BLACKPINK အဖွဲ့မှ လီဆာက ကိုရီးယားအချမ်းသာဆုံး လူကုံထံများနေထိုင်ရာ ရပ်ကွက်တွင် ဝမ်ငွေ ၇ ဘီလီယံကျော်တန်ကြေးရှိ စံအိမ်တစ်လုံး ဝယ်ယူခြင်းနှင့် လူပြောများနေသော လီဆာ၏ ခရက်ဒစ်ကတ်

BLACKPINK အဖွဲ့မှ လီဆာက ကိုရီးယားအချမ်းသာဆုံး လူကုံထံများနေထိုင်ရာ ရပ်ကွက်တွင် ဝမ်ငွေ ၇ ဘီလီယံကျော်တန်ကြေးရှိ စံအိမ်တစ်လုံး ဝယ်ယူခြင်းနှင့် လူပြောများနေသော လီဆာ၏ ခရက်ဒစ်ကတ် - Property News in Myanmar from iMyanmarHouse.com
3 Feb 2023 10:59 am တွင် တင်ခဲ့သည်
1713 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

((BLACKPINK ဘာလဲ))

BLACKPINK သည် တောင်ကိုရီးယား၏ အကျော်ကြားဆုံး မိန်းကလေး ပေါ့ပ်ဂီတအဖွဲ့ဖြစ်သည်။

ဂျီဆူး၊ ဂျင်းနီ၊ ရို့စ်နှင့် လီဆာဟူသော အဖွဲ့ဝင် မိန်းကလေး ၄ ဦးဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် Square One အမည်ရှိ single တေးသီချင်းဖြင့် ဂီတနယ်သို့ စတင်ဝင်ရောက် ခဲ့သည်။

BLACKPINK သည် နိုင်ငံတကာအတိုင်းအတာ အောင်မြင်မှုအရဆုံး တောင်ကိုရီးယားမိန်းကလေးအဖွဲ့ ဖြစ်သည်။

((ဝမ်ငွေ ၇ ဘီလီယံတန်စံအိမ် ဝယ်ယူမှု))

ဖေဖော်ဝါရီလ ၁ ရက်သတင်းများအရ လီဆာသည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၏မြောက်ဘက် လူကုံထံများနေထိုင်ရာ Seongbuk-dong အရပ်တွင် တန်ဖိုးကြီးစံအိမ်ကြီးတစ်လုံးကို ကိုရီးယားဝမ်ငွေ ၇ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၆ သန်းဝန်းကျင်) ဖြင့် ဝယ်ယူခဲ့သည်ဟု ဆိုသည်။

စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၇၂၀၀ ကျော်ရှိပြီး မြေပေါ် တစ်ထပ်နှင့် မြေအောက် ၂ ထပ်ပါဝင်သည်။

Lotte ကော်ပိုရေးရှင်းတည်ထောင်သူ Shin Kyuk Ho ၏ မြေးမ Jang Seon Yoon ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ် ဖြစ်သည်။

Jang Seon Yoon က စံအိမ်မြေနေရာကို ဝယ်ယူခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ယခုအဆောက်အအုံကို ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် အပြီးသတ်ခဲ့သည်။

Jang Seon Yoon တို့မိသားစုသည် ထိုစံအိမ်တွင် ၇ နှစ်နီးပါးနေထိုင်ခဲ့ကြသည်။

လီဆာသည် ဤစံအိမ်ကိုဝယ်ရန် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကနဦးစာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် အပြီးသတ် ပေးချေဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Seongbuk-dong အရပ်သည် တောင်ကိုရီးယား၏ အချမ်းသာဆုံးနှင့် သြဇာအရှိဆုံးပုဂ္ဂိုလ်များ အစဉ်အဆက် နေထိုင်ရာအရပ် ဖြစ်သည်။

ထိပ်တန်းကြယ်ပွင့်များဖြစ်သော Bae Yong Joon, Lee Seung Gi နှင့် အခြားအကျော်အမော်များစွာ Seongbuk-dong အရပ်တွင် အခြေချနေထိုင်လျက် ရှိသည်။

