မောနေယျအကျင့်

မောနေယျအကျင့် - Property Knowledge in Myanmar from iMyanmarHouse.com
6 Jun 2023 2:27 pm တွင် တင်ခဲ့သည်
673 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မောနေယျ အကျင့်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ဘုရားတစ်ဆူတွင် တစ်ဦးတည်းသာ ကျင့်နိုင်တယ်၊ မောနေယျအကျင့်ကို ပြင်းပြင်းထန်ထန်ကျင့်လျှင် ၇- လသာအသက်ရှည်တယ်။ အလယ်အလတ်ကျင့်လျှင် ၇-နှစ်သာ အသက်ရှင်တယ်။ခပ်ညံ့ညံ့သာကျင့်လျှင် ၁၂-နှစ်သာ အသက်ရှည်တယ်။နာလကမထေရ်ကကတော့ ပြင်းပြင်းထန်ထန်ကျင့်လို့ ၇-လသာ အသက်ရှည်တယ်။ နာလကမထေရ်ဟာ ဘုရားထက် ၃၅-နှစ်စောပြီး တောထွက်ခဲ့တယ်။ဘုရားပွင့်တော်မူပြီး ဓမ္မစကြာတရား ဟောတော်မူတယ်၊ဓမ္မစကြာဟောပြီး ၇-ရက်မြောက် နေ့မှာ နာလကဟာ ဘုရားရှင်ထံ သွားရောက်တွေ့ဆုံပြီး မောနေယျ အကျင့်ကိုလျှောက်ထားတယ်။

မြတ်စွာဘုရား-တပည့်တော်သည် အိမ်ရာမထောင်သော ရဟန်းဖြစ်ပါတယ်၊ဆွမ်းခံစားသူဖြစ်ပါတယ်၊ တပည့်တော်မေးလျှောက်ပါရစေ၊ မောနေယျ အကျင့်မြတ်ကို ဟောတော်မူပါဘုရား။

- မောနေယျအကျင့်သည် ပြုနိုင်ခဲသောအကျင့်ဖြစ်သည်၊ထိုအကျင့်ကို ငါဟောမည်၊သင်သည်မိမိကိုယ်ကို အားပြုထားလော့

- မိမိအားဆဲရေးသူနှင့် ရှိခိုးသူကို ထပ်တူရှုရမည်၊ဆဲရေးခံရသော် စိတ်ပြစ်မှားမှုမရှိအောင် စောင့်ရှောက်ရမည်။ ရှိခိုးခံရသော် တက်ကြွမှုမရှိအောင် ကျင့်ရမည်။

- ကာမဂုဏ်တို့ကိုစွန့်ပယ်၍ မေထုန်မှရှောင်ကြဉ်ရမည်။

- ငါသည် ချမ်းသာကို အလိုရှိသကဲ့သို့ သတ္တဝါတို့လည်း ချမ်းသာကို အလိုရှိကုန်၏ဟု မိမိကိုယ်ကို ဥပမာပြု၍ သတ္တဝါတို့ကို မသတ်ရာ၊မသတ်စေရာ။

- ပုထုဇဉ်သည် ပစ္စည်းလေးပါး၌ ကပ်ငြိ၏၊တဏှာချောက်သည်နက်ရှိုင်း၏၊ပညာဖြင့် လိုချင်မှုလောဘကို ပယ်စွန့်၍ နက်ရှိုင်းသော ချောက်ကို ကူးခတ်ရာ၏။

- နှိုင်းယှဉ်ပိုင်းခြားအပ်သောဝမ်း ရှိရ၏၊ အလိုနည်းရာ၏၊တဏှာဟူသောမွတ်သိပ်မှုမရှိခြင်းကြောင့် ငြိမ်းအေး၏။

- မောနေယျအကျင့်ကျင့်သော ရဟန်းသည် ဆွမ်းခံပြီးလျှင် တောသို့သာ ပြန်သွားရ၏၊သစ်ပင်ရင်း၌ ထိုင်၍သော်လည်းကောင်း၊ရပ်၍သော်လည်းကောင်း နေရာ၏။

- ရဟန်းသည်ဈာန်လေ့လာသူ,တည်တံ့သူ, တော၌ပျော်မွေ့သူဖြစ်ရ၏၊သစ်ပင်ရင်း၌ ဈာန်ဝင်စားရာ၏။

- ဆွမ်းခံ၍သာ စားရာ၏၊ပင့်ဖိတ်၍ လှူသောဆွမ်း၊ရွာမှဆောင်ယူ၍လှူသောဆွမ်းတို့ကို မနှစ်သက်ရာ။

