အင်္ဂလန်တွင် အိမ်နီးချင်းများ၏ဆူညံသံများကို တိုင်ကြားမှုမှာ စက္ကန့် ၇၀ လျှင် တစ်ကြိမ်ရှိ

အင်္ဂလန်တွင် အိမ်နီးချင်းများ၏ဆူညံသံများကို တိုင်ကြားမှုမှာ စက္ကန့် ၇၀ လျှင် တစ်ကြိမ်ရှိ - Property News in Myanmar from iMyanmarHouse.com
15 Sep 2022 11:01 am တွင် တင်ခဲ့သည်
585 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

-ပြီးခဲ့သောနှစ်အတွင်း မြို့ကောင်စီများသို့ အိမ်နီးချင်း၏ ဆူဆူညံညံလုပ်မှုအတွက် တိုင်တန်းမှုပေါင်း အကြိမ်ရေ ၄၅၀၀၀၀ ခန့်ရှိ

-ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးမတိုင်မီကထက် အသံဆူမှုကြောင့် တိုင်တန်းမှုပမာဏ ၁၀ ရာခိုင်နှုန်း များလာသည်။

အင်္ဂလန်တွင်ပြုလုပ်ခဲ့သော သုတေသနတစ်ရပ်အရ လွန်ခဲ့သော ၂ နှစ်အတွင်း ဗြိတိန်တွင် ဆူညံသော အိမ်နီးချင်းများအပေါ် သည်းခံနိုင်မှုအတိုင်းအတာ ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း ဗြိတိန်နိုင်ငံတဝန်းရှိ မြို့ကောင်စီများသို့ အိမ်နီးချင်း၏ ဆူညံသံများအတွက် လာရောက်တိုင်တန်းမှုပေါင်း ၄၅၀၀၀၀ ခန့်ရှိခဲ့ရာ တစ်ရက်လျှင် တိုင်ကြားမှု ၁၂၂၉ (သို့မဟုတ်) စက္ကန့် ၇၀ လျှင်တစ်ကြိမ် တိုင်တန်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း Churchill Home Insurance ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၁၉/၂၀၂၀ ကိုဗစ်ကပ်ဘေးမတိုင်မီကထက် တိုင်ကြားမှု ၁၀ ရာခိုင်နှုန်း များပြားလာခဲ့ကာ အရေအတွက်အားဖြင့် တိုင်ကြားမှု ၇၀၀၀၀ နီးပါး တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။

မြေပြင်တွင် အမှန်တကယ် ဆူညံပူညံလုပ်မှုများမှာမူ ယခုကိန်းဂဏန်းများထက် ပိုမိုမြင့်မားမည် ဖြစ်သည်။ ဆူညံသော အိမ်နီးချင်းနှင့် ကြုံရသူ ၃ ပုံ ၁ ပုံကသာ တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ကြခြင်းကြောင့် ဖြစ်သည်။

(ဆူညံပူညံလုပ်သူများ၏ အမှန်တကယ်ပမာဏမှာ တရားဝင်ကိန်းဂဏန်းများထက် ပိုမိုများပြားနိုင်သည်)

 

(၂၀၂၁/၂၂ ဘဏ္ဍာရေးနှစ်တွင် ဆူညံမှုများနှင့် ပတ်သက်သည့် တိုင်ကြားမှု အများဆုံးလက်ခံရရှိခဲ့ကြောင်း သုတေသနအသစ်တစ်ခုအရ တွေ့ရသည်)

တိုင်ကြားမှု အများဆုံးအကြောင်းရင်းများကား သီချင်းကျယ်လောင်စွာဖွင့်ခြင်း (၁၉ ရာခိုင်နှုန်း)၊ ပါတီပွဲများ ကျင်းပခြင်း (၁၆ ရာခိုင်နှုန်း)၊ အိမ်မွေးတိရ စ္ဆာန်များ (၁၃ ရာခိုင်နှုန်း)၊ ကလေးငယ်များ (၁၂ ရာခိုင်နှုန်း)နှင့် စကားများရန်ဖြစ်ခြင်းများ (၁၂ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။

မြို့ကောင်စီများသည် ပြီးခဲ့သောနှစ်အတွင်း ဆူညံပူညံသံများမပြုလုပ်ရန် သတိပေးစာ ၄၀၁၅ ကြိမ် ထုတ်ပြန်ခဲ့ရသည်။ ယခင်ကာလက ၃၄၈၇ စောင်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ထုတ်ပြန်စာ ၁၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

