ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီ ကာလကြာရှည်နေထိုင်ခဲ့သော ပြင်သစ်စံအိမ်

ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီ ကာလကြာရှည်နေထိုင်ခဲ့သော ပြင်သစ်စံအိမ် - Property News in Myanmar from iMyanmarHouse.com
26 Aug 2022 10:24 am တွင် တင်ခဲ့သည်
690 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံ ၊ အပန်းဖြေစခန်းမြို့ French Riviera မှ စံအိမ် အရောင်းဈေးကွက်ဝင်လာသည်။ ယင်းစံအိမ်သည် သူ၏ ဂျိမ်းစ်ဘွန်းဇာတ်ကားတစ်ခုတွင် ထည့်သွင်း ရိုက်ကူးခဲ့ဖူးသော စံအိမ်လည်း ဖြစ်သည်။

ရှောင်ကွန်နရီသည် အင်္ဂလန်၊ စပိန်၊ ပြင်သစ်နှင့် ဘဟားမားတို့ရှိ ကမ္ဘာ့အကောင်းဆုံးနေရာများမှ စံအိမ်များတွင် နေထိုင်ခဲ့သည်။

ကမ္ဘာ့ရုပ်ရှင်လောက၏ အကြီးမြတ်ဆုံးတကယ့်ပုဂ္ဂိုလ်တစ်ဦးဟု ညွှန်းဆိုခြင်းခံရသူ ရှောင်ကွန်နရီသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အိပ်နေရင်း ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီ ဖြစ်သည်။

ယခုစံအိမ်သည် Cap de Nice နှင့် မြေထဲပင်လယ်တို့ကို အပေါ်စီးမှတွေ့မြင်ရသည့် တောင်စောင်းတစ်ခုတွင် တည်ရှိပြီး ခမ်းနားသောရှုခင်းများ ပိုင်ဆိုင်ထားသည်။

၁၉၂၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ကာ ပြင်သစ်ရှိ အပန်းဖြေစခန်းမြို့တွင် တည်ရှိခြင်း ဖြစ်သည်။

ခြံဝန်းအကျယ် ၂၄ ဧကရှိကာ ဂန္ထဝင်ပြင်သစ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဧည့်ဂေဟာအိမ် ၂ လုံးရှိကာ ကန်ဒေါ်လာ ၄၅ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်ဖူးသည်။

(တောင်ကုန်းပေါ်တွင် မားမားစွင့်စွင့်ရှိနေကာ ရေပြင်ကျယ်ကို အပေါ်စီးမှ တွေ့မြင်ရသည်။ ဓာတ်ပုံ- Knight-Frank)

(ရှောင်ကွန်နရီ၏ စံအိမ်- သူ၏ ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲမှ မြင်ကွင်း)

(ရှောင်ကွန်နရီ၏ ရုပ်ရှင်လောကဖြတ်သန်းမှု သက်တမ်းမှာ ဆယ်စုနှစ် ၅ ခုစာရှိသည်)

ရင်သပ်ရှုမောဖွယ် ယခုစံအိမ်ကြီးကို ဒေသခံတို့က ရှောင်ကွန်နရီ၏စံအိမ်ဟု ယနေ့တိုင် သတ်မှတ်ပြောဆိုနေကြဆဲဖြစ်သည်။

ရှောင်ကွန်နရီသည် ၁၉၈၀ မှ ၁၉၉၀ ပြည့်လွန်ကာလများအတွင်း အံ့အားသင့်ဖွယ်ဤစံအိမ်ကြီးကို သူ၏ ကာလကြာရှည်နေထိုင်သောနေရာအဖြစ် အသုံးပြုခဲ့သည်။ သူ၏ ဂျိမ်းစ်ဘွန်းဇာတ်ကား Never Say Never Again တွင် ယခုအိမ်ကြီးကို ဇာတ်လမ်းဇာတ်ကွက် နေရာများစွာတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။

အိပ်ခန်း ၅ ခန်းပါဝင်ကာ ၁၉၉၄ စတုရန်းမီတာ ကျယ်ဝန်းသော စံအိမ်ကြီးတွင် ရေကးကန် ၂ ခုနှင့် ရေငန်ရေကန် ၁ ခုတို့လည်းရှိသည်။

ရှောင်ကွန်နရီ၏ ဇနီး Micheline Roquebrune သည် ပြင်သစ်-မော်ရိုကိုသူ အနုပညာရှင်တစ်ဦးဖြစ်ပြီး ဤဒေသဇာတိဖြစ်သည်။

