စဉ်းနှီတုံးတွေနဲ့ မှားယွင်းမှုများ...

စဉ်းနှီတုံးတွေနဲ့ မှားယွင်းမှုများ... - Property Knowledge in Myanmar from iMyanmarHouse.com
27 Sep 2022 10:04 am တွင် တင်ခဲ့သည်
661 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

သင်ဟာ မီးဖိုချောင်ထဲမှာ ချက်ပြုတ်ဖို့အတွက် စဉ်းစားတော့မယ်ဆိုရင် အခြေခံ အကျဆုံး လိုအပ်ချက်ဟာ ဘာဖြစ်မယ် ထင်ပါလဲ? အများကြီး ရှိတယ်လို့ ဖြေကြပါလိမ့်မယ်။ အဲ့ထဲကနေ တစ်ခုကတော့ စဉ်းနှီတုံးဟာ မရှိမဖြစ် လိုအပ်တာ သိပေမယ့် အခြေခံကျတဲ့ တချို့အချက်တွေကိုတော့ မှားယွင်းစွာပြုမူတတ်ကြပါတယ်။

ဘယ်ဆိုဒ်ကို သုံးဖို့ သင့်တော်သလဲ? ပန်းကန်ဆေးစက်တွေထဲ စဉ်းနှီပြားတွေ ထည့်လို့ရသလား ? အစရှိသဖြင့် လူတွေမှာ မရေရာမှုတွေ အများကြီးကို သတိမမူမိဘဲ နေလာကြတာပါ။ အခုပြောပြမယ့် စဉ်းနှီတုံးကို မှားယွင်းစွာ အသုံးပြုမိနေတာတွေနဲ့ မှားယွင်းစွာ ပြုမူနေတာတွေပဲ ဖြစ်ပါတယ်။ ဒီထဲက တချက်ချက်ကို သင်လုပ်မိနေတယ်ဆိုရင်တော့ ချက်ချင်းရပ်ပစ်ဖို့ စဉ်းစားပါလို့ အကြံပေးပါရစေ။

၁။ စဉ်းနှီတုံး တစ်ခုထဲမှာ အသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို လှီးဖြတ်ခြင်း

အသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စဉ်းနှီတုံး ခွဲပြီးသုံသင့်ပါတယ်။ အသားစိမ်းတွေမှာ ပါတတ်တဲ့ ပိုးမွှားတွေ ကူးစက်နိုင်တာကြောင့်ပါ။ ပလပ်စတစ် စဉ်းနှီပြားတွေ သုံးမယ်ဆိုရင်တော့ အရောင်ခွဲပြီး သုံးသင့်ပါတယ်။ အသားဆို အနီရောင်၊ ဟင်းရွက်တွေဆို အစိမ်းရောင် စသဖြင့်ပေါ့။ သစ်သားစဉ်းနှီတုံး သုံးတယ်ဆိုရင်တော့ တိတ်လေးတွေနဲ့ မှတ်သားပြီး ခွဲခြား သုံးသင့်ပါတယ်။

၂။ ချောနေတဲ့ စဉ်းနှီတုံးပေါ်မှာ ခုတ်ဖြတ်နေခြင်း

အသားတွေကို စဉ်းနှီတုံးပေါ်မှာ ခုတ်တော့မယ်ဆိုရင်တော့ သင်ရဲ့ လက်ချောင်းတွေကို သတိထားဖို့ လိုပါတယ်။ အထူးသဖြင့် ချောနေတဲ့ စဉ်းနှီတုံးတွေပေါ်မှာပေါ့။ မခုတ်ခင် စဉ်းနှီတုံးတွေ ချောမနေအောင် ရေနွေးခပ်နွေးနွေးနဲ့ ဆေးကြောပါ။ အောက်ခြေကိုလည်း ငြိမ်အောင် စက္ကူစ ဒါမှမဟုတ် အဝတ်စ တစ်ခုနဲ့ ခုထားပေးပါ။

