ကမ္ဘာကျော်ဂစ်တာသမား Van Halen ပိုင်ဆိုင်ဖူးပြီး ယခု Dwayne Johnson နေထိုင်သောစံအိမ်

ကမ္ဘာကျော်ဂစ်တာသမား Van Halen ပိုင်ဆိုင်ဖူးပြီး ယခု Dwayne Johnson နေထိုင်သောစံအိမ် - Property News in Myanmar from iMyanmarHouse.com
17 May 2022 11:18 am တွင် တင်ခဲ့သည်
960 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၏ ဈေးအကြီးဆုံး ဝန်းခတ်အိမ်ရာဝန်းတစ်ခုအတွင်း တည်ရှိသော Fast and Furious သရုပ်ဆောင် Dwayne Johnson ၏ မြေထဲပင်လယ်ဗိသုကာဟန် စံအိမ်ကြီးမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

ကြေးစား နပန်းသမားဘဝမှ ဟောလိဝုဒ်၏ အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်ဖြစ်လာခဲ့သူလည်း ဖြစ်သည်။

ယနေ့ကာလတွင် အင်စတာဂရမ်၌ Follower သန်း ၃၀၀ ကျော်ရှိပြီး ကိုယ်ပိုင် tequila အမှတ်တံဆိပ် ထုတ်လုပ်နေသူ Dwayne ၏ အောင်မြင်မှုသို့ ချီတက်သည့် ခရီးလမ်းမှာ မလွယ်ကူခဲ့။

Dwayne သည် မီယာမီတက္ကသိုလ်တွင် တက်ခဲ့စဉ်က ကောလိပ်ဘောလုံးသမားတစ်ဦးဖြစ်ခဲ့ပြီး နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်လာရန် ရည်မှန်းခဲ့သည်။

သို့သော် ရည်မှန်းသည့်အတိုင်းဖြစ်မလာဘဲ နပန်းသမားတစ်ဦး ဖြစ်လာခဲ့ကာ WWE နပန်းသမားလောကတွင် အကျော်ကြားဆုံးတစ်ဦး ဖြစ်လာခဲ့သည်။

ယင်းနောက်ကား ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို တည်ထောင်ကာ ဟောလိဝုဒ်သို့ ခြေချခဲ့သည့်အပြင် ဘောလုံးအသင်းတစ်ခု၏ ပူးတွဲပိုင်ရှင်လည်း ဖြစ်လာခဲ့သည်။

လက်ရှိတွင် Dwayne သည် ကန်ဒေါ်လာ ၂၇ ဒသမ ၈ သန်းတန်ကြေးှရှိသော စံအိမ်တွင် ဇနီးဖြစ်သူ Lauren Hashian ၊ ကလေးများနှင့်အတူ နေထိုင်လျက်ရှိသည်။

(နာမည်ကျော် ကြယ်ပွင့်များ နေထိုင်ခဲ့ဖူးသော စံအိမ်)

Dwayne သည် ယခုစံအိမ်ကို ရုပ်ရှင်သရုပ်ဆောင်၊ ဟာသလူရွှင်တော် Paul Reiser ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းမတိုင်မီက ကမ္ဘာကျော် ဂစ်တာသမား Van Halen က ပိုင်ဆိုင်ခဲ့သည်။ Van Halen သည် ရင်သပ်ရှုမောဖွယ် ဤစံအိမ်ကို ၁၉၉၃ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ခြံအကျယ်မှာ ၃ ဒသမ ၆၇ ဧကရှိကာ ထိုဒေသတွင် အကျယ်ဝန်းဆုံး စံအိမ်လည်း ဖြစ်သည်။

Dwayne ၏ စံအိမ်မှာ လော့စ်အိန်ဂျလိ၏ ဈေးအကြီးဆုံးဖြစ်သော Beverly Park တွင် တည်ရှိပြီး ကမ္ဘာကျော်တို့ နေထိုင်ရာနေရာလည်း ဖြစ်သည်။

Dwayne နေထိုင်ရာဒေသတွင် Denzel Washington, Sofia Vergara, Eddie Murphy, Rod Stewart, နှင့် Adele တို့ အပါအဝင် အခြားကမ္ဘာကျော်များစွာနေထိုင်ခဲ့ဖူးသည်။

တစ်ဖက်ပိတ်လမ်းတစ်ခု၏ အဆုံးတွင် ကြီးမားသော သံမဏိဂိတ်တံခါးများနောက်၌ Dwayne ၏ စံအိမ်ကို တွေ့နိုင်သည်။

