ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
((ဂျင်မ်ကာရေး ဘယ်သူလဲ))
ကနေဒါရုပ်ရှင်သရုပ်ဆောင် ဂျင်မ်ကာရေးသည် ၁၉၉၄ ခုနှစ်က ရုံတင်ပြသခဲ့သော စူပါသူရဲကောင်း ဟာသဇာတ်ကား The Mask ဖြင့် ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။
အဆိုပါဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသမီး Cameron Diaz အတွက် ပထမဆုံး ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်သည့် ပွဲဦးထွက်ဇာတ်ကားလည်း ဖြစ်သည်။
ဂျင်မ်ကာရေးသည် အစိမ်းရောင်သစ်သားမှော်မျက်နှာဖုံးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည့် ဘဏ်စာရေး Stanley Ipkiss အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ဘဏ်စာရေး Stanley သည် မှော်မျက်နှာဖုံး၏ မှော်စွမ်းအားများရရှိကာ ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် အသုံးပြုခဲ့ပုံကို ရိုက်ကူးထားခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင်မူ ဂျင်မ်ကာရေးသည် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၄ ခုနှစ်အထိ ရိုက်ကူးထုတ်လွှင့် ခဲ့သော In Living Color ဟာသဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများထားပြီး ဖြစ်သည်။
ဂျင်မ်ကာရေးကို ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်၊ တိုရွန်တိုမြို့၏ ဆင်ခြေဖုံး Newmarket အရပ်တွင် မွေးဖွားသည်။ မိဘများမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်၊ ဂီတသမားများ ဖြစ်ကြသည်။
ဂျင်မ်ကာရေး၏ အထက်တွင် မွေးချင်း ၃ ဦးရှိပြီး ဂျင်မ်ကာရေးမှာ အငယ်ဆုံးဖြစ်သည်။
ဂျင်မ်ကာရေးသည် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်နိုင်ငံသားအဖြစ် ရရှိခဲ့ရာ အမေရိကန်နှင့် သူ၏ဇာတိကနေဒါ နှစ်နိုင်ငံတို့၏ နိုင်ငံသားအဖြစ် ရပ်တည်နေသည်။
(ဂျင်မ်ကာရေး ချစ်ခဲ့သော မိန်းကလေး ၈ ဦး)
ဂျင်မ်ကာရေးသည် ၁၉၈၃ ခုနှစ်တွင် အဆိုတော် Linda Ronstadt နှင့် ၈ လကြာချစ်ကြိုက်ခဲ့သည်။
ဂျင်မ်ကာရေးသည် ၂ ကြိမ် လက်ထပ်ခဲ့ဖူးသူ ဖြစ်သည်။
ပထမအိမ်ထောင်မှာ ရုပ်ရှင်မင်းသမီးဟောင်း Melissa Womer ဖြစ်ပြီး ၁၉၈၇ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လက်ထပ်ခဲ့သည်။ ၎င်းတို့၏ သမီးကလေး Jane Erin Carrey ကို ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် မွေးဖွားသည်။