- ဒါယကာတို့နှင့် ရောနှောမနေရာ၊ မြတ်သောစကားရှိသည်ဖြစ်၍ နိမိတ်ဝိညတ်နှင့်ယှဉ်သောစကားကို မဆိုရာ။

- တစ်စုံတစ်ခုသောပစ္စည်းကိုရလျှင် ကောင်း၏၊မရလျှင်လည်း ကောင်း၏ဟု ရ-မရ နှစ်ပါး၌ပင် တုန်လှုပ်ခြင်းမရှိရာ။

- မအပါပဲလျက်နှင့် အယောင်ဆောင်ကာ အနည်းငယ်လှူခြင်းကိုလည်း မရှုတ်ချ ပေးလှူသူကိုလည်း မထီမဲမြင် မပြုရာ။

- မဂ်ရကြောင်းအကျင့်ကို သုခပဋိပဒါစသည် အယုတ်အမြတ်ရှိ၏ဟု ဘုရားရှင် ဟောတော်မူ၏၊သို့သော် တစ်ခုတည်းသောမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ နှစ်ကြိမ်သော်ကား မရောက်၊ကိလေသာတို့ တစ်ပြိုင်နက် မကုန်ရကား နိဗ္ဗာန်ဟူသောကမ်းသို့ တစ်ကြိမ်သာ ရောက်သည်လည်းမဟုတ်။

- အကြင်ရဟန်းအား ပျံ့နှံ့သောတဏှာမရှိ၊ တဏှာအလျဉ်ပြတ်ပြီးသော ထိုရဟန်းအား ရာဂစသည်ကြောင့် ဖြစ်သော ပူပန်မှုမရှိ။

- မောနေယျရဟန်းသည် သင်တုန်းသွားဥပမာရှိသူ ဖြစ်ရာ၏၊အာစောက်ကို လျှာဖြင့်ထိကပ်ပြီး ဝမ်း၌ စောင့်စည်းသူဖြစ်ရာ၏။

- မတွန့်ဆုတ်သောစိတ် ရှရာ၏၊ များစွာမကြံစည်ရာ၊ တဏှာအညှီကင်းသူ, တစ်စုံတစ်ခုသောဘဝ၌ မမှီသူ, အကျင့်မြတ်လျှင် လဲလျောင်းရာရှိသူ ဖြစ်ရာ၏။

- တစ်ဦးတည်း ကျင့်ရမည်၊ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်နိုင်ရမည်၊တစ်ဦးတည်း နေနိုင်ခြင်းသည် မောနမည်၏၊တစ်ဦးတည်း မွေ့လျော်နိုင်မှ အရပ်မျက်နှာတို့၌ ထင်ရှားလတ္တံ့။

- ဘုရားကို မြတ်နိုးသူသည် ဈာန်ဝင်စားမှု၌ မြတ်နိုး၏၊ ကာမကိုစွန့်ကုန်သော ပညာရှိတို့၏ ကြွေးကြော်သံကို ကြား၍ ဟိရီကိုလည်းကောင်း,သဒ္ဓါကို လည်းကောင်း အတိုင်းအထက်အလွန် ပြုရာ၏။

- မြစ်ငယ်ချောင်းငယ်တို့သည် ချောက်အကြား၌ အသံမည်လျက် စီးသွားကုန်၏၊မြစ်ကြီးတို့သည် တိတ်ဆိတ်ငြိမ် သက်စွာ စီးဆင်းကုန်၏၊ စကားကို ဤမြစ်ဥပမာဖြင့် သိလော့။

- ရေမပြည့်သောအိုးသည် အသံမြည်၏၊ ရေပြည့်အိုးကား အသံမမြည်၊သူမိုက်သည် ရေမပြည့်သောအိုးနှင့်တူ၍ ပညာရှိကား ရေပြည့်အိုးနှင့်တူ၏။

- ဘုရားရှင်သည် အကြောင်းအကျိုးနှင့် ပြည့်စုံ၍ အစီးအပွားနှင့်စပ်သောစကားကို များစွာမြွက်ဆို၏၊ ဤသို့မြွက်ဆိုခြင်းကား တရားကိုသိတော်မူသည်ဖြစ်၍သာ များစွာ မြွက်ဆိုတော်မူခြင်း ဖြစ်၏။

