ကင်ကာဒါရှီယန်နှင့်ပီတီ လမ်းခွဲသောသတင်းထွက်ပြီး ကင်ညေးဝက်စ်က ယာတောခြံကို အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်း

ကင်ကာဒါရှီယန်နှင့်ပီတီ လမ်းခွဲသောသတင်းထွက်ပြီး ကင်ညေးဝက်စ်က ယာတောခြံကို အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်း - Property News in Myanmar from iMyanmarHouse.com
7 Sep 2022 10:23 am တွင် တင်ခဲ့သည်
559 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဇနီးဟောင်း ကင်ကာဒါရှီယန်နှင့် ပီတီဒေးဗစ်ဆန်တို့ လမ်းခွဲလိုက်ပြီဟူသော သတင်းများထွက်ပေါ်အပြီး ရက်သတ္တပတ်ခန့်အကြာတွင် ကင်ညေးဝက်စ်က သူ၏ယာတောခြံကြီး အရောင်းဈေးကွက်တင်ထားမှုကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်သည်။

ကင်ညေးဝက်စ်၏ မွေးမြူရေးယာတောခြံကြီးမှာ အမေရိကန်ပြည်ထောင်စု ၊ ဝိုင်ယောမင်းပြည်နယ်တွင် တည်ရှိပြီး အလွန်တရာ အပြောကျယ်လှသော ခြံကြီးဖြစ်သည်။

ယာတောခြံကြီး၏ အကျယ်အဝန်းမှာ ဧကပေါင်း ၃၈၈၈ ဧကရှိပြီး Monster Lake ဟု အမည်ပေးထားသည်။

အဆိုပါခြံကြီးသည် ဝိုင်ယောမင်းပြည်နယ်တွင် ကင်ညေးဝက်စ်ဝယ်ယူခဲ့သည့် မွေးမြူရေးခြံ ၂ ခုအနက် ပထမဆုံးတစ်ခုလည်း ဖြစ်သည်။

အသက် ၄၅ နှစ်ရှိပြီဖြစ်သူ ကင်ညေးဝက်စ်က ယခုခြံကို ၂၀၁၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ်အောက်တိုဘာလတွင် ယခုခြံကို ကန်ဒေါ်လာ ၁၁ သန်းဖြင့် စတင်အရောင်းဈေးကွက်တင်ခဲ့ သော်လည်း ဝယ်ယူရန် ကမ်းလှမ်းသူတစ်ဦးမှ ရှိပုံမပေါ်ခဲ့။

Monster Lake ခြံမှ မိုင် ၅၀ ခန့် ဝေးကွာသည့်နေရာတွင် အခြားမွေးမြူရေးခြံကြီးတစ်ခုကိုလည်း ကင်ညေးဝက်စ်က ဝယ်ယူထားခဲ့သေးသည်။

ထိုခြံ၏ အကျယ်အဝန်းမှာ ဧကပေါင်း ၆၇၀၀ ရှိပြီး ဈေးနှုန်း ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းဖြင့် ဝယ်ခဲ့ခြင်း ဖြစ်သည်။

မြေရှင်တစ်ယောက်ဖြစ်ရန် အရေးကြီးသည်ဟူသော သူ၏အမြင်ပေါ် အခြေခံကာ ထိုသို့သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ဟန် ရသည်။

“ကျွန်တော်တို့ တိုးတက်ပြောင်းလဲဖို့လိုပါတယ်။ အိမ်ခြံမြေဝယ်ပါ…မြေဝယ်ပါ” ဟု ကင်ညေးဝက်စ်က ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း သူ၏တွစ်တာအကောင့်တွင် ရေးသားခဲ့ဖူးသည်။

 

(ဝိုင်ယောမင်းပြည်နယ်၊ ကိုဒီမြို့တွင် တည်ရှိကာ မြေကွက် ၈ ခုကို ပေါင်းစည်းထားသည့် မွေးမြူရေးခြံ၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ- J.P King လေလံကုမ္ပဏီ)

(မော်တော်ယာဉ်များ သွားလာရန်အတွက် မြေသားလမ်း။ ဓာတ်ပုံ- J.P King လေလံကုမ္ပဏီ)

(မွေးမြူရေးယာတောခြံ၏ ကောင်းကင်မြင်ကွင်းတစ်ခု။ ဓာတ်ပုံ- J.P King လေလံကုမ္ပဏီ)