စံအိမ်တွင် ဧည့်ခန်း ၃ ခန်း၊ ရေချိုးခန်း ၅ ခန်း၊ အားကစားနှင့် ကိုယ်လက်ကြံ့ခိုင်ရေးအခန်းတို့လည်း ပါဝင်သည်။

(စံအိမ်ကို ပြင်သစ် အပန်းဖြေစခန်းမြို့၏ တောင်စောင်းတစ်ခုတွင် ဆောက်လုပ်ထားပြီး Cap de Nice နှင့် မြေထဲပင်လယ်တို့ကို အပေါ်စီးမှတွေ့မြင်နိုင်သည်။ ဓာတ်ပုံ- Knight-Frank)

(နေ့ဘက်တွင် နေစာလှုံရန်နေရာ)

(ဧည့်ခန်းများအနက်မှ တစ်ခု)

မြေအောက်ခန်း၊ လုံးချင်းကားဂိုဒေါင်၏ အပေါ်ထပ်တွင် ဝန်ထမ်းဆောင်တစ်ခုလည်းရှိသည်။

ယင်းတို့ကို ပျဉ်ခင်းသစ်ကြမ်းခင်းနှင့် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော မှန်ပြတင်းများ၊ ဓာတ်လှေကားတို့ကဲ့သို့ ခေတ်မီမှုများ ပေါင်းစပ်ထားသည်။

အရောင်အသွေးစုံလင်သော အပင်များ၊ အုန်းပင်များ ပေါများစွာရှိကာ ကမ်းရိုးတန်းပင်လယ်ကမ်းခြေဆီသို့ ဝေ့ဝိုက်သွားသည့် လမ်းကလေးတစ်ခုလည်း ရှိသည်။

ပင်မစံအိမ်မှာ ၆ ထပ်အဆောက်အအုံဖြစ်ပြီး အိမ်တွင်းအိမ်ပြင် ရေကူးကန်များ၊ ခမ်းနားသည့်ဧည့်ခံခန်းမ၊ ပင်မဧည့်ခန်းဆီသို့ ပေါက်သည့် အဝင်ပေါက်တွင် ရောင်စုံပုံဖော်ကြွေပြားများ ခင်းထားသည်။

(လိုက်ဖက်သော ဝင့်ထည်မှုများ)

(မိုင်များစွာ ရှုမျှော်န်ိုင်သည့်မြင်ကွင်း)

(အဝင်ပေါက်နေရာ)

ရှောင်ကွန်နရီ၏ အနုပညာလောကသက်တမ်းမှာ ဆယ်စုနှစ် ၅ ခုစာခန့်ရှိပြီး ၁၉၈၈ ခုနှစ်တွင် The Untouchables ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သည်။

တော်ဝင်ရေတပ်မှ ရေတပ်စစ်သည်၊ ကာလဗလကစားသမားဘဝဖြင့် အီဒင်ဘာ့ဂ်၏ ဆင်းရဲသားရပ်ကွက်များမှသည် ဟောလိဝုဒ်ကို သိမ်းပိုက်ရန် ရောက်ရှိလာသူ ရှောင်ကွန်နရီကို Original ဂျိမ်းစ်ဘွန်းအဖြစ် ကမ္ဘာ့ရုပ်ရှင်ပရိသတ်များ ထာဝရသတိရနေကြတော့မည် ဖြစ်သည်။

(စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ်တွင် ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၆ ရက်က ကျင်းပသော အီဒင်ဘာ့ဂ်ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့ပုံ)

(ရှုခင်းကောင်းများပိုင်ဆိုင်ထားသော အိမ်တွင်း၊ အိမ်ပြင်ရေကူးကန်များလည်းပါဝင်သည်။ ဓာတ်ပုံ Knight-Frank)

You Only Live Twice ဇာတ်ကားသည် သူ၏ နောက်ဆုံးဂျိမ်းစ်ဘွန်းရုပ်ရှင်ဖြစ်မည်ဟု ၁၉၆၇ ခုနှစ်တွင် ရှောင်ကွန်နရီ ကြေညာလိုက်သောအခါ တစ်ကမ္ဘာလုံးအံ့အားသင့် ဂယက်ရိုက်သွားပြီး အင်္ဂလန်ဘုရင်မကြီးက ပင်လျှင် ထိုသတင်းတကယ်လောဟု မေးမြန်းခဲ့သည်။

