိုင်းရှိ ပေါင် ၁၇ ဒသမ ၅ သန်းတန်စံအိမ်မှ အပင် ၁၄ ပင် ခုတ်လှဲရန် စီစဉ်မှုအပေါ် အိမ်နီးချင်းဖြစ်သူ Led Zeppelin ရော့ခ်ဂီတအဖွဲ့ကြီးမှ ဂစ်တာသမား Jimmy Page နှင့် အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွား ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးသူဟု စွပ်စွဲခံရ - Property News in Myanmar from iMyanmarHouse.com
3 Jul 2023 11:29 am တွင် တင်ခဲ့သည်
474 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Take That အဖွဲ့မှ အဆိုတော်ဟောင်း ကမ္ဘာကျော်အဆိုတော် ရော့ဘီ ဝီလျံစ် (Robbie Williams) သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် တည်ရှိသော သူ၏ ပေါင် ၁၇ ဒသမ ၅ သန်းတန် နေအိမ်တွင် ယခုနှစ်မတ်လအတွင်းက မြေအောက် ရေကူးကန်နှင့် အားကစားလေ့ကျင့်ခန်းမ ဆောက်လုပ်ရန် ကြိုးပမ်းခဲ့ရာ အိမ်နီးချင်းဖြစ်သူ Led Zeppelin ရော့ခ်ဂီတအဖွဲ့ကြီးမှ ဂစ်တာသမား Jimmy Page က ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

(အဆိုပါအကြောင်းရပ်ကို ယခုနှစ်မတ်လအတွင်းက iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

ယခုအခါတွင် ရော့ဘီဝီလျံစ်က ပန်းခြံအတွင်းမှ သစ်ပင်များ ခုတ်ရန် စီစဉ်ရာ အိမ်နီးချင်းများက ၎င်းအား သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးသူဟု စွပ်စွဲခြင်းခံရလျက်ရှိသည်။

အသက် ၄၉ နှစ်ရှိပြီဖြစ်သော ရော့ဘီဝီလျံစ်နှင့် အသက် ၇၉ နှစ်ရှိပြီဖြစ်သော ဂစ်တာသမားတို့သည် ရော့ဘီဝီလျံစ် ၂၀၁၃ ခုနှစ်အတွင်း ယခုအိမ်သို့ ပြောင်းလာချိန်မှစပြီး ကမ္ဘာ့ရန်များ ဖြစ်လာခဲ့ကြသည်။

ရော့ဘီဝီလျံစ်က နေအိမ်အလင်းမရသောကြောင့် အပင် ၁၄ ပင်ခုတ်လိုခြင်းဖြစ်ကြောင်း ပြောသည်။

ရော့ဘီဝီလျံစ်က Kenisington and Chelsea အရပ် အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြထားကာ မကြာမီတွင် စီမံကိန်းအရာရှိများ သူ၏ အိမ်သို့ လာရောက်ရန် စီစဉ်ထားကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။

သို့သော်သူ၏ အစီအစဉ်အပေါ် အိမ်နီးချင်းများက ကန့်ကွက်လျက်ရှိကြသည်။

(ရော့ဘီဝီလျံစ်ကို ၂၀၂၀ ပြည့်နှစ်က ရိုက်ကူးထားသော ဓာတ်ပုံ။)

(ဝဲဘက်မှ အိမ်မှာ Jimmy Page ၏ အိမ်ဖြစ်ပြီး ယာဘက်မှ အိမ်မှာ ရော့ဘီဝီလျံစ်၏ အိမ်ဖြစ်သည်။)

အသက် ၄၈ နှစ်အရွယ်ရှိ ရော့ဘီသည် လန်ဒန်မြို့ရှိ သူ၏ စံအိမ်တွင် ကျန်းမာရေးအတွက် ရေကူးကန်နှင့် အားကစားခန်းမ ဆောက်လုပ်ရန် ပြီးခဲ့သော ၆ နှစ်ကတည်းက ကြိုးပမ်းခဲ့သော်လည်း အိမ်နီးချင်းဖြစ်သူ Led Zeppelin ရော့ခ်ဂီတအဖွဲ့ကြီးမှ ဂစ်တာသမား Jimmy Page (၇၉ နှစ်) ၏ သူ၏ အစီအစဉ်အပေါ် ကန့်ကွက်မှု များ ပြုလုပ်ထားသည်။

ရော့ဘီ၏ ဆောက်လုပ်ရေးအစီအစဉ်ကို ကန်ဆင်တန်နှင့် ချယ်လ်ဆီး ကောင်စီတို့က ကနဦးအတည်ပြုချက် များ ပေးထားသော်လည်း တရားဝင်လျှောက်ထားမှု ပြုလုပ်ရန် ပြောထားသည်ဟု ဆိုသည်။