- တရားသိသောသူသည် စောင့်စည်းသောစိတ်ရှိ၏၊ စကားကိုများစွာမဆို၊ ထိုပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကို ရထိုက်၏၊ ရလည်း ရ၏။

ယခုပြောပြခဲ့တာက မောနေယျအကျင့် အကျဉ်းချုပ်ဖြစ်တယ်၊သည် အကျဉ်းမျှကိုလေ့လာရုံနှင့် မောနေယျ အကျင့်ဟာ ဘယ်လောက်အဆင့်အတန်းမြင့်တယ်ဆိုတာ အလွန်သိသာပါတယ်။သည်လောက် အဆင့်အတန်းမြင့်တဲ့ အကျင့်ကို အလွန်ထက်သန်သော လုံ့လဝီရိယဖြင့် ကျင့်တော်မူတဲ့ နာလကထေရ်ဟာ သစ်တစ်ပင်ရင်းမှာ နှစ်ရက်မနေဘူး၊တစ်ရွာတည်း နှစ်ကြိမ် ဆွမ်းမခံဘူး၊သည်တော်မှ ထိုတော၊သည်တောင်မှ ထိုတောင်၊သည်သစ်ပင်မှ ထိုသစ်ပင်၊ သည်ရွာမှ ထိုရွာ လှည့်လည်ရင် တရားကျင့်တော်မူတာဟာ ၇-လလွန်မြောက်တော့ အရဟတ္တဖိုလ်တည်သတဲ့။

တည်တောဆရာတော်ဘုရားကြီး၏ “ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၂)၏ ကောလာဟလ ငါးပါး” မှကူးယူပူဇော်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

  [Zawgyi]

 

ေမာေနယ်အက်င့္

 

ေမာေနယ် အက်င့္ဟာ အလြန္ျမင့္ျမတ္တဲ့အတြက္ ဘုရားတစ္ဆူတြင္ တစ္ဦးတည္းသာ က်င့္ႏိုင္တယ္၊ ေမာေနယ်အက်င့္ကို ျပင္းျပင္းထန္ထန္က်င့္လွ်င္ ၇- လသာအသက္ရွည္တယ္။ အလယ္အလတ္က်င့္လွ်င္ ၇-ႏွစ္သာ အသက္ရွင္တယ္။ခပ္ညံ့ညံ့သာက်င့္လွ်င္ ၁၂-ႏွစ္သာ အသက္ရွည္တယ္။နာလကမေထရ္ကကေတာ့ ျပင္းျပင္းထန္ထန္က်င့္လို႔ ၇-လသာ အသက္ရွည္တယ္။ နာလကမေထရ္ဟာ ဘုရားထက္ ၃၅-ႏွစ္ေစာၿပီး ေတာထြက္ခဲ့တယ္။ဘုရားပြင့္ေတာ္မူၿပီး ဓမၼစၾကာတရား ေဟာေတာ္မူတယ္၊ဓမၼစၾကာေဟာၿပီး ၇-ရက္ေျမာက္ ေန႔မွာ နာလကဟာ ဘုရားရွင္ထံ သြားေရာက္ေတြ႔ဆုံၿပီး ေမာေနယ် အက်င့္ကိုေလွ်ာက္ထားတယ္။

ျမတ္စြာဘုရား-တပည့္ေတာ္သည္ အိမ္ရာမေထာင္ေသာ ရဟန္းျဖစ္ပါတယ္၊ဆြမ္းခံစားသူျဖစ္ပါတယ္၊ တပည့္ေတာ္ေမးေလွ်ာက္ပါရေစ၊ ေမာေနယ် အက်င့္ျမတ္ကို ေဟာေတာ္မူပါဘုရား။

-ေမာေနယ်အက်င့္သည္ ျပဳႏိုင္ခဲေသာအက်င့္ျဖစ္သည္၊ထိုအက်င့္ကို ငါေဟာမည္၊သင္သည္မိမိကိုယ္ကို အားျပဳထားေလာ့

-မိမိအားဆဲေရးသူႏွင့္ ရွိခိုးသူကို ထပ္တူရႈရမည္၊ဆဲေရးခံရေသာ္ စိတ္ျပစ္မွားမႈမရွိေအာင္ ေစာင့္ေရွာက္ရမည္။ ရွိခိုးခံရေသာ္ တက္ၾကြမႈမရွိေအာင္ က်င့္ရမည္။

