မြေကွက်တစ်ခြမ်း ဝယ်ထားသူများ ကန့်ကွက်စာ တင်ထားမိသေးရဲ့လား....

မြေကွက်တစ်ခြမ်း ဝယ်ထားသူများ ကန့်ကွက်စာ တင်ထားမိသေးရဲ့လား.... - Property Knowledge in Myanmar from iMyanmarHouse.com
21 Sep 2022 10:10 am တွင် တင်ခဲ့သည်
2260 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

စာဖတ်ပရိသတ်တစ်ဦးဖြစ်သည့် ကိုမိုးလွင် တစ်ယောက် ဖုန်းဆက်ပြီး မကြာမှီ မောင်ကောင်းဖေ ရုံးခန်းသို့ ရောက်လာသည်။ ခဏနားပြီးသည်နှင့် အလုပ်ကိစ္စအကြောင်း စတင်ဆွေးနွေးရန် အိတ်အတွင်းမှ စာချုပ်စာတမ်းနှင့် အိမ်ပိုင်ဆိုင်မှုမြေပုံများ ထုတ်ယူလိုက်သည်ကို မြင်ရသည်။

 

ဂရန်/ စာချုပ်တွေ ထုတ်ကာပြ၊ ပြဿနာဖြစ်ရသည့် အကြောင်းကစ

အခုမြင်ရတဲ့ စာချုပ်စာတမ်းတွေကတော့ ကျွန်တော့်မိဘတွေဝယ်ပြီး ယနေ့ထိလက်ရှိနေထိုင်တဲ့ အထောက်အထားတွေပါဆရာ။ စမ်းချောင်းမြို့နယ်အတွင်းမှာ ရှိတယ်။ မြေအကျယ်ကတော့ ပုံမှာမြင်ရတဲ့အထောက်အထားတွေပါဆရာ။ စမ်းချောင်းမြို့နယ်အတွင်းမှာရှိတယ်။ မြေအကျယ်ကတော့ ပုံမှာ မြင်ရတဲ့အတိုင်း တစ်ဧကရဲ့ (၁/၄) ပုံလောက် ရှိတာပေါ့။

ဘိုးဘပိုက်မြေအမျိုးအစားလည်း ဖြစ်တယ်။ မြေပုံမှာလည်း တရားဝင်ဖော်ပြထားတယ်။ မိဘတွေဝယ်ယူပြီး နေလာခဲ့တာက နှစ်ပေါင်း(၃၀)လောက်ရှိသွားပြီ။

မြေတစ်ကွက်လုံးဝယ်တာတော့ မဟုတ်ဘူး။ အခုမြင်ရတဲ့ မြေကွက်ကြီး ပုံသဏ္ဍန်ကိုကြည့်မယ်ဆိုရင် အလျားထက်အနံပေက ပိုရှည်နေတဲ့ စတုဂံပုံဖြစ်နေတယ်။ အခုမြင်ရတဲ့ စတုဂံရဲ့ တောင်ဘက်ထောင့်မှာ ပိုထွက်နေတဲ့ မြေကွက်ကလေးကို ကျွန်တော့မိဘတွေက ဝယ်ယူပြီး (၂)ထပ်အိမ်ဆောက်ပြီးနေတာ ဒီနေ့အထိပါဘဲဆရာ

မြေကွက်အကျယ်က ဘယ်လောက်ရှိတာလဲ ညီလေးရဲ့

"(20'x45')ပေပါ ဆရာ"

" အင်း...မြို့ပြမြေစီမံဌာနက သတ်မှတ်ထားတဲ့ (၁၂၀၀) စတုရန်းပေ (20' x 60l) တော့ မပြည့်ဘူး ဖြစ်နေတယ် " ဒါပေမယ့် မြေအမျိုးအစားက ဂရန်မြေမဟုတ်ဘူး။ ဘိုးဘပိုင်မြေဖြစ်နေတယ်ဆရာ။

" ကောင်းပြီလေ ဒီမြေကွက်နဲ့ပတ်သက်လို့ ကိုမိုးလွင် က ဘာကိုသိချင်တာလဲပြောပါဦး "