((လီဆာကိုင်ဆောင်ထားသော အထူး ကြွေးဝယ်ကတ်))

BLACKPINK အဖွဲ့မှ လီဆာသည် ဝမ်ငွေ ၇ ဘီလီယံကျော်တန်ကြေးရှိ စံအိမ်ကြီး ဝယ်ယူခဲ့သောသတင်းမှာ ကိုရီးယား၏ ထိပ်တန်းသတင်းတစ်ပုဒ်အဖြစ် ကိုင်လှုပ်ခဲ့ပြီးနောက် လီဆာ ကိုင်ဆောင်ထားသော ခရက်ဒစ်ကတ်အကြောင်းကိုလည်း သူ၏ပရိသတ်များ အာရုံစိုက်ခဲ့ကြသည်။

ဇန်နဝါရီလ ၃၁ ရက်တွင် BLACKPINK အဖွဲ့ဝင် ဂျီဆူးက 'Happy Jisoo 103% ဟု အမည်ပေးထားသော သူ၏ YouTube ချန်နယ်တွင် ဂျာမနီသို့ လီဆာနှင့်အတူ ခရီးထွက်နေပုံကို ပြသခဲ့သည်။

ဗွီဒီယိုဖိုင်အတွင်း တွေ့ရသည်မှာ ဂျီဆူးနှင့် လီဆာတို့သည် ဂျာမနီမှ ခရစ္စမတ်ဈေးတစ်ခု (Christkindlmarkt) တွင် ဈေးလျှောက်ဝယ်နေပုံကို တွေ့ရသည်။

ဂျီဆူးနှင့် လီဆာတို့သည် သူတို့၏ ပိုက်ဆံအိတ်များ ထုတ်လိုက်ကာ ခရက်ဒစ်ကတ်များဖြင့် ဈေးဝယ်နေကြပုံကို တွေ့ရသည်။

ပရိသတ်များက လီဆာ၏ ခရက်ဒစ်ကတ်ကို သတိပြုမိကြသည်။

ထို့နောက် လူမှုကွန်ရက်များတွင် လီဆာ၏ အမည်းရောင်ကတ်ငယ်တစ်ခု အကြောင်းကို ဆွေးနွေးပြောကြားမှု များစွာ ရှိလာသည်။

လီဆာ၏ ခရက်ဒစ်ကတ်အပေါ် ပရိသတ်များ အာရုံစိုက်ကြခြင်း၏ အကြောင်းမှာ အဆိုပါကတ်မှာ Hyundai ကတ်မှ 'The Black Edition 3 ဟုခေါ်သော ကတ်အမျိုးအစားဖြစ်ပြီး ဖိတ်ခေါ်ခံရသူများသာ အသုံးပြုခွင့်ရပြီး နာမည်ကြီးထိပ်သီးအကျော်အမော် အနည်းငယ်သာ ကိုင်ဆောင်ခွင့်ရထားသည့် ကတ်အမျိုးအစား ဖြစ်သည်။

The Black Edition 3 ခရက်ဒစ်ကတ်၏ နှစ်စဉ်ကြေးမှာ ဝမ်ငွေ ၂ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၂၀၃၃ ခန့်) ပေးရပြီး တောင်ကိုရီးယားတွင် ခရက်ဒစ်ကတ်သုံးသူများ၏ ၀ ဒသမ ၀၅ ရာခိုင်နှုန်းသာ ဤကတ်ကို ကိုင်ခွင့်ရထားသည်။

သီးသန့်ဖိတ်ခေါ်ခံရသူများသာ အသုံးပြုခွင့်ရပြီး လူမှုရပ်တည်မှုအဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် ကြွယ်ဝမှု အဆင့်အတန်းမြင့်မားသူများသာ ထိုကတ်အသုံးပြုရန် ဖိတ်ခေါ်ခြင်းခံကြရသည်။

ကတ်အသုံးပြုရန် ဖိတ်ခေါ်ခံရပြီးလျှင် အတည်ပြုရေးကော်မတီမှ ကန့်ကွက်သူမရှိ အတည်ပြုချက်ရမှသာလျှင် ထိုကတ်အမျိုးအစား ထုတ်ပေးသည်။

