လုပ်ကြံသတ်ဖြတ်ခံလိုက်ရသော ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ စံအိမ်

လုပ်ကြံသတ်ဖြတ်ခံလိုက်ရသော ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
13 Jul 2022 11:19 am တွင် တင်ခဲ့သည်
1167 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပန်၏ ယခင်ဝန်ကြီးချုပ်ဟောင်းများနှင့် မတူသည့်အချက်မှာ ဝန်ကြီးချုပ် (ဟောင်း) ရှင်ဇိုအာဘေးသည် တိုကျိုမြို့၊ တို့မိဂယခရိုင်ရှိ ကွန်ဒိုတွင် နေထိုင်ခြင်း ဖြစ်သည်။

ဂျပန်၏ ဝန်ကြီးချုပ်များအတွက် အဆောက်အအုံနေရာ ၂ ခုရှိပြီး တစ်ခုမှာ ရုံးလုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည့် တရားဝင်အိမ်တော် (Kantei) ဖြစ်ပြီး အခြားတစ်ခုမှာ ပင်မစံအိမ်တော် (Kotei) ဖြစ်ပြီး အိမ်တော်ဝန်းအတွင်း တည်ရှိသည်။

ယင်းစံအိမ် ၂ လုံးမှာ ကပ်လျက်တည်ရှိပြီး ဒိုင်းယက်လွှတ်တော်တည်ရှိရာ တိုကျိုမြို့၊ နဂတ ချို ခရိုင်တွင် တည်ရှိသည်။

ရှင်ဇိုအာဘေးသည် ဝန်ကြီးချုပ်အိမ်တော်တွင် နေထိုင်ခြင်းမပြုချေ။ ဝန်ကြီးချုပ်အိမ်တော်မှာ သရဲအလွန်ခြောက်သောကြောင့် မနေထိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

၉၆ ဆက်မြောက် ဂျပန်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆိုခဲ့စဉ်ကတည်းက ရှင်ဇိုအာဘေးသည် မိဘများပိုင်ဆိုင်သော ကွန်ဒိုမှသာ ရုံးတက်လေ့ရှိပြီး ကွန်ဒိုတွင် နေထိုင်ရခြင်းမှာ ပိုကောင်းကြောင်း ပြောဖူးသည်။

ရှင်ဇိုအာဘေး၏ ကွန်ဒိုမှာ တို့မိဂယ ဟိမ်း (Tomigaya Heim) ဟုအမည်ရပြီး ၁၉၉၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ရှိဘုယနှင့် ရှင်ဂျုကုတို့အကြား ဆိတ်ငြိမ်သည့်ဒေသတွင် တည်ရှိသည်။

နေအိမ်မှ ဒိုင်းယက်လွှတ်တော်သို့ မော်တော်ကားဖြင့် ၁၅ မိနစ်ခရီးသာ ဝေးကွာသည်။

ရှင်ဇိုအာဘေး၏ ကွန်ဒိုခန်းမှာ duplex ခန်းဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၄၉၈ ဒသမ ၃၂ စတုရန်းမီတာ ရှိသည်။

အဆိုပါအဆောက်အအုံရှိ အခန်းများကို ငှားရမ်းမည်ဆိုလျှင် တစ်လလျှင် ဂျပန်ယန်းငွေ ၅၈၀၀၀၀ (ကန်ဒေါ်လာ ၄၈၇၀) ဝန်းကျင်ခန့် ပေါက်ဈေးရှိသည်။

(ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ရုပ်ကလာပ်ကို တင်ဆောက်လာသည့် နိဗ္ဗာန်ယာဉ် ဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိလာစဉ်။ လက်ရှိဂျပန်ဝန်ကြီးချုပ် ဖုမီးယိုး ကိရှိဒ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် ဝန်ထမ်းများက ဦးညွှတ် ဂါရဝပြုနေကြပုံ။ ဇူလိုင်-၁၂၊ တိုကျို၊ ဂျပန်)

(ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ဈာပနအတွက် တိုကျိုမြို့တော်တွင် ပြည်သူများ စုဝေးနေကြပုံ)

(ရှင်ဇိုအာဘေး ဘယ်သူလဲ)