" အော် ... ဟုတ်သားပဲ။ လာရင်းကိစ္စတောင် မေ့သွားတယ်။ ဒီလိုလေဆရာ....တစ်ဧကရဲ့ (၄) ပုံ (၁) ပုံနီးပါးရှိတဲ့ မြေကွက်ကြီးထဲမှာ နဂိုက အိမ်(၇)လုံးလောက်ရှိတယ်။ အရပ်ကတိစာချုပ်နဲ့ အဆင့်ဆင့်ရောင်းဝယ်ပြီးနေထားကြသူတွေပေါ့။ ခန့်မှန်းခြေ နှစ်ပေါင်း (၅၀)လောက် ရှိပြီဆိုပါတော့။ အဲဒီအထဲမှာ ကျွန်တော်တို့မြေကွက်လည်း အပါအဝင်ပေါ့။ အဆင့်ဆင့်ဝယ်နေကြတာလေ။ဘယ်သူပိုင်တယ်၊ ဘယ်သူအမည်ပေါက်တယ်ဆိုတာတောင် နေတဲ့သူတွေကိုယ်တိုင် တိတိကျကျ မပြောနိုင်ကြဘူး "

" ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မြို့မြေစာရင်းမှာတော့ ကွယ်လွန်သူ "ဦးမြတ်လှ " အမည်ပေါက်နေတယ်ဆိုတာ စုံစမ်းကြည့်တော့မှ သိရတယ်။ ပြီးခဲ့တဲ့ (၂)နှစ်လောက်ကတော့ ဦးမြတ်လှ ရဲ့ သားသမီးတွေက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာပြီး သူဌေးကြီး " ဦးသိုက်စိုး" ကိုပြန်ရောင်းလို့ အရောင်းအဝယ်စာချုပ်ဖို့ စည်ပင်အရောင်းမြေပုံကူးလျှောက်တာ တွေ့ရတယ်။ ပြီးတော့ မြေကွက်ကြီးထဲမှာ အဆင့်ဆင့်ဝယ်နေကြတဲ့ သူတွေကိုလည်း လှိုင်သာယာမှာ မြေကွက်တစ်ကွက်စီဝယ်ပေးတယ်။ နှစ်နာကြေးလည်း ပေးလိုက်တယ်လို့ သိရတယ်။ ကျွန်တော်တို့က မရောင်းတော့ ကျန်ခဲ့တာပေါ့။ "

" အခုမြေကွက်လပ်ကြီး ဖြစ်နေတာလား "

" ဟုတ်ကဲ့ဆရာ "

" ဒါနဲ့... စည်ပင်က မြေတိုင်းလာတဲ့အခါ ကန့်ကွက်ရန် ရှိ/မရှိ ခြေရင်း ခေါင်းရင်း လက်မှတ်ထိုးခိုင်တယ်။ ဖေဖေက ထိုးပေးလိုက်တယ်။ ပြီးတော့ သတင်းစာမှာလည်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာတာတွေ့ရတယ်။ အဲဒီတုန်းက မြေတိုင်းတဲ့အထဲမှာ ကျွန်တော်တို့ခြံမြေလည်း ပါသွားတယ်။ ကန့်ကွက်လွှာတင်မယ်လို့ သူဌေးကို သွားပြောတော့ မတင်ပါနဲ့၊ တောင်းပန်ပါတယ်၊ ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှု မထိခိုက်ပါဘူး။ ဒီအတိုင်းဆက်နေသွားပါ သူ့ရဲ့ မြေကွက်ကြီး အမည်ပြောင်းပြီးသွားရင်လည်း နောက်ဘက်က ပိတ်ပြီး ခြံစည်းရိုးခတ်ပေးမယ် " ပြောတာနဲ့ ကန့်ကွက်လွှာမတင်လိုက်ဘူးလေ

" ခြံစည်းရိုးခတ်ပေးမယ်ဆိုလို့ အဲဒီသူဌေးကို ကျေးဇူးတောင်တင်နေသေးတာ "

 

အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ရပြီးလား

" အခုနောက်ပိုင်းမှာ ... ဆရာရေးထားတဲ့ အိမ်ခြံမြေဆိုင်ရာ ဆောင်းပါးတွေ ဖတ်ကြည့်ပြီး စိုးရိမ်လို့လာတိုင်ပင်တာပါ ဆရာ"

" အေးဗျာ၊ " ကိုမိုးလွင် " ပြောပြပုံအရ ဆိုရင်တော့ " ကိုမိုးလွင် " ရဲ့ မိဘတွေက အလွန်ရိုးကြတာပဲနော် "

" ဘာဖြစ်လို့လဲ ဆရာ "

" ခြံမြေကွက်ကို စည်ပင်က မြေတိုင်းလာတုန်းက ကန့်ကွက်လိုက်ရမှာကို " ကိုမိုးလွင် " မိဘတွေကသဘောတူတယ်ဆိုတော့ စည်ပင်က " ကိုမိုးလွင် " မိဘပိုင်မြေရယ်၊ သူဌေး ဦးသိုက်စိုး ပိုင် မြေတွေရယ်၊ တစ်ကွက်လုံးပေါင်းပြီး တိုင်းသွားတာကို သဘောတူလိုက်သလို ဖြစ်သွားတာပေါ့ "

" အဲဒီတော့ အခုဘာဖြစ်လာနိုင်သလဲဆရာ.. "

" အခု မြို့တော်စည်ပင်ရဲ့ မြို့မြေစာရင်းမှာ ဘယ်သူအမည်ပေါက်နေပြီလည်း သွားကြည့်ပြီးပြီးလား "

" နောက်ဝယ်သူ ဦးသိုက်စိုး အမည်ပေါက်သွားပါပြီ"

" အဲဒီအမည်ပေါက်ထဲမှာ " ကိုမိုးလွင် " မိဘတွေပိုင်တဲ့ ခြံမြေနေရာ ကျန်ရစ်ခဲ့သေးလား "

" မကျန်တော့ဘူးဗျား... အခု ဆရာကိုပြတဲ့အတိုင်း မြေကွက်ရဲ့ ထောင့်ချွန်းလေးက ကျွန်တော်တို့ပိုင်တာ အဲဒီ့ထောင့်ချွန်းလေးပါ ဦးသိုက်စိုး အမည်ပေါက်ဖြစ်သွားပြီ "

" ဟိုက်... ဒုက္ခပါပဲ ကိုမိုးလွင် ရာ "

" ဒါဆိုရင် ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားပြီလားဆရာ"

" အင်း.... ပိုင်ဆိုင်မှုတော့ မဆုံးရှုံးဘူးပေါ့ကွာ။ ဒါပေမယ်လို့ ကိုယ့်အမည်ပေါက်ပြန်ရဖို့အတွက် အပ်နဲ့ထွင်ရမှာကို ပုဆိန်နဲ့ ပေါက်ရတော့မလို ဖြစ်ကုန်ပြီပေါ့ "

" ရှင်းပြပေးပါဦး ဆရာရယ် ၊ စိတ်ပူလိုက်တာ "

 

ကျွမ်းကျင်သူနဲ့ မတိုင်ပင်မိလို့ အခုတော့ အထင်နဲ့အမြင် တလွဲစီဖြစ်ကုန်ပြီ

" နဂိုက လုပ်ရမှာက တစ်ဧကရဲ့ (၁/၄) ပုံမြေကွက်ကြီးထဲက (20'x45') ကို " ကိုမိုးလွင် " တို့က ပိုင်တဲ့အတွက် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကို (ဦးသိုက်စိုး+၁ ) ပူးတွဲစာချုပ်ချုပ်ရမယ်။