အတည်ပြုကော်မတီတွင်Hyundai Card ၏ ဒုတိယဥက္ကဌ Chung Tae Young အပါအဝင် အမှုဆောင် ၈ ဦးဖြင့် ဖွဲ့စည်းထားသည်။

The Black Edition 3 ကတ်ကို လူပေါင်း ၁၀၀၀ ကိုသာ အကန့်အသတ်ဖြင့် ထုတ်ပေးထားခြင်း ဖြစ်သည်။

Lee Jung Jae နှင့် လီဆာတို့အပြင် BTS မှ Jin နှင့် Jungkook ၊ ရုပ်ရှင်မင်းသား Jun Ji Hyun နှင့် Big Bang မှ G-Dragon တို့သည်လည်း black card အသုံးပြုခွင့်ရရှိထားသူများ ဖြစ်သည်။

(ဆက်စပ်သတင်း)

ကိုရီးယားအကျော်ကြားဆုံး မိန်းကလေး K-PoP အဖွဲ့ BLACKPINK က ဂျင်းနီနဲ့ လီဆာတို့ နေတဲ့ နေအိမ်ကြီးတွေကို လေ့လာရအောင်

https://www.imyanmarhouse.com/news/read/1040707

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: BLACKPINK's Lisa is the new owner of a luxurious urban villa in Seongbuk-dong, purchased at over $6 million USD (allkpop)

[Zawgyi]

BLACKPINK အဖြဲ႔မွ လီဆာက ကိုရီးယားအခ်မ္းသာဆံုး လူကံုထံမ်ားေနထိုင္ရာ ရပ္ကြက္တြင္ ဝမ္ေငြ ၇ ဘီလီယံေက်ာ္တန္ေၾကးရွိ စံအိမ္တစ္လံုး ဝယ္ယူျခင္းႏွင့္ လူေျပာမ်ားေနေသာ လီဆာ၏ ခရက္ဒစ္ကတ္

((BLACKPINK ဘာလဲ))

BLACKPINK သည္ ေတာင္ကိုရီးယား၏ အေက်ာ္ၾကားဆံုး မိန္းကေလး ေပါ့ပ္ဂီတအဖြဲ႔ျဖစ္သည္။

ဂ်ီဆူး၊ ဂ်င္းနီ၊ ရို႕စ္ႏွင့္ လီဆာဟူေသာ အဖြဲ႔ဝင္ မိန္းကေလး ၄ ဦးျဖင့္ ဖြဲ႔စည္းထားသည္။ ၂၀၁၆ ခုႏွစ္၊ ၾသဂုတ္လတြင္ Square One အမည္ရွိ single ေတးသီခ်င္းျဖင့္ ဂီတနယ္သို႔ စတင္ဝင္ေရာက္ ခဲ့သည္။

BLACKPINK သည္ ႏိုင္ငံတကာအတိုင္းအတာ ေအာင္ျမင္မႈအရဆံုး ေတာင္ကိုရီးယားမိန္းကေလးအဖြဲ႔ ျဖစ္သည္။

((ဝမ္ေငြ ၇ ဘီလီယံတန္စံအိမ္ ဝယ္ယူမႈ))

ေဖေဖာ္ဝါရီလ ၁ ရက္သတင္းမ်ားအရ လီဆာသည္ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ျမိဳ႕ေတာ္၏ေျမာက္ဘက္ လူကံုထံမ်ားေနထိုင္ရာ Seongbuk-dong အရပ္တြင္ တန္ဖိုးၾကီးစံအိမ္ၾကီးတစ္လံုးကို ကိုရီးယားဝမ္ေငြ ၇ ဒသမ ၅ ဘီလီယံ (ကန္ေဒၚလာ ၆ သန္းဝန္းက်င္) ျဖင့္ ဝယ္ယူခဲ့သည္ဟု ဆိုသည္။

စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၇၂၀၀ ေက်ာ္ရွိျပီး ေျမေပၚ တစ္ထပ္ႏွင့္ ေျမေအာက္ ၂ ထပ္ပါဝင္သည္။

