ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား ......

ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား ...... - Property Knowledge in Myanmar from iMyanmarHouse.com
10 Sep 2022 12:43 pm တွင် တင်ခဲ့သည်
1605 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

 [Unicode]

 

ဖီးကြမ်း၊ သီးမွှေး၊ ငှက်ပျောချဉ်၊ နံ့သာဖူး၊ ရွှေငှက်ပျောသီး စတဲ့ အမျိုးမျိုးရှိတဲ့အထဲကမှ ရွှေငှက်ပျောသီးကို အကြိုက်ဆုံးပဲ ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ ပြောပါရစေ။ ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ ဒီဆောင်းပါးလေးထဲမှာ ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးသလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ရွှေငှက်ပျောသီး ဆိုတာ

ရွှေငှက်ပျောသီး ဆိုတာ ငှက်ပျောသီး အမျိုးအစား တစ်မျိုးပါ။ အခွံက အနီရောင်ရှိပြီး အလုံးက ပုပုဝဝလေးပါ။ ဖီးကြမ်းတို့လိုမျိုး ထောင့်ကျမနေဘဲ လုံးဝန်းပါတယ်။ အရသာက ပိုပြီး ကောင်းပါတယ်။ ချိုအီစိမ့်နေအောင် ကောင်းတဲ့ ငှက်ပျောသီး တစ်မျိုးပါ။ အနံ့လည်း တော်တော်လေး မွှေးအီပါတယ်။

အရှေ့တောင်အာရှဒေသ တော်တော်များများမှာ ပေါက်ရောက်ပါတယ်။ အသီးတစ်လုံးက အရှည်အားဖြင့် ၁၆ စင်တီမီတာကနေ ၁၈ စင်တီမီတာလောက် ရှည်ပါတယ်။ အခြားသော ငှက်ပျောသီးတွေထက် အထားခံပါတယ်။

ရွှေငှက်ပျောသီး မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေဖြစ်မလဲ ………

ရွှေငှက်ပျောသီး မှာပါတဲ့ အာဟာရဓာတ်တွေက

ကယ်လ်လိုရီ

ကာဗိုဟိုက်ဒရိတ်

ပရိုတင်း

အဆီဓာတ်

အမျှင်ဓာတ်

ပိုတက်ဆီယမ်

မဂ္ဂနီဆီယမ်

ဖော့စဖရိတ်

ကယ်လ်ဆီယမ်

သံဓာတ်

ဗီတာမင် B6

ဗီတာမင် B1

ဗီတာမင် B2

ဗီတာမင် C

ဖောလိတ်

ကိုလင်း တို့ ပါဝင်နေပါတယ်။

ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား ……

ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား …… ဆိုတော့ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

ရွှေငှက်ပျောသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဆီနဲ့ ကယ်လ်လိုရီ ပါဝင်မှု နည်းတာကလည်း ကိုယ်အလေးချိန်ကို ထိန်းညှိရာမှာ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးပြီး အရောင်ကျစေဖို့ ထောက်ကူပေးပါတယ်။ အဝလွန်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အင်အားပြည့်ဝစေတယ်

ရွှေငှက်ပျောသီးမှာ သဘာဝ အချိုဓာတ် ပြည့်ဝစွာ ပါဝင်နေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေသလို ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝနေစေဖို့လည်း ထောက်ကူပေးပါတယ်။ မနက်စာ စားလို့ အဆင်ပြေတဲ့ ငှက်ပျောသီး တစ်မျိုးပါ။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ကောင်းကောင်း ထိန်းညှိပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေတဲ့ မဂ္ဂနီဆီယမ်လည်း ပါဝင်နေတာကြောင့် သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး သွေးတိုးကျစေဖို့ရော နှလုံးသွေးကြောရောဂါ ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