အမွေဆက်ခံသူသား၊ သမီးများထံမှ မြေကွက်ကြီးရဲ့ တောင်ဘက်စွန်း (20'x45') ကို " ကိုမိုးလွင် " မိဘတွေက ဝယ်ပါတယ်။ ကျန်တဲ့ မြေကွက်ကြီးကို ဦးသိုက်စိုး က ဝယ်ပါတယ်ဆိုပြီး မှတ်ပုံတင်စာချုပ်ထဲမှာဖော်ပြရမယ်။ နှစ်ဦးအမည်ပေါက်စာချုပ် ထွက်လာတဲ့အခါကြမှ ကိုယ်ပိုင်တဲ့အခြမ်းကို မြေကွက်ခွဲလျှောက်လိုက်ရင် အမည်ပေါက်တစ်ဦးစီ သီးခြားဖြစ်သွားပြီပေါ့။

" အခုတော့ အဲဒီလိုလုပ်ချင်ရင် မြေတစ်ကွက်လုံးကို မြေပုံပြန်ကူးမယ်။ အခွန်ဆောင်ရမယ်။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ဦးသိုက်စိုး နဲ့ ပြန်ချုပ်ရမယ်။ ဒါကိုလဲ ဦးသိုက်စိုး က လိုက်ပါဆောင်ရွက်ပေးရမှာ။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ရန်ကုန်မြို့တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ချုပ်ရမယ်။ စာချုပ်ထွက်လာမှ စည်ပင်မှာ အမည်ပြောင်းရမယ်။ အမည်ပြောင်းပြီးမှ ကိုယ်ပိုင်တဲ့အခြမ်းကို မြေကွက်ခွဲစိတ်ပေးဖို့ လျှောက်ရမယ်။ ခွဲစိတ်ပြီးမှ မိမိပိုင် (20'x45') က သီးခြားအမည်ပေါက်ဖြစ်လာတော့မှာပေါ့။ အဲဒါကြောင့်

" အပ်နဲ့ထွင်းရမယ့်ကိစ္စ၊ ပုဆိန်နဲ့ပေါက်ရ " သလိုဖြစ်သွားတယ်လို့ ပြောတာ "

" ပိုင်ဆိုင်မှု မဆုံးရှုံးလို့ တော်ပါသေးရဲ့ ဆရာရယ်..ဒါဆိုရင် (20'x45') ကို ကျွန်တော်တို့အမည်ပေါက်လျှောက်လို့ရသလာ ဆရာ "

" ဘိုးဘပိုင်မြေဖြစ်တဲ့အတွက် စည်ပင်ဌာနမှူးရဲ့ ခွင့်ပြုချက်နဲ့ မြေကွက်ခွဲလျှောက်လို့ ရတယ်လို့ သိရပါတယ်။"

" ဦးသိုက်စိုး အမည်ပေါက်ပေမယ့် ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု မဆုံးရှုံးဘူးလို့ သိရတဲ့အတွက် ဝမ်းသာပါတယ် ဆရာ။ ဘာပဲဖြစ်ဖြစ် နောင်ရေးစိတ်အေးရဖို့အရေး အမည်ပေါက်ရတဲ့ အထိတော့ ကြိုးစားလုပ်ယူမှ ဖြစ်မယ်။ အခုလိုရှင်းပြတာ ကျေးဇူးတင်ပါတယ်ဆရာ ... ကျွန်တော်ကို ခွင့်ပြုပါဦး" ဟု နှုတ်ဆက်ပြီး " ကိုမိုးလွင် " တစ်ယောက် ခေါင်းငိုက်စိုက်ဖြင့် တွေးတောရင်း ပြန်သွားပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေျမကြက္တစ္ျခမ္း ဝယ္ထားသူမ်ား ကန္႔ကြက္စာ တင္ထားမိေသးရဲ႕လား....

 

စာဖတ္ပရိသတ္တစ္ဦးျဖစ္သည့္ ကိုမိုးလြင္ တစ္ေယာက္ ဖုန္းဆက္ၿပီး မၾကာမွီ ေမာင္ေကာင္းေဖ ႐ုံးခန္းသို႕ ေရာက္လာသည္။ ခဏနားၿပီးသည္ႏွင့္ အလုပ္ကိစၥအေၾကာင္း စတင္ေဆြးေႏြးရန္ အိတ္အတြင္းမွ စာခ်ဳပ္စာတမ္းႏွင့္ အိမ္ပိုင္ဆိုင္မႈေျမပံုမ်ား ထုတ္ယူလိုက္သည္ကို ျမင္ရသည္။

