မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အိမ်မှုကိစ္စများ

မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အိမ်မှုကိစ္စများ - Property Knowledge in Myanmar from iMyanmarHouse.com
6 Sep 2022 11:45 am တွင် တင်ခဲ့သည်
318 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မှတ်ဉာဏ်ချို့ယွင်းတာက ကမ္ဘာတစ်ဝှမ်းမှာ နှစ်တိုင်း အသက်ကြီးပိုင်းလူသန်းချီ ခံစားရတဲ့ နာတာရှည်စိတ်ကျန်းမာရေးအခြေအနေတစ်ခုပါ။ မှတ်ဉာဏ်၊ စဉ်းစားတွေးခေါ်မှုတွေပေါ် သက်ရောက်နေတဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့လက္ခဏာရပ်တွေက လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတဲ့အခြေအနေကို ဖြစ်မလာအောင် ရပ်တန့်ပစ်နိုင်မယ့် နည်းလမ်းမရှိသလို ကုသနိုင်တဲ့နည်းလမ်းလည်းမရှိပါဘူး။

ဆေးဝါးအကူအညီ၊ ဆေးကုသမှုနဲ့ ကုထုံးများနဲ့သာ ဒီကျန်းမာရေးအခြေအနေကို ထိန်းထားနိုင်ပါတယ်။ ဒါပေမဲ့ ငယ်ရွယ်နုပျိုတဲ့ အရွယ်ကတည်းက အသက်ကြီးလာရင် မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို ဖြတ်တောက်လို့ရနိုင်ပါတယ်။ အိမ်အလုပ်တွေလုပ်ပြီး လှုပ်လှုပ်ရှားရှားနေတာက နောက်ပိုင်းဖြစ်လာနိုင်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုကို လျော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

လေ့လာချက်အရ သန့်ရှင်းရေးလုပ်တာ၊ အပင်စိုက်ပျိုးတာတွေလို အိမ်အလုပ်တွေက မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့နည်းသွားစေနိုင်တယ်လို့ ဆိုပါတယ်။ အိမ်အလုပ်တွေကို လုပ်ပေးတာက ဉီးနှောက်ပမာဏကို ပိုပြီးကြီးလာအောင် ကူညီပေးနိုင်ပါတယ်။

အိမ်မှုကိစ္စတွေလုပ်တဲ့သူတွေက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့သူတွေနဲ့ယှဉ်ရင်တောင် ဦးနှောက်ပမာဏပိုကြီးမားကြပါတယ်။ Neurology ဂျာနယ်မှာ ပါတဲ့ လေ့လာချက်တစ်ခုက ဖော်ပြထားတဲ့ မှတ်ဉာဏ်ချို့ယွင်းမှုကို လျော့ချပေးနိုင်တဲ့ အထိရောက်ဆုံး အိမ်အလုပ်တွေကတော့

အိမ်သန့်ရှင်းရေးလုပ်ခြင်း

အိမ်သန့်ရှင်းရေးလုပ်တာနဲ့ စိတ်ကျန်းမာရေးကြားမှာ ဆက်စပ်မှုရှိပါတယ်။ သင့်ပတ်ဝန်းကျင်က နေရာနဲ့ သင့်အိမ်ကို သန့်ရှင်းရေးလုပ်တာက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျတဲ့ လက္ခဏာရပ်တွေကို နည်းပါးအောင် ကူညီပေးနိုင်ပါတယ်။ အိမ်သန့်ရှင်းရေးလုပ်တာက ဉီးနှောက်က Endorphin ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး စိတ်ခံစားချက်ကောင်းစေပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းတိုးတက်စေပြီး စိတ်ကြည်စေပါတယ်။

 

သေသေသပ်သပ်သိမ်းဆည်းခြင်း

သင် နေတဲ့နေရာကို ရှုပ်ပွအောင်ထားတာက စိတ်ဓာတ်ကျခြင်းရဲ့လက္ခဏာရပ်ကို ပိုပြီးဆိုးရွားလာစေနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ဒါ့အပြင် အာရုံစိုက်နိုင်စွမ်းအားနည်းလာစေတယ်။ စိတ်ရှုပ်ထွေးလာစေတယ်။ စိတ်ခံစားချက်ပြင်းထန်လာစေတယ်။