သူ၏ ဇနီးဟောင်း ကင်ကာဒါရှီယန်က ချစ်သူသစ် ပီတီ ဒေးဗစ်ဆန်နှင့် လမ်းခွဲကြောင်း ကြေညာအပြီး တစ်ပတ်အကြာတွင် ကင်ညေးဝက်စ်က မွေးမြူရေးခြံကြီးကို အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ရာ ဤခြံကြီးကို ဆက်လက်ထိန်းသိမ်းထားရန် သူ့တွင် မည်သို့သောအကြောင်းရင်း ရှိသည်ကိုမူ မသိရချေ။

ယခုမွေးမြူရေးခြံကြီးများသည် ကင်ညေးဝက်စ်နှင့် ကင်ကာဒါရှီယန်တို့အကြား ကတောက်ကဆဖြစ်ရသည့် အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။

ကင်ကာဒါရှီယန်က ဝိုင်ယောမင်းပြည်နယ်တွင် အမြဲအခြေချကာ မနေလို။

Monster Lake မွေးမြူရေးခြံကြီး၏ မြေကွက် ၈ ခုအနက် ၃ ခုကို ကင်ညေးဝက်စ် ပိုင်ဆိုင်သည်။

(မွေးမြူရေးယာတောခြံကြီးထဲတွင် ချောက်ကမ်းပါးကြီးများလည်း ပါဝင်သည်။ ဓာတ်ပုံ- J.P King လေလံကုမ္ပဏီ)

(ဂျပ်စတင်ဘီဘာ၏ ခရီးထွက် ဘတ်စ်ကားများကို ကင်ညေးဝက်စ်၏ ဝိုင်ယောမင်းပြည်နယ် မွေးမြူရေးခြံကြီးအတွင်း တွေ့ရပုံ။ ဂျင်စတင်ဘီဘာသည် ကင်ညေးဝက်စ်၏ ခြံကြီးအတွင်းသို့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၅ က ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- Marksman/ MEGA)

(သဘာဝရှုမျှော်ခင်းများ ဝန်းပတ်ထားသော ကင်ညေးဝက်စ်၏ မွေးမြူရေးခြံ။ ဓာတ်ပုံ- Marksman/ MEGA)

(မွေးမြူရေးခြံကြီးအတွင်း ဆောက်လုပ်ရေးအဖွဲ့သားများကို တွေ့ရပုံ။ ဓာတ်ပုံ- Marksman/ MEGA)

ခြံဝန်းကြီးအတွင်း သားနားသော အိမ် ၈ လုံးပါဝင်ပြီး ဧည့်သည် ၂၀ ဦးအထက် ဧည့်ခံနိုင်သည်။ အလှပြင်ခန်းမ၊ စားသောက်ဆိုင်နှင့် အစည်းအဝေးပြုလုပ်ရာနေရာများလည်း ပါဝင်သေးသည်။

ကမ်းခြေအနီးတွင် အသစ်ဆောက်လုပ်ထားသော အိမ် ၂ လုံးရှိသည်။

ဧကပေါင်း ၆၄၀ (တစ်မိုင်ပတ်လည်) ကျယ်ဝန်းသော မြေကွက်အမှတ် ၇ သည် နွားအုပ်များကြည့်ရန်နှင့် အပျော်တမ်းအမဲလိုက်ရန် အလွန်ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ကင်ညေးဝက်စ်သည် ကပ်လျက်မြေကွက်တစ်ခုကို ထပ်မံဝယ်ယူလိုက်ပြီး နောက်ပိုင်း ယခုနှစ်ဇန်နဝါရီလ စံအိမ်ဝန်းအတွင်း ဆောက်လုပ်မှုများ ထပ်မံပြုလုပ်ခဲ့သေးသည်။

(ခြံဝန်းကြီးအတွင်းရှိ အဆောက်အအုံများတွင် စုစုပေါင်းအားဖြင့် အိပ်ခန်းပေါင်း ၂၇ ခန်းနှင့် ရေချိုးခန်းပေါင်း ၁၇ ခန်း ပါဝင်သည်။)

(အဆောက်အအုံအချို့ဘေးတွင် သီးသန့်ရေကန်တစ်ခုလည်းရှိသည်။ ဓာတ်ပုံ- J.P King လေလံကုမ္ပဏီ)

