The Rizzi House (သို့မဟုတ်) ကမ္ဘာ့အပျော်ရွှင်ဆုံးအိမ်

The Rizzi House (သို့မဟုတ်) ကမ္ဘာ့အပျော်ရွှင်ဆုံးအိမ် - Property News in Myanmar from iMyanmarHouse.com
12 Sep 2022 10:50 am တွင် တင်ခဲ့သည်
548 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သင်သည် ထူးခြားကာ ပျော်ရွှင်ဖွယ်ကောင်းသောနေရာတစ်ခုသို့ လည်ပတ်လိုပါသလား။

ဂျာမနီနိုင်ငံ၊ Braunschwieg မြို့တွင် ကမ္ဘာပေါ်၌ ပျော်ရွှင်ဖွယ်အကောင်းဆုံးသော အဆောက်အအုံကြီးတစ်ခု တည်ရှိနေသည်။

ယင်းအဆောက်အအုံသည် မြင်လိုက်သည်နှင့် တမဟုတ်ချင်းပင် သင့်အား ပျော်ရွှင်မှုကို ပေးစွမ်းမည့် အဆောက်အအုံလည်း ဖြစ်၏။

သမားရိုးကျမဟုတ်သည့် အဆောက်အအုံ၏သွင်ပြင်ကြောင့် ကမ္ဘာလှည့်ခရီးသည်တို့အား ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့သည်။

အကယ်၍ သင်သာ အဆိုပါအဆောက်အအုံသို့ လည်ပတ်ခွင့် ရခဲ့မည်ဆိုလျှင် သင်သည်လည်း ပြုံးပြုံးကြီး ဖြစ်နေလိမ့်မည်ဟု ဆိုရမည်။

အဆောက်အအုံ၏ အပြင်ဘက်ကို ဂရာဖစ်တီဒီဇိုင်းများဖြင့် ပုံဖော်ထားပြီး မည်သည့်အဆောက်အအုံနှင့်မျှ မတူသော မြို့ပြဟန်ပန်ရှိသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က မြို့ငယ်လေးရှိ အဆင်းရဲဆုံးမြို့သူမြို့သားများအား အမည်မသိ တစုံတဦးက လှူဒါန်းသော ယူရို ၁၀၀၀၀ ရရှိခဲ့ကြဖူးသည်။

ကမ္ဘာ့အပျော်ရွှင်ဆုံးအိမ်ဟု နာမည်ကြီးသော အဆောက်အအုံကို Happy Rizzi ဟုအမည်ပေးထားသည်။

ဗိသုကာပညာရှင် Konrad Kloster နှင့် ပန်းချီကျော် James Rizzi တို့ ပူးပေါင်းပုံဖော်ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်၏။

Happy Rizzi အဆောက်အအုံကို ပေါ့ပ်အနုပညာ၊ ကာတွန်းရုပ်များနှင့် တမူထူးသော ဗိသုကာဒီဇိုင်းတို့ဖြင့် ပုံဖော်ထားရာ ကလေးများသာမက လူကြီးများလည်း နှစ်သက် သဘောကျကြသည်။

ဤအဆောက်အအုံသည် ပုံမှန်စံနှုန်းများနှင့် ကိုက်ညီမှုမရှိသော်လည်း ဂေဟဗေဒနှင့် သဟဇာတရှိသည်။

ရနိုင်သည့်နေရာတိုင်းတွင် သစ်ပင်များ စိုက်ပျိုးထားပြီး ယာဉ်ရပ်နားရန်နေရာတွင်ကား စက်ဘီးများနှင့်သာ ပြည့်နှက်နေသည်။

အဆောက်အအုံတည်ရှိရာ ပတ်ဝန်းကျင်မှာ ဆိတ်ငြိမ်ဝန်းကျင်တစ်ခု ဖြစ်၏။

ဤအဆောက်အအုံကြီးကို လူငယ်လူရွယ်များက များစွာသဘောကျပြီး ကမ္ဘာလှည့်ခရီးသည်များကလည်း အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြသော်လည်း သက်ကြီးရွယ်အိုများကမူ တဗျစ်တောက်တောက်လုပ်ကြ၏။