၃။ ဘက်မှား အသုံးပြုခြင်းနဲ့ အရွယ်အစား မှားခြင်း

ပလပ်စတစ် စဉ်းနှီပြားတွေမှာ ဖြစ်တတ်ပါတယ်။ အောက်ခြေနဲ့ အပေါ်ကို မှားသုံးတတ်ကြတာပါ။ အသုံးမပြုခင် သေချာကြည့်ပြီးမှ သုံးသင့်ပါတယ်။ အောက်ခြေကို မဆေးမိလို့ ကျန်နေတဲ့ အညစ်အကြေးတွေ ရှိနိုင်သလို အောက်ခြေရဲ့ စိုထိုင်းမှုကြောင့် ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။ နောက်တစ်ခု မှားတာကတော့ အရွယ်အစားပါ။ ကိုယ်သုံးမှာနဲ့ သင့်တော်တဲ့ အရွယ်အစားကို ခန့်မှန်းပြီး ဝယ်ပါ။ ကိုယ်က ခုတ်ထစ်ဖို့ ဝယ်မယ်ဆိုရင်တော့ ဓါးတွေရဲ့ အရွယ်အစားနဲ့ ချိန်ပြီး ဝယ်သင့်ပါတယ်။

၄။ ပန်းကန်တေးစက်ထဲထည့် မဆေးသင့်

ပန်ကန်ဆေးစက် အသုံးပြုသူတွေ အနေနဲ့ စဉ်းနှီတုံးတွေကို ထည့်ပြီး မဆေးသင့်ပါဘူး။ ဆူပွက်နေတဲ့ အပူနဲ့ ရေတွေဟာ စဉ်းနှီတုံးတွေက ပွပြီး ပျက်စီးစေပါတယ်။ အပြင်မှာပဲ ရေခပ်နွေးနွေးကို ဆပ်ပြာနဲ့ ဆေးနိုင်သလို အသားတွေ လှီးထားလို့ ပိုသန့်ရှင်းစေချင်ရင်တော့ ရှာလကာရည်ကို ရေနဲ့ ရောပြီး ဆေးနိုင်ပါတယ်။

၅။ သစ်သားစဉ်းနှီတုံးတွေမှာ အဆီမရှိခြင်း

သစ်သား စဉ်းနှီတုံးတွေက လက်နဲ့ ဆေးတာနဲ့တင် လုံလောက်ပါတယ်။ ရေတွေ တင်မနေစေဖို့ ပျားဖယောက်လိုမျိုး သုတ်ထားတာမျိုးတွေ တချို့ဟာတွေက ပေါလစ်တိုက်ထားသလိုမျိုးတွေက ရေတွေ မစုပ်ထားစေဖို့ ကူညီပေးပါတယ်။ ကြာရှည်လည်း အသုံးပြုလို့ အဆင်ပြေပါတယ်။

၆။ စကျင်ကျောက်၊ ဖန်တွေပေါ်မှာ ခုတ်ဖြတ်နေခြင်း

ဆိုလိုတာကတော့ တချို့စဉ်းနှီတုံးတွေကို စကျင်ကျောက်တွေ ဒါမှဟုတ် ဖန်တွေနဲ့ အလှဆင်ထားမယ်ဆိုရင် ဓားတွေနဲ့ ဘယ်လိုမှ အဆင်မပြေစေနိုင်ပါဘူး။ ချော်ထွက်တတ်ပါတယ်။ မြန်မာပြည်မှာတော့ သိပ်မတွေ့ရတတ်ပါဘူး။

၇။ ဝါးစဉ်းနှီတုံးတွေပေါ်မှာ ဓားသွားမထက်တာတွေနဲ့ အသုံးပြုခြင်း

ဝါးတွေဟာ သစ်သားတွေထက် မာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အသုံးပြုကြပါတယ်။ ဒါဆိုရင်တော့ ဓါးသွားထက်တာတွေကို ပြောင်းသုံးပါ။