ဂျင်မ်ကာရေးနှင့် Womer တို့ ၁၉၉၅ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။
၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်တွင် ဂျင်မ်ကာရေးသည် Dumb and Dumber တွင် တွဲဖက်သရုပ်ဆောင်ခဲ့သူ Lauren Holly နှင့် လက်ထပ်ခဲ့ပြီး ၎င်းတို့၏ အိမ်ထောင်ရေးမှာ တစ်နှစ်ပင် မကြာမြင့်ခဲ့ချေ။
ယင်းနောက် ဂျင်မ်ကာရေးသည် Me, Myself and Irene ဇာတ်ကားတွင် အတူသရုပ်ဆောင်ခဲ့သူ ရုပ်ရှင်မင်းသမီး Renée Zellweger နှင့် စေ့စပ်ခဲ့ရာ စေ့စပ်ကာလသက်တမ်းမှာ ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိဖြစ်ပြီး လက်မထပ်ဖြစ်ခဲ့။
၂၀၀၂ ခုနှစ်တွင် ဂျင်မ်ကာရေးသည် January Jones နှင့် ချစ်ကြိုက်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် ဂျင်မ်ကာရေးသည် မော်ဒယ်နှင့် ရုပ်ရှင်မင်းသမီး Jenny McCarthy နှင့် ဆုံစည်းခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဇွန်လတွင် ၎င်းတို့၏ အချစ်ရေးကို လူသိရှင်ကြားချပြခဲ့သည်။
၂၀၁၀ ပြည့်နှစ်၊ ဧပြီလတွင် ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။
၂၀၁၂ ခုနှစ်တွင် ဂျင်မ်ကာရေးသည် အိုင်ယာလန် မိတ်ကပ်ပညာရှင် Cathriona White နှင့် ဆုံစည်းခဲ့ပြီး ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ တွဲခဲ့ကြသည်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် Cathriona မှာ ဆေးလွန်ကာသေဆုံးခဲ့ရာ လော့စ်အိန်ဂျလိ အာဏာပိုင်တို့က မိမိကိုယ်ကိုယ် အဆုံးစီရင်မှုအဖြစ် သတ်မှတ်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်တွင် ကျင်းပသော ရွှေကမ္ဘာလုံးဆုပေးပွဲသို့ ဂျင်မ်ကာရေးက ချစ်သူသစ် Ginger Gonzaga နှင့်အတူ တက်ရောက်ခဲ့သည်။
သို့သော် ချစ်သူသက်တမ်း ၁ နှစ်မပြည့်မီ လမ်းခွဲခဲ့ကြသည်။
((လော့စ်အိန်ဂျလိစံအိမ်ကို ဂျင်မ်ကာရေးက ကန်ဒေါ်လာ ၂၉ သန်းဖြင့် အရောင်းဈေးကွက်တင်))
ရောင်းချသူ- ဂျင်မ်ကာရေး
စံအိမ်တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်
ဈေးနှုန်း- ကန်ဒေါ်လာ ၂၈ ဒသမ ၉ သန်း
အသေးစိတ်- စတုရန်းပေ ၁၂၇၀၄၊ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း အပြည့် ၆ ခန်းနှင့် တဝက် ၃ ခန်း
ခြံဝန်းအကျယ်- ၂ ဒသမ ၀၁ ဧက
ပြီးခဲ့သော နှစ် ၃၀ တာကာလအတွင်း ဂျင်မ်ကာရေးသည် ဟောလိဝုဒ်၏ ဆူညံပူညံအသံများမှ ဝေးရာ လော့စ်အိန်ဂျလိမြို့ ၊ ဘရန့်ဝုဒ်အရပ်ရှိ ၂ ဧကကျယ်သော စံအိမ်တွင် အခြေချခဲ့သည်။
