တုံ့လှည့်မေတ္တာ ထားခဲ့ပါ၍......

တုံ့လှည့်မေတ္တာ ထားခဲ့ပါ၍...... - Property Knowledge in Myanmar from iMyanmarHouse.com
22 Sep 2022 2:37 pm တွင် တင်ခဲ့သည်
869 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

လူတိုင်းဟာ ဒီလိုလုပ်ရပ်မျိုး လုပ်နိုင်ဖို့ခက်ပါတယ်။လုပ်နိုင်ဖို့ခက်တဲ့ လုပ်ရပ်လေးတွေကို လုပ်ပြသွားတာ တွေ့ရတော့လည်း ကြည်နူးမှုနဲ့ မျက်ရည်ဝဲရပါတယ်။

လူတွေဟာငွေတွေသောက်သောက်လဲဝင်နေပေမဲ့ တစ်ခါတစ်ရံ ကိုယ်ကလွဲရင်ကျန်တဲ့သူကို ဖေးကူထောက်မဖို့ မေ့နေတတ်ကြပါတယ်။သူတို့ဟာကြိုးစားမှုတော့ရှိကြတယ်။အလွန်ကိုလည်း ကြိုးစားကြပါတယ်။ ပေးကမ်းလှူဒါန်းတဲ့နေရာမှာတော့ ကြိုးစားဖို့ မေ့နေတတ်ကြပါတယ်။

ကိုယ့်ကိစ္စက ကိုယ့်မှာသာတာဝန်ရှိတယ်၊ဘယ်သူမှာမှ တာဝန်မရှိပါဘူး။ လူတိုင်းကိုယ့်ဝန်ကိုယ် ထမ်းကြရမယ် ဆိုတာကို နားလည်ပါတယ်။ဒါပေမဲ့ ကိုယ်ဝန်ကိုယ်ထမ်းကြရင်း သူများကိုကူညီတဲ့ဖြစ်ရပ်လေးတွေဟာလည်း တုံ့လှည်းမေတ္တာပဲပေါ့။

ဒီဆောင်ပါးလေးကို ဖြစ်ရပ်လေးနှစ်ခုကြောင့် ရေးဖြစ်ပါတယ်။

ဖြစ်ရပ်တစ်ခုက ရိုးရာလေးစာမျက်နှာကဖော်ပြသွားတဲ့ဖြစ်ရပ်လေးတစ်ခုနဲ့ စပေါ့ဂလက်ဇီစာမျက်နှာက ဖော်ပြသွားတဲ့ဖြစ်ရပ်လေးတွေပါပဲ။

ဒီဖြစ်ရပ်နှစ်ခုမှာ ဖြစ်ရပ်တစ်ခုက အိမ်ရာမဲ့တစ်ဦးရဲ့ ရိုးသားမှုကို ပြန်ပြီးတုံ့လှည့်မေတ္တာထားတဲ့ ဖြစ်ရပ်ပါ။ နောက်တစ်ခုကတော့ နာမည်ကြီးအားကစားသမားတစ်ယောက်က မိမိတို့ရဲ့ အိမ်အကူတစ်ယောက်ကို တစ်ယောက်အပေါ်ထားတဲ့ တုံ့လှည့်မေတ္တာစေတနာပါ။

ဒီဖြစ်ရပ်နှစ်ခုကိုဖတ်ခဲ့ရတဲ့ ကျွန်တော်အနေနဲ့ ကြည်နူးမှုကို ခံစားခဲ့ရပါတယ်။

ပထမဖြစ်ရပ်တစ်ခုက အိမ်ရာမဲ့အမျိုးသား ဘီလီရေးဟာရစ်ဟာ ကန်းဆက်မြို့က လမ်းထောင့်တစ်နေရာမှာ ခွက်ကလေးချပြီး ပိုက်ဆံတောင်းပါတယ်တဲ့။

တစ်ရက်မှာ ဆာရာဒါလင်ဆိုတဲ့ အမျိုးသမီးက သူ့ရှေ့ကနေ ဖြတ်သွားရင်း ဘီလီရေးဟာရစ်ရဲ့ ခွက်ထဲကို အကြွေထည့်လိုက်ရာမှာ သူ့လက်ရဲ့စေ့စပ်လက်စွပ်ပါ ကျွတ်ပြီး ခွက်ထဲကျသွားပါတယ်တဲ့။ အလှူ့ရှင် ဆာရာဒါလင်ဟာ ဒါကို မသိခဲ့ပါဘူးတဲ့။ ဒီလက်စွပ်ကို ရောင်းလိုက်ရင် ဒေါ်လာ ၄၀၀၀ လောက် ရနိုင်ပါတယ်တဲ့။