ရှင်ဇိုအာဘေး -安倍 晋三 (၁၉၅၄-၂၀၂၂) သည် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP) ၏ ဥက္ကဌဖြစ်ပြီး ၂၀၀၆ မှ ၂၀၀၇ အထိလည်းကောင်း၊ ၂၀၁၂ မှ ၂၀၂၀ ပြည့်နှစ်အထိလည်းကောင်း ဂျပန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ရှင်ဇိုအာဘေးသည် ဂျပန်သမိုင်းတွင် သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်သွားသည့် ဝန်ကြီးချုပ် ဖြစ်သည်။

ထို့အပြင် ဝန်ကြီးချုပ် ဂျုနိချိရို့ ကိုအိဇုမိလက်ထက်တွင် အစိုးရအဖွဲ့ဝန်ကြီးအဖြစ်လည်း ၂၀၀၅ မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ရှင်ဇိုအာဘေးကို ထင်ရှားသော နိုင်ငံရေးအသိုင်းအဝိုင်းမိသားစုမှ တိုကျိုမြို့တွင် မွေးဖွားခဲ့သည်။

ရှင်ဇိုအာဘေးသည် ဝန်ကြီးချုပ် နို့ဘုဆုကဲ့ ကိရှိ (Nobusuke Kishi) ၏ မြေးလည်း ဖြစ်သည်။

နို့ဘုဆုကဲ့ ကိရှိသည် ၁၉၅၇ မှ ၁၉၆၀ အထိ တာဝန်ထမ်းဆောင်ခဲ့သော ဂျပန်ဝန်ကြီးချုပ်ဖြစ်ပြီး ရှင်ဇိုအာဘေး၏ မိခင်ဘက်မှ အဘိုးလည်း ဖြစ်သည်။ ရှင်ဇိုအာဘေးသည် Akie Matsuzaki နှင့် ၁၉၈၇ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

(လုပ်ကြံသတ်ဖြတ်ခံရခြင်း)

ရှင်ဇိုအာဘေးသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် Nara ၌ ရွေးကောက်ပွဲမဲဆွယ်ခရီးအတွက် ဟောပြောနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။

အာဏာရ LDP ပါတီမှ လွှတ်တော်အမတ် Kei Sato အတွက် ကူညီမဲဆွယ်ပေးခဲ့ခြင်း ဖြစ်သည်။

လက်လုပ်သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပထမတစ်ချက်မှာ လွဲချော်သွားခဲ့ရာ ရှင်ဇိုအာဘေးက လှည့်ထွက်လိုက်ချိန်တွင် ဒုတိယတစ်ချက် ထပ်မံပစ်ခတ်ခဲ့သည်။

အဆိုပါ ဒုတိယမြောက်ကျည်က နှလုံးအား တိုက်ရိုက်ထိမှန်ခဲ့သည်။

လုပ်ကြံသတ်ဖြတ်သူမှာ အသက် ၄၁ နှစ်အရွယ်ရှိပြီး တက်ဆုယ ယမဂမိဟု အမည်ရှိပြီး ၂၀၀၂ မှ ၂၀၀၅ ခုနှစ်အထိ သင်္ဘောသားလုပ်ဖူးသည်။

ယမဂမိက ထွက်ဆိုသည်မှာ Unification Church ဘုရားကျောင်းအား မုန်းတီးသောကြောင့် ရှင်ဇိုအာဘေးအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘာသာရေးအုပ်စုနှင့် ရှင်ဇိုအာဘေးတို့မှာ ပတ်သက်မှုများရှိကြောင်း၊ မိမိ၏ မိခင်မှာ ထိုဘာသာရေးအဖွဲ့၏ အယူအဆများ ရိုက်သွင်းခံရကာ ဒေဝါလီခံသွားရကြောင်း၊ ရှင်ဇိုအာဘေးသည် ထိုဘာသာရေးကို ဂျပန်တွင် ပျံ့နှံ့စေရန်လုပ်ဆောင်ခဲ့သူဖြစ်သောကြောင့် ပစ်ခတ်သတ်ဖြတ်ရခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

ရှင်ဇိုအာဘေး၏ နိုင်ငံရေးနှင့် ပတ်သက်သည့်အကြောင်းရပ်များအပေါ်မူ အာဃာတမရှိကြောင်း ယမဂမိက ပြောသည်။

ရှင်ဇိုအာဘေးကို Nara Medical University ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြသည်။ ဆေးရုံသို့ရောက်ချိန် ဂျပန်စံတော်ချိန် ၁၇း၀၃ အချိန်တွင် သေဆုံးကြောင်း အတည်ပြုခဲ့သည်။