နှစ်ပေါင်းများစွာကြာသောအခါ အဆောက်အအုံကြီးသည် ကမ္ဘာလှည့်ခရီးသည်တို့ လာရောက်လေ့လာရာ နေရာတစ်ခုဖြစ်လာပြီး လုပ်ငန်းရှင်များစွာက မြို့လယ်တွင် အလားတူအဆောက်အအုံမျိုး ဆောက်လုပ်ရန် ကြိုးပမ်းလာကြသည်။

ဤအဆောက်အအုံကြီးအား သမားရိုးကျမဟုတ်သော ကာတွန်းဆန်သည့် ပန်းချီများ ရေးဆွဲပုံဖော်ပေးခဲ့သည့် ပန်းချီကျော် James Rizzi အား ဂုဏ်ပြုသောအားဖြင့် Happy Rizzi House ဟု အမည်ပေးခဲ့ခြင်း ဖြစ်၏။

မူလက ယိုယွင်းပျက်စီးနေသော မြို့စားစံအိမ်တော်ဟောင်းနေရာဖြစ်ပြီး အဆောက်အအုံဟောင်းများကို ထိန်းသိမ်းရာရောက်သည့်အပြင် တမူထူးသောအရာတစ်ခု ဖန်တီးရန်ဆုံးဖြတ်ချက်ဖြင့် ၂၀၀၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆောက်အအုံမှာ ချစ်စဖွယ်လှပပြီး ကလေးများအတွက်မြင်သည်နှင့် ပျော်စရာကောင်းသည့်နေရာဖြစ်သည်။

အချို့သူများက ယခုအဆောက်အအုံလက်ရာကို ပညာရပ်ကောင်းစွာမဆည်းပူးခဲ့ရသူတစ်ဦး၏လက်ရာဟု ထင်ကောင်းထင်နိုင်သည်။ သို့သော် ဗိသုကာပညာရှင် Konrad Kloster က စီမံကိန်းအတွက် လပေါင်းများစွာ အချိန်ယူခဲ့ရပြီး အဆောက်အအုံအကောင်အထည်ဖော်အပြီးသတ်ရန် ၂ နှစ်ကျော် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

လူနေအဖြစ် အသုံးပြုခြင်းမဟုတ်ဘဲ ရုံးနေရာအဖြစ် အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ယခုအဆောက်အအုံတွင် အလုပ်လုပ်ခွင့်ရသည့် ဝန်ထမ်းများပျော်ရွှင်ကြမည်ကို အလွယ်တကူ မှန်းဆနိုင်ပါသည်။

လက်ရှိအချိန်တွင်မူ ဤအဆောက်အအုံကြီးမှာ လစ်လပ်နေသည်။ အနာဂတ်တွင် မည်သို့အသုံးချရမည်ကို သုံးသပ်နေဆဲ ဖြစ်သည်။

ပြတိုက်အဖြစ်လည်းကောင်း၊ စားသောက်ဆိုင်တစ်ခုအဖြစ်လည်း အသုံးပြုသွားဖွယ်ရာရှိသည်ဟူသော သတင်းများထွက်နေသည်။ တည်နေရာ- Innenstadt, Braunschweig, Germany

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Happiest House in the World – The Rizzi House (unusualplaces)

[Zawgyi]

The Rizzi House (သို႔မဟုတ္) ကမၻာ့အေပ်ာ္ရႊင္ဆံုးအိမ္

သင္သည္ ထူးျခားကာ ေပ်ာ္ရႊင္ဖြယ္ေကာင္းေသာေနရာတစ္ခုသို႔ လည္ပတ္လုိပါသလား။

ဂ်ာမနီႏိုင္ငံ၊ Braunschwieg ျမိဳ႕တြင္ ကမၻာေပၚ၌ ေပ်ာ္ရႊင္ဖြယ္အေကာင္းဆံုးေသာ အေဆာက္အအံုၾကီးတစ္ခု တည္ရွိေနသည္။