အလျား ပေ ၂၈၀ ခန့်ရှိကာ အလွန်မြင့်မားလှသည့် တိဖြတ်ထားသော ခြံစည်းရိုးပင်များနောက်တွင် ဂျင်မ်ကာရေး၏ စံအိမ်မှာ ချမ်းမြေ့ဆိတ်ငြိမ်သော ကျေးလက်ဟန်ရှုခင်းများ ပိုင်ဆိုင်ထားပြီး အနုပညာ အလုပ်များအတွက် ဈာန်ဝင်ရန် နေရာကောင်းတစ်ခု ဖြစ်သည်။
သို့သော် နေရာသစ်သို့ သွားရန် အသင့်ဖြစ်နေသူ ဂျင်မ်ကာရေးက ကာလကြာရှည်နေထိုင်ခဲ့သော စံအိမ်ကို ကန်ဒေါ်လာ ၂၈ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာခဲ့ပြီ ဖြစ်သည်။
ဈေးကွက်တင်မှတ်တမ်းတွင် တစ်ထပ်ယာတောအိမ်ဖြစ်ပြီး မည်သည့်နေရာနှင့်မှမတူသော ပဉ္စလက်ဆန်သည့် အေးချမ်းသည့်ခိုလှုံရာနေရာတစ်ခု ဖြစ်ကြောင်း ဖော်ပြသည်။
စံအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ ဧည့်သည်များအတွက် ကိုယ်လက်သန့်စင် အလှပြင်ခန်း ၃ ခန်းပါဝင်ကာ ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၂၇၀၀ အကျယ်အဝန်းရှိသည်။
အရောင်တင်ထားသောအုတ်၊ သစ်မာသားကြမ်းခင်းများ၊ အမိုးစောက် ထုတ်တန်းဖော် မျက်နှာကြက်များ၊ များပြားလှသော မီးလင်းဖိုများ၊ တန်ဖိုးကြီး အနုပညာလက်ရာများကို တွေ့ရမည် ဖြစ်သည်။
ဂျင်မ်ကာရေးသည် ကမ္ဘာ့အကျော်ကြားဆုံးနှင့် အနုပညာကြေးအမြင့်ဆုံးဟာသ သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်သည့်အပြင် အတွေ့အကြုံရှိ ပန်းချီဆရာ၊ ပန်းပုဆရာတစ်ဦးလည်း ဖြစ်သည်။ ဗဟိုအဝင်ခန်းမကို ဧည့်ခန်းနှင့် ညစာစားခန်းတို့က တစ်ဖက်တစ်ချက်စီမှ ဝန်းရံထားသည်။
ထိုနှစ်ခန်းလုံးတွင် ကောင်းကင်အလင်းရရှိစေရန် စီမံထားရာ သဘာဝအလင်းဖြင့် လင်းလင်းချင်းချင်းရှိသည်။
ထို့အပြင် ရုံးခန်းကျယ်၊ ကြီးမားသော အားကစားလေ့ကျင့်ခန်းမ၊ အိမ်တွင်း barbecue နေရာပါသော စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်၊ အိမ်ခြံဝန်းကို စီးမိုးတွေ့မြင်ရသော အဌဂံပုံ နံနက်စာ စားခန်းတို့ရှိသည်။
ထို့အပြင် grand ပီယာနိုတစ်လုံးထားရှိသည့် အလွန်ကျယ်ဝန်းလှသော မိသားစုနားနေခန်းလည်း ရှိသည်။
ဂျင်မ်ကာရေး၏ ထည်ဝါစွာမွမ်းမံထားမှုများကို Art Deco ဟန် အိမ်တွင်းရုပ်ရှင်ရုံတွင် အများဆုံးတွေ့ရသည်။
စံအိမ်အတွင်း သူ၏ရုပ်ရှင်များတွင် ဝတ်ဆင်ခဲ့သည့် အဝတ်အစားများကို မှန်ပုံးများဖြင့် ပြသထားပြီး ရရှိခဲ့သော ဆုတံဆိပ်များကိုလည်း ပြသထားသည်။