သို့သော် ၁၉၇၁ ခုနှစ်တွင် ရှောင်ကွန်နရီကို အကျိုးအမြတ်များများဖြင့် မက်လုံးပေးသိမ်းသွင်းခဲ့ရာ Diamonds Are Forever ဇာတ်ကားတွင် ထပ်မံပါဝင်သရုပ်ဆောင်ခဲ့ရာ ထိုဇာတ်ကားအတွက် ထိုခေတ် သရုပ်ဆောင်ကြေး ကန်ဒေါ်လာ ၁ ဒသမ ၇၆ သန်းအပြင် အမြတ်ငွေ၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်းလည်း ရရှိခဲ့ရာ ရုပ်ရှင်သမိုင်းတစ်လျှောက် အမြင့်မားဆုံးသရုပ်ဆောင်ကြေးလည်း ဖြစ်သည်။

ရှောင်ကွန်နရီသည် သူ၏ ရုပ်ရှင်ဇာတ်ကားတစ်ကားမှ ရရှိငွေ သန်းပေါင်းများစွာကို ဆင်းရဲနွမ်းပါးသော စကော့လူမျိုးများ ပညာရေးအား ကူညီရန် သူတည်ထောင်ထားသည့် Scottish International Education Trust ထံ လှူဒါန်းခဲ့သည်။

၁၉၈၃ ခုနှစ်တွင်လည်း Never Say Never Again ဇာတ်ကားတွင် ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် အင်္ဂလန်ပြည့်ရှင်က သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sean Connery’s luxury French Riviera mansion that featured in a James Bond movie is up for sale (realestate)

[Zawgyi]

ဂ်ိမ္းစ္ဘြန္းမင္းသားၾကီး ေရွာင္ကြန္နရီ ကာလၾကာရွည္ေနထိုင္ခဲ့ေသာ ျပင္သစ္စံအိမ္

ဂ်ိမ္းစ္ဘြန္းမင္းသားၾကီး ေရွာင္ကြန္နရီ၏ ျပင္သစ္ႏိုင္ငံ ၊ အပန္းေျဖစခန္းျမိဳ႕ French Riviera မွ စံအိမ္ အေရာင္းေစ်းကြက္ဝင္လာသည္။ ယင္းစံအိမ္သည္ သူ၏ ဂ်ိမ္းစ္ဘြန္းဇာတ္ကားတစ္ခုတြင္ ထည့္သြင္း ရိုက္ကူးခဲ့ဖူးေသာ စံအိမ္လည္း ျဖစ္သည္။

ေရွာင္ကြန္နရီသည္ အဂၤလန္၊ စပိန္၊ ျပင္သစ္ႏွင့္ ဘဟားမားတို႔ရွိ ကမၻာ့အေကာင္းဆံုးေနရာမ်ားမွ စံအိမ္မ်ားတြင္ ေနထိုင္ခဲ့သည္။

ကမၻာ့ရုပ္ရွင္ေလာက၏ အၾကီးျမတ္ဆံုးတကယ့္ပုဂၢိဳလ္တစ္ဦးဟု ညႊန္းဆိုျခင္းခံရသူ ေရွာင္ကြန္နရီသည္ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလတြင္ အိပ္ေနရင္း ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၀ ရွိျပီ ျဖစ္သည္။

ယခုစံအိမ္သည္ Cap de Nice ႏွင့္ ေျမထဲပင္လယ္တို႔ကို အေပၚစီးမွေတြ႔ျမင္ရသည့္ ေတာင္ေစာင္းတစ္ခုတြင္ တည္ရွိျပီး ခမ္းနားေသာရႈခင္းမ်ား ပိုင္ဆိုင္ထားသည္။

၁၉၂၀ ျပည့္ႏွစ္က ေဆာက္လုပ္ခဲ့သည့္စံအိမ္ျဖစ္ကာ ျပင္သစ္ရွိ အပန္းေျဖစခန္းျမိဳ႕တြင္ တည္ရွိျခင္း ျဖစ္သည္။

ျခံဝန္းအက်ယ္ ၂၄ ဧကရွိကာ ဂႏၳဝင္ျပင္သစ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျခင္းျဖစ္ျပီး ဧည့္ေဂဟာအိမ္ ၂ လံုးရွိကာ ကန္ေဒၚလာ ၄၅ ဒသမ ၇ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ဖူးသည္။

(ေတာင္ကုန္းေပၚတြင္ မားမားစြင့္စြင့္ရွိေနကာ ေရျပင္က်ယ္ကို အေပၚစီးမွ ေတြ႔ျမင္ရသည္။ ဓာတ္ပံု- Knight-Frank)

(ေရွာင္ကြန္နရီ၏ စံအိမ္- သူ၏ ဂ်ိမ္းစ္ဘြန္းရုပ္ရွင္ထဲမွ ျမင္ကြင္း)