 

ဥစ္စာဓနဆင်းရဲလို့ တောင်းစားနေရပေမဲ့ စာရိတ္တမဆင်းရဲတဲ့ ဘီလီရေးဟာရစ်က လက်စွပ်ကို ပိုင်ရှင်အမျိုး သမီးထံ ပြန်ပေးခဲ့ပါတယ်။ ဘီလီရေးဟာရစ်ရဲ့ ရိုးသားမှုကို တုံ့ပြန်ဖို့ ဆာရာဒါလင်တို့ စုံတွဲက သူ့အတွက် ရန်ပုံငွေစာမျက်နှာတစ်ခု ဖွင့်လှစ်ပေးခဲ့ပါတယ်။ဟာရစ်အတွက် ဒေါ်လာ ၁၀၀၀ လောက် ရရင်လည်း မဆိုးဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

သူ့ရဲ့ ရိုးသားမှုသတင်း ပျံ့နှံ့သွားတာကြောင့် အလှူငွေတွေဟာ ၃ လလောက်အတွင်းမှာ ဒေါ်လာ ၁၉၀၀၀၀ လောက်ရသွားပြီး အခုအခါမှာတော့ ရိုးသားတဲ့ ဘီလီရေးဟာရစ်က ကားပိုင်၊ အိမ်ပိုင်နဲ့ နေနိုင်တဲ့ဘဝ ဖြစ်သွားပါတယ်တဲ့။ဒါဟာတုံ့လှည့်မေတ္တာ စေတနာတွေပါပဲ။

နောက်ဖြစ်ရပ် တစ်ခုကတော့ ပီအက်စ်ဂျီအသင်းသား သောမတ်တူချယ်ရဲ့ စိတ်ဓာတ်ပါပဲ။ ပဲရစ်မှာ ဇိမ်ခံအိမ်တစ်လုံးမှာ နေထိုင်ခဲ့တဲ့ သောမတ်တူချယ်ဟာ သူ့အိမ်ကို စောင့်ရှောက်ဖို့ခေါ်ထားတဲ့ ဖီလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ အခက်အခဲတွေကို ကူညီခဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။

အိမ်အကူ ဖီလစ်ပိုင်အမျိုးသမီးဟာသူ့ရဲ့ အလုပ်ချိန်တွေကို ဂရုမစိုက်ပဲ တူချယ်တို့မိသားစုအတွက် နေ့မနား ညမအားအလုပ်လုပ် ပေးခဲ့ပါတယ်တဲ့။ အိမ်အကူအမျိုးသမီးရဲ့ တူချယ်တို့အပေါ် စေတနာထားပြီး လုပ်ဆောင်တာကို တူချယ်ဇနီးမောင်နှံဟာသိပြီး ကြာလာတဲ့အခါ သံယောဇဉ်ဖြစ်လာပါတယ်တဲ့။ သူ့ရဲ့ အလုပ်ဟာ ခက်ခဲပင်ပန်းတယ်ဆိုတာကို နားလည်ခဲ့ကြပါတယ်တဲ့။

တုံ့လှည့်မေတ္တာ စေတနာကပေါ်လာပါတယ်။

တစ်နေ့မှာ အဲဒီအမျိုးသမီးကြီးရဲ့ ကလေးငယ် တစ်ယောက် နှလုံးရောဂါခွဲစိတ်ဖို့ လိုအပ်လာတာကို တူချယ်တို့ ဇနီးမောင်နှံက နှစ်ခါပြန်မစဉ်း စားပဲ ခွဲစိတ်မှုကုန်ကျစရိတ်အားလုံးကို အကုန်ကျခံခဲ့တာကြောင့် ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ကလေးငယ်လည်း အသက်ရှင်သန်ခွင့်ရခဲ့ပါတယ်တဲ့။