ခြံဝန်းအတွင်း သက်ရင့်သစ်ကြီးဝါးကြီးပင်များ၊ တင်းနစ်ကွင်း၊ ရှုခင်းကြည့်အဆောက်အအုံ၊ ကျောက်တုံးများ ဝန်းပတ်ထားသော ရေကူးကန်အတွင်းသို့ ရေများစီးဝင်သည့် ရေတံခွန်၊ အရက်ဘားနှင့် မီးလင်းဖိုတို့ပါသော ရေကူးကန်ဘေးအိမ်နှင့် sauna တို့ ပါဝင်သည်။
ဟင်းသီးဟင်းရွက်စိုက်ခင်းလည်းရှိပြီး လတ်ဆတ်သော အော်ဂဲနစ်သီးပင်စားပင်များ စိုက်ပျိုးထားသည်။
ခြံဝန်းအတွင်း ချောင်ကျသော နေရာတွင် စိတ်အေးချမ်းစေမည့် အဆောင်တစ်ခုလည်း ရှိသည်။
ဂျင်မ်ကာရေးက ပြောသည်မှာ ဤစံအိမ်သည် ညှို့ယူဖမ်းစားနိုင်သော ကြည်နူးဖွယ်နေရာဖြစ်ကာ စိတ်ကူး ဉာဏ် ကွန့်မြူးရန် နေရာကောင်းဖြစ်ကြောင်း ၊ သို့သော် ဤအိမ်တွင် များစွာမနေထိုင်ဖြစ်တော့ သောကြောင့် ရောင်းထုတ်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပြောသည်။
အရောင်းဈေးကွက်တင်ပေးသူမှာ Sotheby’s International Realty မှ အိမ်ခြံမြေအကျိုးဆောင် Janelle Friedman ဖြစ်သည်။
(ဆက်စပ်သတင်း)
The Mask ဖြင့် ကမ္ဘာကျော်ခဲ့သူ Jim Carrey ၏ ဒေါ်လာ ၁၅ သန်းတန် လော့စ်အိန်ဂျလိစံအိမ်
https://www.imyanmarhouse.com/news/read/1017735
(ဂျင်မ်ကာရေး၏ စံအိမ်ဓာတ်ပုံအားလုံးအတွက်..Credit - Daniel Dahler for Sotheby’s International Realty)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jim Carrey Slips L.A. Estate on the Market at $29 Million (dirt, imyanmarhouse)
[Zawgyi]
စူပါသူရဲေကာင္း ဟာသဇာတ္ကား The Mask ျဖင့္ ကမၻာေက်ာ္သူ ဂ်င္မ္ကာေရး ႏွစ္ေပါင္း ၃၀ ေက်ာ္ ေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ကန္ေဒၚလာ ၂၉ သန္းျဖင့္ ေရာင္းေတာ့မည္
((ဂ်င္မ္ကာေရး ဘယ္သူလဲ))
ကေနဒါရုပ္ရွင္သရုပ္ေဆာင္ ဂ်င္မ္ကာေရးသည္ ၁၉၉၄ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ စူပါသူရဲေကာင္း ဟာသဇာတ္ကား The Mask ျဖင့္ ကမၻာေက်ာ္ခဲ့သူ ျဖစ္သည္။
အဆိုပါဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ေသာ ရုပ္ရွင္မင္းသမီး Cameron Diaz အတြက္ ပထမဆံုး ရုပ္ရွင္ေလာကသို႔ စတင္ဝင္ေရာက္သည့္ ပြဲဦးထြက္ဇာတ္ကားလည္း ျဖစ္သည္။
ဂ်င္မ္ကာေရးသည္ အစိမ္းေရာင္သစ္သားေမွာ္မ်က္ႏွာဖံုးတစ္ခုကို ရွာေဖြေတြ႔ရွိခဲ့သည့္ ဘဏ္စာေရး Stanley Ipkiss အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။
ဘဏ္စာေရး Stanley သည္ ေမွာ္မ်က္ႏွာဖံုး၏ ေမွာ္စြမ္းအားမ်ားရရွိကာ ရာဇဝတ္မႈမ်ားကို တိုက္ဖ်က္ရာတြင္ အသံုးျပဳခဲ့ပံုကို ရိုက္ကူးထားျခင္း ျဖစ္သည္။
