Speed ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ကီနူးရိဗ်၏ လော့စ်အိန်ဂျလိစံအိမ်

Speed ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ကီနူးရိဗ်၏ လော့စ်အိန်ဂျလိစံအိမ် - Property News in Myanmar from iMyanmarHouse.com
16 May 2022 11:34 am တွင် တင်ခဲ့သည်
2115 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကီနူးရိဗ်သည် ချိန်ကိုက်ဗုံးတပ်ဆင်ထားသည့် ဘတ်စ်ကားပေါ်မှ ခရီးသည်များ ဘေးအန္တရာယ်ကင်းအောင် ကြိုးပမ်းရသည့် ရဲအရာရှိအဖြစ် Speed ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့မှုဖြင့် ကမ္ဘာကျော်သရုပ်ဆောင်ဖြစ်လာသူ ဖြစ်သည်။

(ကီနူးရိဗ် ဘယ်မှာနေလဲ)

ကီနူးရိဗ်၏ ရူးခါအောင် လှသည့်စံအိမ်မှာ လော့စ်အိန်ဂျလိမြို့မှ ကမ္ဘာကျော်များ နေထိုင်ကြသည့်နေရာဖြစ်သော Hollywood Hills အရပ်တွင် တည်ရှိသည်။

စတုရန်းပေ ၅၆၀၇ ကျယ်ဝန်းသော စံအိမ်၏ တန်ကြေးမှာ ကန်ဒေါ်လာ ၈ ဒသမ ၀၇ သန်းရှိမည်ဟု ခန့်မှန်းရသည်။

အဆိုပါဒေသရှိ အိမ်ခြံမြေများ၏ ပျှမ်းမျှပေါက်ဈေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၂၅ သန်းဖြစ်သည်။

ကီနူးရိဗ်၏ စံအိမ်ပေါက်ဈေးမှာ အလယ်လတ်တန်း ဈေးနှုန်းထက် ၂၂၃ ဒသမ ၆၁ ရာခိုင်နှုန်း ပိုမိုမြင့်မားသည့်ဈေးလည်း ဖြစ်သည်။

ကီနူးရိဗ်သည် အဆိုပါစံအိမ်ကို ၂၀၀၃ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၄ ဒသမ ၈၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ဝယ်ဈေးထက် ကန်ဒေါ်လာ ၃ ဒသမ ၂၂ သန်း မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

သူ၏စံအိမ်မှာ ထိုမျှတန်ကြေးရှိသော်လည်း အိပ်ခန်း ၂ ခန်းသာ ပါဝင်ပြီး ခြံအကျယ်မှာ ဒသမ ၄၁ ဧကသာ ရှိသည်။

၁၉၈၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ပြီး ရေကူးကန် ၁ ခု၊ ကား ၃ စင်းဆန့် ကားဂိုဒေါင်တစ်ခုတို့ ပါဝင်သည်။

ကီနူးရိဗ်သည် သူ၏ ပုဂ္ဂိုလ်ရေးဘဝကို သိုသိုသိပ်သိပ်သာ နေတတ်သူတစ်ဦး ဖြစ်သည်။

သူ၏ အိမ်နီးချင်းများကား ကပ်လျက်ခြံတွင် လီယိုနာဒို ဒီကာပရီယိုရှိပြီး ၃ အိမ်ကျော်တွင် စားတော်ကဲကြီး Bobby Flay ၊ အခြားတဖက် ၃ အိမ်ကျော်တွင် Calvin Klein ၏ စံအိမ်များရှိသည်။

(ကီနူးရိဗ်၏ ဟာဝိုင်အီစံအိမ်)

ကီနူးရိဗ်သည် ဟာဝိုင်အီတွင် ခမ်းနားသောစံအိမ်တစ်လုံးပိုင်ဆိုင်ထားသည်ဟူသော ကောလာဟလများရှိသည်။ သို့သော် အဆိုပါသတင်းနှင့် ပတ်သက်သည့် တရားဝင် အထောက်အထား မတွေ့ရချေ။

