ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
(ဂျွန်လင်နွန် ဘယ်သူလဲ)
ဂျွန်လင်နွန်သည် ဂီတသမားတစ်ဦးဖြစ်ပြီး အထင်ကရ တေးဂီတအဖွဲ့ကြီး Beatles ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
ထို့အပြင် ဂျွန်လင်နွန်သည် တစ်ကိုယ်တော်အဖြစ်လည်း အောင်မြင်မှုများ များစွာရှိသည်။
ဂျွန်လင်နွန်သည် ပေါလ်မက္ကာတနေးနှင့် ပူးပေါင်းကာ Beatles ၏ သီချင်းများစွာ အတူရေးသား၊ သီဆိုခဲ့သည်။
Beatles ၏ အကျော်ကြားဆုံး သီချင်းများတွင် “Let it be” “Hey Jude” နှင့် “Can’t buy me love” တို့လည်း ပါဝင်သည်။
တစ်ကိုယ်တော်အဖြစ် ဖြတ်သန်းမှုတွင်လည်း Imagine ကဲ့သို့ အံ့အားသင့်ဖွယ် သီချင်းများ ဖန်တီးနိုင်ခဲ့သည်။
ဂျွန်လင်နွန်သည် အဆိုတော် Yoko Ono နှင့် လက်ထပ်ခဲ့ပြီး ဂျူလီယန် လင်နွန်နှင့် ရှောင်လင်နွန်အမည်ရှိ ရင်သွေး ၂ ဦးထွန်းကားသည်။
ရင်သွေး ၂ ဦးလုံးမှာ ဖခင်၏ခြေရာနင်းခဲ့ကြီး ဂီတသမားများဖြစ်လာကြရုံမျှမက ငြိမ်းချမ်းရေးလှုပ်ရှားသူများ လည်း ဖြစ်လာသည်။
၁၉၈၀ ပြည့်နှစ်တွင် ဂျွန်လင်နွန်ကို Mark David Chapman အမည်ရှိသူက လုပ်ကြံသတ်ဖြတ်ခဲ့သည်။
ဂျွန်လင်နွန်၏ မွေးနေ့- ၁၉၄၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက် (အသက် ၄၀ အရွယ်တွင် ကွယ်လွန်) ဂျွန်လင်နွန်၏ အရပ်အမြင့်- ၅ ပေ ၁၀ လက်မ
ဂျွန်လင်နွန်၏ ဇာတိ- အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့
ဂျွန်လင်နွန်၏ ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၂၀၀
(ဂျွန်လင်နွန်၏ နောက်ဆုံးစံအိမ်)
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ပင်လယ်ကမ်းခြေစံအိမ်မှာ ဂျွန်လင်နွန် လုပ်ကြံမခံရမီ နောက်ဆုံးဝယ်ယူနေထိုင်သွားသော စံအိမ်ဖြစ်သည်။
စံအိမ်အတွင်း အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၂ ခန်းပါဝင်ကာ အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၁၀၀၀၀ ကျော် ရှိသည်။
၁၉၂၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ပြီး အပြင်ဘက်မြင်ကွင်းမှာ ရဲတိုက်ကြီးတစ်လုံးနှင့် သဏ္ဍာန်တူနေကာ လွန်စွာကြီးမားလှသည့် မီးလင်းဖိုကြီးများ ထည့်သွင်းထားသော ခမ်းနားလှသည့် ဗိသုကာလက်ရာကို တွေ့ရမည် ဖြစ်သည်။
စံအိမ်တွင် ကြီးမားသည့် ရေကူးကန်ကြီးရှိပြီး ရင်သပ်ရှုမောဖွယ်ရာ ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။
ထို့အပြင် ပင်လယ်ကို မျက်နှာစာပေးထားသည့် စံအိမ်ပြင်ပ ညစာစားရန်နေရာတစ်ခုပင် ပါဝင်သေးသည်။