 

ဂရန္/ စာခ်ဳပ္ေတြ ထုတ္ကာျပ၊ ျပႆနာျဖစ္ရသည့္ အေၾကာင္းကစ

အခုျမင္ရတဲ့ စာခ်ဳပ္စာတမ္းေတြကေတာ့ ကၽြန္ေတာ့္မိဘေတြဝယ္ၿပီး ယေန႔ထိလက္ရွိေနထိုင္တဲ့ အေထာက္အထားေတြပါဆရာ။ စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္းမွာ ရွိတယ္။ ေျမအက်ယ္ကေတာ့ ပံုမွာျမင္ရတဲ့အေထာက္အထားေတြပါဆရာ။ စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္းမွာရွိတယ္။ ေျမအက်ယ္ကေတာ့ ပံုမွာ ျမင္ရတဲ့အတိုင္း တစ္ဧကရဲ႕ (၁/၄) ပံုေလာက္ ရွိတာေပါ့။

ဘိုးဘပိုက္ေျမအမ်ိဳးအစားလည္း ျဖစ္တယ္။ ေျမပံုမွာလည္း တရားဝင္ေဖာ္ျပထားတယ္။ မိဘေတြဝယ္ယူၿပီး ေနလာခဲ့တာက ႏွစ္ေပါင္း(၃၀)ေလာက္ရွိသြားၿပီ။

ေျမတစ္ကြက္လံုးဝယ္တာေတာ့ မဟုတ္ဘူး။ အခုျမင္ရတဲ့ ေျမကြက္ႀကီး ပံုသ႑န္ကိုၾကည့္မယ္ဆိုရင္ အလ်ားထက္အနံေပက ပိုရွည္ေနတဲ့ စတုဂံပံုျဖစ္ေနတယ္။ အခုျမင္ရတဲ့ စတုဂံရဲ႕ ေတာင္ဘက္ေထာင့္မွာ ပိုထြက္ေနတဲ့ ေျမကြက္ကေလးကို ကၽြန္ေတာ့မိဘေတြက ဝယ္ယူၿပီး (၂)ထပ္အိမ္ေဆာက္ၿပီးေနတာ ဒီေန႕အထိပါဘဲဆရာ

ေျမကြက္အက်ယ္က ဘယ္ေလာက္ရွိတာလဲ ညီေလးရဲ႕

"(20'x45')ေပပါ ဆရာ"

" အင္း...ၿမိဳ႕ျပေျမစီမံဌာနက သတ္မွတ္ထားတဲ့ (၁၂၀၀) စတုရန္းေပ (20' x 60l) ေတာ့ မျပည့္ဘူး ျဖစ္ေနတယ္ " ဒါေပမယ့္ ေျမအမ်ိဳးအစားက ဂရန္ေျမမဟုတ္ဘူး။ ဘိုးဘပိုင္ေျမျဖစ္ေနတယ္ဆရာ။

" ေကာင္းၿပီေလ ဒီေျမကြက္နဲ႕ပတ္သက္လို႔ ကိုမိုးလြင္ က ဘာကိုသိခ်င္တာလဲေျပာပါဦး "

" ေအာ္ ... ဟုတ္သားပဲ။ လာရင္းကိစၥေတာင္ ေမ့သြားတယ္။ ဒီလိုေလဆရာ....တစ္ဧကရဲ႕ (၄) ပံု (၁) ပံုနီးပါးရွိတဲ့ ေျမကြက္ႀကီးထဲမွာ နဂိုက အိမ္(၇)လံုးေလာက္ရွိတယ္။ အရပ္ကတိစာခ်ဳပ္နဲ႔ အဆင့္ဆင့္ေရာင္းဝယ္ၿပီးေနထားၾကသူေတြေပါ့။ ခန္႕မွန္းေျခ ႏွစ္ေပါင္း (၅၀)ေလာက္ ရွိၿပီဆိုပါေတာ့။ အဲဒီအထဲမွာ ကၽြန္ေတာ္တို႕ေျမကြက္လည္း အပါအဝင္ေပါ့။ အဆင့္ဆင့္ဝယ္ေနၾကတာေလ။ဘယ္သူပိုင္တယ္၊ ဘယ္သူအမည္ေပါက္တယ္ဆိုတာေတာင္ ေနတဲ့သူေတြကိုယ္တိုင္ တိတိက်က် မေျပာႏိုင္ၾကဘူး "

" ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာန ၿမိဳ႕ေျမစာရင္းမွာေတာ့ ကြယ္လြန္သူ "ဦးျမတ္လွ " အမည္ေပါက္ေနတယ္ဆိုတာ စံုစမ္းၾကည့္ေတာ့မွ သိရတယ္။ ၿပီးခဲ့တဲ့ (၂)ႏွစ္ေလာက္ကေတာ့ ဦးျမတ္လွ ရဲ႕ သားသမီးေတြက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေၾကညာၿပီး သူေဌးႀကီး " ဦးသိုက္စိုး" ကိုျပန္ေရာင္းလို႕ အေရာင္းအဝယ္စာခ်ဳပ္ဖို႔ စည္ပင္အေရာင္းေျမပံုကူးေလွ်ာက္တာ ေတြ႕ရတယ္။ ၿပီးေတာ့ ေျမကြက္ႀကီးထဲမွာ အဆင့္ဆင့္ဝယ္ေနၾကတဲ့ သူေတြကိုလည္း လိႈင္သာယာမွာ ေျမကြက္တစ္ကြက္စီဝယ္ေပးတယ္။ ႏွစ္နာေၾကးလည္း ေပးလိုက္တယ္လို႕ သိရတယ္။ ကၽြန္ေတာ္တို႕က မေရာင္းေတာ့ က်န္ခဲ့တာေပါ့။ "

" အခုေျမကြက္လပ္ႀကီး ျဖစ္ေနတာလား "

" ဟုတ္ကဲ့ဆရာ "

" ဒါနဲ႕... စည္ပင္က ေျမတိုင္းလာတဲ့အခါ ကန္႕ကြက္ရန္ ရွိ/မရွိ ေျခရင္း ေခါင္းရင္း လက္မွတ္ထိုးခိုင္တယ္။ ေဖေဖက ထိုးေပးလိုက္တယ္။ ၿပီးေတာ့ သတင္းစာမွာလည္း ကန္႔ကြက္ႏိုင္ေၾကာင္း ေၾကာ္ျငာတာေတြ႕ရတယ္။ အဲဒီတုန္းက ေျမတိုင္းတဲ့အထဲမွာ ကၽြန္ေတာ္တို႕ျခံေျမလည္း ပါသြားတယ္။ ကန္႕ကြက္လႊာတင္မယ္လို႕ သူေဌးကို သြားေျပာေတာ့ မတင္ပါနဲ႔၊ ေတာင္းပန္ပါတယ္၊ ခင္ဗ်ားတို႕ရဲ႕ပိုင္ဆိုင္မႈ မထိခိုက္ပါဘူး။ ဒီအတိုင္းဆက္ေနသြားပါ သူ႔ရဲ႕ ေျမကြက္ႀကီး အမည္ေျပာင္းၿပီးသြားရင္လည္း ေနာက္ဘက္က ပိတ္ၿပီး ျခံစည္း႐ိုးခတ္ေပးမယ္ " ေျပာတာနဲ႕ ကန္႕ကြက္လႊာမတင္လိုက္ဘူးေလ

" ျခံစည္း႐ိုးခတ္ေပးမယ္ဆိုလို႕ အဲဒီသူေဌးကို ေက်းဇူးေတာင္တင္ေနေသးတာ "

 

အပ္နဲ႕ထြင္းရမွာကို ပုဆိန္နဲ႕ေပါက္ရၿပီးလား

" အခုေနာက္ပိုင္းမွာ ... ဆရာေရးထားတဲ့ အိမ္ျခံေျမဆိုင္ရာ ေဆာင္းပါးေတြ ဖတ္ၾကည့္ၿပီး စိုးရိမ္လို႕လာတိုင္ပင္တာပါ ဆရာ"