၈။ စဉ်းနှီတုံး တစ်ခုကို နှစ်ရှည်လများ အသုံးပြုခြင်း

မှားယွင်းတဲ့ အသုံးပြုမှုပါ။ စဉ်းနှီတုံးတွေမှာ ခြစ်ရာတွေ များနေပြီး အမည်စက်တွေ ထင်နေပြီဆိုရင် အသုံးပြုဖို့ မသင့်တော်တဲ့ အချိန်ပါပဲ။ နောက်တစ်ခု ထပ်ဝယ်လို့ သတိပေးတဲ့ လက္ခဏပါ။ ခြစ်ရာတွေ များလာရင် ပိုးမွှားတွေ ခြစ်ရာတွေထဲမှာ ခိုအောင်းနေတတ်ကြပါတယ်။

တချို့အရာတွေက သတိမပြုမိဘဲ အသုံးပြုနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ မှားယွင်းနေတဲ့ အချက်တွေကို သိပြီဆိုရင်တော့ ပြုပြင်ဖို့ အချိန်မီပါသေးတယ်။ အိမ်ရှင်မတိုင်း ကျန်းမာပြီး အရသာ ရှိတဲ့ အစားအစားတွေကို ချက်ပြုတ်ပေးဖို့ ဆန္ဒရှိသူတွေ ဖြစ်လို့ အရာအားလုံးကို ဂရုစိုက်ကြပါတယ်။ နောက်ထပ်လည်း သတိမမူမိတဲ့ အချက်လေးတွေကို ပြန်လည် မျှဝေပေးပါဦးမယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Countryliving

[Zawgyi]

စဥ္းႏွီတံုးေတြနဲ႕ မွားယြင္းမႈမ်ား...

သင္ဟာ မီးဖိုေခ်ာင္ထဲမွာ ခ်က္ျပဳတ္ဖို႔အတြက္ စဥ္းစားေတာ့မယ္ဆိုရင္ အေျခခံ အက်ဆံုး လိုအပ္ခ်က္ဟာ ဘာျဖစ္မယ္ ထင္ပါလဲ? အမ်ားႀကီး ရွိတယ္လို႔ ေျဖၾကပါလိမ့္မယ္။ အဲ့ထဲကေန တစ္ခုကေတာ့ စဥ္းႏွီတံုးဟာ မရွိမျဖစ္ လိုအပ္တာ သိေပမယ့္ အေျခခံက်တဲ့ တခ်ိဳ႕အခ်က္ေတြကိုေတာ့ မွားယြင္းစြာျပဳမူတတ္ၾကပါတယ္။

ဘယ္ဆိုဒ္ကို သံုးဖို႕ သင့္ေတာ္သလဲ? ပန္းကန္ေဆးစက္ေတြထဲ စဥ္းႏွီျပားေတြ ထည့္လို႔ရသလား ? အစရွိသျဖင့္ လူေတြမွာ မေရရာမႈေတြ အမ်ားႀကီးကို သတိမမူမိဘဲ ေနလာၾကတာပါ။ အခုေျပာျပမယ့္ စဥ္းႏွီတံုးကို မွားယြင္းစြာ အသံုးျပဳမိေနတာေတြနဲ႕ မွားယြင္းစြာ ျပဳမူေနတာေတြပဲ ျဖစ္ပါတယ္။ ဒီထဲက တခ်က္ခ်က္ကို သင္လုပ္မိေနတယ္ဆိုရင္ေတာ့ ခ်က္ခ်င္းရပ္ပစ္ဖို႕ စဥ္းစားပါလို႔ အၾကံေပးပါရေစ။