Lotte ေကာ္ပိုေရးရွင္းတည္ေထာင္သူ Shin Kyuk Ho ၏ ေျမးမ Jang Seon Yoon ပိုင္ဆိုင္ခဲ့ဖူးေသာ စံအိမ္ ျဖစ္သည္။

Jang Seon Yoon က စံအိမ္ေျမေနရာကို ဝယ္ယူခဲ့ျပီးေနာက္ ၂၀၁၄ ခုႏွစ္တြင္ ယခုအေဆာက္အအံုကို ေဆာက္လုပ္ခဲ့ျပီး ၂၀၁၆ ခုႏွစ္၊ ဧျပီလတြင္ အျပီးသတ္ခဲ့သည္။

Jang Seon Yoon တို႔မိသားစုသည္ ထိုစံအိမ္တြင္ ၇ ႏွစ္နီးပါးေနထိုင္ခဲ့ၾကသည္။

လီဆာသည္ ဤစံအိမ္ကိုဝယ္ရန္ ၂၀၂၂ ခုႏွစ္၊ ဇူလိုင္လတြင္ ကနဦးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျပီး ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ ၃၀ ရက္တြင္ အျပီးသတ္ ေပးေခ်ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Seongbuk-dong အရပ္သည္ ေတာင္ကိုရီးယား၏ အခ်မ္းသာဆံုးႏွင့္ ၾသဇာအရွိဆံုးပုဂၢိဳလ္မ်ား အစဥ္အဆက္ ေနထိုင္ရာအရပ္ ျဖစ္သည္။

ထိပ္တန္းၾကယ္ပြင့္မ်ားျဖစ္ေသာ Bae Yong Joon, Lee Seung Gi ႏွင့္ အျခားအေက်ာ္အေမာ္မ်ားစြာ Seongbuk-dong အရပ္တြင္ အေျခခ်ေနထိုင္လ်က္ ရွိသည္။

((လီဆာကိုင္ေဆာင္ထားေသာ အထူး ေၾကြးဝယ္ကတ္))

BLACKPINK အဖြဲ႔မွ လီဆာသည္ ဝမ္ေငြ ၇ ဘီလီယံေက်ာ္တန္ေၾကးရွိ စံအိမ္ၾကီး ဝယ္ယူခဲ့ေသာသတင္းမွာ ကိုရီးယား၏ ထိပ္တန္းသတင္းတစ္ပုဒ္အျဖစ္ ကိုင္လႈပ္ခဲ့ျပီးေနာက္ လီဆာ ကိုင္ေဆာင္ထားေသာ ခရက္ဒစ္ကတ္အေၾကာင္းကိုလည္း သူ၏ပရိသတ္မ်ား အာရံုစိုက္ခဲ့ၾကသည္။

ဇန္နဝါရီလ ၃၁ ရက္တြင္ BLACKPINK အဖြဲ႔ဝင္ ဂ်ီဆူးက 'Happy Jisoo 103% ဟု အမည္ေပးထားေသာ သူ၏ YouTube ခ်န္နယ္တြင္ ဂ်ာမနီသို႔ လီဆာႏွင့္အတူ ခရီးထြက္ေနပံုကို ျပသခဲ့သည္။

ဗြီဒီယိုဖိုင္အတြင္း ေတြ႔ရသည္မွာ ဂ်ီဆူးႏွင့္ လီဆာတို႔သည္ ဂ်ာမနီမွ ခရစၥမတ္ေစ်းတစ္ခု (Christkindlmarkt) တြင္ ေစ်းေလွ်ာက္ဝယ္ေနပံုကို ေတြ႔ရသည္။

ဂ်ီဆူးႏွင့္ လီဆာတို႔သည္ သူတို႔၏ ပိုက္ဆံအိတ္မ်ား ထုတ္လိုက္ကာ ခရက္ဒစ္ကတ္မ်ားျဖင့္ ေစ်းဝယ္ေနၾကပံုကို ေတြ႔ရသည္။