ရော့ခ်သမား Jimmy Page က The Sun သတင်းဌာနသို့ ပြောသည်မှာ ရော့ဘီ၏ ဆောက်လုပ်ရေးလုပ်ငန်းမှ တုန်ခါမှုများကြောင့် သမိုင်းဝင်အဆောက်အအုံအဖြစ် Grade I အဆင့် သတ်မှတ်ခံထားရသော သူ၏ နေအိမ်မှ ရှေးဟောင်း ဆေးများနှင့် အင်္ဂတေပန်းချီများ ထိခိုက်စေနိုင်ကြောင်း ပြောသည်။

(Jimmy Page ကို ၂၀၂၁ ခုနှစ်က ရိုက်ကူးထားသော ဓာတ်ပုံ။)

(ရော့ဘီဝီလျံစ်နှင့် Jimmy Page တို့၏ နေအိမ်ကြားမှ အုတ်တံတိုင်း။)

((ဆက်စပ်သတင်း))

လက်ထပ်ပြီးနောက် လိင်ဆက်ဆံမှုမရှိတော့သော်လည်း အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြကြောင်း ထုတ်ပြောလာသော Take That အဖွဲ့အဆိုတော် Robbie Williams တို့ဇနီးမောင်နှံ၏ စံအိမ်

https://www.imyanmarhouse.com/news/read/1066477

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Robbie Williams accused of 'environmental vandalism' over plans to prune 14 plants at his £17.5million West London mansion amid ongoing row with Led Zeppelin neighbour Jimmy Page (dailymail)

[Zawgyi]

Take That အဖြဲ႕အဆိုေတာ္ ေရာ့ဘီ ဝီလ်ံစ္က လန္ဒန္အေနာက္ပိုင္းရွိ ေပါင္ ၁၇ ဒသမ ၅ သန္းတန္စံအိမ္မွ အပင္ ၁၄ ပင္ ခုတ္လွဲရန္ စီစဥ္မႈအေပၚ အိမ္နီးခ်င္းျဖစ္သူ Led Zeppelin ေရာ့ခ္ဂီတအဖြဲ႔ၾကီးမွ ဂစ္တာသမား Jimmy Page ႏွင့္ အျငင္းပြားမႈမ်ား ဆက္လက္ျဖစ္ပြား ၊ သဘာဝပတ္ဝန္းက်င္ ဖ်က္ဆီးသူဟု စြပ္စြဲခံရ

Take That အဖြဲ႔မွ အဆိုေတာ္ေဟာင္း ကမၻာေက်ာ္အဆိုေတာ္ ေရာ့ဘီ ဝီလ်ံစ္ (Robbie Williams) သည္ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕တြင္ တည္ရွိေသာ သူ၏ ေပါင္ ၁၇ ဒသမ ၅ သန္းတန္ ေနအိမ္တြင္ ယခုႏွစ္မတ္လအတြင္းက ေျမေအာက္ ေရကူးကန္ႏွင့္ အားကစားေလ့က်င့္ခန္းမ ေဆာက္လုပ္ရန္ ၾကိဳးပမ္းခဲ့ရာ အိမ္နီးခ်င္းျဖစ္သူ Led Zeppelin ေရာ့ခ္ဂီတအဖြဲ႔ၾကီးမွ ဂစ္တာသမား Jimmy Page က ကန္႔ကြက္မႈမ်ား ျပဳလုပ္ခဲ့သည္။

(အဆိုပါအေၾကာင္းရပ္ကို ယခုႏွစ္မတ္လအတြင္းက iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခ့ဲျပီး ျဖစ္ပါသည္။)

ယခုအခါတြင္ ေရာ့ဘီဝီလ်ံစ္က ပန္းျခံအတြင္းမွ သစ္ပင္မ်ား ခုတ္ရန္ စီစဥ္ရာ အိမ္နီးခ်င္းမ်ားက ၎အား သဘာဝ ပတ္ဝန္းက်င္ ဖ်က္ဆီးသူဟု စြပ္စြဲျခင္းခံရလ်က္ရွိသည္။

အသက္ ၄၉ ႏွစ္ရွိျပီျဖစ္ေသာ ေရာ့ဘီဝီလ်ံစ္ႏွင့္ အသက္ ၇၉ ႏွစ္ရွိျပီျဖစ္ေသာ ဂစ္တာသမားတို႔သည္ ေရာ့ဘီဝီလ်ံစ္ ၂၀၁၃ ခုႏွစ္အတြင္း ယခုအိမ္သို႔ ေျပာင္းလာခ်ိန္မွစျပီး ကမၻာ့ရန္မ်ား ျဖစ္လာခဲ့ၾကသည္။

