ရုပ်ရှင်မင်းသား ဘင်အက်ဖလက်နှင့် လက်ထပ်လိုက်သည့် ဂျနီဖာလိုပက်ဇ်၏ စံအိမ်
ရုပ်ရှင်မင်းသား ဘင်အက်ဖလက်နှင့် လက်ထပ်လိုက်သည့် ဂျနီဖာလိုပက်ဇ်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
20 Jul 2022 10:58 am တွင် တင်ခဲ့သည်
1042 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာကျော်အဆိုတော် ရုပ်ရှင်မင်းသမီး၊ အဆိုတော် ဂျနီဖာလိုပက်ဇ်သည် Pearl Harbour ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သည့် ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဘင်အက်ဖလက်နှင့် ပြီးခဲ့သောရက်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂပ်မြို့တွင် အကျဉ်းရုံးကာ လက်ထပ်လိုက်ကြပြီ ဖြစ်သည်။
၂၀၀၂ ခုနှစ်က စတွဲခဲ့ကြသည့် ၎င်းတို့ ၂ ဦးအတွက် နှစ်ပေါင်း ၂၀ အကြာ အိမ်ထောင်ကိုယ်စီနှင့် သားသမီးများ ရပြီးနောက်ပိုင်းမှ ပေါင်းစည်းခဲ့ကြခြင်းလည်း ဖြစ်သည်။
၂၀၀၃ ခုနှစ်တွင် ၎င်းတို့ ၂ ဦး စေ့စပ်ခဲ့ကြဖူးပြီး သတင်းမီဒီယာတို့ အလွန်အကျွံ အာရုံစိုက်လာကြမှုကြောင့် ထိုစဉ်က လက်ထပ်ပွဲကို ရွှေ့ဆိုင်းခဲ့ကြသည်။
ယင်းနောက်ပိုင်းတွင်ကား ၂၀၀၄ ခုနှစ်တွင် လမ်းခွဲခဲ့ကြပြီး ကိုယ်စီလက်တွဲဖော် အသီးသီးနှင့် မိသားစုဘဝများ ထူထောင်ခဲ့ကြသည်။
သို့သော် ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ ဧပြီလတွင်မူ ဖူးစာကံက ၎င်းတို့အား ပြန်လည်ပေါင်းစည်းပေးခဲ့ကြပြီး နောက်ဆုံးတွင် နှစ်ကိုယ်တူဘဝခရီးကို လျှောက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်သည်။
သတင်းများအရ ဘင်အက်ဖလက်နှင့် ဂျေလိုတို့သည် နီဗားဒါးပြည်နယ်၊ Clark ခရိုင်တွင် ယခုရက်သတ္တပတ်အတွင်း လက်ထပ်လိုင်စင်လျှောက်ထားရယူခဲ့ကြပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီးဖြစ်ကြောင်း People မဂ္ဂဇင်းက ဖော်ပြသည်။
အကျဉ်းရုံးပြုလုပ်ခဲ့သည့် ထိမ်းမြားမင်္ဂလာအခမ်းအနားသို့ ဂျေလို၏ မိခင်နှင့် ရင်သွေးများတင်ရောက်ခဲ့ကြသည်။
အခြားမည်သည့်ပုဂ္ဂိုလ်များ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သည်ကိုမူ မသိရချေ။
(ဂျနီဖာလိုပက် ပိုင်ဆိုင်ခဲ့သည့် စံအိမ်များ)
ဂျနီဖာလိုပက်ဇ်သည် ပြီးခဲ့သည့်နှစ်ပေါင်းများစွာကာလအတွင်း ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးှရှိ အိမ်ခြံမြေများစွာ ဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။
အောက်ဖော်ပြပါတို့မှာ ဂျနီဖာလိုပက်ဇ် ပိုင်ဆိုင်ထားသည့်၊ ပိုင်ဆိုင်ခဲ့သည့် စံအိမ်များ ဖြစ်သည်။
၁။ ဂျနီဖာလိုပက်ဇ်၏ ပထမဆုံး စံအိမ်
ဂျနီဖာလိုပက်ဇ်သည် သူ၏ ပထမဆုံး single တေးသီချင်းဖြစ်သော If you had my love ကို သီဆိုထုတ်လုပ်ခဲ့ချိန် ၂၀၀၀ ပြည့်နှစ်အတွင်း အိမ်ခြံမြေပထမဆုံး ဝယ်ယူရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်။
ထိုစဉ်က ဝယ်ယူခဲ့သည်မှာ လော့စ်အိန်ဂျလိမြို့၊ The Summit ဟု အမည်တွင်သည့် ဂိတ်ဝန်းခတ် အိမ်ရာဝန်းတစ်ခုရှိ စံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နာမည်ကျော် Beverly Hills ဒေသအား စီးမိုးတွေ့မြင်နေရသည့် စံအိမ်တွင် အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။