သတိပေးစာ ၁ စောင်မျှဖြင့် ဆူညံပူညံလုပ်မှုများ ရပ်တန့်သွားသည်မှာ ၁ ရာခိုင်နှုန်းအောက်ပင် နည်းပါးသေးကြောင်း ထိုအချက်က ပြသနေသည်။

ဒေသတွင်းအာဏာပိုင်အဖွဲ့ထံမှ ဆူညံသံများရပ်တန့်ရန် သတိပေးစာရသူသည် ဆူညံသံများကို လုံးဝရပ်တန့်ရန် (သို့မဟုတ်) တနေ့တာ၏ အချို့သောအချိန်များတွင် ရှောင်ကြဉ်ရမည် ဖြစ်သည်။ သတိပေးစာရသူသည် အယူခံဝင်ရန် ၂၁ ရက်အချိန်ရသည်။

၁၉၉၆ ခုနှစ်၊ ဆူညံမှုဆိုင်ရာ အက်ဥပဒေအရ ဆူညံသံများကို ည ၁၁ နာရီမှ နံနက် ၇ နာရီကြား မပြုလုပ်ရန် အဓိကပြဌာန်းထားပြီး ထိုကာလများတွင် မည်သို့သော အလွန်အမင်းဆူညံသံမဆို လူမှုဝန်းကျင်နှင့် သွေဖီသော အပြုအမူအဖြစ် သတ်မှတ်ခြင်းခံရမည် ဖြစ်သည်။

(ဆူညံသံခံစားရသူများ၏ ၃ ပုံ ၂ ပုံ (၆၅ ရာခိုင်နှုန်း) သည် အိမ်နီးချင်းနှင့် တိုက်ရိုက်စကားပြောကာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားကြသည်။)

ပြီးခဲ့သော ၁၂ လတာကာလအတွင်း အိမ်နီးချင်းများ၏ အလွန်အကျွံဆူညံသံများဒဏ် ခံစားခဲ့ရသူများ၏ ထက်ဝက်ကျော်မှာ အထက်ပါအချိန်ကာလများတွင် တွေ့ကြုံခံစားခဲ့ကြရခြင်း ဖြစ်သည်။

လူ ၃ ပုံလျှင် ၁ ပုံသည် ၉ နာရီနောက်ပိုင်း အလွန်အကျွံဆူညံသံများကို ခွင့်မပြုသင့်ဟု ခံယူကြပြီး အလွန်အကျွံဆူညံမှုများလုပ်ရန် သင့်တော်သည့်အချိန်ဟူ၍မရှိဟု ခံယူထားသူမှာ လူ ၇ ဦးလျှင် ၁ ဦးနှုန်း ရှိသည်။

ဆူညံသံပြဿနာကို ဖြေရှင်းရာတွင် ဆူညံမှုဒဏ်ခံရသူများ၏ ၃ ပုံ ၂ ပုံသည် ဆူဆူညံညံလုပ်သော အိမ်နီးချင်းနှင့် တိုက်ရိုက်စကားပြောကား ဖြေရှင်းရန် ကြိုးစားခဲ့ကြသည်။

သို့သော် ယင်းသို့ ဖြေရှင်းသူများ၏ ထက်ဝက်ခန့်ကသာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြသည်။

အခြားသော ဖြေရှင်းပုံနည်းလမ်းများအနေဖြင့် မြို့ကောင်စီထံတိုင်ကြားမှု (၂၈ ရာခိုင်နှုန်း)၊ အိမ်ရှင်ထံ အကြောင်းကြားမှု (၂၀ ရာခိုင်နှုန်း) နှင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားမှု (၁၆ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။

(Churchill Home Insurance မှ သုတေသနပြုလုပ်ထားသော ဆူညံသံများအပေါ် တိုင်ကြားမှုများ)

Churchill Home Insurance မှ ဆာရာခန်းက ပြောသည်မှာ “ဆူညံသံတွေဟာ ကျွန်မတို့ရဲ့ ဘဝတွေကို ဆိုးဆိုးရွားရွား အနှောင့်အယှက်ဖြစ်စေပါတယ်။ အထူးသဖြင့် ကျွန်မတို့ အနားယူဖို့ (ဒါမှမဟုတ်) အိပ်ဖို့ ကြိုးစားနေတဲ့အချိန်မျိုးမှာ ဒီအသံတွေက အလွန်အကျူးဖြစ်နေတယ်လို့ ခံစားရချိန်မျိုးမှာပေါ့”

“ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်မတို့နိုင်ငံဟာ ဆူညံသံတွေအပေါ် သည်းခံစိတ်နည်းပါးလာတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် တဖက်မှာက ကျွန်မတို့ဟာ အလုပ်လုပ်တဲ့ပုံစံတွေပြောင်းလဲသွားပြီး အများစုက အိမ်ကနေ အလုပ်လုပ် (work from home) နေကြတာဖြစ်တာကြောင့် အိမ်မှာပဲ ပိုပြီးနေထိုင်ကြရတာပါ။”

“ဆူညံသံတွေနဲ့ ပတ်သက်ပြီး ဥပဒေထုတ်ထားတာတွေရှိတယ်။ ဒီတော့ ဆူညံမှုဒဏ်ခံရတယ်ဆိုရင် အိမ်နီးချင်းကို ဒီပြဿနာနဲ့ ထိခိုက်မှုတွေကို ရှင်းပြပါ။ ဒါမှ မပြေလည်ဘူးဆိုရင်တော့ ဆူညံသံအမျိုးအစားနဲ့ ဖြစ်ပွားတဲ့အချိန်တွေကို မှတ်တမ်းတင်ထားပြီး မြို့ကောင်စီကို တင်ပြပါ”

လန်ဒန်မြောက်ပိုင်း အိမ်ခြံမြေအကျိုးဆောင် ဂျရမီ လိဖ်က ရှင်းပြသည်မှာ “ခင်ဗျားအနေနဲ့ ကိုယ့်ဟာကိုယ် တသီးတသန့်နေဖို့ ငွေမရှိဘူးဆိုရင် အိမ်နီးချင်းတွေနဲ့ ထိတွေ့ဆက်ဆံရဖို့ အလားအလာရှိတယ်။ အကြမ်းဖျင်းပြောရရင် အိမ်နီးချင်းကောင်းရှိတာဟာ အိမ်ခြံမြေတစ်ခုရဲ့ တန်ဖိုးနဲ့ ရောင်းထွက်နိုင်မှု အတိုင်းအတာ မြင့်တက်စေနိုင်သလို အိမ်နီးချင်းကောင်းမဟုတ်ရင်တော့ ဒါရဲ့ ဆန့်ကျင်ဘက်ရလဒ်ကိုသာ ရပါလိမ့်မယ်”ဟု ဆိုသည်။

“အိမ်ခြံမြေတစ်ခုကို မဝယ်မီ (ဒါမှမဟုတ်) မငှားမီမှာ အိမ်နီးချင်းတွေအကြောင်း တီးမိခေါက်မိရှိအောင် လုပ်ထားတာဟာ အကြံဉာဏ်ကောင်းပါပဲ။ ချက်ချင်းဖော်ထုတ်သိရဖို့ မလွယ်တဲ့အချက်တွေလည်း ရှိနေနိုင်တယ်။ ဒီတော့ ဒီဒေသမှာ ဘာတွေဖြစ်နေလဲဆိုတာ အွန်လိုင်းမှာ လေ့လာမှုတွေလုပ်ကြည့်ပါ။ ကိုယ်ရည်စူးထားတဲ့ အိမ်ခြံမြေ ရှိရာနေရာကို တစ်နေ့တာရဲ့ နေ့၊ ည မတူညီတဲ့အချိန်ကာလတွေ၊ မတူညီတဲ့ ရက်တွေမှာ ခဏခဏသွားကြည့်သင့်တယ်။ ရုံးပိတ်ရက်တွေ အပါအဝင်ပေါ့။ မတူညီတဲ့အချိန်တွေမှာ ဒေသတစ်ခုရဲ့ အပြုအမူစရိုက်ဟာ သိသိသာသာကြီး ကွဲပြားနိုင်ပါတယ်”

 

(ဒေသအလိုက်ကွဲပြားမှုများ)