စံအိမ်ဝန်းအတွင်း လာရောက်သူတိုင်း ပထမဆုံးသတိပြုမိမည်မှာ သစ်ကြီးဝါးကြိးများနှင့် ဂရုတစိုက်မွမ်းမံထားသော မြက်ခင်းများဖြစ်သည်။

ယာဉ်မောင်းလမ်းဘေးတစ်လျှောက်တွင် သံလွင်ပင်များ တန်းစီလျက်ရှိသည်။

တိုက်ကပ်နွယ်တို့နှင့် အမိုးခုံးများ၊ မျက်စိပသာဒဖြစ်လှသော အုတ်ကြွပ်မိုးအနီရောင်၊ အိမ်နံဘေး လေသာဆောင်များ၊ အိမ်နောက်ဘက်ဆီပေါက်သော ကြီးမားသည့် ပြင်သစ်တံခါးများ အစရှိသည်တို့ ပေါင်းစုနေရာ Tuscan ကျေးလက်ပို့စကတ်တစ်ခုမှ ပုံရိပ်အလား မှတ်ထင်ရသည်။

စတုရန်းပေ ၁၈၀၀၀ ရှိသော ပင်မစံအိမ်အပြင် စတုရန်းပေ ၂၅၀၀ ကျယ်ဝန်းသည့် ဧည့်ဂေဟာအိမ်တစ်လုံး လည်း ရှိသေးသည်။

ယင်းအပြင် ကမ္ဘာ့အဆင့်မီ အားကစားလေ့ကျင့်ခန်းမ၊ စံမှီတင်းနစ်ကွင်း၊ ရုပ်ရှင်ရုံ၊ ဘေ့စ်ဘောကွင်း၊ အသံသွင်းစတူဒီယို၊ ဓာတ်လှေကားတစ်စင်း၊ အိမ်တွင်း အိမ်ပြင် ရေကူးကန်များ၊ Spa တို့ ပါဝင်သည်။

အသံသွင်း စတူဒီယိုမှာ Van Halen နေထိုင်ခဲ့စဉ်က ထည့်သွင်းတည်ဆောက်ခဲ့ခြင်းလည်း ဖြစ်သည်။

Dwayne ၏ ဘဝတွင် အလေးထားရမည့် အကြောင်းရပ်များစွာရှိနိုင်သော်လည်း အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ချစ်ခင်ဂရုစိုက်တတ်သော ခင်ပွန်းတစ်ဦး၊ ကလေး ၃ ဦးအား တုန်နေအောင်ချစ်သော ဖခင်တစ်ဦး၏ အခန်းကဏ္ဍမှာ အရေးအကြီးဆုံး ဖြစ်သည်။

သူ၏ အင်စတာဂရမ်စာမျက်နှာတွင် မိသားစုနှင့်အတူရှိနေသည့် တန်ဖိုးမဖြတ်နိုင်သော အခိုက်အတန့်များ အကြောင်း အများဆုံးတွေ့ရပြီး အထူးသဖြင့် သမီးငယ်များဖြစ်သော Jasmine ၊ Tiana တို့နှင့် ဓာတ်ပုံများ ဖြစ်သည်။

နေအိမ်အတွင်း Dwayne အကြိုက်ဆုံးနေရာမှာ အားကစားလေ့ကျင့်ခန်းမဖြစ်ပြီး Dwayne က သံမဏိ နိဗ္ဗာန်ဘုံဟု အမည်ပေးထားသည်။ Dwayne တို့ မိသားစုသည် တခါတရံတွင် ဂျော်ဂျီယာပြည်နယ်၊ Powder Springs တွင် ၎င်းတို့မိသားစုပိုင်ဆိုင်ထားသော ၄၅ ဧကကျယ်ဝန်းသည့် မြင်းစီး စခန်းတွင် သွားရောက်အပန်းဖြေလေ့ရှိသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Dwayne Johnson’s house has a star-studded past (and present) (fancypantshomes)

[Zawgyi]

ကမၻာေက်ာ္ဂစ္တာသမား Van Halen ပိုင္ဆိုင္ဖူးျပီး ယခု Dwayne Johnson ေနထုိင္ေသာစံအိမ္

အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၏ ေစ်းအၾကီးဆံုး ဝန္းခတ္အိမ္ရာဝန္းတစ္ခုအတြင္း တည္ရွိေသာ Fast and Furious သရုပ္ေဆာင္ Dwayne Johnson ၏ ေျမထဲပင္လယ္ဗိသုကာဟန္ စံအိမ္ၾကီးမွာ ရင္သပ္ရႈေမာဖြယ္ေကာင္းလွသည္။

ေၾကးစား နပန္းသမားဘဝမွ ေဟာလိဝုဒ္၏ အႏုပညာေၾကးအျမင့္ဆံုးသရုပ္ေဆာင္ျဖစ္လာခဲ့သူလည္း ျဖစ္သည္။

ယေန႔ကာလတြင္ အင္စတာဂရမ္၌ Follower သန္း ၃၀၀ ေက်ာ္ရွိျပီး ကိုယ္ပိုင္ tequila အမွတ္တံဆိပ္ ထုတ္လုပ္ေနသူ Dwayne ၏ ေအာင္ျမင္မႈသို႔ ခ်ီတက္သည့္ ခရီးလမ္းမွာ မလြယ္ကူခဲ့။

Dwayne သည္ မီယာမီတကၠသိုလ္တြင္ တက္ခဲ့စဥ္က ေကာလိပ္ေဘာလံုးသမားတစ္ဦးျဖစ္ခဲ့ျပီး နာမည္ေက်ာ္ေဘာလံုးသမားတစ္ဦးျဖစ္လာရန္ ရည္မွန္းခဲ့သည္။

သို႔ေသာ္ ရည္မွန္းသည့္အတိုင္းျဖစ္မလာဘဲ နပန္းသမားတစ္ဦး ျဖစ္လာခဲ့ကာ WWE နပန္းသမားေလာကတြင္ အေက်ာ္ၾကားဆံုးတစ္ဦး ျဖစ္လာခဲ့သည္။ ယင္းေနာက္ကား ကိုယ္ပိုင္ရုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီတစ္ခုကို တည္ေထာင္ကာ ေဟာလိဝုဒ္သို႔ ေျခခ်ခဲ့သည့္အျပင္ ေဘာလံုးအသင္းတစ္ခု၏ ပူးတြဲပိုင္ရွင္လည္း ျဖစ္လာခဲ့သည္။

လက္ရွိတြင္ Dwayne သည္ ကန္ေဒၚလာ ၂၇ ဒသမ ၈ သန္းတန္ေၾကးွရွိေသာ စံအိမ္တြင္ ဇနီးျဖစ္သူ Lauren Hashian ၊ ကေလးမ်ားႏွင့္အတူ ေနထိုင္လ်က္ရွိသည္။

(နာမည္ေက်ာ္ ၾကယ္ပြင့္မ်ား ေနထုိင္ခဲ့ဖူးေသာ စံအိမ္)

Dwayne သည္ ယခုစံအိမ္ကို ရုပ္ရွင္သရုပ္ေဆာင္၊ ဟာသလူရႊင္ေတာ္ Paul Reiser ထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယင္းမတိုင္မီက ကမၻာေက်ာ္ ဂစ္တာသမား Van Halen က ပိုင္ဆိုင္ခဲ့သည္။ Van Halen သည္ ရင္သပ္ရႈေမာဖြယ္ ဤစံအိမ္ကို ၁၉၉၃ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ျခံအက်ယ္မွာ ၃ ဒသမ ၆၇ ဧကရွိကာ ထိုေဒသတြင္ အက်ယ္ဝန္းဆံုး စံအိမ္လည္း ျဖစ္သည္။

Dwayne ၏ စံအိမ္မွာ ေလာ့စ္အိန္ဂ်လိ၏ ေစ်းအၾကီးဆံုးျဖစ္ေသာ Beverly Park တြင္ တည္ရွိျပီး ကမၻာေက်ာ္တို႔ ေနထုိင္ရာေနရာလည္း ျဖစ္သည္။ Dwayne ေနထိုင္ရာေဒသတြင္ Denzel Washington, Sofia Vergara, Eddie Murphy, Rod Stewart, ႏွင့္ Adele တို႔ အပါအဝင္ အျခားကမၻာေက်ာ္မ်ားစြာေနထုိင္ခဲ့ဖူးသည္။

တစ္ဖက္ပိတ္လမ္းတစ္ခု၏ အဆံုးတြင္ ၾကီးမားေသာ သံမဏိဂိတ္တံခါးမ်ားေနာက္၌ Dwayne ၏ စံအိမ္ကို ေတြ႔ႏိုင္သည္။