ရှင်ဇိုအာဘေးသည် ဆေးရုံသို့ မပို့မီကတည်းက သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း အစရှိသည့် vital signs များ မပြတော့ချေ။

သွေးအလုံး ၁၀၀ ခန့် သွင်းပေးခဲ့သော်လည်း သွေးထွက်မှုပမာဏအလွန်များပြားသောကြောင့် အသက်ကယ်ရန် ကြိုးစားမှုမှာ မအောင်မြင်ခဲ့ချေ။

ရှင်ဇိုအာဘေးသည် ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပြီ ဖြစ်သည်။

(ဆက်စပ်သတင်း)

ဂျပန်ဝန်ကြီးချုပ်နေထိုင်သည့် သရဲခြောက်သော ဝန်ကြီးချုပ်စံအိမ်တော်

https://www.imyanmarhouse.com/news/read/1004852

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 日本首相的府邸 House of prime minister ( edgy-luxe )

[Zawgyi]

လုပ္ၾကံသတ္ျဖတ္ခံလိုက္ရေသာ ဂ်ပန္ဝန္ၾကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘး၏ စံအိမ္

ဂ်ပန္၏ ယခင္ဝန္ၾကီးခ်ဳပ္ေဟာင္းမ်ားႏွင့္ မတူသည့္အခ်က္မွာ ဝန္ၾကီးခ်ဳပ္ (ေဟာင္း) ရွင္ဇိုအာေဘးသည္ တိုက်ဳိျမိဳ႕၊ တို႔မိဂယခရိုင္ရွိ ကြန္ဒိုတြင္ ေနထိုင္ျခင္း ျဖစ္သည္။

ဂ်ပန္၏ ဝန္ၾကီးခ်ဳပ္မ်ားအတြက္ အေဆာက္အအံုေနရာ ၂ ခုရွိျပီး တစ္ခုမွာ ရံုးလုပ္ငန္းမ်ား ေဆာင္ရြက္ေလ့ရွိသည့္ တရားဝင္အိမ္ေတာ္ (Kantei) ျဖစ္ျပီး အျခားတစ္ခုမွာ ပင္မစံအိမ္ေတာ္ (Kotei) ျဖစ္ျပီး အိမ္ေတာ္ဝန္းအတြင္း တည္ရွိသည္။

ယင္းစံအိမ္ ၂ လံုးမွာ ကပ္လ်က္တည္ရွိျပီး ဒိုင္းယက္လႊတ္ေတာ္တည္ရွိရာ တိုက်ဳိျမိဳ႕၊ နဂတ ခ်ဳိ ခရိုင္တြင္ တည္ရွိသည္။

ရွင္ဇိုအာေဘးသည္ ဝန္ၾကီးခ်ဳပ္အိမ္ေတာ္တြင္ ေနထုိင္ျခင္းမျပဳေခ်။ ဝန္ၾကီးခ်ဳပ္အိမ္ေတာ္မွာ သရဲအလြန္ေျခာက္ေသာေၾကာင့္ မေနထိုင္ျခင္းျဖစ္သည္ဟု ဆိုသည္။

၉၆ ဆက္ေျမာက္ ဂ်ပန္ဝန္ၾကီးခ်ဳပ္အျဖစ္ က်မ္းသစၥာဆိုခဲ့စဥ္ကတည္းက ရွင္ဇိုအာေဘးသည္ မိဘမ်ားပိုင္ဆိုင္ေသာ ကြန္ဒိုမွသာ ရံုးတက္ေလ့ရွိျပီး ကြန္ဒိုတြင္ ေနထုိင္ရျခင္းမွာ ပိုေကာင္းေၾကာင္း ေျပာဖူးသည္။

ရွင္ဇိုအာေဘး၏ ကြန္ဒိုမွာ တို႔မိဂယ ဟိမ္း (Tomigaya Heim) ဟုအမည္ရျပီး ၁၉၉၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ ရွိဘုယႏွင့္ ရွင္ဂ်ဳကုတို႔အၾကား ဆိတ္ျငိမ္သည့္ေဒသတြင္ တည္ရွိသည္။

ေနအိမ္မွ ဒိုင္းယက္လႊတ္ေတာ္သို႔ ေမာ္ေတာ္ကားျဖင့္ ၁၅ မိနစ္ခရီးသာ ေဝးကြာသည္။

ရွင္ဇိုအာေဘး၏ ကြန္ဒိုခန္းမွာ duplex ခန္းျဖစ္ျပီး အက်ယ္အဝန္းအားျဖင့္ ၄၉၈ ဒသမ ၃၂ စတုရန္းမီတာ ရွိသည္။