စံအိမ်အတွင်း စာကြည့်တိုက်၊ အလှပြင်ခန်းနှင့် အရက်ဘားတို့လည်း ရှိသည်။
စံအိမ်၏ အပိုင်းတစ်ခုလုံးကို Master Bedroom အတွက် သီးသန့်ပိုင်းခြားဆောက်လုပ်ထားသည်။
ထိုအပိုင်းတွင် နားနေခန်း၊ သီးသန့်ရေချိုးခန်းနှင့် စံအိမ်ဘေးသို့ထုတ်ထားသည့် နားနေဆောင်နေရာတို့ဖြင့် ဖွဲ့စည်းထားသည်။
ခြံဝန်းအတွင်း တင်းနစ်ကွင်းတစ်ခုလည်း ရှိသည်။
(အသေးစိတ်အချက်အလက်များ)
အိပ်ခန်း - ၇ ခန်း
ရေချိုးခန်း- ၁၂ ခန်း
အကျယ်အဝန်း- ၁၀၅၅၉ စတုရန်းပေ
တန်ကြေး- ကန်ဒေါ်လာ ၅၃ ဒသမ ၃ သန်း
ဂျွန်လင်နွန်၏ စံအိမ်လိပ်စာ- Ocean Blvd, Palm Beach, FL 33480
(Beatles သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
When I'm sixty four ကိုင်ဇာ- ရွှေရတုအချစ် (တေးရေး- စောဘွဲ့မှူး)၊ အဆိုပါသီချင်းကိုပင် ဘိုဘို နှင့် ညီပုလေးတို့၏ မိုးတိမ်များအကြောင်း စီးရီးတွင် မမချာတိတ်ဟူသောအမည်ဖြင့် သီဆိုထားသေးသည်။
(ဘိုဘိုဟန်၏ ပြန်လည်သီဆိုမှုများ)
I saw her standing there -ဂဏန်းတွက်ပါ နှုတ်ခမ်းနီမဆိုးနဲ့
Love me do -ကျောပိုးအိတ်တစ်လုံး အသည်းနှလုံးတစ်ခုနဲ့
Imagine -မိုးထဲလေထဲ နှစ်ယောက်ထဲ
Come together- တတိယမြောက် ရည်းစားစကားနိဒါန်း
(ပလေးဘွိုင်းသန်းနိုင်၏ ပြန်လည်သီဆိုမှုများ)
Something- အလှကြိုက်သူလူမိုက်
Obla di Obla da - အချစ်ရူး
Getback - ခေါက်ထား
No reply - တခြမ်းပဲ့အသည်း
Let it be - ခွင့်လွှတ်တယ်
Don't let me down- အရက်စက်ဆုံး
Lady Maddona - သံယောင်မလိုက်နဲ့
Ticket to ride- ကပ်ခွါလေး
I want to hold your hand -R ဇာနည် တစ်စက္ကန့်
All my loving ဟေမာနေဝင်း -အိပ်မက်ရှင်
Obla di Obla da ပလေးဘွိုင်းသန်းနိုင် အချစ်ရူး/ ပိုးဒါလီသိန်းတန်-လမ်းသရဲလို့ မပြောပါနဲ့ / ဖြူဖြူကျော်သိန်း -ပျော်ပါစေ
Come together မင်းမင်းလတ်- အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း ( ဇော်ဝင်းထွဋ်လည်းသီဆိုထား)/ ဘိုဘိုဟန်ကလည်း တတိယမြောက် ရည်းစားစကားနိဒါန်းဟူသောအမည်ဖြင့် သီဆို
The ballad of John and Yoko ဇော်ဝင်းထွဋ် -အချစ်နဲ့ကျွန်တော့်ရဲ့ပြဇာတ်
Norwegian wood မြန်မာပြည်သိန်းတန် -သူကအဝင် ကိုယ်ကအထွက်
You give me your money တူးတူး -မုန်းချင်မုန်းလိုက်
Here come the sun တူးတူး -နေဝန်းနီပေါ်ထွက်ပြီ/ ဂျေမောင်မောင် ချစ်ကံဆိုးတယ်
Rock N' Roll music တူးတူး- ရက်စက်နှုတ်ထွက် မုန်းလိုက်သင့်ပြီ
When my guitar gently weeps မာရဇ္ဇ - ငိုပေဉီးတော့ ဂစ်တာလေး
Let it be ရင်ဂို -အချစ်ခါးတဲ့နေ့/ပလေးဘွိင်းသန်းနိုင်- ခွင့်လွှတ်တယ်