စံအိမ္ဝန္းအတြင္း လာေရာက္သူတိုင္း ပထမဆံုးသတိျပဳမိမည္မွာ သစ္ၾကီးဝါးၾကိးမ်ားႏွင့္ ဂရုတစိုက္မြမ္းမံထားေသာ ျမက္ခင္းမ်ားျဖစ္သည္။

ယာဥ္ေမာင္းလမ္းေဘးတစ္ေလွ်ာက္တြင္ သံလြင္ပင္မ်ား တန္းစီလ်က္ရွိသည္။

တိုက္ကပ္ႏြယ္တို႔ႏွင့္ အမိုးခံုးမ်ား၊ မ်က္စိပသာဒျဖစ္လွေသာ အုတ္ၾကြပ္မိုးအနီေရာင္၊ အိမ္နံေဘး ေလသာေဆာင္မ်ား၊ အိမ္ေနာက္ဘက္ဆီေပါက္ေသာ ၾကီးမားသည့္ ျပင္သစ္တံခါးမ်ား အစရွိသည္တို႔ ေပါင္းစုေနရာ Tuscan ေက်းလက္ပို႔စကတ္တစ္ခုမွ ပံုရိပ္အလား မွတ္ထင္ရသည္။

စတုရန္းေပ ၁၈၀၀၀ ရွိေသာ ပင္မစံအိမ္အျပင္ စတုရန္းေပ ၂၅၀၀ က်ယ္ဝန္းသည့္ ဧည့္ေဂဟာအိမ္တစ္လံုး လည္း ရွိေသးသည္။

ယင္းအျပင္ ကမၻာ့အဆင့္မီ အားကစားေလ့က်င့္ခန္းမ၊ စံမွွီတင္းနစ္ကြင္း၊ ရုပ္ရွင္ရံု၊ ေဘ့စ္ေဘာကြင္း၊ အသံသြင္းစတူဒီယို၊ ဓာတ္ေလွကားတစ္စင္း၊ အိမ္တြင္း အိမ္ျပင္ ေရကူးကန္မ်ား၊ Spa တို႔ ပါဝင္သည္။

အသံသြင္း စတူဒီယိုမွာ Van Halen ေနထုိင္ခဲ့စဥ္က ထည့္သြင္းတည္ေဆာက္ခဲ့ျခင္းလည္း ျဖစ္သည္။

Dwayne ၏ ဘဝတြင္ အေလးထားရမည့္ အေၾကာင္းရပ္မ်ားစြာရွိႏိုင္ေသာ္လည္း အေရးအၾကီးဆံုး အခန္းက႑မွာ ခ်စ္ခင္ဂရုစိုက္တတ္ေသာ ခင္ပြန္းတစ္ဦး၊ ကေလး ၃ ဦးအား တုန္ေနေအာင္ခ်စ္ေသာ ဖခင္တစ္ဦး၏ အခန္းက႑မွာ အေရးအၾကီးဆံုး ျဖစ္သည္။

သူ၏ အင္စတာဂရမ္စာမ်က္ႏွာတြင္ မိသားစုႏွင့္အတူရွိေနသည့္ တန္ဖိုးမျဖတ္ႏိုင္ေသာ အခိုက္အတန္႔မ်ား အေၾကာင္း အမ်ားဆံုးေတြ႔ရျပီး အထူးသျဖင့္ သမီးငယ္မ်ားျဖစ္ေသာ Jasmine ၊ Tiana တုိ႔ႏွင့္ ဓာတ္ပံုမ်ား ျဖစ္သည္။

ေနအိမ္အတြင္း Dwayne အၾကိဳက္ဆံုးေနရာမွာ အားကစားေလ့က်င့္ခန္းမျဖစ္ျပီး Dwayne က သံမဏိ နိဗၺာန္ဘံုဟု အမည္ေပးထားသည္။ Dwayne တို႔ မိသားစုသည္ တခါတရံတြင္ ေဂ်ာ္ဂ်ီယာျပည္နယ္၊ Powder Springs တြင္ ၎တုိ႔မိသားစုပိုင္ဆိုင္ထားေသာ ၄၅ ဧကက်ယ္ဝန္းသည့္ ျမင္းစီး စခန္းတြင္ သြားေရာက္အပန္းေျဖေလ့ရွိသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Dwayne Johnson’s house has a star-studded past (and present) (fancypantshomes) 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service