အဆိုပါအေဆာက္အအံုရွိ အခန္းမ်ားကို ငွားရမ္းမည္ဆိုလွ်င္ တစ္လလွ်င္ ဂ်ပန္ယန္းေငြ ၅၈၀၀၀၀ (ကန္ေဒၚလာ ၄၈၇၀) ဝန္းက်င္ခန္႔ ေပါက္ေစ်းရွိသည္။

(ဝန္ၾကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘး၏ ရုပ္ကလာပ္ကို တင္ေဆာက္လာသည့္ နိဗၺာန္ယာဥ္ ဝန္ၾကီးခ်ဳပ္ရံုးသို႔ ေရာက္ရွိလာစဥ္။ လက္ရွိဂ်ပန္ဝန္ၾကီးခ်ဳပ္ ဖုမီးယိုး ကိရွိဒ၊ အစိုးရအဖြဲ႔အၾကီးအကဲမ်ားႏွင့္ ဝန္ထမ္းမ်ားက ဦးညႊတ္ ဂါရဝျပဳေနၾကပံု။ ဇူလိုင္-၁၂၊ တိုက်ဳိ၊ ဂ်ပန္)

(ဂ်ပန္ဝန္ၾကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘး၏စ်ာပနအတြက္ တိုက်ဳိျမိဳ႕ေတာ္တြင္ ျပည္သူမ်ား စုေဝးေနၾကပံု)

(ရွင္ဇိုအာေဘး ဘယ္သူလဲ)

ရွင္ဇိုအာေဘး -安倍 晋三 (၁၉၅၄-၂၀၂၂) သည္ လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီ(LDP) ၏ ဥကၠဌျဖစ္ျပီး ၂၀၀၆ မွ ၂၀၀၇ အထိလည္းေကာင္း၊ ၂၀၁၂ မွ ၂၀၂၀ ျပည့္ႏွစ္အထိလည္းေကာင္း ဂ်ပန္ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

ရွင္ဇိုအာေဘးသည္ ဂ်ပန္သမိုင္းတြင္ သက္တမ္းအရွည္ဆံုး တာဝန္ထမ္းေဆာင္သြားသည့္ ဝန္ၾကီးခ်ဳပ္ ျဖစ္သည္။

ထို႔အျပင္ ဝန္ၾကီးခ်ဳပ္ ဂ်ဳနိခ်ိရို႕ ကိုအိဇုမိလက္ထက္တြင္ အစိုးရအဖြဲ႔ဝန္ၾကီးအျဖစ္လည္း ၂၀၀၅ မွ ၂၀၀၆ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။

ရွင္ဇိုအာေဘးကို ထင္ရွားေသာ ႏိုင္ငံေရးအသိုင္းအဝိုင္းမိသားစုမွ တိုက်ဳိျမိဳ႕တြင္ ေမြးဖြားခဲ့သည္။

ရွင္ဇိုအာေဘးသည္ ဝန္ၾကီးခ်ဳပ္ ႏို႔ဘုဆုကဲ့ ကိရွိ (Nobusuke Kishi) ၏ ေျမးလည္း ျဖစ္သည္။

ႏို႔ဘုဆုကဲ့ ကိရွိသည္ ၁၉၅၇ မွ ၁၉၆၀ အထိ တာဝန္ထမ္းေဆာင္ခဲ့ေသာ ဂ်ပန္ဝန္ၾကီးခ်ဳပ္ျဖစ္ျပီး ရွင္ဇိုအာေဘး၏ မိခင္ဘက္မွ အဘိုးလည္း ျဖစ္သည္။ ရွင္ဇိုအာေဘးသည္ Akie Matsuzaki ႏွင့္ ၁၉၈၇ ခုႏွစ္တြင္ လက္ထပ္ခဲ့သည္။

(လုပ္ၾကံသတ္ျဖတ္ခံရျခင္း)

ရွင္ဇိုအာေဘးသည္ ၂၀၂၂ ခုႏွစ္၊ ဇူလိုင္လ ၈ ရက္တြင္ Nara ၌ ေရြးေကာက္ပြဲမဲဆြယ္ခရီးအတြက္ ေဟာေျပာေနစဥ္ ေသနတ္ျဖင့္ ပစ္သတ္ခံရျခင္း ျဖစ္သည္။