ယင္းအေဆာက္အအံုသည္ ျမင္လိုက္သည္ႏွင့္ တမဟုတ္ခ်င္းပင္ သင့္အား ေပ်ာ္ရႊင္မႈကို ေပးစြမ္းမည့္ အေဆာက္အအံုလည္း ျဖစ္၏။

သမားရိုးက်မဟုတ္သည့္ အေဆာက္အအံု၏သြင္ျပင္ေၾကာင့္ ကမၻာလွည့္ခရီးသည္တို႔အား ဆြဲေဆာင္မႈတစ္ခု ျဖစ္လာခဲ့သည္။

အကယ္၍ သင္သာ အဆိုပါအေဆာက္အအံုသို႔ လည္ပတ္ခြင့္ ရခဲ့မည္ဆိုလွ်င္ သင္သည္လည္း ျပံဳးျပံဳးၾကီး ျဖစ္ေနလိမ့္မည္ဟု ဆိုရမည္။

အေဆာက္အအံု၏ အျပင္ဘက္ကို ဂရာဖစ္တီဒီဇိုင္းမ်ားျဖင့္ ပံုေဖာ္ထားျပီး မည္သည့္အေဆာက္အအံုႏွင့္မွ် မတူေသာ ျမဳိ႕ျပဟန္ပန္ရွိသည္။

လြန္ခဲ့ေသာ ႏွစ္အနည္းငယ္က ျမဳိ႕ငယ္ေလးရွိ အဆင္းရဲဆံုးျမိဳ႕သူျမိဳ႕သားမ်ားအား အမည္မသိ တစံုတဦးက လွဴဒါန္းေသာ ယူရို ၁၀၀၀၀ ရရွိခဲ့ၾကဖူးသည္။

ကမၻာ့အေပ်ာ္ရႊင္ဆံုးအိမ္ဟု နာမည္ၾကီးေသာ အေဆာက္အအံုကို Happy Rizzi ဟုအမည္ေပးထားသည္။

ဗိသုကာပညာရွင္ Konrad Kloster ႏွင့္ ပန္းခ်ီေက်ာ္ James Rizzi တု႔ိ ပူးေပါင္းပံုေဖာ္ေဆာက္လုပ္ခဲ့ၾကျခင္း ျဖစ္၏။

Happy Rizzi အေဆာက္အအံုကို ေပါ့ပ္အႏုပညာ၊ ကာတြန္းရုပ္မ်ားႏွင့္ တမူထူးေသာ ဗိသုကာဒီဇိုင္းတု႔ိျဖင့္ ပံုေဖာ္ထားရာ ကေလးမ်ားသာမက လူၾကီးမ်ားလည္း ႏွစ္သက္ သေဘာက်ၾကသည္။

ဤအေဆာက္အအံုသည္ ပံုမွန္စံႏႈန္းမ်ားႏွင့္ ကိုက္ညီမႈမရွိေသာ္လည္း ေဂဟေဗဒႏွင့္ သဟဇာတရွိသည္။

ရႏုိင္သည့္ေနရာတိုင္းတြင္ သစ္ပင္မ်ား စိုက္ပ်ဳိးထားျပီး ယာဥ္ရပ္နားရန္ေနရာတြင္ကား စက္ဘီးမ်ားႏွင့္သာ ျပည့္ႏွက္ေနသည္။

အေဆာက္အအံုတည္ရွိရာ ပတ္ဝန္းက်င္မွာ ဆိတ္ျငိမ္ဝန္းက်င္တစ္ခု ျဖစ္၏။

ဤအေဆာက္အအံုၾကီးကို လူငယ္လူရြယ္မ်ားက မ်ားစြာသေဘာက်ျပီး ကမၻာလွည့္ခရီးသည္မ်ားကလည္း အမွတ္တရ ဓာတ္ပံုမ်ားရိုက္ကူးၾကေသာ္လည္း သက္ၾကီးရြယ္အိုမ်ားကမူ တဗ်စ္ေတာက္ေတာက္လုပ္ၾက၏။

