အိန္ဒိယဘီလျံနာကြီး မူကက်ရှ် အမ်ဘာနီ ဒေါ်လာ ၄ ဘီလီယံကျော်တန်သော စံအိမ်တွင် မြေးများအတွက် လည်ပတ်နိုင်သော အိပ်ယာများနှင့် နေပူဆာလှုံနိုင်ရန် ခေါက်သိမ်းနိုင်သော ခေါင်မိုးများတပ်ဆင် ၊ မြေးရလာမှု အထိမ်းအမှတ်အဖြစ် ရွှေ ၁၈၃ ပိဿလှူမည်

အိန္ဒိယဘီလျံနာကြီး မူကက်ရှ် အမ်ဘာနီ ဒေါ်လာ ၄ ဘီလီယံကျော်တန်သော စံအိမ်တွင် မြေးများအတွက် လည်ပတ်နိုင်သော အိပ်ယာများနှင့် နေပူဆာလှုံနိုင်ရန် ခေါက်သိမ်းနိုင်သော ခေါင်မိုးများတပ်ဆင် ၊ မြေးရလာမှု အထိမ်းအမှတ်အဖြစ် ရွှေ ၁၈၃ ပိဿလှူမည် - Property News in Myanmar from iMyanmarHouse.com
7 Feb 2023 10:39 am တွင် တင်ခဲ့သည်
1741 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိန္ဒိယဘီလျံနာကြီး မူကက်ရှ် အမ်ဘာနီသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် မြေးရလာသောကြောင့် အလွန်ပျော်ရွှင်လျက်ရှိသည်။

သူ၏ တစ်ဦးတည်းသောသမီး အီရှာ အမ်ဘာနီ( Isha Ambani) တွင် အမြွှာ ၂ ဦး မွေးဖွားလာရာ အာရှတိုက်၏ အချမ်းသာဆုံးများတွင် ပါဝင်သော မိသားစုတွင် ဆည်းလည်းသံများ ဝေဆာတော့မည် ဖြစ်သည်။

 

ကန်ဒေါ်လာ ၉၂ ဒသမ ၅ ဘီလီယံ ချမ်းသာကြွယ်ဝပြီး ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ တန်ကြေးရှိသော ၂၇ ထပ်မြင့်မားသည့် Antilia အမည်ရှိ မိုးမျှော်တိုက်နေအိမ်ကြီး ဆောက်လုပ်နေထိုင်သူတစ်ဦးအနေဖြင့် မြေးရလာသည့် ဘဝအထိမ်းအမှတ်ကို မည်သို့ ကျင်းပခဲ့ပါသနည်း။

သူ၏ စံအိမ်ကြီးကို ရင်သွေးငယ်များအတွက် အထူးပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

(မိဘများ၏ Antilia စံအိမ်ကြီးမှ အနည်းငယ်သာ ဝေးကွာသောနေရာတွင် အီရှာက စတုရန်းပေ ၅၀,၀၀၀ ကျယ်ဝန်းသော ကြီးမားလှသည့် စံအိမ်ကြီးတွင် ခင်ပွန်းနှင့်အတူ နေထိုင်သည်။)

 

အမြွှာ ၂ ဦးဖြစ်သော Aadiya (မိန်းကလေး) နှင့် Krishna (ယောက်ျားလေး)တို့သည် မိဘ ၂ ပါးဖြစ်သော အီရှာနှင့် အာနန် ပီရမယ်တို့၏ ပင်လယ်ကမ်းခြေစံအိမ်ကြီးနှင့် အဖိုးဖြစ်သူ မူကက်ရှ် အမ်ဘာနီ၏ Antilia စံအိမ်ကြီးတို့တွင် ကလေးထိန်း ခန်းဆောင်များဖြင့် နေထိုင်ရမည်ဖြစ်သည်။

အဆိုပါ အခန်းများကို ကမ္ဘာကျော် ဒီဇိုင်နာဖြစ်သော Perkins and Will က ဒီဇိုင်း ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