ဆီးချို ထိန်းညှိပေးတယ်

အမျှင်ဓာတ် ကြွယ်ဝမှုက ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာကြေလွယ်သလို သကြားဓာတ် ပါဝင်မှု နည်းတာကြောင့် ဆီးချို ရှိသူတွေနဲ့ သင့်တော်ပါတယ်။

အမြင်အာရုံ ကောင်းစေတယ်

ရွှေငှက်ပျောသီးမှာ Lutein နဲ့ beta carotenoids ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ကြက်မျက်သင့်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပါတယ်

ရွှေငှက်ပျောသီးက အခြားငှက်ပျောသီးတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို နာတာရှည် ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ဗီတာမင် B6 နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးဖြူဥတွေကို ထုတလုပ်စေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ လေပွတာမျိုး၊ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေစနစ် ပြဿနာတွေ ကင်းစေဖို့ ထောက်ကူပေးပါတယ်။

သွေးသန့်စေပါတယ်

ဗီတာမင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် သွေးသန့်စေဖို့ ထောက်ကူပေးပါတယ်။ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။

ကဲ …. ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ …..

ရွှေငှက်ပျောသီး က ကျန်းမာရေးအတွက် ကောင်းသလို လူတိုင်းနဲ့လည်း တည့်ပါတယ်။ ဒါပေမယ့် ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ အများကြီး မစားမိဖို့လည်း သတိပေးပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ေ႐ႊငွက္ေပ်ာသီး က်န္းမာေရးအတြက္ ေကာင္းသလား ......

 

ဖီးၾကမ္း၊ သီးေမႊး၊ ငွက္ေပ်ာခ်ဥ္၊ နံ႔သာဖူး၊ ေ႐ႊငွက္ေပ်ာသီး စတဲ့ အမ်ိဳးမ်ိဳး႐ွိတဲ့အထဲကမွ ေ႐ႊငွက္ေပ်ာသီးကို အႀကိဳက္ဆုံးပဲ ဆိုရင္ေတာ့ ဒီေဆာင္းပါးေလးက သင့္အတြက္ပါလို႔ ေျပာပါရေစ။ ဘာလို႔ ဒီလို ေျပာရတာလဲဆိုေတာ့ ဒီေဆာင္းပါးေလးထဲမွာ ေ႐ႊငွက္ေပ်ာသီး က်န္းမာေရးအတြက္ ဘယ္လို အေထာက္အကူျပဳေပးသလဲဆိုတာကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။

ေ႐ႊငွက္ေပ်ာသီး ဆိုတာ

ေ႐ႊငွက္ေပ်ာသီး ဆိုတာ ငွက္ေပ်ာသီး အမ်ိဳးအစား တစ္မ်ိဳးပါ။ အခြံက အနီေရာင္႐ွိၿပီး အလုံးက ပုပုဝဝေလးပါ။ ဖီးၾကမ္းတို႔လိုမ်ိဳး ေထာင့္က်မေနဘဲ လုံးဝန္းပါတယ္။ အရသာက ပိုၿပီး ေကာင္းပါတယ္။ ခ်ိဳအီစိမ့္ေနေအာင္ ေကာင္းတဲ့ ငွက္ေပ်ာသီး တစ္မ်ိဳးပါ။ အနံ႔လည္း ေတာ္ေတာ္ေလး ေမႊးအီပါတယ္။

အေ႐ွ႕ေတာင္အာ႐ွေဒသ ေတာ္ေတာ္မ်ားမ်ားမွာ ေပါက္ေရာက္ပါတယ္။ အသီးတစ္လုံးက အ႐ွည္အားျဖင့္ ၁၆ စင္တီမီတာကေန ၁၈ စင္တီမီတာေလာက္ ႐ွည္ပါတယ္။ အျခားေသာ ငွက္ေပ်ာသီးေတြထက္ အထားခံပါတယ္။