သင့်အနီးနားမှာ သေသေသပ်သပ်ရှင်းရှင်းလင်းလင်းထားတာက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းအားတိုးစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချနိုင်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတဲ့လူတွေအတွက် အိမ်ကို ရှုပ်ပွမအောင် သေသေသပ်သပ်သိမ်းဆည်းတာက အာရုံစူးစိုက်နိုင်အောင် ကူညီပေးပြီး စိတ်အတက်အကျမြန်တာကိုလည်း လျော့ချပေးနိုင်ပါတယ်။

ချက်ပြုတ်ခြင်း

ချက်ပြုတ်တာက နေ့စဉ်လုပ်ကိုင်ရတဲ့ တာဝန်တစ်ခုပါပဲ။ ဉီးနှောက်ကျန်းမာအောင် ဉီးနှောက်ကို လှုံ့ဆော်ပေးနိုင်တဲ့ လှုပ်ရှားမှုလည်းဖြစ်ပါတယ်။ ဒီအိမ်အလုပ်က ဉီးနှောက်ရဲ့ ရှေ့ဘက်ခြမ်းကို သန်မာစေပြီး အဲဒါနဲ့ဆက်စပ်တဲ့လုပ်ဆောင်ချက်တွေအားလုံးကို တိုးတက်စေပါတယ်။ ဟင်းလျာတွေပေါ်မှာ အလေးထားချက်ပြုတ်နေတာ အာရုံစူးစိုက်နိုင်စွမ်းအားတိုးစေပြီး ဉီးနှောက်လုပ်ဆောင်ချက်ကောင်းစေပါတယ်။

 

အပင်စိုက်ပျိုးခြင်း

သဘာဝတရားနဲ့ အချိန်ကုန်တာက စိတ်၊ ခန္ဓာကိုယ်တို့ကို နုပျိုလန်းဆန်းအောင် ကူညီပေးနိုင်ပါတယ်။ အပင်စိုက်ပျိုးရင် အချိန်ကုန်တာက စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းစေပြီး အခြားသူတွေနဲ့လည်း ကောင်းတဲ့ဆက်ဆံရေးကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် နေရောင်အောက်မှာ အချိန်ခဏကုန်ဆုံးတာကလည်း စိတ်ခံစားချက်ကောင်းစေပြီး စိတ်တည်ငြိမ်စေပါတယ်။

 

လေးလံတဲ့အိမ်အလုပ်တွေ

ကြမ်းတိုက်တာ၊ ပန်းကန်ဆေးတာ၊ အဝတ်လျှော်တာလို အိမ်အလုပ်ကြီးကြီးမားမားတွေကလည်း စိတ်ကျန်းမာရေးမှာ ကောင်းတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဆက်စပ်တဲ့ စိတ်ဓာတ်ကျခြင်းလက္ခဏာရပ်တွေလျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။

စိတ်ခံစားချက်ကောင်းစေပြီး စိတ်မကျေနပ်ဖြစ်တာတွေကို လျော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ အရိုးအဆစ်၊ အဆစ်အမြစ်ပြဿနာရှိတဲ့သူတွေက လေးလံတဲ့ အိမ်အလုပ်တွေကို ရှောင်ကျဉ်သင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ရိုးရာလေး

 

 

[Zawgyi]

မွတ္ဉာဏ္ခ်ိဳ႕ယြင္းနိုင္ေျခကို ေလ်ာ့ခ်ေပးနိုင္တဲ့ အိမ္မႈကိစၥမ်ား

 

မွတ္ဉာဏ္ခ်ိဳ႕ယြင္းတာက ကမၻာတစ္ဝွမ္းမွာ ႏွစ္တိုင္း အသက္ႀကီးပိုင္းလူသန္းခ်ီ ခံစားရတဲ့ နာတာရွည္စိတ္က်န္းမာေရးအေျခအေနတစ္ခုပါ။ မွတ္ဉာဏ္၊ စဥ္းစားေတြးေခၚမႈေတြေပၚ သက္ေရာက္ေနတဲ့ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတဲ့လကၡဏာရပ္ေတြက လူတစ္ေယာက္ရဲ့ ေန႔စဥ္ဘဝကို ျပင္းျပင္းထန္ထန္ထိခိုက္ေစနိုင္ပါတယ္။ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတဲ့အေျခအေနကို ျဖစ္မလာေအာင္ ရပ္တန႔္ပစ္နိုင္မယ့္ နည္းလမ္းမရွိသလို ကုသနိုင္တဲ့နည္းလမ္းလည္းမရွိပါဘူး။