 

(Hermes အမှတ်တံဆိပ် ကလေး ပရိဘောဂ)

 

အိန္ဒိယ စီးပွားရေးလောက၏ အနာဂတ် ဘုရင်နှင့် ဘုရင်မများဖြစ်လာမည်ဟု ယူဆရသော ကလေးများကို အကောင်းဆုံး အရာများဖြင့် ပြုစုပျိုးထောင်သွားကြမည် ဖြစ်သည်။

နည်းပညာမြင့် ကလေးထိန်းခန်းမဆောင်များတွင် အလိုအလျောက်စနစ် အဖွင့်အပိတ်လုပ်နိုင်သော ခေါင်မိုးများ တပ်ဆင်ပေးထားရာ နံနက်ခင်းနေဆာလှုံကာ ဗိုက်တာမင်ဒီ ရရှိစေနိုင်မည် ဖြစ်သည်။

အခန်းအတွင်း ကမ္ဘာကျော်အမှတ်တံဆိပ်များဖြစ်သော Loro Piana, Hermes နှင့် Dior တို့ထံမှ စိတ်ကြိုက် အော်ဒါမှာယူထားသော ပရိဘောဂများ ထည့်သွင်းထားသည်။

အခန်းအတွင်း ပတ်လည် လည်ပတ်နိုင်သော အိပ်ယာများအပြင် ကမ္ဘာ့နာမည်အကြီးဆုံး အမှတ်တံဆိပ်များ ဖြစ်သော Dolce & Gabbana, Gucci နှင့် Loro Piana ကလေးဝတ်အင်္ကျီများ ထည့်သွင်းထားသော အဝတ်ဗီရိုတစ်ခုရှိသည်။

 

(BMW အမှတ်တံဆိပ် ကလေးထိုင်ခုံ) (ဓာတ်ပုံမှာ နမူနာဖော်ပြထားခြင်းသာ ဖြစ်သည်။)

 

အမြွှာကလေးငယ် ၂ ဦးအတွက် ခရီးသွားလာစရာ မော်တော်ယာဉ်များလည်း များစွာ အသင့်ရှိသည်။

အဖိုးဖြစ်သူ မူကက်ရှ် အမ်ဘာနီ၏ အထပ် ၆ ထပ်ပါ ကားဂိုထောင်ကြီးတွင် မော်တော်ကားပေါင်း ၁၆၈ စီး ဝယ်ယူပိုင်ဆိုင်ထားရာ Bentley Bentayga ၊ Mercedes-Benz S600 Guard ၊ Lamborghini Urus ၊ Maserati Levante နှင့် Rolls-Royce Phantoms မော်တော်ကား ၂ စီးလည်းအပါအဝင်ဖြစ်သည်။

အမြွှာ ၂ ဦးအနေဖြင့် အဆိုပါကားများတွင် BMW မှ အထူးထုတ်လုပ်ထားသော ထိုင်ခုံများဖြင့် လိုက်ပါ သွားလာဖွယ်ရှိသည်။

 

(အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းတခွင်တွင် အကောင်းဆုံးဆေးရုံအဖြစ် သတ်မှတ်ခံထားရသော လော့စ်အိန်ဂျလိမြို့မှ The Cedars-Sinai ဆေးရုံ )

 

စိန်စီသော လင်ဗန်းဖြင့် အကောင်းဆုံးအရာများဖြင့် ပြုစုကျွေးမွေးခံရသည့်အပြင် အကောင်းဆုံး စောင့်ရှောက်မှုကိုလည်း အမြွှာ ၂ ဦးရရှိကြမည် ဖြစ်သည်။

အီရှာ အမ်ဘာနီ၏ အမြွှာ ၂ ဦးကို ပြီးခဲ့သော လအနည်းငယ်က The Cedars-Sinai ဆေးရုံတွင် အမေရိကထိပ်သီး ဆေးပညာရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ ဒေါက်တာ Gibson ၏ ကြီးကြပ်မှုဖြင့် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