အေမရိကန္ျပည္ေထာင္စုတြင္မူ ဂ်င္မ္ကာေရးသည္ ၁၉၉၀ ျပည့္ႏွစ္မွ ၁၉၉၄ ခုႏွစ္အထိ ရိုက္ကူးထုတ္လႊင့္ ခဲ့ေသာ In Living Color ဟာသဇာတ္လမ္းတြဲမ်ားတြင္ သရုပ္ေဆာင္ခဲ့မႈျဖင့္ လူသိမ်ားထားျပီး ျဖစ္သည္။
ဂ်င္မ္ကာေရးကို ကေနဒါႏိုင္ငံ၊ အြန္ေတရီယိုျပည္နယ္၊ တိုရြန္တိုျမိဳ႕၏ ဆင္ေျခဖံုး Newmarket အရပ္တြင္ ေမြးဖြားသည္။ မိဘမ်ားမွာ ေဆာက္လုပ္ေရးလုပ္ငန္းရွင္၊ ဂီတသမားမ်ား ျဖစ္ၾကသည္။
ဂ်င္မ္ကာေရး၏ အထက္တြင္ ေမြးခ်င္း ၃ ဦးရွိျပီး ဂ်င္မ္ကာေရးမွာ အငယ္ဆံုးျဖစ္သည္။
ဂ်င္မ္ကာေရးသည္ ၂၀၀၄ ခုႏွစ္၊ ေအာက္တိုဘာလတြင္ အေမရိကန္ႏိုင္ငံသားအျဖစ္ ရရွိခဲ့ရာ အေမရိကန္ႏွင့္ သူ၏ဇာတိကေနဒါ ႏွစ္ႏိုင္ငံတို႔၏ ႏိုင္ငံသားအျဖစ္ ရပ္တည္ေနသည္။
(ဂ်င္မ္ကာေရး ခ်စ္ခဲ့ေသာ မိန္းကေလး ၈ ဦး)
ဂ်င္မ္ကာေရးသည္ ၁၉၈၃ ခုႏွစ္တြင္ အဆိုေတာ္ Linda Ronstadt ႏွင့္ ၈ လၾကာခ်စ္ၾကိဳက္ခဲ့သည္။
ဂ်င္မ္ကာေရးသည္ ၂ ၾကိမ္ လက္ထပ္ခဲ့ဖူးသူ ျဖစ္သည္။
ပထမအိမ္ေထာင္မွာ ရုပ္ရွင္မင္းသမီးေဟာင္း Melissa Womer ျဖစ္ျပီး ၁၉၈၇ ခုႏွစ္၊ မတ္လ ၂၈ ရက္တြင္ လက္ထပ္ခဲ့သည္။ ၎တို႔၏ သမီးကေလး Jane Erin Carrey ကို ၁၉၈၇ ခုႏွစ္၊ စက္တင္ဘာလ ၆ ရက္တြင္ ေမြးဖြားသည္။
ဂ်င္မ္ကာေရးႏွင့္ Womer တို႔ ၁၉၉၅ ခုႏွစ္တြင္ ကြာရွင္းျပတ္စဲခဲ့သည္။
၁၉၉၆ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္တြင္ ဂ်င္မ္ကာေရးသည္ Dumb and Dumber တြင္ တြဲဖက္သရုပ္ေဆာင္ခဲ့သူ Lauren Holly ႏွင့္ လက္ထပ္ခဲ့ျပီး ၎တို႔၏ အိမ္ေထာင္ေရးမွာ တစ္ႏွစ္ပင္ မၾကာျမင့္ခဲ့ေခ်။
ယင္းေနာက္ ဂ်င္မ္ကာေရးသည္ Me, Myself and Irene ဇာတ္ကားတြင္ အတူသရုပ္ေဆာင္ခဲ့သူ ရုပ္ရွင္မင္းသမီး Renée Zellweger ႏွင့္ ေစ့စပ္ခဲ့ရာ ေစ့စပ္ကာလသက္တမ္းမွာ ၁၉၉၉ ခုႏွစ္မွ ၂၀၀၀ ျပည့္ႏွစ္အထိျဖစ္ျပီး လက္မထပ္ျဖစ္ခဲ့။
၂၀၀၂ ခုႏွစ္တြင္ ဂ်င္မ္ကာေရးသည္ January Jones ႏွင့္ ခ်စ္ၾကိဳက္ခဲ့သည္။
၂၀၀၅ ခုႏွစ္တြင္ ဂ်င္မ္ကာေရးသည္ ေမာ္ဒယ္ႏွင့္ ရုပ္ရွင္မင္းသမီး Jenny McCarthy ႏွင့္ ဆံုစည္းခဲ့ျပီး ၂၀၀၆ ခုႏွစ္၊ ဇြန္လတြင္ ၎တို႔၏ အခ်စ္ေရးကို လူသိရွင္ၾကားခ်ျပခဲ့သည္။
၂၀၁၀ ျပည့္ႏွစ္၊ ဧျပီလတြင္ ၎တို႔ႏွစ္ဦး လမ္းခြဲခဲ့ၾကသည္။
၂၀၁၂ ခုႏွစ္တြင္ ဂ်င္မ္ကာေရးသည္ အိုင္ယာလန္ မိတ္ကပ္ပညာရွင္ Cathriona White ႏွင့္ ဆံုစည္းခဲ့ျပီး ၂၀၁၂ မွ ၂၀၁၅ ခုႏွစ္အထိ တြဲခဲ့ၾကသည္။