(ချမ်းမြေ့ဖွယ်ကျေးလက်ရှုခင်းများပ်ိုင်ဆိုင်ထားသော မွေးမြူရေးခြံ။ ဓာတ်ပုံ- J.P King လေလံကုမ္ပဏီ)

ကင်မ်ကာဒါရှီယန်နှင့် ကွာရှင်းပြီးနောက်ပိုင်း ကင်ညေးဝက်စ်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ Hidden Hills အရပ်ရှိ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ခန်းပါ စံအိမ်တစ်လုံးကိုလည်း ဝယ်ယူခဲ့သေးသည်။ ထိုအိမ်မှာ ကင်မ်ကာဒါရှီယန်၏ စံအိမ်နှင့် နီးကပ်စွာတည်ရှိပြီး ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းပေးခဲ့ရသည်။

ကင်ညေးဝက်စ်ဝယ်ယူခဲ့သော စံအိမ်သည် နှစ်ပေါင်း ၆၇ နှစ်တာကာလအတွင်း ပထမဆုံးအရောင်းဈေးကွက် ရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအိမ်ကို ဝယ်ယူလိုက်ခြင်းအားဖြင့် ကင်ညေးဝက်စ်အဖို့ သူ၏ကလေးများအား အနီးကပ်စောင့်ရှောက်နိုင်မည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kanye West took Wyoming ranch off market a week after Kim & Pete broke up (nypost)

 

 

 

[Zawgyi]

ကင္ကာဒါရွီယန္ႏွင့္ပီတီ လမ္းခြဲေသာသတင္းထြက္ျပီး ကင္ေညးဝက္စ္က ယာေတာျခံကို အေရာင္းေစ်းကြက္မွ ျပန္္လည္ရုပ္သိမ္း

 

ဇနီးေဟာင္း ကင္ကာဒါရွီယန္ႏွင့္ ပီတီေဒးဗစ္ဆန္တို႔ လမ္းခြဲလိုက္ျပီဟူေသာ သတင္းမ်ားထြက္ေပၚအျပီး ရက္သတၱပတ္ခန္႔အၾကာတြင္ ကင္ေညးဝက္စ္က သူ၏ယာေတာျခံၾကီး အေရာင္းေစ်းကြက္တင္ထားမႈကို ျပန္လည္ရုပ္သိမ္းရန္ ဆံုးျဖတ္လုိက္သည္။

ကင္ေညးဝက္စ္၏ ေမြးျမဴေရးယာေတာျခံၾကီးမွာ အေမရိကန္ျပည္ေထာင္စု ၊ ဝုိင္ေယာမင္းျပည္နယ္တြင္ တည္ရွိျပီး အလြန္တရာ အေျပာက်ယ္လွေသာ ျခံၾကီးျဖစ္သည္။

ယာေတာျခံၾကီး၏ အက်ယ္အဝန္းမွာ ဧကေပါင္း ၃၈၈၈ ဧကရွိျပီး Monster Lake ဟု အမည္ေပးထားသည္။

အဆိုပါျခံၾကီးသည္ ဝိုင္ေယာမင္းျပည္နယ္တြင္ ကင္ေညးဝက္စ္ဝယ္ယူခဲ့သည့္ ေမြးျမဴေရးျခံ ၂ ခုအနက္ ပထမဆံုးတစ္ခုလည္း ျဖစ္သည္။

အသက္ ၄၅ ႏွစ္ရွိျပီျဖစ္သူ ကင္ေညးဝက္စ္က ယခုျခံကို ၂၀၁၉ ခုႏွစ္အတြင္း ကန္ေဒၚလာ ၈ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယမန္ႏွစ္ေအာက္တိုဘာလတြင္ ယခုျခံကို ကန္ေဒၚလာ ၁၁ သန္းျဖင့္ စတင္အေရာင္းေစ်းကြက္တင္ခဲ့ ေသာ္လည္း ဝယ္ယူရန္ ကမ္းလွမ္းသူတစ္ဦးမွ ရွိပံုမေပၚခဲ့။

Monster Lake ျခံမွ မိုင္ ၅၀ ခန္႔ ေဝးကြာသည့္ေနရာတြင္ အျခားေမြးျမဴေရးျခံၾကီးတစ္ခုကိုလည္း ကင္ေညးဝက္စ္က ဝယ္ယူထားခဲ့ေသးသည္။