အမြွှာ ၂ ဦးမွေးဖွားပြီးနောက် အိန္ဒိယသို့ ပြန်လည် ခေါ်ဆောင်ရာတွင် မွမ်ဘိုင်းမှ အတော်ဆုံးဆရာဝန်များ ၊ သူနာပြုများအပြင် ဒေါက်တာ Gibson ဦးဆောင်သော လော့စ်အိန်ဂျလိမှ ဆရာဝန်အဖွဲ့လည်း လိုက်ပါ ပို့ဆောင်ခဲ့သည်။

 

(ကာတာမှ ဘုရင် Sheikh Tamim bin Hamad Al Thani သည် မူကက်ရှ် အမ်ဘာနီ၏ ချစ်ခင်ရသော မိတ်ဆွေတစ်ဦး ဖြစ်သည်။)

 

ကလေးများကို ပြုစုပေးရန်အတွက် အထူးလေ့ကျင့်ထားသော အမေရိကန် နာနီများနှင့် သူနာပြုများ ၈ ဦး အဖွဲ့လည်း ပါဝင်သည်။

အမြွှာကလေး ၂ ဦးနှင့် ဆေးပညာရှင်များအဖွဲ့သည် မူကက်ရှ် အမ်ဘာနီပိုင် Ambani Airbus A319 လေယာဉ်ဖြင့် မွမ်ဘိုင်းသို့ ပြန်ခြင်းကား မဟုတ်။

ကာတာဘုရင်က အမ်ဘာနီနှင့် ရင်သွေးငယ်များ စီးနင်းရန် အထူးစေလွှတ်ပေးလိုက်သော ကာတာလေယာဉ် တစ်စီးဖြင့် မွမ်ဘိုင်းသို့ ပြန်ခဲ့ခြင်း ဖြစ်သည်။

 

(ရွှေ ၁၈၃ ပိဿာ လှူဒါန်းမည်)

 

အမြွှာမြေးများ ရရှိလာသည့် အထိမ်းအမှတ်ဖြင့် Karuna Sindhu အမည်ရှိ ဒေါ်လာ ၆၁ ဒသမ ၂ သန်းတန် စံအိမ်ကြီးသို့ အိန္ဒိယနိုင်ငံတစ်ဝန်းရှိ အကျော်ကြားဆုံး ကျောင်းတော်များမှ နာမည်ကြီးထိပ်သီး ဘုန်းတော်ကြီး များကို ပင့်ဖိတ်ထားသည်။

အဆိုပါ အခမ်းအနားတွင် မူကက်ရှ် အမ်ဘာနီက ရွှေ ၃၀၀ ကီလိုဂရမ် (၁၈၃ ဒသမ ၇ ပိဿာ) လှူဒါန်းသွားမည် ဖြစ်ပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၁၇ သန်းတန်ကြေးရှိသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များကို ကမ္ဘာ့အဆင့်မီ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်သည်။

 

 

(အီရှာ အမ်ဘာနီနှင့် မိခင်ဖြစ်သူ နီတာ။ ဓာတ်ပုံ- Via Instagram / @anantambaniiii)

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indian billionaire Mukesh Ambani to install rotating beds and retractable roofs in his $4.7 skyscraper home so his grandkids can soak in the morning sun – To mark their births the joyous businessman will donate 300 kgs of gold to charities.(luxurylaunches)

 

 

[Zawgyi]

အိႏိၵယဘီလ်ံနာၾကီး မူကက္ရွ္ အမ္ဘာနီ ေဒၚလာ ၄ ဘီလီယံေက်ာ္တန္ေသာ စံအိမ္တြင္ ေျမးမ်ားအတြက္ လည္ပတ္ႏိုင္ေသာ အိပ္ယာမ်ားႏွင့္ ေနပူဆာလံႈႏိုင္ရန္ ေခါက္သိမ္းႏိုင္ေသာ ေခါင္မိုးမ်ားတပ္ဆင္ ၊ ေျမးရလာမႈ အထိမ္းအမွတ္အျဖစ္ ေရႊ ၁၈၃ ပိႆလွဴမည္