-ကာမဂုဏ္တို႔ကိုစြန္႔ပယ္၍ ေမထုန္မွေရွာင္ၾကဥ္ရမည္။

-ငါသည္ ခ်မ္းသာကို အလိုရွိသကဲ့သို႔ သတၱဝါတို႔လည္း ခ်မ္းသာကို အလိုရွိကုန္၏ဟု မိမိကိုယ္ကို ဥပမာျပဳ၍ သတၱဝါတို႔ကို မသတ္ရာ၊မသတ္ေစရာ။

-ပုထုဇဥ္သည္ ပစၥည္းေလးပါး၌ ကပ္ၿငိ၏၊တဏွာေခ်ာက္သည္နက္ရႈိင္း၏၊ပညာျဖင့္ လိုခ်င္မႈေလာဘကို ပယ္စြန္႔၍ နက္ရႈိင္းေသာ ေခ်ာက္ကို ကူးခတ္ရာ၏။

- ႏိႈင္းယွဥ္ပိုင္းျခားအပ္ေသာဝမ္း ရွိရ၏၊ အလိုနည္းရာ၏၊တဏွာဟူေသာမြတ္သိပ္မႈမရွိျခင္းေၾကာင့္ ၿငိမ္းေအး၏။

-ေမာေနယ်အက်င့္က်င့္ေသာ ရဟန္းသည္ ဆြမ္းခံၿပီးလွ်င္ ေတာသို႔သာ ျပန္သြားရ၏၊သစ္ပင္ရင္း၌ ထိုင္၍ေသာ္လည္းေကာင္း၊ရပ္၍ေသာ္လည္းေကာင္း ေနရာ၏။

-ရဟန္းသည္ဈာန္ေလ့လာသူ,တည္တံ့သူ, ေတာ၌ေပ်ာ္ေမြ႔သူျဖစ္ရ၏၊သစ္ပင္ရင္း၌ ဈာန္ဝင္စားရာ၏။

-ဆြမ္းခံ၍သာ စားရာ၏၊ပင့္ဖိတ္၍ လွဴေသာဆြမ္း၊ရြာမွေဆာင္ယူ၍လွဴေသာဆြမ္းတို႔ကို မႏွစ္သက္ရာ။

-ဒါယကာတို႔ႏွင့္ ေရာေႏွာမေနရာ၊ ျမတ္ေသာစကားရွိသည္ျဖစ္၍ နိမိတ္ဝိညတ္ႏွင့္ယွဥ္ေသာစကားကို မဆိုရာ။

-တစ္စုံတစ္ခုေသာပစၥည္းကိုရလွ်င္ ေကာင္း၏၊မရလွ်င္လည္း ေကာင္း၏ဟု ရ-မရ ႏွစ္ပါး၌ပင္ တုန္လႈပ္ျခင္းမရွိရာ။

-မအပါပဲလ်က္ႏွင့္ အေယာင္ေဆာင္ကာ အနည္းငယ္လွဴျခင္းကိုလည္း မရႈတ္ခ် ေပးလွဴသူကိုလည္း မထီမဲျမင္ မျပဳရာ။

-မဂ္ရေၾကာင္းအက်င့္ကို သုခပဋိပဒါစသည္ အယုတ္အျမတ္ရွိ၏ဟု ဘုရားရွင္ ေဟာေတာ္မူ၏၊သို႔ေသာ္ တစ္ခုတည္းေသာမဂ္ဉာဏ္ျဖင့္ နိဗၺာန္သို႔ ႏွစ္ႀကိမ္ေသာ္ကား မေရာက္၊ကိေလသာတို႔ တစ္ၿပိဳင္နက္ မကုန္ရကား နိဗၺာန္ဟူေသာကမ္းသို႔ တစ္ႀကိမ္သာ ေရာက္သည္လည္းမဟုတ္။

-အၾကင္ရဟန္းအား ပ်ံ႔ႏွံ႔ေသာတဏွာမရွိ၊ တဏွာအလ်ဥ္ျပတ္ၿပီးေသာ ထိုရဟန္းအား ရာဂစသည္ေၾကာင့္ ျဖစ္ေသာ ပူပန္မႈမရွိ။

-ေမာေနယ်ရဟန္းသည္ သင္တုန္းသြားဥပမာရွိသူ ျဖစ္ရာ၏၊အာေစာက္ကို လွ်ာျဖင့္ထိကပ္ၿပီး ဝမ္း၌ ေစာင့္စည္းသူျဖစ္ရာ၏။