၂၀၁၅ ခုႏွစ္၊ စက္တင္ဘာလ ၂၈ ရက္တြင္ Cathriona မွာ ေဆးလြန္ကာေသဆံုးခဲ့ရာ ေလာ့စ္အိန္ဂ်လိ အာဏာပိုင္တို႔က မိမိကိုယ္ကိုယ္ အဆံုးစီရင္မႈအျဖစ္ သတ္မွတ္ခဲ့ၾကသည္။
၂၀၁၉ ခုႏွစ္တြင္ က်င္းပေသာ ေရႊကမၻာလံုးဆုေပးပြဲသုိ႔ ဂ်င္မ္ကာေရးက ခ်စ္သူသစ္ Ginger Gonzaga ႏွင့္အတူ တက္ေရာက္ခဲ့သည္။
သို႔ေသာ္ ခ်စ္သူသက္တမ္း ၁ ႏွစ္မျပည့္မီ လမ္းခြဲခဲ့ၾကသည္။
((ေလာ့စ္အိန္ဂ်လိစံအိမ္ကို ဂ်င္မ္ကာေရးက ကန္ေဒၚလာ ၂၉ သန္းျဖင့္ အေရာင္းေစ်းကြက္တင္))
ေရာင္းခ်သူ- ဂ်င္မ္ကာေရး
စံအိမ္တည္ေနရာ- ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘရန္႔ဝုဒ္အရပ္
ေစ်းႏႈန္း- ကန္ေဒၚလာ ၂၈ ဒသမ ၉ သန္း
အေသးစိတ္- စတုရန္းေပ ၁၂၇၀၄၊ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း အျပည့္ ၆ ခန္းႏွင့္ တဝက္ ၃ ခန္း
ျခံဝန္းအက်ယ္- ၂ ဒသမ ၀၁ ဧက
ျပီးခဲ့ေသာ ႏွစ္ ၃၀ တာကာလအတြင္း ဂ်င္မ္ကာေရးသည္ ေဟာလိဝုဒ္၏ ဆူညံပူညံအသံမ်ားမွ ေဝးရာ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ ဘရန္႔ဝုဒ္အရပ္ရွိ ၂ ဧကက်ယ္ေသာ စံအိမ္တြင္ အေျခခ်ခဲ့သည္။
အလ်ား ေပ ၂၈၀ ခန္႔ရွိကာ အလြန္ျမင့္မားလွသည့္ တိျဖတ္ထားေသာ ျခံစည္းရိုးပင္မ်ားေနာက္တြင္ ဂ်င္မ္ကာေရး၏ စံအိမ္မွာ ခ်မ္းေျမ႕ဆိတ္ျငိမ္ေသာ ေက်းလက္ဟန္ရႈခင္းမ်ား ပိုင္ဆိုင္ထားျပီး အႏုပညာ အလုပ္မ်ားအတြက္ စ်ာန္ဝင္ရန္ ေနရာေကာင္းတစ္ခု ျဖစ္သည္။
သို႔ေသာ္ ေနရာသစ္သို႔ သြားရန္ အသင့္ျဖစ္ေနသူ ဂ်င္မ္ကာေရးက ကာလၾကာရွည္ေနထိုင္ခဲ့ေသာ စံအိမ္ကို ကန္ေဒၚလာ ၂၈ ဒသမ ၉ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာခဲ့ျပီ ျဖစ္သည္။
ေစ်းကြက္တင္မွတ္တမ္းတြင္ တစ္ထပ္ယာေတာအိမ္ျဖစ္ျပီး မည္သည့္ေနရာႏွင့္မွမတူေသာ ပဥၥလက္ဆန္သည့္ ေအးခ်မ္းသည့္ခိုလံႈရာေနရာတစ္ခု ျဖစ္ေၾကာင္း ေဖာ္ျပသည္။
စံအိမ္အတြင္း အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၆ ခန္း၊ ဧည့္သည္မ်ားအတြက္ ကိုယ္လက္သန္႔စင္ အလွျပင္ခန္း ၃ ခန္းပါဝင္ကာ ၾကမ္းခင္းဧရိယာ စတုရန္းေပ ၁၂၇၀၀ အက်ယ္အဝန္းရွိသည္။
အေရာင္တင္ထားေသာအုတ္၊ သစ္မာသားၾကမ္းခင္းမ်ား၊ အမိုးေစာက္ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား၊ မ်ားျပားလွေသာ မီးလင္းဖိုမ်ား၊ တန္ဖိုးၾကီး အႏုပညာလက္ရာမ်ားကို ေတြ႔ရမည္ ျဖစ္သည္။