ဗြိတိန်တွင် လန်ဒန်သည် ဆူညံသံတိုင်ကြားမှုများ အများပြားဆုံးနေရာဖြစ်ပြီး ပြီးခဲ့သောနှစ်အတွင်း တိုင်ကြားမှု ၁၅၂၀၀၀ နီးပါးရှိခဲ့ရာ တစ်နိုင်ငံလုံးပမာဏ၏ ၃ ပုံ ၁ ပုံ (၃၄ ရာခိုင်နှုန်း) ရှိခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း ဆူညံသံတိုင်ကြားမှုအများဆုံးလက်ခံရရှိခဲ့သည့် ဒေသတွင်းအာဏာပိုင်အဖွဲ့ ၁၀ ဖွဲ့တွင် ၆ ဖွဲ့မှာ လန်ဒန်မှ ဖြစ်သည်။

Islington မြို့အာဏာပိုင်အဖွဲ့သည်လည်း တိုင်ကြားမှု ၁၄၀၀၀ ရှိခဲ့ကာ အများဆုံးနေရာတွင် ပါဝင်လျက်ရှိပြီး လွန်ခဲ့သော ၂ နှစ်တာအတွင်း တိုင်ကြားမှု ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထိပ်တန်း ၁၀ တွင် ပါဝင်သော ဒေသများအနက် တိုင်ကြားမှု ကျဆင်းသွားသည့် တစ်ခုတည်းသောနေရာမှာ North Lanarkshire ဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်ကနှင့် နှိုင်းယှဉ်လျှင် ၁၃ ရာခိုင်နှုန်း ကျဆင်းသွားသည်။

(ကောင်စီ၏ အရေးယူမှုများ)

ယော့ခ်ရှိုင်းယားသည် ဆူညံသံတိုင်ကြားမှုများအပေါ် အရေးယူမှုအလုပ်ဆုံးဒေသဖြစ်ပြီး ပြီးခဲ့သော ၃ နှစ်အတွင်း အမိန့်ထုတ်ပြန်မှု အကြိမ်ရေ ၂၀၀၀ ကျော် ပြုလုပ်ခဲ့သည်။

ယင်းမှာ တိုင်ကြားမှု ၁၀ ခုလျှင် ၁ ခုအရေးယူခြင်းနှင့် ညီမျှသည်။

လန်ဒန်သည် ဆူညံသံများနှင့်ပတ်သက်ပြီး တိုင်ကြားမှုအများဆုံးဖြစ်သော်လည်း အရေးယူမှုမှာမူ ဒုတိယအနည်းဆုံးဖြစ်နေသည်။

လန်ဒန်၏ အရေးယူမှုနှုန်းမှာ တိုင်ကြားမှု ၇၉ ကြိမ်လျှင် ၁ ကြိမ်သာအရေးယူမှုရှိသည်။

မြောက်အိုင်ယာလန်တွင်မူ တိုင်ကြားမှု ၈၈ ကြိမ်လျှင် ၁ ကြိမ်သာ အရေးယူသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Do you have noisy neighbours? Complaints to the council soar during the past year to reach one every 70 SECONDS (dailymail)

 

 

 

[Zawgyi]

အဂၤလန္တြင္ အိမ္နီးခ်င္းမ်ား၏ဆူညံသံမ်ားကို တိုင္ၾကားမႈမွာ စကၠန္႔ ၇၀ လွ်င္ တစ္ၾကိမ္ရွိ

 

-ျပီးခဲ့ေသာႏွစ္အတြင္း ျမိဳ႕ေကာင္စီမ်ားသို႔ အိမ္နီးခ်င္း၏ ဆူဆူညံညံလုပ္မႈအတြက္ တိုင္တန္းမႈေပါင္း အၾကိမ္ေရ ၄၅၀၀၀၀ ခန္႔ရွိ

-ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးမတိုင္မီကထက္ အသံဆူမႈေၾကာင့္ တိုင္တန္းမႈပမာဏ ၁၀ ရာခိုင္ႏႈန္း မ်ားလာသည္။

အဂၤလန္တြင္ျပဳလုပ္ခဲ့ေသာ သုေတသနတစ္ရပ္အရ လြန္ခဲ့ေသာ ၂ ႏွစ္အတြင္း ျဗိတိန္တြင္ ဆူညံေသာ အိမ္နီးခ်င္းမ်ားအေပၚ သည္းခံႏိုင္မႈအတိုင္းအတာ က်ဆင္းသြားခဲ့ေၾကာင္း ေတြ႔ရွိခဲ့သည္။