ေ႐ႊငွက္ေပ်ာသီး မွာပါတဲ့ အာဟာရဓာတ္ေတြက ဘာေတြျဖစ္မလဲ ………

ေ႐ႊငွက္ေပ်ာသီး မွာပါတဲ့ အာဟာရဓာတ္ေတြက

ကယ္လ္လိုရီ

ကာဗိုဟိုက္ဒရိတ္

ပ႐ိုတင္း

အဆီဓာတ္

အမွ်င္ဓာတ္

ပိုတက္ဆီယမ္

မဂၢနီဆီယမ္

ေဖာ့စဖရိတ္

ကယ္လ္ဆီယမ္

သံဓာတ္

ဗီတာမင္ B6

ဗီတာမင္ B1

ဗီတာမင္ B2

ဗီတာမင္ C

ေဖာလိတ္

ကိုလင္း တို႔ ပါဝင္ေနပါတယ္။

ေ႐ႊငွက္ေပ်ာသီး က်န္းမာေရးအတြက္ ေကာင္းသလား ……

ေ႐ႊငွက္ေပ်ာသီး က်န္းမာေရးအတြက္ ေကာင္းသလား …… ဆိုေတာ့ က်န္းမာေရးအတြက္ ေကာင္းပါတယ္။ ဘယ္လိုမ်ိဳး က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရ႐ွိႏိုင္သလဲဆိုတာကို အတူတူ ဆက္ၾကည့္လိုက္ရေအာင္ေနာ္။

ကိုယ္အေလးခ်ိန္ ထိန္းညႇိေပးတယ္

ေ႐ႊငွက္ေပ်ာသီးမွာ အမွ်င္ဓာတ္ ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ အဆာခံႏိုင္ေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။ အဆီနဲ႔ ကယ္လ္လိုရီ ပါဝင္မႈ နည္းတာကလည္း ကိုယ္အေလးခ်ိန္ကို ထိန္းညႇိရာမွာ ထိထိေရာက္ေရာက္ ေထာက္ကူေပးႏိုင္ပါတယ္။

အစာေျခစနစ္ထဲက အက်ိဳးျပဳ ဘက္တီးရီးယားေလးေတြကို အားျဖည့္ေပးၿပီး အေရာင္က်ေစဖို႔ ေထာက္ကူေပးပါတယ္။ အဝလြန္တာမ်ိဳး မျဖစ္ေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

အင္အားျပည့္ဝေစတယ္

ေ႐ႊငွက္ေပ်ာသီးမွာ သဘာဝ အခ်ိဳဓာတ္ ျပည့္ဝစြာ ပါဝင္ေနတာေၾကာင့္ ဇီဝကမၼျဖစ္စဥ္ကို ေကာင္းမြန္ေစသလို ခႏၶာကိုယ္မွာ အားအင္ျပည့္ဝေနေစဖို႔လည္း ေထာက္ကူေပးပါတယ္။ မနက္စာ စားလို႔ အဆင္ေျပတဲ့ ငွက္ေပ်ာသီး တစ္မ်ိဳးပါ။

ေသြးေပါင္ခ်ိန္ ထိန္းညႇိေပးတယ္

ပိုတက္ဆီယမ္ ႂကြယ္ဝတာေၾကာင့္ ေသြးေပါင္ခ်ိန္ကို ေကာင္းေကာင္း ထိန္းညႇိေပးပါတယ္။ ေသြးေၾကာေတြကို ေျပေလ်ာ့ေစတဲ့ မဂၢနီဆီယမ္လည္း ပါဝင္ေနတာေၾကာင့္ ေသြးေၾကာေတြထဲမွာ ေသြးစီးဆင္းမႈ ေကာင္းေစၿပီး ေသြးတိုးက်ေစဖို႔ေရာ ႏွလုံးေသြးေၾကာေရာဂါ ကင္းေစဖို႔ပါ ေထာက္ကူေပးႏိုင္ပါတယ္။