၁။ စဥ္းႏွီတံုး တစ္ခုထဲမွာ အသားေတြနဲ႕ ဟင္းသီးဟင္းရြက္ေတြကို လွီးျဖတ္ျခင္း

အသားေတြနဲ႕ ဟင္းသီးဟင္းရြက္ေတြကို စဥ္းႏွီတံုး ခြဲၿပီးသံုသင့္ပါတယ္။ အသားစိမ္းေတြမွာ ပါတတ္တဲ့ ပိုးမႊားေတြ ကူးစက္ႏိုင္တာေၾကာင့္ပါ။ ပလပ္စတစ္ စဥ္းႏွီျပားေတြ သံုးမယ္ဆိုရင္ေတာ့ အေရာင္ခြဲၿပီး သံုးသင့္ပါတယ္။ အသားဆို အနီေရာင္၊ ဟင္းရြက္ေတြဆို အစိမ္းေရာင္ စသျဖင့္ေပါ့။ သစ္သားစဥ္းႏွီတံုး သံုးတယ္ဆိုရင္ေတာ့ တိတ္ေလးေတြနဲ႕ မွတ္သားၿပီး ခြဲျခား သံုးသင့္ပါတယ္။

၂။ ေခ်ာေနတဲ့ စဥ္းႏွီတံုးေပၚမွာ ခုတ္ျဖတ္ေနျခင္း

အသားေတြကို စဥ္းႏွီတံုးေပၚမွာ ခုတ္ေတာ့မယ္ဆိုရင္ေတာ့ သင္ရဲ႕ လက္ေခ်ာင္းေတြကို သတိထားဖို႕ လိုပါတယ္။ အထူးသျဖင့္ ေခ်ာေနတဲ့ စဥ္းႏွီတံုးေတြေပၚမွာေပါ့။ မခုတ္ခင္ စဥ္းႏွီတံုးေတြ ေခ်ာမေနေအာင္ ေရေႏြးခပ္ေႏြးေႏြးနဲ႕ ေဆးေၾကာပါ။ ေအာက္ေျခကိုလည္း ၿငိမ္ေအာင္ စကၠဴစ ဒါမွမဟုတ္ အဝတ္စ တစ္ခုနဲ႕ ခုထားေပးပါ။

၃။ ဘက္မွား အသံုးျပဳျခင္းနဲ႕ အရြယ္အစား မွားျခင္း

ပလပ္စတစ္ စဥ္းႏွီျပားေတြမွာ ျဖစ္တတ္ပါတယ္။ ေအာက္ေျခနဲ႕ အေပၚကို မွားသံုးတတ္ၾကတာပါ။ အသံုးမျပဳခင္ ေသခ်ာၾကည့္ၿပီးမွ သံုးသင့္ပါတယ္။ ေအာက္ေျခကို မေဆးမိလို႕ က်န္ေနတဲ့ အညစ္အေၾကးေတြ ရွိႏိုင္သလို ေအာက္ေျခရဲ႕ စိုထိုင္းမႈေၾကာင့္ ဘက္တီးရီးယားေတြ ရွိေနတတ္ပါတယ္။ ေနာက္တစ္ခု မွားတာကေတာ့ အရြယ္အစားပါ။ ကိုယ္သံုးမွာနဲ႕ သင့္ေတာ္တဲ့ အရြယ္အစားကို ခန္႔မွန္းၿပီး ဝယ္ပါ။ ကိုယ္က ခုတ္ထစ္ဖို႕ ဝယ္မယ္ဆိုရင္ေတာ့ ဓါးေတြရဲ႕ အရြယ္အစားနဲ႕ ခ်ိန္ၿပီး ဝယ္သင့္ပါတယ္။

၄။ ပန္းကန္ေတးစက္ထဲထည့္ မေဆးသင့္

ပန္ကန္ေဆးစက္ အသံုးျပဳသူေတြ အေနနဲ႕ စဥ္းႏွီတံုးေတြကို ထည့္ၿပီး မေဆးသင့္ပါဘူး။ ဆူပြက္ေနတဲ့ အပူနဲ႕ ေရေတြဟာ စဥ္းႏွီတံုးေတြက ပြၿပီး ပ်က္စီးေစပါတယ္။ အျပင္မွာပဲ ေရခပ္ေႏြးေႏြးကို ဆပ္ျပာနဲ႕ ေဆးႏိုင္သလို အသားေတြ လွီးထားလို႔ ပိုသန္႔ရွင္းေစခ်င္ရင္ေတာ့ ရွာလကာရည္ကို ေရနဲ႕ ေရာၿပီး ေဆးႏိုင္ပါတယ္။