ျပီးခဲ့ေသာႏွစ္အတြင္း ျဗိတိန္ႏိုင္ငံတဝန္းရွိ ျမိဳ႕ေကာင္စီမ်ားသို႔ အိမ္နီးခ်င္း၏ ဆူညံသံမ်ားအတြက္ လာေရာက္တိုင္တန္းမႈေပါင္း ၄၅၀၀၀၀ ခန္႔ရွိခဲ့ရာ တစ္ရက္လွ်င္ တိုင္ၾကားမႈ ၁၂၂၉ (သို႔မဟုတ္) စကၠန္႔ ၇၀ လွ်င္တစ္ၾကိမ္ တိုင္တန္းမႈ ျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း Churchill Home Insurance ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

၂၀၁၉/၂၀၂၀ ကိုဗစ္ကပ္ေဘးမတိုင္မီကထက္ တိုင္ၾကားမႈ ၁၀ ရာခိုင္ႏႈန္း မ်ားျပားလာခဲ့ကာ အေရအတြက္အားျဖင့္ တိုင္ၾကားမႈ ၇၀၀၀၀ နီးပါး တိုးျမင့္လာခဲ့ျခင္း ျဖစ္သည္။

ေျမျပင္တြင္ အမွန္တကယ္ ဆူညံပူညံလုပ္မႈမ်ားမွာမူ ယခုကိန္းဂဏန္းမ်ားထက္ ပိုမိုျမင့္မားမည္ ျဖစ္သည္။ ဆူညံေသာ အိမ္နီးခ်င္းႏွင့္ ၾကံဳရသူ ၃ ပံု ၁ ပံုကသာ တံု႔ျပန္ေဆာင္ရြက္မႈမ်ား ျပဳလုပ္ၾကျခင္းေၾကာင့္ ျဖစ္သည္။

(ဆူညံပူညံလုပ္သူမ်ား၏ အမွန္တကယ္ပမာဏမွာ တရားဝင္ကိန္းဂဏန္းမ်ားထက္ ပိုမိုမ်ားျပားႏိုင္သည္)

(၂၀၂၁/၂၂ ဘ႑ာေရးႏွစ္တြင္ ဆူညံမႈမ်ားႏွင့္ ပတ္သက္သည့္ တိုင္ၾကားမႈ အမ်ားဆံုးလက္ခံရရွိခဲ့ေၾကာင္း သုေတသနအသစ္တစ္ခုအရ ေတြ႔ရသည္)

တိုင္ၾကားမႈ အမ်ားဆံုးအေၾကာင္းရင္းမ်ားကား သီခ်င္းက်ယ္ေလာင္စြာဖြင့္ျခင္း (၁၉ ရာခိုင္ႏႈန္း)၊ ပါတီပြဲမ်ား က်င္းပျခင္း (၁၆ ရာခိုင္ႏႈန္း)၊ အိမ္ေမြးတိရ စၦာန္မ်ား (၁၃ ရာခိုင္ႏႈန္း)၊ ကေလးငယ္မ်ား (၁၂ ရာခိုင္ႏႈန္း)ႏွင့္ စကားမ်ားရန္ျဖစ္ျခင္းမ်ား (၁၂ ရာခိုင္ႏႈန္း) တို႔ ျဖစ္ၾကသည္။

ျမိဳ႕ေကာင္စီမ်ားသည္ ျပီးခဲ့ေသာႏွစ္အတြင္း ဆူညံပူညံသံမ်ားမျပဳလုပ္ရန္ သတိေပးစာ ၄၀၁၅ ၾကိမ္ ထုတ္ျပန္ခဲ့ရသည္။ ယခင္ကာလက ၃၄၈၇ ေစာင္သာ ထုတ္ျပန္ခဲ့ျခင္းျဖစ္ရာ ထုတ္ျပန္စာ ၁၅ ရာခိုင္ႏႈန္း တိုးျမင့္လာခဲ့သည္။ သတိေပးစာ ၁ ေစာင္မွ်ျဖင့္ ဆူညံပူညံလုပ္မႈမ်ား ရပ္တန္႔သြားသည္မွာ ၁ ရာခုိင္ႏႈန္းေအာက္ပင္ နည္းပါးေသးေၾကာင္း ထိုအခ်က္က ျပသေနသည္။