ဒါ့အပြင် တူချယ်ဟာ ချယ်ဆီးအသင်းကိုပြောင်းဖို့ဖြစ်လာတာကြောင့် မပြောင်းခင်မှာ တုံ့လှည့်မေတ္တာစေတနာ သတိတရနဲ့ ဖီလစ်ပိုင်အိမ်ဖော်အမျိုးသမီးကို ဘဝမှာအဖြစ်ချင်ဆုံးအရာကဘာလဲလို့မေးတော့ အမျိုးသမီးကြီး က ဖီလစ်ပိုင်ကိုပြန်ပြီး အိမ်တစ်လုံးဆောက်ကာ သူ့ရဲ့ မိသားစုတွေနဲ့ အေးအေးချမ်းချမ်းနေချင်တယ်လို့ ဖြေခဲ့ပါတယ်တဲ့။

တူချယ်ဟာ ပဲရစ်ကနေ လန်ဒန်ကို မသွားခင်မှာ အဲဒီအမျိုးသမီးကြီးရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးတဲ့ အနေနဲ့ ဖီလစ်ပိုင်က တန်ဖိုးကြီးအိမ်ရာတစ်ခုကို ဝယ်ယူပေးလိုက်လို့ မိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်နေပါပြီတဲ့။

ဒီလိုဖြစ်စဉ်လေးတွေကို မြင်ရကြားရတော့ ကြည်နူးမှုဖြစ်ရပါတယ်။ငွေကြေးချမ်းသာပေမဲ့ လုပ်နိုင်ခဲတဲ့ ဖြစ်ရပ်တွေပါပဲ။လုပ်နိုင်ခဲတဲ့ လုပ်ရပ်ကိုလုပ်နိုင်ဖို့ ရိုးသားမှုနဲ့ စေတနာတွေက အကြောင်းကံတွေဖြစ်မယ်လို့ ထင်ပါတယ်။ရိုးသားမှုနဲ့စေတနာတွေ လူတိုင်ပွားများနိုင်ပြီး တုံ့လှည့်မေတ္တာ ထားနိုင်ကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

တုံ႔လွည့္ေမတၱာ ထားခဲ့ပါ၍......

 

လူတိုင္းဟာ ဒီလိုလုပ္ရပ္မ်ိဳး လုပ္ႏိုင္ဖို႔ခက္ပါတယ္။လုပ္ႏိုင္ဖို႔ခက္တဲ့ လုပ္ရပ္ေလးေတြကို လုပ္ျပသြားတာ ေတြ႔ရေတာ့လည္း ၾကည္ႏူးမႈနဲ႔ မ်က္ရည္ဝဲရပါတယ္။

လူေတြဟာေငြေတြေသာက္ေသာက္လဲဝင္ေနေပမဲ့ တစ္ခါတစ္ရံ ကိုယ္ကလြဲရင္က်န္တဲ့သူကို ေဖးကူေထာက္မဖို႔ ေမ့ေနတတ္ၾကပါတယ္။သူတို႔ဟာႀကိဳးစားမႈေတာ့ရွိၾကတယ္။အလြန္ကိုလည္း ႀကိဳးစားၾကပါတယ္။ ေပးကမ္းလွဴဒါန္းတဲ့ေနရာမွာေတာ့ ႀကိဳးစားဖို႔ ေမ့ေနတတ္ၾကပါတယ္။

ကိုယ့္ကိစၥက ကိုယ့္မွာသာတာဝန္ရွိတယ္၊ဘယ္သူမွာမွ တာဝန္မရွိပါဘူး။ လူတိုင္းကိုယ့္ဝန္ကိုယ္ ထမ္းၾကရမယ္ ဆိုတာကို နားလည္ပါတယ္။ဒါေပမဲ့ ကိုယ္ဝန္ကိုယ္ထမ္းၾကရင္း သူမ်ားကိုကူညီတဲ့ျဖစ္ရပ္ေလးေတြဟာလည္း တုံ႔လွည္းေမတၱာပဲေပါ့။

ဒီေဆာင္ပါးေလးကို ျဖစ္ရပ္ေလးႏွစ္ခုေၾကာင့္ ေရးျဖစ္ပါတယ္။

ျဖစ္ရပ္တစ္ခုက ရိုးရာေလးစာမ်က္ႏွာကေဖာ္ျပသြားတဲ့ျဖစ္ရပ္ေလးတစ္ခုနဲ႔ စေပါ့ဂလက္ဇီစာမ်က္ႏွာက ေဖာ္ျပသြားတဲ့ျဖစ္ရပ္ေလးေတြပါပဲ။