ပရိသတ္မ်ားက လီဆာ၏ ခရက္ဒစ္ကတ္ကို သတိျပဳမိၾကသည္။

ထို႔ေနာက္ လူမႈကြန္ရက္မ်ားတြင္ လီဆာ၏ အမည္းေရာင္ကတ္ငယ္တစ္ခု အေၾကာင္းကို ေဆြးေႏြးေျပာၾကားမႈ မ်ားစြာ ရွိလာသည္။

လီဆာ၏ ခရက္ဒစ္ကတ္အေပၚ ပရိသတ္မ်ား အာရံုစိုက္ၾကျခင္း၏ အေၾကာင္းမွာ အဆိုပါကတ္မွာ Hyundai ကတ္မွ 'The Black Edition 3 ဟုေခၚေသာ ကတ္အမ်ဳိးအစားျဖစ္ျပီး ဖိတ္ေခၚခံရသူမ်ားသာ အသံုးျပဳခြင့္ရျပီး နာမည္ၾကီးထိပ္သီးအေက်ာ္အေမာ္ အနည္းငယ္သာ ကိုင္ေဆာင္ခြင့္ရထားသည့္ ကတ္အမ်ဳိးအစား ျဖစ္သည္။

The Black Edition 3 ခရက္ဒစ္ကတ္၏ ႏွစ္စဥ္ေၾကးမွာ ဝမ္ေငြ ၂ ဒသမ ၅ သန္း (ကန္ေဒၚလာ ၂၀၃၃ ခန္႔) ေပးရျပီး ေတာင္ကိုရီးယားတြင္ ခရက္ဒစ္ကတ္သံုးသူမ်ား၏ ၀ ဒသမ ၀၅ ရာခိုင္ႏႈန္းသာ ဤကတ္ကို ကိုင္ခြင့္ရထားသည္။

သီးသန္႔ဖိတ္ေခၚခံရသူမ်ားသာ အသံုးျပဳခြင့္ရျပီး လူမႈရပ္တည္မႈအဆင့္အတန္း၊ ဂုဏ္သိကၡာႏွင့္ ၾကြယ္ဝမႈ အဆင့္အတန္းျမင့္မားသူမ်ားသာ ထိုကတ္အသံုးျပဳရန္ ဖိတ္ေခၚျခင္းခံၾကရသည္။

ကတ္အသံုးျပဳရန္ ဖိတ္ေခၚခံရျပီးလွ်င္ အတည္ျပဳေရးေကာ္မတီမွ ကန္႔ကြက္သူမရွိ အတည္ျပဳခ်က္ရမွသာလွ်င္ ထိုကတ္အမ်ဳိးအစား ထုတ္ေပးသည္။

အတည္ျပဳေကာ္မတီတြင္Hyundai Card ၏ ဒုတိယဥကၠဌ Chung Tae Young အပါအဝင္ အမႈေဆာင္ ၈ ဦးျဖင့္ ဖြဲ႔စည္းထားသည္။

The Black Edition 3 ကတ္ကို လူေပါင္း ၁၀၀၀ ကိုသာ အကန္႔အသတ္ျဖင့္ ထုတ္ေပးထားျခင္း ျဖစ္သည္။

Lee Jung Jae ႏွင့္ လီဆာတို႔အျပင္ BTS မွ Jin ႏွင့္ Jungkook ၊ ရုပ္ရွင္မင္းသား Jun Ji Hyun ႏွင့္ Big Bang မွ G-Dragon တို႔သည္လည္း black card အသံုးျပဳခြင့္ရရွိထားသူမ်ား ျဖစ္သည္။

(ဆက္စပ္သတင္း)

ကိုရီးယားအေက်ာ္ၾကားဆံုး မိန္းကေလး K-PoP အဖြဲ႔ BLACKPINK က ဂ်င္းနီနဲ႔ လီဆာတို႔ ေနတဲ့ ေနအိမ္ၾကီးေတြကို ေလ့လာရေအာင္

https://www.imyanmarhouse.com/news/read/1040707

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: BLACKPINK's Lisa is the new owner of a luxurious urban villa in Seongbuk-dong, purchased at over $6 million USD (allkpop)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
area-one-business-complex
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service