ေဒသတြင္းအာဏာပိုင္အဖြဲ႔ထံမွ ဆူညံသံမ်ားရပ္တန္႔ရန္ သတိေပးစာရသူသည္ ဆူညံသံမ်ားကို လံုးဝရပ္တန္႔ရန္ (သို႔မဟုတ္) တေန႔တာ၏ အခ်ဳိ႕ေသာအခ်ိန္မ်ားတြင္ ေရွာင္ၾကဥ္ရမည္ ျဖစ္သည္။ သတိေပးစာရသူသည္ အယူခံဝင္ရန္ ၂၁ ရက္အခ်ိန္ရသည္။

၁၉၉၆ ခုႏွစ္၊ ဆူညံမႈဆိုင္ရာ အက္ဥပေဒအရ ဆူညံသံမ်ားကို ည ၁၁ နာရီမွ နံနက္ ၇ နာရီၾကား မျပဳလုပ္ရန္ အဓိကျပဌာန္းထားျပီး ထိုကာလမ်ားတြင္ မည္သို႔ေသာ အလြန္အမင္းဆူညံသံမဆို လူမႈဝန္းက်င္ႏွင့္ ေသြဖီေသာ အျပဳအမူအျဖစ္ သတ္မွတ္ျခင္းခံရမည္ ျဖစ္သည္။

(ဆူညံသံခံစားရသူမ်ား၏ ၃ ပံု ၂ ပံု (၆၅ ရာခိုင္ႏႈန္း) သည္ အိမ္နီးခ်င္းႏွင့္ တိုက္ရိုက္စကားေျပာကာ ျပႆနာကို ကိုင္တြယ္ေျဖရွင္းရန္ ၾကိဳးစားၾကသည္။)

ျပီးခဲ့ေသာ ၁၂ လတာကာလအတြင္း အိမ္နီးခ်င္းမ်ား၏ အလြန္အကၽြံဆူညံသံမ်ားဒဏ္ ခံစားခဲ့ရသူမ်ား၏ ထက္ဝက္ေက်ာ္မွာ အထက္ပါအခ်ိန္ကာလမ်ားတြင္ ေတြ႔ၾကံဳခံစားခဲ့ၾကရျခင္း ျဖစ္သည္။

လူ ၃ ပံုလွ်င္ ၁ ပံုသည္ ၉ နာရီေနာက္ပိုင္း အလြန္အကၽြံဆူညံသံမ်ားကို ခြင့္မျပဳသင့္ဟု ခံယူၾကျပီး အလြန္အကၽြံဆူညံမႈမ်ားလုပ္ရန္ သင့္ေတာ္သည့္အခ်ိန္ဟူ၍မရွိဟု ခံယူထားသူမွာ လူ ၇ ဦးလွ်င္ ၁ ဦးႏႈန္း ရွိသည္။

ဆူညံသံျပႆနာကို ေျဖရွင္းရာတြင္ ဆူညံမႈဒဏ္ခံရသူမ်ား၏ ၃ ပံု ၂ ပံုသည္ ဆူဆူညံညံလုပ္ေသာ အိမ္နီးခ်င္းႏွင့္ တိုက္ရိုက္စကားေျပာကား ေျဖရွင္းရန္ ၾကိဳးစားခဲ့ၾကသည္။

သို႔ေသာ္ ယင္းသို႔ ေျဖရွင္းသူမ်ား၏ ထက္ဝက္ခန္႔ကသာ ျပႆနာကို ေျဖရွင္းႏိုင္ခဲ့ၾကသည္။

အျခားေသာ ေျဖရွင္းပံုနည္းလမ္းမ်ားအေနျဖင့္ ျမိဳ႕ေကာင္စီထံတိုင္ၾကားမႈ (၂၈ ရာခိုင္ႏႈန္း)၊ အိမ္ရွင္ထံ အေၾကာင္းၾကားမႈ (၂၀ ရာခိုင္ႏႈန္း) ႏွင့္ ရဲတပ္ဖြဲ႔သို႔ တိုင္ၾကားမႈ (၁၆ ရာခိုင္ႏႈန္း) တို႔ ျဖစ္ၾကသည္။

(Churchill Home Insurance မွ သုေတသနျပဳလုပ္ထားေသာ ဆူညံသံမ်ားအေပၚ တိုင္ၾကားမႈမ်ား)