Don't let me down ချစ်ကောင်း-လွဲချော်ခြင်း/ ပိုးဒါလီသိန်းတန်-အသည်းယူစမ်း/ ပလေးဘွိုင်းသန်းနိုင်- အရက်စက်ဆုံး/ ကျော်ဟိန်း-မညှင်းဆဲပါနဲ့
I saw her standing there တော်မီကျော်နိုင် -တော်မီရဲ့ Disco
A heard days night........ဂရေဟမ် -အချစ်မီး
(ဂျေမောင်မောင်၏ ပြန်လည်သီဆိုမှုများ)
It won't belong - မေ့လို့မရပါ
Thank you girl - ကျေးဇူးပဲ
A world without love - လုပ်ရက်တယ်
Across the universe - စကြာဝဠာကို ဖြတ်သန်းခြင်း ( ဖြိုးပြည့်စုံကလည်း ပြောင်းလဲခြင်းမဲ့အချစ်ဟု သီဆိုထား)
Yesterday ပြန်ဆုံမယ် -ဇော်ပိုင် နှင့် ချောစုခင်တို့၏ အကြင်နာအင်အားစီးရီးမှ Crying waiting hoping ရဲသွင်-ဘယ်အချိန် ဘယ်နေရာ ဘယ်ကမ္ဘာ
(သင်္ကြန်သီချင်းအဖြစ် သီဆိုထားမှုများ)
Rock N Roll -သင်္ကြန်အကြိုနေ့မနက်
Long tall sally- မြူးမယ်
Drive my car ဖရန်ကို-အချစ်သည် တခါတရံ၌ ကားတစ်စီးဖြစ်သည်
Here,there and everywhere တက္ကသိုလ်အေးမောင် -ရင်ခွင်ကင်းတဲ့အချစ်
(ဆက်စပ်သတင်း)
ဘီးတဲလ်အဖွဲ့ကြီးမှ ဂစ်တာသမား ဂျော့ချ် ဟဲရစ်ဆန်၏ ကလေးဘဝနေအိမ်
https://www.imyanmarhouse.com/news/read/1005023
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: John Lennon House: The Last Mansion (urbansplatter)
[Zawgyi]
Beatles အဖြဲ႔ၾကီး အဆိုေတာ္ ဂၽြန္လင္ႏြန္၏ ေနာက္ဆံုးစံအိမ္
(ဂၽြန္လင္ႏြန္ ဘယ္သူလဲ)
ဂၽြန္လင္ႏြန္သည္ ဂီတသမားတစ္ဦးျဖစ္ျပီး အထင္ကရ ေတးဂီတအဖြဲ႔ၾကီး Beatles ၏ အဖြဲ႔ဝင္တစ္ဦး ျဖစ္သည္။
ထို႔အျပင္ ဂၽြန္လင္ႏြန္သည္ တစ္ကိုယ္ေတာ္အျဖစ္လည္း ေအာင္ျမင္မႈမ်ား မ်ားစြာရွိသည္။
ဂၽြန္လင္ႏြန္သည္ ေပါလ္မကၠာတေနးႏွင့္ ပူးေပါင္းကာ Beatles ၏ သီခ်င္းမ်ားစြာ အတူေရးသား၊ သီဆိုခဲ့သည္။
Beatles ၏ အေက်ာ္ၾကားဆံုး သီခ်င္းမ်ားတြင္ “Let it be” “Hey Jude” ႏွင့္ “Can’t buy me love” တို႔လည္း ပါဝင္သည္။
တစ္ကိုယ္ေတာ္အျဖစ္ ျဖတ္သန္းမႈတြင္လည္း Imagine ကဲ့သို႔ အံ့အားသင့္ဖြယ္ သီခ်င္းမ်ား ဖန္တီးႏိုင္ခဲ့သည္။
ဂၽြန္လင္ႏြန္သည္ အဆိုေတာ္ Yoko Ono ႏွင့္ လက္ထပ္ခဲ့ျပီး ဂ်ဴလီယန္ လင္ႏြန္ႏွင့္ ေရွာင္လင္ႏြန္အမည္ရွိ ရင္ေသြး ၂ ဦးထြန္းကားသည္။
ရင္ေသြး ၂ ဦးလံုးမွာ ဖခင္၏ေျခရာနင္းခဲ့ၾကီး ဂီတသမားမ်ားျဖစ္လာၾကရံုမွ်မက ျငိမ္းခ်မ္းေရးလႈပ္ရွားသူမ်ား လည္း ျဖစ္လာသည္။
၁၉၈၀ ျပည့္ႏွစ္တြင္ ဂၽြန္လင္ႏြန္ကို Mark David Chapman အမည္ရွိသူက လုပ္ၾကံသတ္ျဖတ္ခဲ့သည္။
ဂၽြန္လင္ႏြန္၏ ေမြးေန႔- ၁၉၄၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၉ ရက္ (အသက္ ၄၀ အရြယ္တြင္ ကြယ္လြန္)