ဒီျဖစ္ရပ္ႏွစ္ခုမွာ ျဖစ္ရပ္တစ္ခုက အိမ္ရာမဲ့တစ္ဦးရဲ႕ ရိုးသားမႈကို ျပန္ၿပီးတုံ႔လွည့္ေမတၱာထားတဲ့ ျဖစ္ရပ္ပါ။ ေနာက္တစ္ခုကေတာ့ နာမည္ႀကီးအားကစားသမားတစ္ေယာက္က မိမိတို႔ရဲ႕ အိမ္အကူတစ္ေယာက္ကို တစ္ေယာက္အေပၚထားတဲ့ တုံ႔လွည့္ေမတၱာေစတနာပါ။

ဒီျဖစ္ရပ္ႏွစ္ခုကိုဖတ္ခဲ့ရတဲ့ ကၽြန္ေတာ္အေနနဲ႔ ၾကည္ႏူးမႈကို ခံစားခဲ့ရပါတယ္။

ပထမျဖစ္ရပ္တစ္ခုက အိမ္ရာမဲ့အမ်ိဳးသား ဘီလီေရးဟာရစ္ဟာ ကန္းဆက္ၿမိဳ႕က လမ္းေထာင့္တစ္ေနရာမွာ ခြက္ကေလးခ်ၿပီး ပိုက္ဆံေတာင္းပါတယ္တဲ့။

တစ္ရက္မွာ ဆာရာဒါလင္ဆိုတဲ့ အမ်ိဳးသမီးက သူ႔ေရွ႕ကေန ျဖတ္သြားရင္း ဘီလီေရးဟာရစ္ရဲ႕ ခြက္ထဲကို အေႂကြထည့္လိုက္ရာမွာ သူ႔လက္ရဲ႕ေစ့စပ္လက္စြပ္ပါ ကြၽတ္ၿပီး ခြက္ထဲက်သြားပါတယ္တဲ့။ အလွဴ႕ရွင္ ဆာရာဒါလင္ဟာ ဒါကို မသိခဲ့ပါဘူးတဲ့။ ဒီလက္စြပ္ကို ေရာင္းလိုက္ရင္ ေဒၚလာ ၄၀၀၀ ေလာက္ ရႏိုင္ပါတယ္ တဲ့။

ဥစၥာဓနဆင္းရဲလို႔ ေတာင္းစားေနရေပမဲ့ စာရိတၱမဆင္းရဲတဲ့ ဘီလီေရးဟာရစ္က လက္စြပ္ကို ပိုင္ရွင္အမ်ိဳး သမီးထံ ျပန္ေပးခဲ့ပါတယ္။ ဘီလီေရးဟာရစ္ရဲ႕ ႐ိုးသားမႈကို တုံ႔ျပန္ဖို႔ ဆာရာဒါလင္တို႔ စုံတြဲက သူ႔အတြက္ ရန္ပုံေငြစာမ်က္ႏွာတစ္ခု ဖြင့္လွစ္ေပးခဲ့ပါတယ္။ဟာရစ္အတြက္ ေဒၚလာ ၁၀၀၀ ေလာက္ ရရင္လည္း မဆိုးဘူးဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ပါ။

သူ႔ရဲ႕ ႐ိုးသားမႈသတင္း ပ်ံ႕ႏွံ႔သြားတာေၾကာင့္ အလႉေငြေတြဟာ ၃ လေလာက္အတြင္းမွာ ေဒၚလာ ၁၉၀၀၀၀ ေလာက္ရသြားၿပီး အခုအခါမွာေတာ့ ရိုးသားတဲ႔ ဘီလီေရးဟာရစ္က ကားပိုင္၊ အိမ္ပိုင္နဲ႔ ေနႏိုင္တဲ့ဘဝ ျဖစ္သြားပါတယ္တဲ့။ဒါဟာတုံ႔လွည့္ေမတၱာ ေစတနာေတြပါပဲ။

ေနာက္ျဖစ္ရပ္ တစ္ခုကေတာ့ ပီအက္စ္ဂ်ီအသင္းသား ေသာမတ္တူခ်ယ္ရဲ႕ စိတ္ဓာတ္ပါပဲ။ ပဲရစ္မွာ ဇိမ္ခံအိမ္တစ္လုံးမွာ ေနထိုင္ခဲ့တဲ့ ေသာမတ္တူခ်ယ္ဟာ သူ႔အိမ္ကို ေစာင့္ေရွာက္ဖို႔ေခၚထားတဲ့ ဖီလစ္ပိုင္အိမ္အကူအမ်ိဳးသမီးရဲ႕ အခက္အခဲေတြကို ကူညီခဲ့တဲ့ ျဖစ္ရပ္ေတြပါပဲ။