ကီနူးရိဗ်သည် သိုသိုသိပ်သိပ်နေလိုသူဖြစ်ပြီး သူ၏နေထိုင်ရာကို ကမ္ဘာကြီးအား မသိစေလိုသောကြောင့်လည်း ဖြစ်နိုင်သည်။ ယခင်က သူ၏နေအိမ်ကို စောင့်ကြည့်အကဲခတ်သော ပရိသတ်များစွာရှိခဲ့ဖူးသောကြောင့်လည်း ဖြစ်၏။

ဟာဝိုင်အီမှအိမ်ကို ၂၀၁၅ ခုနှစ်၊ မေလအတွင်း အမည်မသိရသော ဝယ်လက်တစ်ဦးထံ ရောင်းချခဲ့သည်။

အဆိုပါအိမ်မှာ စတုရန်းပေ ၁၀၂၄၅ ကျယ်ဝန်းပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်း ပါဝင်သည့် ၃ ထပ်အဆောက်အအုံဖြစ်ကာ ကန်ဒေါ်လာ ၆ ဒသမ ၈ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

(ကီနူးရိဗ်၏ ချစ်သူမိန်းကလေး)

ကီနူးရိဗ်သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း လော့စ်အိန်ဂျလိရှိ အနုပညာပြတိုက်တစ်ခုအတွင်းမှ မိန်းကလေးတစ်ဦးနှင့်အတူ ထွက်လာခဲ့ရာ တစ်ကမ္ဘာလုံး သတင်းပျံ့သွားသည်။

နောက်ပိုင်းတွင် သိရသည်မှာ ကီနူးရိဗ်နှင့် ကာလကြာရှည် ခင်မင်ရင်းနှီးခဲ့သော လုပ်ငန်းဖော် မိန်းကလေးဖြစ်ပြီး Alexandra Grant ဟု အမည်ရကြောင်း သိရသည်။

X Artists’ Books ကို ကီနူးရိဗ်နှင့်အတူ ပူးတွဲတည်ထောင်ခဲ့သူလည်း ဖြစ်သည်။

၎င်းတို့နှစ်ဦး၏ အချစ်သက်တမ်းမည်မျှရှိကြောင်း မသိရချေ။

(ကီနူးရိဗ်၏ အသက်အရွယ်)

ကီနူးရိဗ်သည် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တွင် ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်တွင် မွေးဖွားခဲ့သူ ဖြစ်သည်။

(ကီနူးရိဗ်၏ ကြွယ်ဝမှု)

ကီနူးရိဗ်၏ ချမ်းသာကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၅၀ မှ သန်း ၃၆၀ ကြားရှိမည်ဟု ခန့်မှန်းကြသည်။

(ကီနူးရိဗ်မှာ အိမ်ထောင်ရှိလား)

ကီနူးရိဗ်တွင် လက်ရှိအားဖြင့် အိမ်ထောင်မရှိချေ။

(ကီနူးရိဗ်၏ သားသမီး)

၁၉၉၉ ခုနှစ်၊ ခရစ္စမတ်အကြိုကာလတွင် ထိုစဉ်က ကီနူးရိဗ်၏ ချစ်သူမိန်းကလေး Jennifer Syme က သမီးကလေးတစ်ဦး မွေးဖွားခဲ့သော်လည်း မွေးစဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးဖြစ်သူ သေဆုံးမှုအပေါ် ကီနူးရိဗ်မှာ များစွာစိတ်ထိခိုက်ခဲ့ရသဖြင့် ယင်းနောက်ပိုင်း ရက်သတ္တပတ် အတန်ကြာသောအခါ ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Keanu Reeves House: His Hollywood Hills Home is Stunning (velvetropes)

[Zawgyi]

Speed ဇာတ္ကားျဖင့္ ကမၻာေက်ာ္ခဲ့သူ ကီႏူးရိဗ္၏ ေလာ့စ္အိန္ဂ်လိစံအိမ္

ကီႏူးရိဗ္သည္ ခ်ိန္ကိုက္ဗံုးတပ္ဆင္ထားသည့္ ဘတ္စ္ကားေပၚမွ ခရီးသည္မ်ား ေဘးအႏၱရာယ္ကင္းေအာင္ ၾကိဳးပမ္းရသည့္ ရဲအရာရွိအျဖစ္ Speed ဇာတ္ကားတြင္ သရုပ္ေဆာင္ခဲ့မႈျဖင့္ ကမၻာေက်ာ္သရုပ္ေဆာင္ျဖစ္လာ သူ ျဖစ္သည္။