(ေရွာင္ကြန္နရီ၏ ရုပ္ရွင္ေလာကျဖတ္သန္းမႈ သက္တမ္းမွာ ဆယ္စုႏွစ္ ၅ ခုစာရွိသည္)

ရင္သပ္ရႈေမာဖြယ္ ယခုစံအိမ္ၾကီးကို ေဒသခံတို႔က ေရွာင္ကြန္နရီ၏စံအိမ္ဟု ယေန႔တုိင္ သတ္မွတ္ေျပာဆိုေနၾကဆဲျဖစ္သည္။

ေရွာင္ကြန္နရီသည္ ၁၉၈၀ မွ ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း အံ့အားသင့္ဖြယ္ဤစံအိမ္ၾကီးကို သူ၏ ကာလၾကာရွည္ေနထုိင္ေသာေနရာအျဖစ္ အသံုးျပဳခဲ့သည္။ သူ၏ ဂ်ိမ္းစ္ဘြန္းဇာတ္ကား Never Say Never Again တြင္ ယခုအိမ္ၾကီးကို ဇာတ္လမ္းဇာတ္ကြက္ ေနရာမ်ားစြာတြင္ ထည့္သြင္းရိုက္ကူးခဲ့ဖူးသည္။

အိပ္ခန္း ၅ ခန္းပါဝင္ကာ ၁၉၉၄ စတုရန္းမီတာ က်ယ္ဝန္းေသာ စံအိမ္ၾကီးတြင္ ေရကးကန္ ၂ ခုႏွင့္ ေရငန္ေရကန္ ၁ ခုတို႔လည္းရွိသည္။

ေရွာင္ကြန္နရီ၏ ဇနီး Micheline Roquebrune သည္ ျပင္သစ္-ေမာ္ရိုကိုသူ အႏုပညာရွင္တစ္ဦးျဖစ္ျပီး ဤေဒသဇာတိျဖစ္သည္။

စံအိမ္တြင္ ဧည့္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္း၊ အားကစားႏွင့္ ကိုယ္လက္ၾကံ့ခိုင္ေရးအခန္းတို႔လည္း ပါဝင္သည္။

(စံအိမ္ကို ျပင္သစ္ အပန္းေျဖစခန္းျမိဳ႕၏ ေတာင္ေစာင္းတစ္ခုတြင္ ေဆာက္လုပ္ထားျပီး Cap de Nice ႏွင့္ ေျမထဲပင္လယ္တို႔ကို အေပၚစီးမွေတြ႔ျမင္ႏိုင္သည္။ ဓာတ္ပံု- Knight-Frank)

(ေန႔ဘက္တြင္ ေနစာလႈံရန္ေနရာ)

(ဧည့္ခန္းမ်ားအနက္မွ တစ္ခု)

ေျမေအာက္ခန္း၊ လံုးခ်င္းကားဂိုေဒါင္၏ အေပၚထပ္တြင္ ဝန္ထမ္းေဆာင္တစ္ခုလည္းရွိသည္။

ယင္းတို႔ကို ပ်ဥ္ခင္းသစ္ၾကမ္းခင္းႏွင့္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ မွန္ျပတင္းမ်ား၊ ဓာတ္ေလွကားတို႔ကဲ့သို႔ ေခတ္မီမႈမ်ား ေပါင္းစပ္ထားသည္။

အေရာင္အေသြးစံုလင္ေသာ အပင္မ်ား၊ အုန္းပင္မ်ား ေပါမ်ားစြာရွိကာ ကမ္းရိုးတန္းပင္လယ္ကမ္းေျခဆီသို႔ ေဝ့ဝိုက္သြားသည့္ လမ္းကေလးတစ္ခုလည္း ရွိသည္။

ပင္မစံအိမ္မွာ ၆ ထပ္အေဆာက္အအံုျဖစ္ျပီး အိမ္တြင္းအိမ္ျပင္ ေရကူးကန္မ်ား၊ ခမ္းနားသည့္ဧည့္ခံခန္းမ၊ ပင္မဧည့္ခန္းဆီသို႔ ေပါက္သည့္ အဝင္ေပါက္တြင္ ေရာင္စံုပံုေဖာ္ေၾကြျပားမ်ား ခင္းထားသည္။

(လိုက္ဖက္ေသာ ဝင့္ထည္မႈမ်ား)

(မိုင္မ်ားစြာ ရႈေမွ်ာ္ႏို္င္သည့္ျမင္ကြင္း)

(အဝင္ေပါက္ေနရာ)