အိမ္အကူ ဖီလစ္ပိုင္အမ်ိဳးသမီးဟာသူ႔ရဲ႕ အလုပ္ခ်ိန္ေတြကို ဂ႐ုမစိုက္ပဲ တူခ်ယ္တို႔မိသားစုအတြက္ ေန႔မနား ညမအားအလုပ္လုပ္ ေပးခဲ့ပါတယ္တဲ့။ အိမ္အကူအမ်ိဳးသမီးရဲ႕ တူခ်ယ္တို႔အေပၚ ေစတနာထားၿပီး လုပ္ေဆာင္တာကို တူခ်ယ္ဇနီးေမာင္ႏွံဟာသိၿပီး ၾကာလာတဲ့အခါ သံေယာဇဥ္ျဖစ္လာပါတယ္တဲ့။ သူ႔ရဲ႕ အလုပ္ဟာ ခက္ခဲပင္ပန္းတယ္ဆိုတာကို နားလည္ခဲ့ၾကပါတယ္တဲ့။

တုံ႔လွည့္ေမတၱာ ေစတနာကေပၚလာပါတယ္။

တစ္ေန႔မွာ အဲဒီအမ်ိဳးသမီးႀကီးရဲ႕ ကေလးငယ္ တစ္ေယာက္ ႏွလုံးေရာဂါခြဲစိတ္ဖို႔ လိုအပ္လာတာကို တူခ်ယ္တို႔ ဇနီးေမာင္ႏွံက ႏွစ္ခါျပန္မစဥ္း စားပဲ ခြဲစိတ္မႈကုန္က်စရိတ္အားလုံးကို အကုန္က်ခံခဲ့တာေၾကာင့္ ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ၿပီး ကေလးငယ္လည္း အသက္ရွင္သန္ခြင့္ရခဲ့ပါတယ္တဲ့။

ဒါ့အျပင္ တူခ်ယ္ဟာ ခ်ယ္ဆီးအသင္းကိုေျပာင္းဖို႔ျဖစ္လာတာေၾကာင့္ မေျပာင္းခင္မွာ တု႔ံလွည့္ေမတၱာေစတနာ သတိတရနဲ႔ ဖီလစ္ပိုင္အိမ္ေဖာ္အမ်ိဳးသမီးကို ဘဝမွာအျဖစ္ခ်င္ဆုံးအရာကဘာလဲလို႔ေမးေတာ့ အမ်ိဳးသမီးႀကီး က ဖီလစ္ပိုင္ကိုျပန္ၿပီး အိမ္တစ္လုံးေဆာက္ကာ သူ႔ရဲ႕ မိသားစုေတြနဲ႔ ေအးေအးခ်မ္းခ်မ္းေနခ်င္တယ္လို႔ ေျဖခဲ့ပါတယ္တဲ့။

တူခ်ယ္ဟာ ပဲရစ္ကေန လန္ဒန္ကို မသြားခင္မွာ အဲဒီအမ်ိဳးသမီးႀကီးရဲ႕ အိပ္မက္ကို အေကာင္အထည္ေဖာ္ေပးတဲ့ အေနနဲ႔ ဖီလစ္ပိုင္က တန္ဖိုးႀကီးအိမ္ရာတစ္ခုကို ဝယ္ယူေပးလိုက္လို႔ မိသားစုေတြေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ျဖစ္ေန ပါၿပီတဲ့။

ဒီလိုျဖစ္စဥ္ေလးေတြကို ျမင္ရၾကားရေတာ့ ၾကည္နူးမႈျဖစ္ရပါတယ္။ေငြေၾကးခ်မ္းသာေပမဲ့ လုပ္ႏိုင္ခဲတဲ့ ျဖစ္ရပ္ေတြပါပဲ။လုပ္ႏိုင္ခဲတဲ့ လုပ္ရပ္ကိုလုပ္ႏိုင္ဖို႔ ရိုးသားမႈနဲ႔ ေစတနာေတြက အေၾကာင္းကံေတြျဖစ္မယ္လို႔ ထင္ပါတယ္။ရိုးသားမႈနဲ႔ေစတနာေတြ လူတိုင္ပြားမ်ားႏိုင္ၿပီး တုံ႔လွည့္ေမတၱာ ထားႏိုင္ၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit to Photo

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service