ဂ်င္မ္ကာေရးသည္ ကမၻာ့အေက်ာ္ၾကားဆံုးႏွင့္ အႏုပညာေၾကးအျမင့္ဆံုးဟာသ သရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည့္အျပင္ အေတြ႔အၾကံဳရွိ ပန္းခ်ီဆရာ၊ ပန္းပုဆရာတစ္ဦးလည္း ျဖစ္သည္။ ဗဟိုအဝင္ခန္းမကို ဧည့္ခန္းႏွင့္ ညစာစားခန္းတို႔က တစ္ဖက္တစ္ခ်က္စီမွ ဝန္းရံထားသည္။
ထိုႏွစ္ခန္းလံုးတြင္ ေကာင္းကင္အလင္းရရွိေစရန္ စီမံထားရာ သဘာဝအလင္းျဖင့္ လင္းလင္းခ်င္းခ်င္းရွိသည္။
ထို႔အျပင္ ရံုးခန္းက်ယ္၊ ၾကီးမားေသာ အားကစားေလ့က်င့္ခန္းမ၊ အိမ္တြင္း barbecue ေနရာပါေသာ စားဖိုမွဴးအဆင့္ ကိုင္တြယ္ႏိုင္သည့္ မီးဖိုေဆာင္၊ အိမ္ျခံဝန္းကို စီးမိုးေတြ႔ျမင္ရေသာ အဌဂံပံု နံနက္စာ စားခန္းတို႔ရွိသည္။
ထို႔အျပင္ grand ပီယာႏိုတစ္လံုးထားရွိသည့္ အလြန္က်ယ္ဝန္းလွေသာ မိသားစုနားေနခန္းလည္း ရွိသည္။
ဂ်င္မ္ကာေရး၏ ထည္ဝါစြာမြမ္းမံထားမႈမ်ားကို Art Deco ဟန္ အိမ္တြင္းရုပ္ရွင္ရံုတြင္ အမ်ားဆံုးေတြ႔ရသည္။
စံအိမ္အတြင္း သူ၏ရုပ္ရွင္မ်ားတြင္ ဝတ္ဆင္ခဲ့သည့္ အဝတ္အစားမ်ားကို မွန္ပံုးမ်ားျဖင့္ ျပသထားျပီး ရရွိခဲ့ေသာ ဆုတံဆိပ္မ်ားကိုလည္း ျပသထားသည္။
ျခံဝန္းအတြင္း သက္ရင့္သစ္ၾကီးဝါးၾကီးပင္မ်ား၊ တင္းနစ္ကြင္း၊ ရႈခင္းၾကည့္အေဆာက္အအံု၊ ေက်ာက္တံုးမ်ား ဝန္းပတ္ထားေသာ ေရကူးကန္အတြင္းသို႔ ေရမ်ားစီးဝင္သည့္ ေရတံခြန္၊ အရက္ဘားႏွင့္ မီးလင္းဖိုတို႔ပါေသာ ေရကူးကန္ေဘးအိမ္ႏွင့္ sauna တို႔ ပါဝင္သည္။
ဟင္းသီးဟင္းရြက္စိုက္ခင္းလည္းရွိျပီး လတ္ဆတ္ေသာ ေအာ္ဂဲနစ္သီးပင္စားပင္မ်ား စိုက္ပ်ဳိးထားသည္။
ျခံဝန္းအတြင္း ေခ်ာင္က်ေသာ ေနရာတြင္ စိတ္ေအးခ်မ္းေစမည့္ အေဆာင္တစ္ခုလည္း ရွိသည္။
ဂ်င္မ္ကာေရးက ေျပာသည္မွာ ဤစံအိမ္သည္ ညွိဳ႕ယူဖမ္းစားႏိုင္ေသာ ၾကည္ႏူးဖြယ္ေနရာျဖစ္ကာ စိတ္ကူး ဥာဏ္ ကြန္႔ျမဴးရန္ ေနရာေကာင္းျဖစ္ေၾကာင္း ၊ သို႔ေသာ္ ဤအိမ္တြင္ မ်ားစြာမေနထိုင္ျဖစ္ေတာ့ ေသာေၾကာင့္ ေရာင္းထုတ္ရန္ ဆံုးျဖတ္ရျခင္းျဖစ္ေၾကာင္း ေျပာသည္။
အေရာင္းေစ်းကြက္တင္ေပးသူမွာ Sotheby’s International Realty မွ အိမ္ျခံေျမအက်ဳိးေဆာင္ Janelle Friedman ျဖစ္သည္။
(ဆက္စပ္သတင္း)
The Mask ျဖင့္ ကမၻာေက်ာ္ခဲ့သူ Jim Carrey ၏ ေဒၚလာ ၁၅ သန္းတန္ ေလာ့စ္အိန္ဂ်လိစံအိမ္
https://www.imyanmarhouse.com/news/read/1017735
(ဂ်င္မ္ကာေရး၏ စံအိမ္ဓာတ္ပံုအားလံုးအတြက္..Credit - Daniel Dahler for Sotheby’s International Realty)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Jim Carrey Slips L.A. Estate on the Market at $29 Million (dirt, imyanmarhouse)