ထိုျခံ၏ အက်ယ္အဝန္းမွာ ဧကေပါင္း ၆၇၀၀ ရွိျပီး ေစ်းႏႈန္း ကန္ေဒၚလာ ၁၄ ဒသမ ၅ သန္းျဖင့္ ဝယ္ခဲ့ျခင္း ျဖစ္သည္။

ေျမရွင္တစ္ေယာက္ျဖစ္ရန္ အေရးၾကီးသည္ဟူေသာ သူ၏အျမင္ေပၚ အေျခခံကာ ထိုသို႔ေသာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့ဟန္ ရသည္။

“ကၽြန္ေတာ္တို႔ တိုးတက္ေျပာင္းလဲဖို႔လိုပါတယ္။ အိမ္ျခံေျမဝယ္ပါ…ေျမဝယ္ပါ” ဟု ကင္ေညးဝက္စ္က ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလအတြင္း သူ၏တြစ္တာအေကာင့္တြင္ ေရးသားခဲ့ဖူးသည္။

(ဝိုင္ေယာမင္းျပည္နယ္၊ ကိုဒီျမိဳ႕တြင္ တည္ရွိကာ ေျမကြက္ ၈ ခုကို ေပါင္းစည္းထားသည့္ ေမြးျမဴေရးျခံ၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု- J.P King ေလလံကုမၸဏီ)

(ေမာ္ေတာ္ယာဥ္မ်ား သြားလာရန္အတြက္ ေျမသားလမ္း။ ဓာတ္ပံု- J.P King ေလလံကုမၸဏီ)

(ေမြးျမဴေရးယာေတာျခံ၏ ေကာင္းကင္ျမင္ကြင္းတစ္ခု။ ဓာတ္ပံု- J.P King ေလလံကုမၸဏီ)

သူ၏ ဇနီးေဟာင္း ကင္ကာဒါရွီယန္က ခ်စ္သူသစ္ ပီတီ ေဒးဗစ္ဆန္ႏွင့္ လမ္းခြဲေၾကာင္း ေၾကညာအျပီး တစ္ပတ္အၾကာတြင္ ကင္ေညးဝက္စ္က ေမြးျမဴေရးျခံၾကီးကို အေရာင္းေစ်းကြက္မွ ျပန္လည္ရုပ္သိမ္းခဲ့ျခင္း ျဖစ္ရာ ဤျခံၾကီးကို ဆက္လက္ထိန္းသိမ္းထားရန္ သူ႔တြင္ မည္သို႔ေသာအေၾကာင္းရင္း ရွိသည္ကိုမူ မသိရေခ်။

ယခုေမြးျမဴေရးျခံၾကီးမ်ားသည္ ကင္ေညးဝက္စ္ႏွင့္ ကင္ကာဒါရွီယန္တို႔အၾကား ကေတာက္ကဆျဖစ္ရသည့္ အေၾကာင္းရင္းတစ္ခု ျဖစ္ခဲ့သည္။

ကင္ကာဒါရွီယန္က ဝိုင္ေယာမင္းျပည္နယ္တြင္ အျမဲအေျခခ်ကာ မေနလို။

Monster Lake ေမြးျမဴေရးျခံၾကီး၏ ေျမကြက္ ၈ ခုအနက္ ၃ ခုကို ကင္ေညးဝက္စ္ ပိုင္ဆိုင္သည္။

(ေမြးျမဴေရးယာေတာျခံၾကီးထဲတြင္ ေခ်ာက္ကမ္းပါးၾကီးမ်ားလည္း ပါဝင္သည္။ ဓာတ္ပံု- J.P King ေလလံကုမၸဏီ)

(ဂ်ပ္စတင္ဘီဘာ၏ ခရီးထြက္ ဘတ္စ္ကားမ်ားကို ကင္ေညးဝက္စ္၏ ဝိုင္ေယာမင္းျပည္နယ္ ေမြးျမဴေရးျခံၾကီးအတြင္း ေတြ႔ရပံု။ ဂ်င္စတင္ဘီဘာသည္ ကင္ေညးဝက္စ္၏ ျခံၾကီးအတြင္းသို႔ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ ၂၅ က ေရာက္ရွိခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု- Marksman/ MEGA)