Churchill Home Insurance မွ ဆာရာခန္းက ေျပာသည္မွာ “ဆူညံသံေတြဟာ ကၽြန္မတို႔ရဲ႕ ဘဝေတြကို ဆိုးဆုိးရြားရြား အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အထူးသျဖင့္ ကၽြန္မတို႔ အနားယူဖို႔ (ဒါမွမဟုတ္) အိပ္ဖို႔ ၾကိဳးစားေနတဲ့အခ်ိန္မ်ဳိးမွာ ဒီအသံေတြက အလြန္အက်ဴးျဖစ္ေနတယ္လို႔ ခံစားရခ်ိန္မ်ဳိးမွာေပါ့”

“ျပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ကၽြန္မတို႔ႏိုင္ငံဟာ ဆူညံသံေတြအေပၚ သည္းခံစိတ္နည္းပါးလာတယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ တဖက္မွာက ကၽြန္မတို႔ဟာ အလုပ္လုပ္တဲ့ပံုစံေတြေျပာင္းလဲသြားျပီး အမ်ားစုက အိမ္ကေန အလုပ္လုပ္ (work from home) ေနၾကတာျဖစ္တာေၾကာင့္ အိမ္မွာပဲ ပိုျပီးေနထုိင္ၾကရတာပါ။”

“ဆူညံသံေတြနဲ႔ ပတ္သက္ျပီး ဥပေဒထုတ္ထားတာေတြရွိတယ္။ ဒီေတာ့ ဆူညံမႈဒဏ္ခံရတယ္ဆိုရင္ အိမ္နီးခ်င္းကို ဒီျပႆနာနဲ႔ ထိခုိက္မႈေတြကို ရွင္းျပပါ။ ဒါမွ မေျပလည္ဘူးဆိုရင္ေတာ့ ဆူညံသံအမ်ဳိးအစားနဲ႔ ျဖစ္ပြားတဲ့အခ်ိန္ေတြကို မွတ္တမ္းတင္ထားျပီး ျမိဳ႕ေကာင္စီကို တင္ျပပါ”

လန္ဒန္ေျမာက္ပိုင္း အိမ္ျခံေျမအက်ဳိးေဆာင္ ဂ်ရမီ လိဖ္က ရွင္းျပသည္မွာ “ခင္ဗ်ားအေနနဲ႔ ကိုယ့္ဟာကိုယ္ တသီးတသန္႔ေနဖုိ႔ ေငြမရွိဘူးဆိုရင္ အိမ္နီးခ်င္းေတြနဲ႔ ထိေတြ႔ဆက္ဆံရဖို႔ အလားအလာရွိတယ္။ အၾကမ္းဖ်င္းေျပာရရင္ အိမ္နီးခ်င္းေကာင္းရွိတာဟာ အိမ္ျခံေျမတစ္ခုရဲ႕ တန္ဖိုးနဲ႔ ေရာင္းထြက္ႏိုင္မႈ အတိုင္းအတာ ျမင့္တက္ေစႏိုင္သလို အိမ္နီးခ်င္းေကာင္းမဟုတ္ရင္ေတာ့ ဒါရဲ႕ ဆန္႔က်င္ဘက္ရလဒ္ကိုသာ ရပါလိမ့္မယ္”ဟု ဆိုသည္။

“အိမ္ျခံေျမတစ္ခုကို မဝယ္မီ (ဒါမွမဟုတ္) မငွားမီမွာ အိမ္နီးခ်င္းေတြအေၾကာင္း တီးမိေခါက္မိရွိေအာင္ လုပ္ထားတာဟာ အၾကံဥာဏ္ေကာင္းပါပဲ။ ခ်က္ခ်င္းေဖာ္ထုတ္သိရဖုိ႔ မလြယ္တဲ့အခ်က္ေတြလည္း ရွိေနႏိုင္တယ္။ ဒီေတာ့ ဒီေဒသမွာ ဘာေတြျဖစ္ေနလဲဆိုတာ အြန္လိုင္းမွာ ေလ့လာမႈေတြလုပ္ၾကည့္ပါ။ ကိုယ္ရည္စူးထားတဲ့ အိမ္ျခံေျမ ရွိရာေနရာကို တစ္ေန႔တာရဲ႕ ေန႔၊ ည မတူညီတဲ့အခ်ိန္ကာလေတြ၊ မတူညီတဲ့ ရက္ေတြမွာ ခဏခဏသြားၾကည့္သင့္တယ္။ ရံုးပိတ္ရက္ေတြ အပါအဝင္ေပါ့။ မတူညီတဲ့အခ်ိန္ေတြမွာ ေဒသတစ္ခုရဲ႕ အျပဳအမူစရိုက္ဟာ သိသိသာသာၾကီး ကြဲျပားႏိုင္ပါတယ္”