ေရာ့ဘီဝီလ်ံစ္က ေနအိမ္အလင္းမရေသာေၾကာင့္ အပင္ ၁၄ ပင္ခုတ္လိုျခင္းျဖစ္ေၾကာင္း ေျပာသည္။

ေရာ့ဘီဝီလ်ံစ္က Kenisington and Chelsea အရပ္ အုပ္ခ်ဳပ္ေရးအဖြဲ႔ထံ တင္ျပထားကာ မၾကာမီတြင္ စီမံကိန္းအရာရွိမ်ား သူ၏ အိမ္သုိ႔ လာေရာက္ရန္ စီစဥ္ထားေၾကာင္း The Sun သတင္းဌာနက ေဖာ္ျပသည္။

သုိ႔ေသာ္သူ၏ အစီအစဥ္အေပၚ အိမ္နီးခ်င္းမ်ားက ကန္႔ကြက္လ်က္ရွိၾကသည္။

(ေရာ့ဘီဝီလ်ံစ္ကုိ ၂၀၂၀ ျပည့္ႏွစ္က ရုိက္ကူးထားေသာ ဓာတ္ပံု။)

(ဝဲဘက္မွ အိမ္မွာ Jimmy Page ၏ အိမ္ျဖစ္ျပီး ယာဘက္မွ အိမ္မွာ ေရာ့ဘီဝီလ်ံစ္၏ အိမ္ျဖစ္သည္။)

အသက္ ၄၈ ႏွစ္အရြယ္ရွိ ေရာ့ဘီသည္ လန္ဒန္ျမိဳ႕ရွိ သူ၏ စံအိမ္တြင္ က်န္းမာေရးအတြက္ ေရကူးကန္ႏွင့္ အားကစားခန္းမ ေဆာက္လုပ္ရန္ ျပီးခဲ့ေသာ ၆ ႏွစ္ကတည္းက ၾကိဳးပမ္းခဲ့ေသာ္လည္း အိမ္နီးခ်င္းျဖစ္သူ Led Zeppelin ေရာ့ခ္ဂီတအဖြဲ႔ၾကီးမွ ဂစ္တာသမား Jimmy Page (၇၉ ႏွစ္) ၏ သူ၏ အစီအစဥ္အေပၚ ကန္႔ကြက္မႈ မ်ား ျပဳလုပ္ထားသည္။

ေရာ့ဘီ၏ ေဆာက္လုပ္ေရးအစီအစဥ္ကို ကန္ဆင္တန္ႏွင့္ ခ်ယ္လ္ဆီး ေကာင္စီတို႔က ကနဦးအတည္ျပဳခ်က္ မ်ား ေပးထားေသာ္လည္း တရားဝင္ေလွ်ာက္ထားမႈ ျပဳလုပ္ရန္ ေျပာထားသည္ဟု ဆိုသည္။

ေရာ့ခ္သမား Jimmy Page က The Sun သတင္းဌာနသို႔ ေျပာသည္မွာ ေရာ့ဘီ၏ ေဆာက္လုပ္ေရးလုပ္ငန္းမွ တုန္ခါမႈမ်ားေၾကာင့္ သမိုင္းဝင္အေဆာက္အအံုအျဖစ္ Grade I အဆင့္ သတ္မွတ္ခံထားရေသာ သူ၏ ေနအိမ္မွ ေရွးေဟာင္း ေဆးမ်ားႏွင့္ အဂၤေတပန္းခ်ီမ်ား ထိခိုက္ေစႏိုင္ေၾကာင္း ေျပာသည္။

(Jimmy Page ကို ၂၀၂၁ ခုႏွစ္က ရုိက္ကူးထားေသာ ဓာတ္ပံု။)

(ေရာ့ဘီဝီလ်ံစ္ႏွင့္ Jimmy Page တုိ႔၏ ေနအိမ္ၾကားမွ အုတ္တံတုိင္း။)

((ဆက္စပ္သတင္း))

လက္ထပ္ျပီးေနာက္ လိင္ဆက္ဆံမႈမရွိေတာ့ေသာ္လည္း အတူတကြ ေပ်ာ္ရႊင္စြာ ေနထိုုင္ၾကေၾကာင္း ထုတ္ေျပာလာေသာ Take That အဖြဲ႔အဆိုေတာ္ Robbie Williams တို႔ဇနီးေမာင္ႏွံ၏ စံအိမ္

https://www.imyanmarhouse.com/news/read/1066477

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Robbie Williams accused of 'environmental vandalism' over plans to prune 14 plants at his £17.5million West London mansion amid ongoing row with Led Zeppelin neighbour Jimmy Page (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service