ဆီးခ်ိဳ ထိန္းညႇိေပးတယ္

အမွ်င္ဓာတ္ ႂကြယ္ဝမႈက ႐ုတ္တရက္ ေသြးတြင္းသၾကားဓာတ္ ျမင့္တက္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။ အစာေၾကလြယ္သလို သၾကားဓာတ္ ပါဝင္မႈ နည္းတာေၾကာင့္ ဆီးခ်ိဳ ႐ွိသူေတြနဲ႔ သင့္ေတာ္ပါတယ္။

အျမင္အာ႐ုံ ေကာင္းေစတယ္

ေ႐ႊငွက္ေပ်ာသီးမွာ Lutein နဲ႔ beta carotenoids ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ အျမင္အာ႐ုံ က်န္းမာေစဖို႔ ေထာက္ကူေပးပါတယ္။ အသက္အ႐ြယ္ေၾကာင့္ အျမင္အာ႐ုံ ထိခိုက္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးသလို ၾကက္မ်က္သင့္တာမ်ိဳး မျဖစ္ေစဖို႔လည္း ကာကြယ္ေပးပါတယ္။

ဓာတ္တိုးဆန္႔က်င္ပစၥည္း ႂကြယ္ဝစြာ ပါဝင္ပါတယ္

ေ႐ႊငွက္ေပ်ာသီးက အျခားငွက္ေပ်ာသီးေတြထက္ ဓာတ္တိုးဆန္႔က်င္ပစၥည္း ႂကြယ္ဝစြာ ပါဝင္ေနပါတယ္။ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ဆဲလ္ေတြ မပ်က္စီးေအာင္ ကာကြယ္ေပးသလို နာတာ႐ွည္ ေရာဂါေတြ မျဖစ္ေစဖို႔လည္း ကာကြယ္ေပးပါတယ္။

ကိုယ္ခံအား ေကာင္းေစတယ္

ဗီတာမင္ B6 နဲ႔ ဗီတာမင္ C ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအားေကာင္းေစဖို႔ ေထာက္ကူေပးပါတယ္။ ေသြးျဖဴဥေတြကို ထုတလုပ္ေစၿပီး ေရာဂါေတြကို တိုက္ထုတ္ႏိုင္ဖို႔ ကူညီေပးပါတယ္။

အစာေျခစနစ္ က်န္းမာေစတယ္

အမွ်င္ဓာတ္ ႂကြယ္ဝမႈက အစာေျခစနစ္ က်န္းမာေစဖို႔ ေထာက္ကူေပးပါတယ္။ ေလပြတာမ်ိဳး၊ ဝမ္းခ်ဳပ္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။ အစာေျခစနစ္ ျပႆနာေတြ ကင္းေစဖို႔ ေထာက္ကူေပးပါတယ္။

ေသြးသန္႔ေစပါတယ္

ဗီတာမင္ေတြနဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပါဝင္ေနတာေၾကာင့္ ေသြးသန္႔ေစဖို႔ ေထာက္ကူေပးပါတယ္။ သံဓာတ္ ႂကြယ္ဝစြာ ပါဝင္ေနတာကလည္း ေသြးအားနည္းတာမ်ိဳး မျဖစ္ေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။ ေသြးနီဥဆဲလ္ေတြ ျဖစ္ေပၚေစဖို႔ ေထာက္ကူေပးပါတယ္။

ကဲ …. ေ႐ႊငွက္ေပ်ာသီး က်န္းမာေရးအတြက္ ေကာင္းတယ္လို႔ ေျပာရတဲ့ အေၾကာင္းအရင္းကို သိေလာက္ၿပီ ထင္ပါတယ္။

ဘယ္သူေတြ မစားသင့္ဘူးလဲ …..

ေ႐ႊငွက္ေပ်ာသီး က က်န္းမာေရးအတြက္ ေကာင္းသလို လူတိုင္းနဲ႔လည္း တည့္ပါတယ္။ ဒါေပမယ့္ ေရာဂါအခံ တစ္ခုခု ႐ွိမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွ စားသင့္ပါတယ္။ အမ်ားႀကီး မစားမိဖို႔လည္း သတိေပးပါရေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service