 

အိႏိၵယဘီလ်ံနာၾကီး မူကက္ရွ္ အမ္ဘာနီသည္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ ပါဝင္သူတစ္ဦးျဖစ္ျပီး လက္ရွိအခ်ိန္တြင္ ေျမးရလာေသာေၾကာင့္ အလြန္ေပ်ာ္ရႊင္လ်က္ရွိသည္။

သူ၏ တစ္ဦးတည္းေသာသမီး အီရွာ အမ္ဘာနီ( Isha Ambani) တြင္ အျမႊာ ၂ ဦး ေမြးဖြားလာရာ အာရွတိုက္၏ အခ်မ္းသာဆံုးမ်ားတြင္ ပါဝင္ေသာ မိသားစုတြင္ ဆည္းလည္းသံမ်ား ေဝဆာေတာ့မည္ ျဖစ္သည္။

ကန္ေဒၚလာ ၉၂ ဒသမ ၅ ဘီလီယံ ခ်မ္းသာၾကြယ္ဝျပီး ေဒၚလာ ၄ ဒသမ ၆ ဘီလီယံ တန္ေၾကးရွိေသာ ၂၇ ထပ္ျမင့္မားသည့္ Antilia အမည္ရွိ မိုးေမွ်ာ္တိုက္ေနအိမ္ၾကီး ေဆာက္လုပ္ေနထုိင္သူတစ္ဦးအေနျဖင့္ ေျမးရလာသည့္ ဘဝအထိမ္းအမွတ္ကို မည္သို႔ က်င္းပခဲ့ပါသနည္း။

သူ၏ စံအိမ္ၾကီးကို ရင္ေသြးငယ္မ်ားအတြက္ အထူးျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

(မိဘမ်ား၏ Antilia စံအိမ္ၾကီးမွ အနည္းငယ္သာ ေဝးကြာေသာေနရာတြင္ အီရွာက စတုရန္းေပ ၅၀,၀၀၀ က်ယ္ဝန္းေသာ ၾကီးမားလွသည့္ စံအိမ္ၾကီးတြင္ ခင္ပြန္းႏွင့္အတူ ေနထိုင္သည္။)

အျမႊာ ၂ ဦးျဖစ္ေသာ Aadiya (မိန္းကေလး) ႏွင့္ Krishna (ေယာက်္ားေလး)တို႔သည္ မိဘ ၂ ပါးျဖစ္ေသာ အီရွာႏွင့္ အာနန္ ပီရမယ္တို႔၏ ပင္လယ္ကမ္းေျခစံအိမ္ၾကီးႏွင့္ အဖိုးျဖစ္သူ မူကက္ရွ္ အမ္ဘာနီ၏ Antilia စံအိမ္ၾကီးတို႔တြင္ ကေလးထိန္း ခန္းေဆာင္မ်ားျဖင့္ ေနထိုင္ရမည္ျဖစ္သည္။

အဆိုပါ အခန္းမ်ားကို ကမၻာေက်ာ္ ဒီဇိုင္နာျဖစ္ေသာ Perkins and Will က ဒီဇိုင္း ေရးဆြဲေပးခဲ့ျခင္း ျဖစ္သည္။

(Hermes အမွတ္တံဆိပ္ ကေလး ပရိေဘာဂ)

အိႏိၵယ စီးပြားေရးေလာက၏ အနာဂတ္ ဘုရင္ႏွင့္ ဘုရင္မမ်ားျဖစ္လာမည္ဟု ယူဆရေသာ ကေလးမ်ားကို အေကာင္းဆံုး အရာမ်ားျဖင့္ ျပဳစုပ်ဳိးေထာင္သြားၾကမည္ ျဖစ္သည္။