ႏွစ္ေပါင္းမ်ားစြာၾကာေသာအခါ အေဆာက္အအံုၾကီးသည္ ကမၻာလွည့္ခရီးသည္တို႔ လာေရာက္ေလ့လာရာ ေနရာတစ္ခုျဖစ္လာျပီး လုပ္ငန္းရွင္မ်ားစြာက ျမိဳ႕လယ္တြင္ အလားတူအေဆာက္အအံုမ်ဳိး ေဆာက္လုပ္ရန္ ၾကိဳးပမ္းလာၾကသည္။

ဤအေဆာက္အအံုၾကီးအား သမားရိုးက်မဟုတ္ေသာ ကာတြန္းဆန္သည့္ ပန္းခ်ီမ်ား ေရးဆြဲပံုေဖာ္ေပးခဲ့သည့္ ပန္းခ်ီေက်ာ္ James Rizzi အား ဂုဏ္ျပဳေသာအားျဖင့္ Happy Rizzi House ဟု အမည္ေပးခဲ့ျခင္း ျဖစ္၏။

မူလက ယိုယြင္းပ်က္စီးေနေသာ ျမိဳ႕စားစံအိမ္ေတာ္ေဟာင္းေနရာျဖစ္ျပီး အေဆာက္အအံုေဟာင္းမ်ားကို ထိန္းသိမ္းရာေရာက္သည့္အျပင္ တမူထူးေသာအရာတစ္ခု ဖန္တီးရန္ဆံုးျဖတ္ခ်က္ျဖင့္ ၂၀၀၁ ခုႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္း ျဖစ္သည္။

အေဆာက္အအံုမွာ ခ်စ္စဖြယ္လွပျပီး ကေလးမ်ားအတြက္ျမင္သည္ႏွင့္ ေပ်ာ္စရာေကာင္းသည့္ေနရာျဖစ္သည္။

အခ်ဳိ႕သူမ်ားက ယခုအေဆာက္အအံုလက္ရာကို ပညာရပ္ေကာင္းစြာမဆည္းပူးခဲ့ရသူတစ္ဦး၏လက္ရာဟု ထင္ေကာင္းထင္ႏိုင္သည္။ သို႔ေသာ္ ဗိသုကာပညာရွင္ Konrad Kloster က စီမံကိန္းအတြက္ လေပါင္းမ်ားစြာ အခ်ိန္ယူခဲ့ရျပီး အေဆာက္အအံုအေကာင္အထည္ေဖာ္အျပီးသတ္ရန္ ၂ ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့သည္ဟု ဆိုသည္။

လူေနအျဖစ္ အသံုးျပဳျခင္းမဟုတ္ဘဲ ရံုးေနရာအျဖစ္ အသံုးျပဳခဲ့ျခင္းသာ ျဖစ္သည္။ သို႔ေသာ္ ယခုအေဆာက္အအံုတြင္ အလုပ္လုပ္ခြင့္ရသည့္ ဝန္ထမ္းမ်ားေပ်ာ္ရႊင္ၾကမည္ကို အလြယ္တကူ မွန္းဆႏိုင္ပါသည္။

လက္ရွိအခ်ိန္တြင္မူ ဤအေဆာက္အအံုၾကီးမွာ လစ္လပ္ေနသည္။ အနာဂတ္တြင္ မည္သို႔အသံုးခ်ရမည္ကို သံုးသပ္ေနဆဲ ျဖစ္သည္။

ျပတိုက္အျဖစ္လည္းေကာင္း၊ စားေသာက္ဆိုင္တစ္ခုအျဖစ္လည္း အသံုးျပဳသြားဖြယ္ရာရွိသည္ဟူေသာ သတင္းမ်ားထြက္ေနသည္။

တည္ေနရာ- Innenstadt, Braunschweig, Germany

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Happiest House in the World – The Rizzi House (unusualplaces)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service