အာဏာရ LDP ပါတီမွ လႊတ္ေတာ္အမတ္ Kei Sato အတြက္ ကူညီမဲဆြယ္ေပးခဲ့ျခင္း ျဖစ္သည္။

လက္လုပ္ေသနတ္ျဖင့္ ၂ ခ်က္ပစ္ခတ္ခံရျခင္းျဖစ္ျပီး ပထမတစ္ခ်က္မွာ လြဲေခ်ာ္သြားခဲ့ရာ ရွင္ဇိုအာေဘးက လွည့္ထြက္လိုက္ခ်ိန္တြင္ ဒုတိယတစ္ခ်က္ ထပ္မံပစ္ခတ္ခဲ့သည္။

အဆိုပါ ဒုတိယေျမာက္က်ည္က ႏွလံုးအား တိုက္ရုိက္ထိမွန္ခဲ့သည္။

လုပ္ၾကံသတ္ျဖတ္သူမွာ အသက္ ၄၁ ႏွစ္အရြယ္ရွိျပီး တက္ဆုယ ယမဂမိဟု အမည္ရွိျပီး ၂၀၀၂ မွ ၂၀၀၅ ခုႏွစ္အထိ သေဘၤာသားလုပ္ဖူးသည္။

ယမဂမိက ထြက္ဆိုသည္မွာ Unification Church ဘုရားေက်ာင္းအား မုန္းတီးေသာေၾကာင့္ ရွင္ဇိုအာေဘးအား ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆုိပါ ဘာသာေရးအုပ္စုႏွင့္ ရွင္ဇိုအာေဘးတို႔မွာ ပတ္သက္မႈမ်ားရွိေၾကာင္း၊ မိမိ၏ မိခင္မွာ ထိုဘာသာေရးအဖြဲ႔၏ အယူအဆမ်ား ရိုက္သြင္းခံရကာ ေဒဝါလီခံသြားရေၾကာင္း၊ ရွင္ဇိုအာေဘးသည္ ထိုဘာသာေရးကို ဂ်ပန္တြင္ ပ်ံ႕ႏွံ႔ေစရန္လုပ္ေဆာင္ခဲ့သူျဖစ္ေသာေၾကာင့္ ပစ္ခတ္သတ္ျဖတ္ရျခင္းျဖစ္ေၾကာင္း ဝန္ခံထားသည္။

ရွင္ဇိုအာေဘး၏ ႏိုင္ငံေရးႏွင့္ ပတ္သက္သည့္အေၾကာင္းရပ္မ်ားအေပၚမူ အာဃာတမရွိေၾကာင္း ယမဂမိက ေျပာသည္။

ရွင္ဇိုအာေဘးကို Nara Medical University ေဆးရံုသို႔ ခ်က္ခ်င္းပို႔ေဆာင္ေပးခဲ့ၾကသည္။ ေဆးရံုသို႔ေရာက္ခ်ိန္ ဂ်ပန္စံေတာ္ခ်ိန္ ၁၇း၀၃ အခ်ိန္တြင္ ေသဆံုးေၾကာင္း အတည္ျပဳခဲ့သည္။

ရွင္ဇိုအာေဘးသည္ ေဆးရံုသို႔ မပို႔မီကတည္းက ေသြးေပါင္ခ်ိန္၊ ႏွလံုးခုန္ႏႈန္း အစရွိသည့္ vital signs မ်ား မျပေတာ့ေခ်။

ေသြးအလံုး ၁၀၀ ခန္႔ သြင္းေပးခဲ့ေသာ္လည္း ေသြးထြက္မႈပမာဏအလြန္မ်ားျပားေသာေၾကာင့္ အသက္ကယ္ရန္ ၾကိဳးစားမႈမွာ မေအာင္ျမင္ခဲ့ေခ်။

ရွင္ဇိုအာေဘးသည္ ကြယ္လြန္ခ်ိန္တြင္ အသက္ ၆၇ ႏွစ္ရွိျပီ ျဖစ္သည္။

(ဆက္စပ္သတင္း)

ဂ်ပန္ဝန္ၾကီးခ်ဳပ္ေနထိုင္သည့္ သရဲေျခာက္ေသာ ဝန္ၾကီးခ်ဳပ္စံအိမ္ေတာ္

https://www.imyanmarhouse.com/news/read/1004852

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 日本首相的府邸 House of prime minister ( edgy-luxe )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service