ဂၽြန္လင္ႏြန္၏ အရပ္အျမင့္- ၅ ေပ ၁၀ လက္မ
ဂၽြန္လင္ႏြန္၏ ဇာတိ- အဂၤလန္ႏိုင္ငံ၊ လီဗာပူးျမိဳ႕
ဂၽြန္လင္ႏြန္၏ ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၂၀၀
(ဂၽြန္လင္ႏြန္၏ ေနာက္ဆံုးစံအိမ္)
အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach ရွိ ပင္လယ္ကမ္းေျခစံအိမ္မွာ ဂၽြန္လင္ႏြန္ လုပ္ၾကံမခံရမီ ေနာက္ဆံုးဝယ္ယူေနထိုင္သြားေသာ စံအိမ္ျဖစ္သည္။
စံအိမ္အတြင္း အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္းပါဝင္ကာ အက်ယ္အဝန္းအားျဖင့္ စတုရန္းေပ ၁၀၀၀၀ ေက်ာ္ ရွိသည္။
၁၉၂၅ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည့္စံအိမ္ျဖစ္ျပီး အျပင္ဘက္ျမင္ကြင္းမွာ ရဲတိုက္ၾကီးတစ္လံုးႏွင့္ သ႑ာန္တူေနကာ လြန္စြာၾကီးမားလွသည့္ မီးလင္းဖိုၾကီးမ်ား ထည့္သြင္းထားေသာ ခမ္းနားလွသည့္ ဗိသုကာလက္ရာကို ေတြ႔ရမည္ ျဖစ္သည္။
စံအိမ္တြင္ ၾကီးမားသည့္ ေရကူးကန္ၾကီးရွိျပီး ရင္သပ္ရႈေမာဖြယ္ရာ ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။
ထို႔အျပင္ ပင္လယ္ကို မ်က္ႏွာစာေပးထားသည့္ စံအိမ္ျပင္ပ ညစာစားရန္ေနရာတစ္ခုပင္ ပါဝင္ေသးသည္။
စံအိမ္အတြင္း စာၾကည့္တိုက္၊ အလွျပင္ခန္းႏွင့္ အရက္ဘားတို႔လည္း ရွိသည္။
စံအိမ္၏ အပိုင္းတစ္ခုလံုးကို Master Bedroom အတြက္ သီးသန္႔ပိုင္းျခားေဆာက္လုပ္ထားသည္။
ထိုအပိုင္းတြင္ နားေနခန္း၊ သီးသန္႔ေရခ်ဳိးခန္းႏွင့္ စံအိမ္ေဘးသို႔ထုတ္ထားသည့္ နားေနေဆာင္ေနရာတို႔ျဖင့္ ဖြဲ႔စည္းထားသည္။
ျခံဝန္းအတြင္း တင္းနစ္ကြင္းတစ္ခုလည္း ရွိသည္။
(အေသးစိတ္အခ်က္အလက္မ်ား)
အိပ္ခန္း - ၇ ခန္း
ေရခ်ဳိးခန္း- ၁၂ ခန္း
အက်ယ္အဝန္း- ၁၀၅၅၉ စတုရန္းေပ
တန္ေၾကး- ကန္ေဒၚလာ ၅၃ ဒသမ ၃ သန္း
ဂၽြန္လင္ႏြန္၏ စံအိမ္လိပ္စာ- Ocean Blvd, Palm Beach, FL 33480
(Beatles သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)
When I'm sixty four ကိုင္ဇာ- ေရႊရတုအခ်စ္ (ေတးေရး- ေစာဘြဲ႔မွဴး)၊ အဆိုပါသီခ်င္းကိုပင္ ဘိုဘို ႏွင့္ ညီပုေလးတို႔၏ မိုးတိမ္မ်ားအေၾကာင္း စီးရီးတြင္ မမခ်ာတိတ္ဟူေသာအမည္ျဖင့္ သီဆိုထားေသးသည္။
(ဘိုဘိုဟန္၏ ျပန္လည္သီဆိုမႈမ်ား)
I saw her standing there -ဂဏန္းတြက္ပါ ႏႈတ္ခမ္းနီမဆိုးနဲ႔
Love me do -ေက်ာပိုးအိတ္တစ္လံုး အသည္းႏွလံုးတစ္ခုနဲ႔
Imagine -မိုးထဲေလထဲ ႏွစ္ေယာက္ထဲ
Come together- တတိယေျမာက္ ရည္းစားစကားနိဒါန္း
(ပေလးဘိြဳင္းသန္းႏိုင္၏ ျပန္လည္သီဆိုမႈမ်ား)
Something- အလွႀကိဳက္သူလူမိုက္