" ေအးဗ်ာ၊ " ကိုမိုးလြင္ " ေျပာျပပံုအရ ဆိုရင္ေတာ့ " ကိုမိုးလြင္ " ရဲ႕ မိဘေတြက အလြန္႐ိုးၾကတာပဲေနာ္ "

" ဘာျဖစ္လို႔လဲ ဆရာ "

" ျခံေျမကြက္ကို စည္ပင္က ေျမတိုင္းလာတုန္းက ကန္႕ကြက္လိုက္ရမွာကို " ကိုမိုးလြင္ " မိဘေတြကသေဘာတူတယ္ဆိုေတာ့ စည္ပင္က " ကိုမိုးလြင္ " မိဘပိုင္ေျမရယ္၊ သူေဌး ဦးသိုက္စိုး ပိုင္ ေျမေတြရယ္၊ တစ္ကြက္လံုးေပါင္းၿပီး တိုင္းသြားတာကို သေဘာတူလိုက္သလို ျဖစ္သြားတာေပါ့ "

" အဲဒီေတာ့ အခုဘာျဖစ္လာႏိုင္သလဲဆရာ.. "

" အခု ၿမိဳ႕ေတာ္စည္ပင္ရဲ႕ ၿမိဳ႕ေျမစာရင္းမွာ ဘယ္သူအမည္ေပါက္ေနၿပီလည္း သြားၾကည့္ၿပီးၿပီးလား "

" ေနာက္ဝယ္သူ ဦးသိုက္စိုး အမည္ေပါက္သြားပါၿပီ"

" အဲဒီအမည္ေပါက္ထဲမွာ " ကိုမိုးလြင္ " မိဘေတြပိုင္တဲ့ ျခံေျမေနရာ က်န္ရစ္ခဲ့ေသးလား "

" မက်န္ေတာ့ဘူးဗ်ား... အခု ဆရာကိုျပတဲ့အတိုင္း ေျမကြက္ရဲ႕ ေထာင့္ခၽြန္းေလးက ကၽြန္ေတာ္တို႕ပိုင္တာ အဲဒီ့ေထာင့္ခၽြန္းေလးပါ ဦးသိုက္စိုး အမည္ေပါက္ျဖစ္သြားၿပီ "

" ဟိုက္... ဒုကၡပါပဲ ကိုမိုးလြင္ ရာ "

" ဒါဆိုရင္ ကၽြန္ေတာ္တို႕ရဲ႕ ပိုင္ဆိုင္မႈေတြ ဆံုးရႈံးသြားၿပီလားဆရာ"

" အင္း.... ပိုင္ဆိုင္မႈေတာ့ မဆံုးရႈံးဘူးေပါ့ကြာ။ ဒါေပမယ္လို႕ ကိုယ့္အမည္ေပါက္ျပန္ရဖို႔အတြက္ အပ္နဲ႕ထြင္ရမွာကို ပုဆိန္နဲ႕ ေပါက္ရေတာ့မလို ျဖစ္ကုန္ၿပီေပါ့ "

" ရွင္းျပေပးပါဦး ဆရာရယ္ ၊ စိတ္ပူလိုက္တာ "

 

ကၽြမ္းက်င္သူနဲ႕ မတိုင္ပင္မိလို႕ အခုေတာ့ အထင္နဲ႕အျမင္ တလြဲစီျဖစ္ကုန္ၿပီ

" နဂိုက လုပ္ရမွာက တစ္ဧကရဲ႕ (၁/၄) ပံုေျမကြက္ႀကီးထဲက (20'x45') ကို " ကိုမိုးလြင္ " တို႕က ပိုင္တဲ့အတြက္ မွတ္ပံုတင္ အေရာင္းအဝယ္စာခ်ဳပ္ကို (ဦးသိုက္စိုး+၁ ) ပူးတြဲစာခ်ဳပ္ခ်ဳပ္ရမယ္။