(ကီႏူးရိဗ္ ဘယ္မွာေနလဲ)

ကီႏူးရိဗ္၏ ရူးခါေအာင္ လွသည့္စံအိမ္မွာ ေလာ့စ္အိန္ဂ်လိျမိဳ႕မွ ကမၻာေက်ာ္မ်ား ေနထိုင္ၾကသည့္ေနရာျဖစ္ေသာ Hollywood Hills အရပ္တြင္ တည္ရွိသည္။

စတုရန္းေပ ၅၆၀၇ က်ယ္ဝန္းေသာ စံအိမ္၏ တန္ေၾကးမွာ ကန္ေဒၚလာ ၈ ဒသမ ၀၇ သန္းရွိမည္ဟု ခန္႔မွန္းရသည္။

အဆိုပါေဒသရွိ အိမ္ျခံေျမမ်ား၏ ပွ်မ္းမွ်ေပါက္ေစ်းမွာ ကန္ေဒၚလာ ၁ ဒသမ ၇၂၅ သန္းျဖစ္သည္။

ကီႏူးရိဗ္၏ စံအိမ္ေပါက္ေစ်းမွာ အလယ္လတ္တန္း ေစ်းႏႈန္းထက္ ၂၂၃ ဒသမ ၆၁ ရာခိုင္ႏႈန္း ပိုမိုျမင့္မားသည့္ေစ်းလည္း ျဖစ္သည္။ ကီႏူးရိဗ္သည္ အဆိုပါစံအိမ္ကို ၂၀၀၃ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၄ ဒသမ ၈၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ ဝယ္ေစ်းထက္ ကန္ေဒၚလာ ၃ ဒသမ ၂၂ သန္း ျမင့္တက္သြားခဲ့ျပီ ျဖစ္သည္။

သူ၏စံအိမ္မွာ ထုိမွ်တန္ေၾကးရွိေသာ္လည္း အိပ္ခန္း ၂ ခန္းသာ ပါဝင္ျပီး ျခံအက်ယ္မွာ ဒသမ ၄၁ ဧကသာ ရွိသည္။

၁၉၈၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည့္စံအိမ္ျဖစ္ျပီး ေရကူးကန္ ၁ ခု၊ ကား ၃ စင္းဆန္႔ ကားဂိုေဒါင္တစ္ခုတို႔ ပါဝင္သည္။

ကီႏူးရိဗ္သည္ သူ၏ ပုဂိၢဳလ္ေရးဘဝကို သိုသိုသိပ္သိပ္သာ ေနတတ္သူတစ္ဦး ျဖစ္သည္။

သူ၏ အိမ္နီးခ်င္းမ်ားကား ကပ္လ်က္ျခံတြင္ လီယိုနာဒို ဒီကာပရီယိုရွိျပီး ၃ အိမ္ေက်ာ္တြင္ စားေတာ္ကဲၾကီး Bobby Flay ၊ အျခားတဖက္ ၃ အိမ္ေက်ာ္တြင္ Calvin Klein ၏ စံအိမ္မ်ားရွိသည္။

(ကီႏူးရိဗ္၏ ဟာဝုိင္အီစံအိမ္)

ကီႏူးရိဗ္သည္ ဟာဝိုင္အီတြင္ ခမ္းနားေသာစံအိမ္တစ္လံုးပိုင္ဆိုင္ထားသည္ဟူေသာ ေကာလာဟလမ်ားရွိသည္။ သို႔ေသာ္ အဆိုပါသတင္းႏွင့္ ပတ္သက္သည့္ တရားဝင္ အေထာက္အထား မေတြ႔ရေခ်။

