မီးရထားတွဲနေအိမ်ကို ပေါင် ၆၅၀၀၀၀ ဖြင့် ဝယ်ယူလိုက်သူ ကမ္ဘာကျော်အဆိုတော်

မီးရထားတွဲနေအိမ်ကို ပေါင် ၆၅၀၀၀၀ ဖြင့် ဝယ်ယူလိုက်သူ ကမ္ဘာကျော်အဆိုတော် - Property News in Myanmar from iMyanmarHouse.com
22 Jul 2022 11:13 am တွင် တင်ခဲ့သည်
677 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော်ကြယ်ပွင့်တစ်ဦးသည် ရင်သပ်ရှုမောဖွယ် ပင်လယ်ရှုမျှော်ခင်းများ ကြည့်ရှုနိုင်သည့်တည်နေရာတွင် မီးရထားတွဲတစ်ခုအား နေအိမ်အဖြစ် ပြောင်းလဲထားသည့်နေရာတစ်ခုကို ပေါင် ၆၅၀၀၀၀ ဖြင့် ဝယ်ယူလိုက်၏။

အဆိုပါ ကြယ်ပွင့် မည်သူဖြစ်သည်ဟု ထင်ပါသနည်း။

မီးရထားတွဲအိမ်ကို ဝယ်လိုက်သူမှာ ကမ္ဘာကျော်အဆိုတော် Ed Sheeran ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ Ed Sheeran နှင့် ဇနီးဖြစ်သူ ချယ်ရီ ဆီးဘွန်း (Cherry Seaborn) (အသက် ၃၀ နှစ်) တို့သည် အင်္ဂလန်နိုင်ငံတောင်ပိုင်းတွင် တည်ရှိသော ဝိတိုရိယမီးရထားလိုင်း၏ ရထားတွဲအိမ်ကို ဝယ်ယူလိုက် ကြ ခြင်း ဖြစ်သည်။

(၁၈၈၀ ပြည့်လွန်ကာလများက မီးရထားတွဲတစ်ခုကို ပြောင်းလဲထားသည့် ပေါင် ၆၅၀၀၀၀ တန်အိမ်)

(အသက် ၃၁ နှစ်အရွယ်ရှိ Sheeran နှင့် အသက် ၃၀ အရွယ် ဇနီးဖြစ်သူ ချယ်ရီတို့သည် အင်္ဂလန်နိုင်ငံ၊ Suffolk ခရိုင်တွင်လည်း နေအိမ် ၅ လုံးပါ အိမ်ဝန်းတစ်ခု ပိုင်ဆိုင်ထားပြီး Sheeranville ဟု အမည်ပေးထားသည်)

မီးရထားတွဲအိမ်မှာ ကမ်းမြောင်တစ်ခုရှိ ဖုန်းဆိုးမြေပေါ်တွင် တည်ရှိခြင်းဖြစ်သော်လည်း အင်္ဂလိပ်ရေလက်ကြား၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့်နေရာတစ်ခု ဖြစ်သည်။

Suffolk ခရိုင်တွင် ကျယ်ပြောသည့်နေအိမ်တစ်ခုဆောက်လုပ်ခဲ့ပြီးနောက်ပိုင်း ယခုနေရာကို ဆက်လက်ဝယ်ယူ ခဲ့ခြင်းလည်း ဖြစ်သည်။

Southern Railway မီးရထားကုမ္ပဏီပိုင် ၁၈၈၀ ပြည့်လွန်ကာလများက အသုံးပြုခဲ့သော ရထားတွဲဟောင်း တစ်ခုကို အိပ်ခန်း ၂ ခန်းပါ နေအိမ်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။

ရှေးဟောင်းရထားတွဲကို ရှေ့နှင့်နောက်ဘက်တို့တွင် ချဲ့ထွင်မှုများ ပြုလုပ်ထားသည်။

အတွင်းပိုင်းတွင်ကား အခန်းဖွင့်စနစ်ဖြင့် ဖွဲ့စည်းထားပြီး မီးဖိုဆောင်ငယ်တစ်ခုနှင့် ညစာစားနေရာတို့ ပါဝင်သည်။

မှန်လျှောတံခါးများကို ဖွင့်လိုက်လျှင် နောက်ဘက်ရှိ ဥယျာဉ်ငယ်သို့ ရောက်ရှိမည်ဖြစ်ကာ အင်္ဂလိပ်ရေလက်ကြားကို တွေ့မြင်ရမည် ဖြစ်သည်။ ရထားတွဲအိမ်အတွင်း ထင်းမီးဖိုလည်း ပါဝင်ပြီး နေရာအများစုတွင် ကြမ်းပြင်အပူပေးစနစ်လည်း ထည့်သွင်းထားသည်။