(ေဒသအလိုက္ကြဲျပားမႈမ်ား)

ျဗိတိန္တြင္ လန္ဒန္သည္ ဆူညံသံတိုင္ၾကားမႈမ်ား အမ်ားျပားဆံုးေနရာျဖစ္ျပီး ျပီးခဲ့ေသာႏွစ္အတြင္း တိုင္ၾကားမႈ ၁၅၂၀၀၀ နီးပါးရွိခဲ့ရာ တစ္ႏိုင္ငံလံုးပမာဏ၏ ၃ ပံု ၁ ပံု (၃၄ ရာခိုင္ႏႈန္း) ရွိခဲ့သည္။

ျပီးခဲ့ေသာႏွစ္အတြင္း ဆူညံသံတိုင္ၾကားမႈအမ်ားဆံုးလက္ခံရရွိခဲ့သည့္ ေဒသတြင္းအာဏာပိုင္အဖြဲ႔ ၁၀ ဖြဲ႔တြင္ ၆ ဖြဲ႔မွာ လန္ဒန္မွ ျဖစ္သည္။

Islington ျမိဳ႕အာဏာပိုင္အဖြဲ႔သည္လည္း တိုင္ၾကားမႈ ၁၄၀၀၀ ရွိခဲ့ကာ အမ်ားဆံုးေနရာတြင္ ပါဝင္လ်က္ရွိျပီး လြန္ခဲ့ေသာ ၂ ႏွစ္တာအတြင္း တိုင္ၾကားမႈ ၄၁ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။

ထိပ္တန္း ၁၀ တြင္ ပါဝင္ေသာ ေဒသမ်ားအနက္ တိုင္ၾကားမႈ က်ဆင္းသြားသည့္ တစ္ခုတည္းေသာေနရာမွာ North Lanarkshire ျဖစ္ျပီး လြန္ခဲ့ေသာ ၂ ႏွစ္ကႏွင့္ ႏႈိင္းယွဥ္လွ်င္ ၁၃ ရာခိုင္ႏႈန္း က်ဆင္းသြားသည္။

(ေကာင္စီ၏ အေရးယူမႈမ်ား)

ေယာ့ခ္ရႈိင္းယားသည္ ဆူညံသံတိုင္ၾကားမႈမ်ားအေပၚ အေရးယူမႈအလုပ္ဆံုးေဒသျဖစ္ျပီး ျပီးခဲ့ေသာ ၃ ႏွစ္အတြင္း အမိန္႔ထုတ္ျပန္မႈ အၾကိမ္ေရ ၂၀၀၀ ေက်ာ္ ျပဳလုပ္ခဲ့သည္။

ယင္းမွာ တိုင္ၾကားမႈ ၁၀ ခုလွ်င္ ၁ ခုအေရးယူျခင္းႏွင့္ ညီမွ်သည္။

လန္ဒန္သည္ ဆူညံသံမ်ားႏွင့္ပတ္သက္ျပီး တိုင္ၾကားမႈအမ်ားဆံုးျဖစ္ေသာ္လည္း အေရးယူမႈမွာမူ ဒုတိယအနည္းဆံုးျဖစ္ေနသည္။

လန္ဒန္၏ အေရးယူမႈႏႈန္းမွာ တိုင္ၾကားမႈ ၇၉ ၾကိမ္လွ်င္ ၁ ၾကိမ္သာအေရးယူမႈရွိသည္။

ေျမာက္အိုင္ယာလန္တြင္မူ တိုင္ၾကားမႈ ၈၈ ၾကိမ္လွ်င္ ၁ ၾကိမ္သာ အေရးယူသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Do you have noisy neighbours? Complaints to the council soar during the past year to reach one every 70 SECONDS (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
pan-swal-taw
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service