(၂။ မိုင်အမ်မီ ကမ်းခြေစံအိမ်- The Miami Beachfront Retreat)
ဂျနီဖာလိုပက်ဇ်သည် ဒုတိယမြောက်စံအိမ်ကို ၂၀၀၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ပြီး ဈေးနှုန်းကိုမူ မသိရချေ။
မိုင်အိမ်မီ ကမ်းခြေတွင် တည်ရှိသောစံအိမ်ဖြစ်ပြီး စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ ခြံအကျယ်မှာ ၁ ဒသမ ၂ ဧကကျော်ရှိသည်။ ပင်လယ်မျက်နှာစာ ၁၈၄ ပေအထိ ပိုင်ဆိုင်ထားပြီး အလျား ပေ ၆၀ ရှိ ရေကူးကန်၊ စနစ်တကျမွမ်းမံထားသော ပန်းဥယျာဉ်တို့ ပါဝင်သည်။
(၃။ Long Island မှ စံအိမ်)
နယူးယောက်ပြည်နယ်၊ Long Island, Brookville အရပ်တွင် တည်ရှိပြီး ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် စံအိမ်ကြီးကို ဂျနီဖာလိုပက်ဇ်က ကန်ဒေါ်လာ ၃ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့သည်။
ဂျေလိုနှင့် ထိုအချိန်က သူ၏လက်တွဲဖော်တို့က လမ်းထဲရှိ အခြားအိမ်တစ်လုံးကိုလည်း ကန်ဒေါ်လာ ၂ သန်းဖြင့် ထပ်မံဝယ်ယူခဲ့သေးသည်။
စတုရန်းပေ ၁၀၅၀၀ ကျယ်ဝန်းသည့် ယခုစံအိမ်၏ အတွင်းပိုင်းကို အိမ်တွင်းမွမ်းမံမှုပညာရှင် Thom Filicia အား ငှားရမ်းကာ မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
(၄။ လော့စ်အိန်ဂျလိမြို့၊ Hidden Hills စံအိမ်)
၂၀၁၀ ပြည့်နှစ်တွင် ဂျနီဖာလိုပက်ဇ်သည် လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်ရှိ ၃ ဧကကျယ်ဝန်းသော ခြံဝန်းနှင့်စံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့၏။
ရိုးရာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ပင်မစံအိမ်နှင့် ဖျော်ဖြေရေးနေရာအဆောက်အအုံ ၂ ခုပါဝင်ကာ တံတားတစ်ခုဖြင့် ဆက်သွယ်ပေးထားသည်။
(၅။ နယူးယောက်မြို့မှ Penthouse ခန်း)
ဂျနီဖာလိုပက်ဇ်သည် ၂၀၁၄ ခုနှစ်တွင် နယူးယောက်မြို့ Madison Square ပန်းခြံအား စီးမိုးတွေ့မြင်နေရသည့် တန်ဖိုးကြီး Penthouse ခန်းတစ်ခန်းကို ဝယ်ယူခဲ့သည်။ တည်နေရာမှာ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ Flatiron ခရိုင်တွင် ဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၀ ပေးခဲ့ရသည်။
အကျယ်အဝန်း ၆၅၀၀ စတုရန်းပေရှိပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ ဝက်သစ်ချသားကြမ်းခင်းများနှင့် စကျင်ကျောက်ပြားခင်း ရေချိုးခန်းတို့ ပါဝင်သည်။
(၆။ Bel-Air အရပ်မှ စံအိမ်)
ဂျနီဖာလိုပက်ဇ်သည် လော့စ်အိန်ဂျလိမြို့၊ Bel-Air အရပ်ရှိ စတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းကာ ပြင်သစ်ကျေးလက်ဗိသုကာဟန်ဖြင့် ၁၉၄၀ ပြည့်နှစ်တွင် ဗိသုကာပညာရှင် Samuel Marx က ဆောက်လုပ်ခဲ့သည့် စံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ဝယ်ယူခဲ့သည်။
ကန်ဒေါ်လာ ၂၈ သန်းပေးခဲ့ရသည့် စံအိမ်တွင် ထိုင်ခုံ ၁၀၀ ဆန့် ကဇာတ်ရုံ၊ ဂေါက်ကွင်းအငယ်စား ၁ ခု၊ ရေကူးကန်တစ်ခုတိုပ ပါဝင်သည်။