Ed Sheeran သည် ဝင်ဘလေကွင်းကြီးတွင် စင်တင်တေးဂီတပွဲ ၅ ခုတင်ဆက်ဖျော်ဖြေခဲ့ပြီးနောက် ဥရောပနှင့် သြစတေးလျတို့တွင် ဂီတဖျော်ဖြေပွဲစဉ်များ ထွက်လျက်ရှိနေသည်။

Ed Sheeran သည် Suffolk ခရိုင်ရှိ စံအိမ်ကို ပေါင် ၃ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Sheeranville ဟု အမည်ပေးထားသော ထိုစံအိမ်ဝန်းအတွင်း အဆောက်အအုံ ၅ လုံးအထိ တဖြေးဖြေးတိုးချဲ့ခဲ့ ပြီး ခြံဝန်းအတွင်း ဘောလုံးကွင်း၊ နေအိမ်ပြင်ပ မီးဖိုဆောင်၊ ဖျော်ဖြေရေးနေရာနှင့် သဘာဝရေကန်တစ်ခုတို့ ပါဝင်သည်။

Ed Sheeran သည် Sheeranville စံအိမ်ကြီးတွင် ဇနီး၊ သမီး ၂ ဦးဖြစ်သော လိုင်ရာ၊ ဂျူပီတာတို့နှင့်အတူ နေထိုင်လျက် ရှိသည်။

သမီးငယ် ဂျူပီတာမှာ ယခုနှစ် မေလကမှ မွေးဖွားခဲ့ခြင်း ဖြစ်သည်။

(Ed Sheeran ၏ ပေါင် ၃ ဒသမ ၇ သန်းတန် Suffolk စံအိမ်)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A list celeb splashed out £650,000 on a shed with stunning sea views – but can YOU guess who it was? (thesun)

[Zawgyi]

မီးရထားတြဲေနအိမ္ကို ေပါင္ ၆၅၀၀၀၀ ျဖင့္ ဝယ္ယူလိုက္သူ ကမၻာေက်ာ္အဆိုေတာ္

ကမၻာေက်ာ္ၾကယ္ပြင့္တစ္ဦးသည္ ရင္သပ္ရႈေမာဖြယ္ ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ၾကည့္ရႈႏိုင္သည့္တည္ေနရာတြင္ မီးရထားတြဲတစ္ခုအား ေနအိမ္အျဖစ္ ေျပာင္းလဲထားသည့္ေနရာတစ္ခုကို ေပါင္ ၆၅၀၀၀၀ ျဖင့္ ဝယ္ယူလိုက္၏။

အဆုိပါ ၾကယ္ပြင့္ မည္သူျဖစ္သည္ဟု ထင္ပါသနည္း။

မီးရထားတြဲအိမ္ကို ဝယ္လိုက္သူမွာ ကမၻာေက်ာ္အဆိုေတာ္ Ed Sheeran ျဖစ္သည္။

အသက္ ၃၁ ႏွစ္အရြယ္ရွိ Ed Sheeran ႏွင့္ ဇနီးျဖစ္သူ ခ်ယ္ရီ ဆီးဘြန္း (Cherry Seaborn) (အသက္ ၃၀ ႏွစ္) တို႔သည္ အဂၤလန္ႏိုင္ငံေတာင္ပိုင္းတြင္ တည္ရွိေသာ ဝိတိုရိယမီးရထားလိုင္း၏ ရထားတြဲအိမ္ကို ဝယ္ယူလိုက္ ၾက ျခင္း ျဖစ္သည္။

(၁၈၈၀ ျပည့္လြန္ကာလမ်ားက မီးရထားတြဲတစ္ခုကို ေျပာင္းလဲထားသည့္ ေပါင္ ၆၅၀၀၀၀ တန္အိမ္)

(အသက္ ၃၁ ႏွစ္အရြယ္ရွိ Sheeran ႏွင့္ အသက္ ၃၀ အရြယ္ ဇနီးျဖစ္သူ ခ်ယ္ရီတို႔သည္ အဂၤလန္ႏိုင္ငံ၊ Suffolk ခရိုင္တြင္လည္း ေနအိမ္ ၅ လံုးပါ အိမ္ဝန္းတစ္ခု ပိုင္ဆိုင္ထားျပီး Sheeranville ဟု အမည္ေပးထားသည္)