(သဘာဝရႈေမွ်ာ္ခင္းမ်ား ဝန္းပတ္ထားေသာ ကင္ေညးဝက္စ္၏ ေမြးျမဴေရးျခံ။ ဓာတ္ပံု- Marksman/ MEGA)

(ေမြးျမဴေရးျခံၾကီးအတြင္း ေဆာက္လုပ္ေရးအဖြဲ႔သားမ်ားကို ေတြ႔ရပံု။ ဓာတ္ပံု- Marksman/ MEGA)

ျခံဝန္းၾကီးအတြင္း သားနားေသာ အိမ္ ၈ လံုးပါဝင္ျပီး ဧည့္သည္ ၂၀ ဦးအထက္ ဧည့္ခံႏိုင္သည္။ အလွျပင္ခန္းမ၊ စားေသာက္ဆိုင္ႏွင့္ အစည္းအေဝးျပဳလုပ္ရာေနရာမ်ားလည္း ပါဝင္ေသးသည္။ ကမ္းေျခအနီးတြင္ အသစ္ေဆာက္လုပ္ထားေသာ အိမ္ ၂ လံုးရွိသည္။

ဧကေပါင္း ၆၄၀ (တစ္မိုင္ပတ္လည္) က်ယ္ဝန္းေသာ ေျမကြက္အမွတ္ ၇ သည္ ႏြားအုပ္မ်ားၾကည့္ရန္ႏွင့္ အေပ်ာ္တမ္းအမဲလိုက္ရန္ အလြန္ေကာင္းမြန္သည့္ေနရာတစ္ခု ျဖစ္သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ကင္ေညးဝက္စ္သည္ ကပ္လ်က္ေျမကြက္တစ္ခုကို ထပ္မံဝယ္ယူလိုက္ၿပီး ေနာက္ပိုင္း ယခုႏွစ္ဇန္နဝါရီလ စံအိမ္ဝန္းအတြင္း ေဆာက္လုပ္မႈမ်ား ထပ္မံျပဳလုပ္ခဲ့ေသးသည္။

(ျခံဝန္းၾကီးအတြင္းရွိ အေဆာက္အအံုမ်ားတြင္ စုစုေပါင္းအားျဖင့္ အိပ္ခန္းေပါင္း ၂၇ ခန္းႏွင့္ ေရခ်ဳိးခန္းေပါင္း ၁၇ ခန္း ပါဝင္သည္။)

(အေဆာက္အအံုအခ်ဳိ႕ေဘးတြင္ သီးသန္႔ေရကန္တစ္ခုလည္းရွိသည္။ ဓာတ္ပံု- J.P King ေလလံကုမၸဏီ)

(ခ်မ္းေျမ႕ဖြယ္ေက်းလက္ရႈခင္းမ်ားပို္င္ဆိုင္ထားေသာ ေမြးျမဴေရးျခံ။ ဓာတ္ပံု- J.P King ေလလံကုမၸဏီ)

ကင္မ္ကာဒါရွီယန္ႏွင့္ ကြာရွင္းျပီးေနာက္ပိုင္း ကင္ေညးဝက္စ္သည္ ကယ္လီဖုိးနီးယားျပည္နယ္၊ Hidden Hills အရပ္ရွိ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္းပါ စံအိမ္တစ္လံုးကိုလည္း ဝယ္ယူခဲ့ေသးသည္။ ထိုအိမ္မွာ ကင္မ္ကာဒါရွီယန္၏ စံအိမ္ႏွင့္ နီးကပ္စြာတည္ရွိျပီး ကန္ေဒၚလာ ၄ ဒသမ ၅ သန္းေပးခဲ့ရသည္။

ကင္ေညးဝက္စ္ဝယ္ယူခဲ့ေသာ စံအိမ္သည္ ႏွစ္ေပါင္း ၆၇ ႏွစ္တာကာလအတြင္း ပထမဆံုးအေရာင္းေစ်းကြက္ ေရာက္ခဲ့ျခင္းျဖစ္ျပီး အဆိုပါအိမ္ကို ဝယ္ယူလိုက္ျခင္းအားျဖင့္ ကင္ေညးဝက္စ္အဖို႔ သူ၏ကေလးမ်ားအား အနီးကပ္ေစာင့္ေရွာက္ႏိုင္မည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kanye West took Wyoming ranch off market a week after Kim & Pete broke up (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service