Obla di Obla da - အခ်စ္ရူး
Getback - ေခါက္ထား
No reply - တျခမ္းပဲ့အသည္း
Let it be - ခြင့္လႊတ္တယ္
Don't let me down- အရက္စက္ဆံုး
Lady Maddona - သံေယာင္မလိုက္နဲ႔
Ticket to ride- ကပ္ခြါေလး
I want to hold your hand -R ဇာနည္ တစ္စကၠန္႔
All my loving ေဟမာေနဝင္း -အိပ္မက္ရွင္
Obla di Obla da ပေလးဘြိဳင္းသန္းႏိုင္ အခ်စ္ရူး/ ပိုးဒါလီသိန္းတန္-လမ္းသရဲလို႔ မေျပာပါနဲ႔ / ျဖဴျဖဴေက်ာ္သိန္း -ေပ်ာ္ပါေစ
Come together မင္းမင္းလတ္- အေပၚထပ္နဲ႔ေအာက္ထပ္ဇာတ္လမ္း ( ေဇာ္ဝင္းထြဋ္လည္းသီဆိုထား)/ ဘိုဘိုဟန္ကလည္း တတိယေျမာက္ ရည္းစားစကားနိဒါန္းဟူေသာအမည္ျဖင့္ သီဆို
The ballad of John and Yoko ေဇာ္ဝင္းထြဋ္ -အခ်စ္နဲ႔ကြၽန္ေတာ့္ရဲ့ျပဇာတ္
Norwegian wood ျ မန္မာျပည္သိန္းတန္ -သူကအဝင္ ကိုယ္ကအထြက္
You give me your money တူးတူး -မုန္းခ်င္မုန္းလိုက္
Here come the sun တူးတူး -ေနဝန္းနီေပၚထြက္ၿပီ/ ေဂ်ေမာင္ေမာင္ ခ်စ္ကံဆိုးတယ္
Rock N' Roll music တူးတူး- ရက္စက္ႏႈတ္ထြက္ မုန္းလိုက္သင့္ၿပီ
When my guitar gently weeps မာရဇၨ - ငိုေပၪီးေတာ့ ဂစ္တာေလး
Let it be ရင္ဂို -အခ်စ္ခါးတဲ့ေန႔/ပေလးဘိြင္းသန္းႏိုင္- ခြင့္လႊတ္တယ္
Don't let me down ခ်စ္ေကာင္း-လြဲေခ်ာ္ျခင္း/ ပိုးဒါလီသိန္းတန္-အသည္းယူစမ္း/ ပေလးဘိြဳင္းသန္းႏိုင္- အရက္စက္ဆံုး/ ေက်ာ္ဟိန္း-မၫွင္းဆဲပါနဲ႔
I saw her standing there ေတာ္မီေက်ာ္ႏိုင္ -ေတာ္မီရဲ့ Disco
A heard days night........ဂေရဟမ္ -အခ်စ္မီး
(ေဂ်ေမာင္ေမာင္၏ ျပန္လည္သီဆိုမႈမ်ား)
It won't belong - ေမ့လို႔မရပါ
Thank you girl - ေက်းဇူးပဲ
A world without love - လုပ္ရက္တယ္
Across the universe - စၾကာဝဠာကို ျဖတ္သန္းျခင္း ( ၿဖိဳးျပည့္စံုကလည္း ေျပာင္းလဲျခင္းမဲ့အခ်စ္ဟု သီဆိုထား)
Yesterday ျပန္ဆံုမယ္ -ေဇာ္ပိုင္ ႏွင့္ ေခ်ာစုခင္တို႔၏ အၾကင္နာအင္အားစီးရီးမွ Crying waiting hoping ရဲသြင္-ဘယ္အခ်ိန္ ဘယ္ေနရာ ဘယ္ကမ႓ာ
(သၾကၤန္သီခ်င္းအျဖစ္ သီဆိုထားမႈမ်ား)
Rock N Roll -သၾကၤန္အႀကိဳေန့မနက္
Long tall sally- ျမဴးမယ္
Drive my car ဖရန္ကို-အခ်စ္သည္ တခါတရံ၌ ကားတစ္စီးျဖစ္သည္
Here,there and everywhere တကၠသိုလ္ေအးေမာင္ -ရင္ခြင္ကင္းတဲ့အခ်စ္
(ဆက္စပ္သတင္း)
ဘီးတဲလ္အဖြဲ႔ၾကီးမွ ဂစ္တာသမား ေဂ်ာ့ခ်္ ဟဲရစ္ဆန္၏ ကေလးဘဝေနအိမ္
https://www.imyanmarhouse.com/news/read/1005023
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: John Lennon House: The Last Mansion (urbansplatter)