ေရွာင္ကြန္နရီ၏ အႏုပညာေလာကသက္တမ္းမွာ ဆယ္စုႏွစ္ ၅ ခုစာခန္႔ရွိျပီး ၁၉၈၈ ခုႏွစ္တြင္ The Untouchables ဇာတ္ကားျဖင့္ ေအာ္စကာဆုရခဲ့သည္။

ေတာ္ဝင္ေရတပ္မွ ေရတပ္စစ္သည္၊ ကာလဗလကစားသမားဘဝျဖင့္ အီဒင္ဘာ့ဂ္၏ ဆင္းရဲသားရပ္ကြက္မ်ားမွသည္ ေဟာလိဝုဒ္ကို သိမ္းပိုက္ရန္ ေရာက္ရွိလာသူ ေရွာင္ကြန္နရီကို Original ဂ်ိမ္းစ္ဘြန္းအျဖစ္ ကမၻာ့ရုပ္ရွင္ပရိသတ္မ်ား ထာဝရသတိရေနၾကေတာ့မည္ ျဖစ္သည္။

(စေကာ့တလန္ႏိုင္ငံ၊ အီဒင္ဘာ့ဂ္တြင္ ၂၀၁၀ ျပည့္ႏွစ္၊ ဇြန္လ ၁၆ ရက္က က်င္းပေသာ အီဒင္ဘာ့ဂ္ရုပ္ရွင္ပြဲေတာ္ တက္ေရာက္ခဲ့ပံု)

(ရႈခင္းေကာင္းမ်ားပိုင္ဆိုင္ထားေသာ အိမ္တြင္း၊ အိမ္ျပင္ေရကူးကန္မ်ားလည္းပါဝင္သည္။ ဓာတ္ပံု Knight-Frank)

You Only Live Twice ဇာတ္ကားသည္ သူ၏ ေနာက္ဆံုးဂ်ိမ္းစ္ဘြန္းရုပ္ရွင္ျဖစ္မည္ဟု ၁၉၆၇ ခုႏွစ္တြင္ ေရွာင္ကြန္နရီ ေၾကညာလိုက္ေသာအခါ တစ္ကမၻာလံုးအံ့အားသင့္ ဂယက္ရိုက္သြားျပီး အဂၤလန္ဘုရင္မၾကီးက ပင္လွ်င္ ထိုသတင္းတကယ္ေလာဟု ေမးျမန္းခဲ့သည္။

သို႔ေသာ္ ၁၉၇၁ ခုႏွစ္တြင္ ေရွာင္ကြန္နရီကို အက်ဳိးအျမတ္မ်ားမ်ားျဖင့္ မက္လံုးေပးသိမ္းသြင္းခဲ့ရာ Diamonds Are Forever ဇာတ္ကားတြင္ ထပ္မံပါဝင္သရုပ္ေဆာင္ခဲ့ရာ ထိုဇာတ္ကားအတြက္ ထိုေခတ္ သရုပ္ေဆာင္ေၾကး ကန္ေဒၚလာ ၁ ဒသမ ၇၆ သန္းအျပင္ အျမတ္ေငြ၏ ၁၂ ဒသမ ၅ ရာခိုင္ႏႈန္းလည္း ရရွိခဲ့ရာ ရုပ္ရွင္သမိုင္းတစ္ေလွ်ာက္ အျမင့္မားဆံုးသရုပ္ေဆာင္ေၾကးလည္း ျဖစ္သည္။

ေရွာင္ကြန္နရီသည္ သူ၏ ရုပ္ရွင္ဇာတ္ကားတစ္ကားမွ ရရွိေငြ သန္းေပါင္းမ်ားစြာကို ဆင္းရဲႏြမ္းပါးေသာ စေကာ့လူမ်ဳိးမ်ား ပညာေရးအား ကူညီရန္ သူတည္ေထာင္ထားသည့္ Scottish International Education Trust ထံ လွဴဒါန္းခဲ့သည္။

၁၉၈၃ ခုႏွစ္တြင္လည္း Never Say Never Again ဇာတ္ကားတြင္ ဂ်ိမ္းစ္ဘြန္းအျဖစ္ ေနာက္ဆံုးအၾကိမ္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ၂၀၀၀ ျပည့္ႏွစ္တြင္ အဂၤလန္ျပည့္ရွင္က သူရဲေကာင္းဘြဲ႔ခ်ီးျမွင့္ျခင္း ခံခဲ့ရသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sean Connery’s luxury French Riviera mansion that featured in a James Bond movie is up for sale (realestate)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service