-မတြန္႔ဆုတ္ေသာစိတ္ ရွရာ၏၊ မ်ားစြာမႀကံစည္ရာ၊ တဏွာအညွီကင္းသူ, တစ္စုံတစ္ခုေသာဘဝ၌ မမွီသူ, အက်င့္ျမတ္လွ်င္ လဲေလ်ာင္းရာရွိသူ ျဖစ္ရာ၏။

-တစ္ဦးတည္း က်င့္ရမည္၊ကမၼ႒ာန္းအာရုံ၌ အားထုတ္ႏိုင္ရမည္၊တစ္ဦးတည္း ေနႏိုင္ျခင္းသည္ ေမာနမည္၏၊တစ္ဦးတည္း ေမြ႔ေလ်ာ္ႏိုင္မွ အရပ္မ်က္ႏွာတို႔၌ ထင္ရွားလတၱံ႔။

-ဘုရားကို ျမတ္ႏိုးသူသည္ ဈာန္ဝင္စားမႈ၌ ျမတ္ႏိုး၏၊ ကာမကိုစြန္႔ကုန္ေသာ ပညာရွိတို႔၏ ေၾကြးေၾကာ္သံကို ၾကား၍ ဟိရီကိုလည္းေကာင္း,သဒၶါကို လည္းေကာင္း အတိုင္းအထက္အလြန္ ျပဳရာ၏။

-ျမစ္ငယ္ေခ်ာင္းငယ္တို႔သည္ ေခ်ာက္အၾကား၌ အသံမည္လ်က္ စီးသြားကုန္၏၊ျမစ္ႀကီးတို႔သည္ တိတ္ဆိတ္ၿငိမ္ သက္စြာ စီးဆင္းကုန္၏၊ စကားကို ဤျမစ္ဥပမာျဖင့္ သိေလာ့။

-ေရမျပည့္ေသာအိုးသည္ အသံျမည္၏၊ ေရျပည့္အိုးကား အသံမျမည္၊သူမိုက္သည္ ေရမျပည့္ေသာအိုးႏွင့္တူ၍ ပညာရွိကား ေရျပည့္အိုးႏွင့္တူ၏။

-ဘုရားရွင္သည္ အေၾကာင္းအက်ိဳးႏွင့္ ျပည့္စုံ၍ အစီးအပြားႏွင့္စပ္ေသာစကားကို မ်ားစြာျမြက္ဆို၏၊ ဤသို႔ျမြက္ဆိုျခင္းကား တရားကိုသိေတာ္မူသည္ျဖစ္၍သာ မ်ားစြာ ျမြက္ဆိုေတာ္မူျခင္း ျဖစ္၏။

-တရားသိေသာသူသည္ ေစာင့္စည္းေသာစိတ္ရွိ၏၊ စကားကိုမ်ားစြာမဆို၊ ထိုပုဂၢိဳလ္သည္ အရဟတၱဖိုလ္ကို ရထိုက္၏၊ ရလည္း ရ၏။

ယခုေျပာျပခဲ့တာက ေမာေနယ်အက်င့္ အက်ဥ္းခ်ဳပ္ျဖစ္တယ္၊သည္ အက်ဥ္းမွ်ကိုေလ့လာရုံႏွင့္ ေမာေနယ် အက်င့္ဟာ ဘယ္ေလာက္အဆင့္အတန္းျမင့္တယ္ဆိုတာ အလြန္သိသာပါတယ္။သည္ေလာက္ အဆင့္အတန္းျမင့္တဲ့ အက်င့္ကို အလြန္ထက္သန္ေသာ လုံ႔လဝီရိယျဖင့္ က်င့္ေတာ္မူတဲ့ နာလကေထရ္ဟာ သစ္တစ္ပင္ရင္းမွာ ႏွစ္ရက္မေနဘူး၊တစ္ရြာတည္း ႏွစ္ႀကိမ္ ဆြမ္းမခံဘူး၊သည္ေတာ္မွ ထိုေတာ၊သည္ေတာင္မွ ထိုေတာင္၊သည္သစ္ပင္မွ ထိုသစ္ပင္၊ သည္ရြာမွ ထိုရြာ လွည့္လည္ရင္ တရားက်င့္ေတာ္မူတာဟာ ၇-လလြန္ေျမာက္ေတာ့ အရဟတၱဖိုလ္တည္သတဲ့။

တည္ေတာဆရာေတာ္ဘုရားႀကီး၏ “ယေန႔ဗုဒၶဝါဒဆိုင္ရာ အေမးအေျဖမ်ား(၂)၏ ေကာလာဟလ ငါးပါး” မွကူးယူပူေဇာ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service