(၇။ နယူးယောက် မိုးမျှော်တိုက် ကွန်ဒိုခန်း)
၂၀၁၈ ခုနှစ်အတွင်း ဂျေလိုနှင့် ထိုစဉ်က လက်တွဲဖော်တို့က နယူးယောက်မြို့၊ 432 Park Avenue ဟု အမည်ရသော မိုးမျှော်တိုက်ကြီး၏ ၃၆ ထပ်မြောက်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၅ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့သည်။
အခန်းအကျယ် စတုရန်းပေ ၄၀၀၀ ရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်ကာ ဂျေလိုပိုင်ဆိုင်ထား သည့် အခြားအိမ်ခြံမြေများနှင့် နှိုင်းယှဉ်လျှင် ကျဉ်းမြောင်းသောအခန်းတစ်ခန်း ဖြစ်သည်။
(၈။ မာလီဘူး စံအိမ်)
၂၀၁၉ ခုနှစ်တွင် ဂျေလိုနှင့် ထိုအချိန်က လက်တွဲဖော်တို့သည် လော့စ်အိန်ဂျလိမြို့အနောက်ဘက် မာလီဘူးမြို့ကလေးတွင် တည်ရှိကာ ပစိဖိတ်သမုဒ္ဒရာ၏ ရင်သပ်ရှုမောဖွယ် ရှုခင်းများ ပိုင်ဆိုင်ထားသည့် စတုရန်းပေ ၄၄၀၄ ကျယ်ဝန်းသော ၃ ထပ်စံအိမ်ကို ဝယ်ယူခဲ့ကြသည်။
စံအိမ်အတွင်း အိပ်ခန်း ၄ ခန်းပါဝင်ပြီး ပင်မအိပ်ခန်းမှာ အပေါ်ဆုံးထပ်တစ်ထပ်လုံးတွင် နေရာယူထားသည်။
(၉။ Encino အရပ်ရှိ စံအိမ်)
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ဂျနီဖာလိုပက်ဇ်သည် လော့စ်အိန်ဂျလိမြို့၊ Encino အရပ်ရှိ တစ်ထပ်အိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့သည်။
စတုရန်းပေ ၂၂၀၀ ကျယ်ဝန်းပြီး ရာစုနှစ်လယ် ရန့်ချ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်အတွင်း အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါဝင်သည်။
(၁၀။ Star Island စံအိမ်)
ဂျနီဖာလိုပက်ဇ်၏ ဖလော်ရီဒါပြည်နယ်၊ Star Island ရှိ စံအိမ်မှာ စတုရန်းပေ ၁၄၇၆၂ အထိ ကျယ်ဝန်းသည့် စံအိမ်ကြီးဖြစ်ပြီး အိပ်ခန်း ၁၀ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်းရှိသည်။
အဖြူရောင် အင်္ဂတေစံအိမ်နှင့် ဧည့်ဂေဟာအိမ်တို့ဖြင့် ဖွဲ့စည်းထားကာ ခြံဝန်းအကျယ်မှာ ၁ ဧကနီးပါးရှိသည်။
စံအိမ်အတွင်း ခမ်းနားလှသော မီးလင်းဖိုများအပြင် ဓာတ်လှေကားတစ်စင်းလည်း ပိုင်ဆိုင်ထားသည်။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: An inside look at all the houses owned by Jennifer Lopez /re-thinkingthefuture (re-thinkingthefuture)
[Zawgyi]
ဂျနီဖာလိုပက်ဇ်သည် ပြီးခဲ့သည့်နှစ်ပေါင်းများစွာကာလအတွင်း ဒေါ်လာသန်းပေါင်းများစွာ တန်ကြေှးရှိ အိမ်ခြံမြေများစွာ ဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။
(၃။ Long Island မှ စံအိမ်)
(၆။ Bel-Air အရပ်မှ စံအိမ်)
(၈။ မာလီဘူး စံအိမ်)
(၉။ Encino အရပ်ရှိ စံအိမ်)
စတုရန်းပေ ၂၂၀၀ ကျယ်ဝန်းပြီး ရာစုနှစ်လယ် ရန့်ခ်ျ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်အတွင်း အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါဝင်သည်။
(၁၀။ Star Island စံအိမ်)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
taunggyi-garden-city
pan-swal-taw
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service