အေမြဆက္ခံသူသား၊ သမီးမ်ားထံမွ ေျမကြက္ႀကီးရဲ႕ ေတာင္ဘက္စြန္း (20'x45') ကို " ကိုမိုးလြင္ " မိဘေတြက ဝယ္ပါတယ္။ က်န္တဲ့ ေျမကြက္ႀကီးကို ဦးသိုက္စိုး က ဝယ္ပါတယ္ဆိုၿပီး မွတ္ပံုတင္စာခ်ဳပ္ထဲမွာေဖာ္ျပရမယ္။ ႏွစ္ဦးအမည္ေပါက္စာခ်ဳပ္ ထြက္လာတဲ့အခါၾကမွ ကိုယ္ပိုင္တဲ့အျခမ္းကို ေျမကြက္ခြဲေလွ်ာက္လိုက္ရင္ အမည္ေပါက္တစ္ဦးစီ သီးျခားျဖစ္သြားၿပီေပါ့။

" အခုေတာ့ အဲဒီလိုလုပ္ခ်င္ရင္ ေျမတစ္ကြက္လံုးကို ေျမပံုျပန္ကူးမယ္။ အခြန္ေဆာင္ရမယ္။ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ကို ဦးသိုက္စိုး နဲ႕ ျပန္ခ်ဳပ္ရမယ္။ ဒါကိုလဲ ဦးသိုက္စိုး က လိုက္ပါေဆာင္ရြက္ေပးရမွာ။ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ကို ရန္ကုန္ၿမိဳ႕ေတာ္စာခ်ဳပ္စာတမ္း မွတ္ပံုတင္႐ုံးမွာ ခ်ဳပ္ရမယ္။ စာခ်ဳပ္ထြက္လာမွ စည္ပင္မွာ အမည္ေျပာင္းရမယ္။ အမည္ေျပာင္းၿပီးမွ ကိုယ္ပိုင္တဲ့အျခမ္းကို ေျမကြက္ခြဲစိတ္ေပးဖို႕ ေလွ်ာက္ရမယ္။ ခြဲစိတ္ၿပီးမွ မိမိပိုင္ (20'x45') က သီးျခားအမည္ေပါက္ျဖစ္လာေတာ့မွာေပါ့။ အဲဒါေၾကာင့္

" အပ္နဲ႕ထြင္းရမယ့္ကိစၥ၊ ပုဆိန္နဲ႕ေပါက္ရ " သလိုျဖစ္သြားတယ္လို႕ ေျပာတာ "

" ပိုင္ဆိုင္မႈ မဆံုး႐ႈံးလို႕ ေတာ္ပါေသးရဲ႕ ဆရာရယ္..ဒါဆိုရင္ (20'x45') ကို ကၽြန္ေတာ္တို႕အမည္ေပါက္ေလွ်ာက္လို႔ရသလာ ဆရာ "

" ဘိုးဘပိုင္ေျမျဖစ္တဲ့အတြက္ စည္ပင္ဌာနမွဴးရဲ႕ ခြင့္ျပဳခ်က္နဲ႕ ေျမကြက္ခြဲေလွ်ာက္လို႕ ရတယ္လို႕ သိရပါတယ္။"

" ဦးသိုက္စိုး အမည္ေပါက္ေပမယ့္ ကၽြန္ေတာ္တို႕ရဲ႕ ပိုင္ဆိုင္မႈ မဆံုးရႈံးဘူးလို႔ သိရတဲ့အတြက္ ဝမ္းသာပါတယ္ ဆရာ။ ဘာပဲျဖစ္ျဖစ္ ေနာင္ေရးစိတ္ေအးရဖို႕အေရး အမည္ေပါက္ရတဲ့ အထိေတာ့ ႀကိဳးစားလုပ္ယူမွ ျဖစ္မယ္။ အခုလိုရွင္းျပတာ ေက်းဇူးတင္ပါတယ္ဆရာ ... ကၽြန္ေတာ္ကို ခြင့္ျပဳပါဦး" ဟု ႏွဳတ္ဆက္ၿပီး " ကိုမိုးလြင္ " တစ္ေယာက္ ေခါင္းငိုက္စိုက္ျဖင့္ ေတြးေတာရင္း ျပန္သြားပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
pan-swal-taw
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service