ကီႏူးရိဗ္သည္ သိုသိုသိပ္သိပ္ေနလိုသူျဖစ္ျပီး သူ၏ေနထုိင္ရာကို ကမၻာၾကီးအား မသိေစလိုေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။ ယခင္က သူ၏ေနအိမ္ကို ေစာင့္ၾကည့္အကဲခတ္ေသာ ပရိသတ္မ်ားစြာရွိခဲ့ဖူးေသာေၾကာင့္လည္း ျဖစ္၏။

ဟာဝိုင္အီမွအိမ္ကို ၂၀၁၅ ခုႏွစ္၊ ေမလအတြင္း အမည္မသိရေသာ ဝယ္လက္တစ္ဦးထံ ေရာင္းခ်ခဲ့သည္။

အဆိုပါအိမ္မွာ စတုရန္းေပ ၁၀၂၄၅ က်ယ္ဝန္းျပီး အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၈ ခန္း ပါဝင္သည့္ ၃ ထပ္အေဆာက္အအံုျဖစ္ကာ ကန္ေဒၚလာ ၆ ဒသမ ၈ သန္းျဖင့္ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

(ကီႏူးရိဗ္၏ ခ်စ္သူမိန္းကေလး)

ကီႏူးရိဗ္သည္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း ေလာ့စ္အိန္ဂ်လိရွိ အႏုပညာျပတိုက္တစ္ခုအတြင္းမွ မိန္းကေလးတစ္ဦးႏွင့္အတူ ထြက္လာခဲ့ရာ တစ္ကမၻာလံုး သတင္းပ်ံ႕သြားသည္။

ေနာက္ပိုင္းတြင္ သိရသည္မွာ ကီႏူးရိဗ္ႏွင့္ ကာလၾကာရွည္ ခင္မင္ရင္းႏွီးခဲ့ေသာ လုပ္ငန္းေဖာ္ မိန္းကေလးျဖစ္ျပီး Alexandra Grant ဟု အမည္ရေၾကာင္း သိရသည္။

X Artists’ Books ကို ကီႏူးရိဗ္ႏွင့္အတူ ပူးတြဲတည္ေထာင္ခဲ့သူလည္း ျဖစ္သည္။

၎တို႔ႏွစ္ဦး၏ အခ်စ္သက္တမ္းမည္မွ်ရွိေၾကာင္း မသိရေခ်။

(ကီႏူးရိဗ္၏ အသက္အရြယ္)

ကီႏူးရိဗ္သည္ လက္ဘႏြန္ႏိုင္ငံ၊ ေဘရြတ္ျမဳိ႕တြင္ ၁၉၆၄ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္တြင္ ေမြးဖြားခဲ့သူ ျဖစ္သည္။

(ကီႏူးရိဗ္၏ ၾကြယ္ဝမႈ)

ကီႏူးရိဗ္၏ ခ်မ္းသာၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၃၅၀ မွ သန္း ၃၆၀ ၾကားရွိမည္ဟု ခန္႔မွန္းၾကသည္။

(ကီႏူးရိဗ္မွာ အိမ္ေထာင္ရွိလား)

ကီႏူးရိဗ္တြင္ လက္ရွိအားျဖင့္ အိမ္ေထာင္မရွိေခ်။

(ကီႏူးရိဗ္၏ သားသမီး)

၁၉၉၉ ခုႏွစ္၊ ခရစၥမတ္အၾကိဳကာလတြင္ ထိုစဥ္က ကီႏူးရိဗ္၏ ခ်စ္သူမိန္းကေလး Jennifer Syme က သမီးကေလးတစ္ဦး ေမြးဖြားခဲ့ေသာ္လည္း ေမြးစဥ္ကတည္းက ေသဆံုးခဲ့သည္။ သမီးျဖစ္သူ ေသဆံုးမႈအေပၚ ကီႏူးရိဗ္မွာ မ်ားစြာစိတ္ထိခိုက္ခဲ့ရသျဖင့္ ယင္းေနာက္ပိုင္း ရက္သတၱပတ္ အတန္ၾကာေသာအခါ ၎တို႔ႏွစ္ဦး လမ္းခြဲခဲ့ၾကသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Keanu Reeves House: His Hollywood Hills Home is Stunning (velvetropes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
bkk-projects
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service