ေဆးဝါးအကူအညီ၊ ေဆးကုသမႈနဲ႔ ကုထုံးမ်ားနဲ႔သာ ဒီက်န္းမာေရးအေျခအေနကို ထိန္းထားနိုင္ပါတယ္။ ဒါေပမဲ့ ငယ္ရြယ္ႏုပ်ိဳတဲ့ အရြယ္ကတည္းက အသက္ႀကီးလာရင္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းနိုင္ေျခကို ျဖတ္ေတာက္လို႔ရနိုင္ပါတယ္။ အိမ္အလုပ္ေတြလုပ္ၿပီး လႈပ္လႈပ္ရွားရွားေနတာက ေနာက္ပိုင္းျဖစ္လာနိုင္တဲ့ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကို ေလ်ာ့ခ်ေပးနိုင္တယ္လို႔ ေလ့လာခ်က္ေတြက ဆိုထားပါတယ္။

ေလ့လာခ်က္အရ သန႔္ရွင္းေရးလုပ္တာ၊ အပင္စိုက္ပ်ိဳးတာေတြလို အိမ္အလုပ္ေတြက မွတ္ဉာဏ္ခ်ိဳ႕ယြင္းနိုင္ေျခကို ေလ်ာ့နည္းသြားေစနိုင္တယ္လို႔ ဆိုပါတယ္။ အိမ္အလုပ္ေတြကို လုပ္ေပးတာက ဉီးေႏွာက္ပမာဏကို ပိုၿပီးႀကီးလာေအာင္ ကူညီေပးနိုင္ပါတယ္။

အိမ္မႈကိစၥေတြလုပ္တဲ့သူေတြက ကိုယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္းလုပ္တဲ့သူေတြနဲ႔ယွဥ္ရင္ေတာင္ ဦးေႏွာက္ပမာဏပိုႀကီးမားၾကပါတယ္။ Neurology ဂ်ာနယ္မွာ ပါတဲ့ ေလ့လာခ်က္တစ္ခုက ေဖာ္ျပထားတဲ့ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကို ေလ်ာ့ခ်ေပးနိုင္တဲ့ အထိေရာက္ဆုံး အိမ္အလုပ္ေတြကေတာ့

အိမ္သန႔္ရွင္းေရးလုပ္ျခင္း

အိမ္သန႔္ရွင္းေရးလုပ္တာနဲ႔ စိတ္က်န္းမာေရးၾကားမွာ ဆက္စပ္မႈရွိပါတယ္။ သင့္ပတ္ဝန္းက်င္က ေနရာနဲ႔ သင့္အိမ္ကို သန႔္ရွင္းေရးလုပ္တာက စိတ္ဖိစီးမႈ၊ စိုးရိမ္ပူပန္မႈ၊ စိတ္ဓာတ္က်တဲ့ လကၡဏာရပ္ေတြကို နည္းပါးေအာင္ ကူညီေပးနိုင္ပါတယ္။ အိမ္သန႔္ရွင္းေရးလုပ္တာက ဉီးေႏွာက္က Endorphin ေဟာ္မုန္းကို ထုတ္လႊတ္ေပးၿပီး စိတ္ခံစားခ်က္ေကာင္းေစပါတယ္။ အာ႐ုံစူးစိုက္နိုင္စြမ္းတိုးတက္ေစၿပီး စိတ္ၾကည္ေစပါတယ္။

ေသေသသပ္သပ္သိမ္းဆည္းျခင္း

သင္ ေနတဲ့ေနရာကို ရႈပ္ပြေအာင္ထားတာက စိတ္ဓာတ္က်ျခင္းရဲ့လကၡဏာရပ္ကို ပိုၿပီးဆိုးရြားလာေစနိုင္တယ္လို႔ ေလ့လာခ်က္က ဆိုထားပါတယ္။ ဒါ့အျပင္ အာ႐ုံစိုက္နိုင္စြမ္းအားနည္းလာေစတယ္။ စိတ္ရႈပ္ေထြးလာေစတယ္။ စိတ္ခံစားခ်က္ျပင္းထန္လာေစတယ္။