နည္းပညာျမင့္ ကေလးထိန္းခန္းမေဆာင္မ်ားတြင္ အလိုအေလ်ာက္စနစ္ အဖြင့္အပိတ္လုပ္ႏိုင္ေသာ ေခါင္မိုးမ်ား တပ္ဆင္ေပးထားရာ နံနက္ခင္းေနဆာလံႈကာ ဗိုက္တာမင္ဒီ ရရွိေစႏိုင္မည္ ျဖစ္သည္။

အခန္းအတြင္း ကမၻာေက်ာ္အမွတ္တံဆိပ္မ်ားျဖစ္ေသာ Loro Piana, Hermes ႏွင့္ Dior တို႔ထံမွ စိတ္ၾကိဳက္ ေအာ္ဒါမွာယူထားေသာ ပရိေဘာဂမ်ား ထည့္သြင္းထားသည္။

အခန္းအတြင္း ပတ္လည္ လည္ပတ္ႏိုင္ေသာ အိပ္ယာမ်ားအျပင္ ကမၻာ့နာမည္အၾကီးဆံုး အမွတ္တံဆိပ္မ်ား ျဖစ္ေသာ Dolce & Gabbana, Gucci ႏွင့္ Loro Piana ကေလးဝတ္အကၤ်ီမ်ား ထည့္သြင္းထားေသာ အဝတ္ဗီရိုတစ္ခုရွိသည္။

(BMW အမွတ္တံဆိပ္ ကေလးထုိင္ခံု) (ဓာတ္ပံုမွာ နမူနာေဖာ္ျပထားျခင္းသာ ျဖစ္သည္။)

အျမႊာကေလးငယ္ ၂ ဦးအတြက္ ခရီးသြားလာစရာ ေမာ္ေတာ္ယာဥ္မ်ားလည္း မ်ားစြာ အသင့္ရွိသည္။

အဖိုးျဖစ္သူ မူကက္ရွ္ အမ္ဘာနီ၏ အထပ္ ၆ ထပ္ပါ ကားဂိုေထာင္ၾကီးတြင္ ေမာ္ေတာ္ကားေပါင္း ၁၆၈ စီး ဝယ္ယူပိုင္ဆိုင္ထားရာ Bentley Bentayga ၊ Mercedes-Benz S600 Guard ၊ Lamborghini Urus ၊ Maserati Levante ႏွင့္ Rolls-Royce Phantoms ေမာ္ေတာ္ကား ၂ စီးလည္းအပါအဝင္ျဖစ္သည္။

အျမႊာ ၂ ဦးအေနျဖင့္ အဆိုပါကားမ်ားတြင္ BMW မွ အထူးထုတ္လုပ္ထားေသာ ထိုင္ခံုမ်ားျဖင့္ လိုက္ပါ သြားလာဖြယ္ရွိသည္။

(အေမရိကန္ျပည္ေထာင္စု အေနာက္ပိုင္းတခြင္တြင္ အေကာင္းဆံုးေဆးရံုအျဖစ္ သတ္မွတ္ခံထားရေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕မွ The Cedars-Sinai ေဆးရံု )

စိန္စီေသာ လင္ဗန္းျဖင့္ အေကာင္းဆံုးအရာမ်ားျဖင့္ ျပဳစုေကၽြးေမြးခံရသည့္အျပင္ အေကာင္းဆံုး ေစာင့္ေရွာက္မႈကိုလည္း အျမႊာ ၂ ဦးရရွိၾကမည္ ျဖစ္သည္။

အီရွာ အမ္ဘာနီ၏ အျမႊာ ၂ ဦးကို ျပီးခဲ့ေသာ လအနည္းငယ္က The Cedars-Sinai ေဆးရုံတြင္ အေမရိကထိပ္သီး ေဆးပညာရွင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ ေဒါက္တာ Gibson ၏ ၾကီးၾကပ္မႈျဖင့္ ေမြးဖြားခဲ့ျခင္း ျဖစ္သည္။