၅။ သစ္သားစဥ္းႏွီတံုးေတြမွာ အဆီမရွိျခင္း

သစ္သား စဥ္းႏွီတံုးေတြက လက္နဲ႕ ေဆးတာနဲ႕တင္ လံုေလာက္ပါတယ္။ ေရေတြ တင္မေနေစဖို႕ ပ်ားဖေယာက္လိုမ်ိဳး သုတ္ထားတာမ်ိဳးေတြ တခ်ိဳ႕ဟာေတြက ေပါလစ္တိုက္ထားသလိုမ်ိဳးေတြက ေရေတြ မစုပ္ထားေစဖို႕ ကူညီေပးပါတယ္။ ၾကာရွည္လည္း အသံုးျပဳလို႕ အဆင္ေျပပါတယ္။

၆။ စက်င္ေက်ာက္၊ ဖန္ေတြေပၚမွာ ခုတ္ျဖတ္ေနျခင္း

ဆိုလိုတာကေတာ့ တခ်ိဳ႕စဥ္းႏွီတံုးေတြကို စက်င္ေက်ာက္ေတြ ဒါမွဟုတ္ ဖန္ေတြနဲ႕ အလွဆင္ထားမယ္ဆိုရင္ ဓားေတြနဲ႕ ဘယ္လိုမွ အဆင္မေျပေစႏိုင္ပါဘူး။ ေခ်ာ္ထြက္တတ္ပါတယ္။ ျမန္မာျပည္မွာေတာ့ သိပ္မေတြ႕ရတတ္ပါဘူး။

၇။ ဝါးစဥ္းႏွီတံုးေတြေပၚမွာ ဓားသြားမထက္တာေတြနဲ႕ အသံုးျပဳျခင္း

ဝါးေတြဟာ သစ္သားေတြထက္ မာတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ အသံုးျပဳၾကပါတယ္။ ဒါဆိုရင္ေတာ့ ဓါးသြားထက္တာေတြကို ေျပာင္းသံုးပါ။

၈။ စဥ္းႏွီတံုး တစ္ခုကို ႏွစ္ရွည္လမ်ား အသံုးျပဳျခင္း

မွားယြင္းတဲ့ အသံုးျပဳမႈပါ။ စဥ္းႏွီတံုးေတြမွာ ျခစ္ရာေတြ မ်ားေနၿပီး အမည္စက္ေတြ ထင္ေနၿပီဆိုရင္ အသံုးျပဳဖို႕ မသင့္ေတာ္တဲ့ အခ်ိန္ပါပဲ။ ေနာက္တစ္ခု ထပ္ဝယ္လို႕ သတိေပးတဲ့ လကၡဏပါ။ ျခစ္ရာေတြ မ်ားလာရင္ ပိုးမႊားေတြ ျခစ္ရာေတြထဲမွာ ခိုေအာင္းေနတတ္ၾကပါတယ္။

တခ်ိဳ႕အရာေတြက သတိမျပဳမိဘဲ အသံုးျပဳေနခဲ့ၾကတာပဲ ျဖစ္ပါတယ္။ မွားယြင္းေနတဲ့ အခ်က္ေတြကို သိၿပီဆိုရင္ေတာ့ ျပဳျပင္ဖို႔ အခ်ိန္မီပါေသးတယ္။ အိမ္ရွင္မတိုင္း က်န္းမာၿပီး အရသာ ရွိတဲ့ အစားအစားေတြကို ခ်က္ျပဳတ္ေပးဖို႔ ဆႏၵရွိသူေတြ ျဖစ္လို႕ အရာအားလံုးကို ဂ႐ုစိုက္ၾကပါတယ္။ ေနာက္ထပ္လည္း သတိမမူမိတဲ့ အခ်က္ေလးေတြကို ျပန္လည္ မွ်ေဝေပးပါဦးမယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Countryliving

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
area-one-business-complex
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service