သင့္အနီးနားမွာ ေသေသသပ္သပ္ရွင္းရွင္းလင္းလင္းထားတာက ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္နိုင္စြမ္းအားတိုးေစၿပီး စိတ္ဖိစီးမႈကိုလည္း ေလ်ာ့ခ်နိုင္ပါတယ္။ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတဲ့လူေတြအတြက္ အိမ္ကို ရႈပ္ပြမေအာင္ ေသေသသပ္သပ္သိမ္းဆည္းတာက အာ႐ုံစူးစိုက္နိုင္ေအာင္ ကူညီေပးၿပီး စိတ္အတက္အက်ျမန္တာကိုလည္း ေလ်ာ့ခ်ေပးနိုင္ပါတယ္။

ခ်က္ျပဳတ္ျခင္း

ခ်က္ျပဳတ္တာက ေန႔စဥ္လုပ္ကိုင္ရတဲ့ တာဝန္တစ္ခုပါပဲ။ ဉီးေႏွာက္က်န္းမာေအာင္ ဉီးေႏွာက္ကို လႈံံ့ေဆာ္ေပးနိုင္တဲ့ လႈပ္ရွားမႈလည္းျဖစ္ပါတယ္။ ဒီအိမ္အလုပ္က ဉီးေႏွာက္ရဲ့ ေရွ႕ဘက္ျခမ္းကို သန္မာေစၿပီး အဲဒါနဲ႔ဆက္စပ္တဲ့လုပ္ေဆာင္ခ်က္ေတြအားလုံးကို တိုးတက္ေစပါတယ္။ ဟင္းလ်ာေတြေပၚမွာ အေလးထားခ်က္ျပဳတ္ေနတာ အာ႐ုံစူးစိုက္နိုင္စြမ္းအားတိုးေစၿပီး ဉီးေႏွာက္လုပ္ေဆာင္ခ်က္ေကာင္းေစပါတယ္။

အပင္စိုက္ပ်ိဳးျခင္း

သဘာဝတရားနဲ႔ အခ်ိန္ကုန္တာက စိတ္၊ ခႏၶာကိုယ္တို႔ကို ႏုပ်ိဳလန္းဆန္းေအာင္ ကူညီေပးနိုင္ပါတယ္။ အပင္စိုက္ပ်ိဳးရင္ အခ်ိန္ကုန္တာက စိတ္ဖိစီးမႈကို ေလ်ာ့ခ်ေပးနိုင္ပါတယ္။ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးေကာင္းေစၿပီး အျခားသူေတြနဲ႔လည္း ေကာင္းတဲ့ဆက္ဆံေရးကို ဖန္တီးေပးနိုင္ပါတယ္။ ဒါ့အျပင္ ေနေရာင္ေအာက္မွာ အခ်ိန္ခဏကုန္ဆုံးတာကလည္း စိတ္ခံစားခ်က္ေကာင္းေစၿပီး စိတ္တည္ၿငိမ္ေစပါတယ္။

ေလးလံတဲ့အိမ္အလုပ္ေတြ

ၾကမ္းတိုက္တာ၊ ပန္းကန္ေဆးတာ၊ အဝတ္ေလၽွာ္တာလို အိမ္အလုပ္ႀကီးႀကီးမားမားေတြကလည္း စိတ္က်န္းမာေရးမွာ ေကာင္းတဲ့အက်ိဳးသက္ေရာက္မႈရွိပါတယ္။ မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္းနဲ႔ ဆက္စပ္တဲ့ စိတ္ဓာတ္က်ျခင္းလကၡဏာရပ္ေတြေလ်ာ့နည္းေအာင္ ကူညီေပးနိုင္ပါတယ္။

စိတ္ခံစားခ်က္ေကာင္းေစၿပီး စိတ္မေက်နပ္ျဖစ္တာေတြကို ေလ်ာ့ခ်ေပးနိုင္ပါတယ္။ ဒါေပမဲ့ အရိုးအဆစ္၊ အဆစ္အျမစ္ျပႆနာရွိတဲ့သူေတြက ေလးလံတဲ့ အိမ္အလုပ္္ေတြကို ေရွာင္က်ဥ္သင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ရိုးရာေလး

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service