အျမႊာ ၂ ဦးေမြးဖြားျပီးေနာက္ အိႏိၵယသို႔ ျပန္လည္ ေခၚေဆာင္ရာတြင္ မြမ္ဘိုင္းမွ အေတာ္ဆံုးဆရာဝန္မ်ား ၊ သူနာျပဳမ်ားအျပင္ ေဒါက္တာ Gibson ဦးေဆာင္ေသာ ေလာ့စ္အိန္ဂ်လိမွ ဆရာဝန္အဖြဲ႔လည္း လိုက္ပါ ပို႔ေဆာင္ခဲ့သည္။

(ကာတာမွ ဘုရင္ Sheikh Tamim bin Hamad Al Thani သည္ မူကက္ရွ္ အမ္ဘာနီ၏ ခ်စ္ခင္ရေသာ မိတ္ေဆြတစ္ဦး ျဖစ္သည္။)

ကေလးမ်ားကို ျပဳစုေပးရန္အတြက္ အထူးေလ့က်င့္ထားေသာ အေမရိကန္ နာနီမ်ားႏွင့္ သူနာျပဳမ်ား ၈ ဦး အဖြဲ႔လည္း ပါဝင္သည္။

အျမႊာကေလး ၂ ဦးႏွင့္ ေဆးပညာရွင္မ်ားအဖြဲ႔သည္ မူကက္ရွ္ အမ္ဘာနီပိုင္ Ambani Airbus A319 ေလယာဥ္ျဖင့္ မြမ္ဘိုင္းသို႔ ျပန္ျခင္းကား မဟုတ္။

ကာတာဘုရင္က အမ္ဘာနီႏွင့္ ရင္ေသြးငယ္မ်ား စီးနင္းရန္ အထူးေစလႊတ္ေပးလိုက္ေသာ ကာတာေလယာဥ္ တစ္စီးျဖင့္ မြမ္ဘိုင္းသို႔ ျပန္ခဲ့ျခင္း ျဖစ္သည္။

(ေရႊ ၁၈၃ ပိႆာ လွဴဒါန္းမည္))

အျမႊာေျမးမ်ား ရရွိလာသည့္ အထိမ္းအမွတ္ျဖင့္ Karuna Sindhu အမည္ရွိ ေဒၚလာ ၆၁ ဒသမ ၂ သန္းတန္ စံအိမ္ၾကီးသို႔ အိႏိၵယႏိုင္ငံတစ္ဝန္းရွိ အေက်ာ္ၾကားဆံုး ေက်ာင္းေတာ္မ်ားမွ နာမည္ၾကီးထိပ္သီး ဘုန္းေတာ္ၾကီး မ်ားကို ပင့္ဖိတ္ထားသည္။

အဆိုပါ အခမ္းအနားတြင္ မူကက္ရွ္ အမ္ဘာနီက ေရႊ ၃၀၀ ကီလုိဂရမ္ (၁၈၃ ဒသမ ၇ ပိႆာ) လွဴဒါန္းသြားမည္ ျဖစ္ျပီး တန္ေၾကးအားျဖင့္ ကန္ေဒၚလာ ၁၇ သန္းတန္ေၾကးရွိသည္။

အခမ္းအနားသို႔ တက္ေရာက္လာသည့္ ဧည့္ပရိသတ္မ်ားကို ကမၻာ့အဆင့္မီ စားေသာက္ဖြယ္ရာမ်ားျဖင့္ တည္ခင္းဧည့္ခံမည္ ျဖစ္သည္။

(အီရွာ အမ္ဘာနီႏွင့္ မိခင္ျဖစ္သူ နီတာ။ ဓာတ္ပံု- Via Instagram / @anantambaniiii)

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလး႐ွား အစ႐ွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indian billionaire Mukesh Ambani to install rotating beds and retractable roofs in his $4.7 skyscraper home so his grandkids can soak in the morning sun – To mark their births the joyous businessman will donate 300 kgs of gold to charities.(luxurylaunches)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service