မီးရထားတြဲအိမ္မွာ ကမ္းေျမာင္တစ္ခုရွိ ဖုန္းဆိုးေျမေပၚတြင္ တည္ရွိျခင္းျဖစ္ေသာ္လည္း အဂၤလိပ္ေရလက္ၾကား၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ေနရာတစ္ခု ျဖစ္သည္။

Suffolk ခရိုင္တြင္ က်ယ္ေျပာသည့္ေနအိမ္တစ္ခုေဆာက္လုပ္ခဲ့ျပီးေနာက္ပိုင္း ယခုေနရာကို ဆက္လက္ဝယ္ယူ ခဲ့ျခင္းလည္း ျဖစ္သည္။

Southern Railway မီးရထားကုမၸဏီပိုင္ ၁၈၈၀ ျပည့္လြန္ကာလမ်ားက အသံုးျပဳခဲ့ေသာ ရထားတြဲေဟာင္း တစ္ခုကို အိပ္ခန္း ၂ ခန္းပါ ေနအိမ္အျဖစ္ ေျပာင္းလဲထားျခင္း ျဖစ္သည္။

ေရွးေဟာင္းရထားတြဲကို ေရွ႕ႏွင့္ေနာက္ဘက္တို႔တြင္ ခ်ဲ႕ထြင္မႈမ်ား ျပဳလုပ္ထားသည္။

အတြင္းပိုင္းတြင္ကား အခန္းဖြင့္စနစ္ျဖင့္ ဖြဲ႔စည္းထားျပီး မီးဖုိေဆာင္ငယ္တစ္ခုႏွင့္ ညစာစားေနရာတို႔ ပါဝင္သည္။

မွန္ေလွ်ာတံခါးမ်ားကို ဖြင့္လိုက္လွ်င္ ေနာက္ဘက္ရွိ ဥယ်ာဥ္ငယ္သို႔ ေရာက္ရွိမည္ျဖစ္ကာ အဂၤလိပ္ေရလက္ၾကားကို ေတြ႔ျမင္ရမည္ ျဖစ္သည္။ ရထားတြဲအိမ္အတြင္း ထင္းမီးဖိုလည္း ပါဝင္ျပီး ေနရာအမ်ားစုတြင္ ၾကမ္းျပင္အပူေပးစနစ္လည္း ထည့္သြင္းထားသည္။

Ed Sheeran သည္ ဝင္ဘေလကြင္းၾကီးတြင္ စင္တင္ေတးဂီတပြဲ ၅ ခုတင္ဆက္ေဖ်ာ္ေျဖခဲ့ျပီးေနာက္ ဥေရာပႏွင့္ ၾသစေတးလ်တို႔တြင္ ဂီတေဖ်ာ္ေျဖပြဲစဥ္မ်ား ထြက္လ်က္ရွိေနသည္။

Ed Sheeran သည္ Suffolk ခရိုင္ရွိ စံအိမ္ကို ေပါင္ ၃ ဒသမ ၇ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Sheeranville ဟု အမည္ေပးထားေသာ ထိုစံအိမ္ဝန္းအတြင္း အေဆာက္အအံု ၅ လံုးအထိ တေျဖးေျဖးတိုးခ်ဲ႕ခဲ့ ျပီး ျခံဝန္းအတြင္း ေဘာလံုးကြင္း၊ ေနအိမ္ျပင္ပ မီးဖိုေဆာင္၊ ေဖ်ာ္ေျဖေရးေနရာႏွင့္ သဘာဝေရကန္တစ္ခုတို႔ ပါဝင္သည္။

Ed Sheeran သည္ Sheeranville စံအိမ္ၾကီးတြင္ ဇနီး၊ သမီး ၂ ဦးျဖစ္ေသာ လိုင္ရာ၊ ဂ်ဴပီတာတို႔ႏွင့္အတူ ေနထိုင္လ်က္ ရွိသည္။

သမီးငယ္ ဂ်ဴပီတာမွာ ယခုႏွစ္ ေမလကမွ ေမြးဖြားခဲ့ျခင္း ျဖစ္သည္။

(Ed Sheeran ၏ ေပါင္ ၃ ဒသမ ၇ သန္းတန္ Suffolk စံအိမ္)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A list celeb splashed out £650,000 on a shed with stunning sea views – but can YOU guess who it was? (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
bkk-projects
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service