မြန်မာ့အောင်မြေသစ် (အိမ်၊ခြံ၊မြေ) အကျိုးဆောင် ကုမ္ပဏီ
(Myanmar Aung Myay Thit Real Estate Co.Ltd.)

လုပ်ငန်း၏ရည်ရွယ်ချက်-
တိုးတက်ကြီးထွားလာသော အိမ်၊ခြံ၊မြေ ဈေးကွက်ကြီးအတွင်း၊ မိမိတို့တတ်ကျွမ်းသည့် အခန်းကဏ္ဍများမှ မြို့ပြနေပြည်သူများ၏ နေထိုင်ရေး လိုအပ်ချက်များအဆင်ပြေစေရန် ဝန်ဆောင်မှု ပေးသွားမည်ဟု ရည်ရွယ်ထားပါသည်။

ကျွန်ုပ်တို့၏ ကုမ္ပဏီမှ အောက်ပါတို့ကိုဝန်ဆောင်မှုပေးလျက်ရှိပါသည်။

1. မြေကွက်၊ လုံးချင်း၊ တိုက်ခန်း၊ ကွန်ဒို၊ တာဝါ၊ ပလာဇာ၊ ဂိုဒေါင်များအား ကာလပေါက်ဈေးနှင့်အညီရရှိစေရန် ရောင်း၊ ဝယ်၊ ငှားရမ်းပေးခြင်း။
2. ဝယ်ယူ ငှားရမ်းနေထိုင်သူများ ပိုင်ဆိုင်မှု မှန်ကန်စေရန်အတွက် စာရွက်စာတမ်းများ စစ်ဆေးခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများကို ကုမ္ပဏီ၏ ဥပဒေအကြံပေးရှေ့နေများမှ အခမဲ့ဆောင်ရွက်ပေးခြင်း။
3. လူကြီးမင်းတို့ ပိုင်ဆိုင်သော အိမ်၊ခြံ၊မြေ များနှင့် ပတ်သက်၍ မြေပုံကူးခြင်း၊ မြေကွက်ခွဲစိတ်ခြင်း၊ ဂရန်လျှောက်ထားခြင်း၊ အမည်ပြောင်းခြင်း။
4. အရောင်းအဝယ် စာချုပ်စာတမ်း အမျိုးမျိုးတို့ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပေးခြင်း၊ ပိုင်ဆိုင်မှုအရှုပ်အရှင်းပြဿနာများနှင့် ပတ်သက်၍ ကုမ္ပဏီ၏ ဥပဒေအကြံပေးရှေ့နေများနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
5. ပြောင်းလဲတိုးတက်လာသော ခေတ်စနစ်နှင့်အညီ တန်ဘိုးမြင့်တက်လာသော အိမ်၊ခြံ၊မြေ ရောင်း၊ ဝယ်၊ ငှားရမ်းခြင်း ကိစ္စများအတွက် အကျိုးဆောင်လုပ်ငန်းများရွေးချယ်ရာတွင် မှန်ကန်မှုရှိစေရန် အလွန်အရေးကြီးပါသည်။
6. လူကြီးမင်းများစိတ်ဝင်စားသည့် အိမ်၊ခြံ၊မြေ တိုက်ခန်း၊ ကွန်ဒိုများကို လူကြီးမင်းများအဆင်ပြေသည့် အချိန်တွင် ကုမ္ပဏီမှ ကျွမ်းကျင်ဝန်ထမ်းများက လိုက်လံပြသ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
7. လူကြီးမင်းတို့ သိလိုသည့် အိမ်၊ခြံ၊မြေ နှင့် သက်ဆိုင်သည့် အချက်အလက်များကို ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ကုမ္ပဏီသို့ လာရောက်တိုင်ပင် ဆွေးနွေးခြင်းကိုလည်း နွေးထွေးစွာကြိုဆိုလျက်ရှိပါသည်။
8. လူကြီးမင်းတို့ ရောင်းလိုသော အိမ်၊ ခြံ၊ မြေများကိုလည်း အင်တာနက်ဝက်ဆိုဒ်၊ သတင်းစာ၊ အပတ်စဉ်ထုတ် (အိမ်၊ခြံ၊မြေ) ဂျာနယ်များနှင့် စီးပွားရေးဂျာနယ်များတွင် အခမဲ့ကြော်ငြာပေးပြီး အမြန်ဆုံး ရောင်းထွက်အောင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

လိပျစာ

No.81/B,1st Floor, Hledan Road, Kamaryut Township.

ဤကုမ်ပဏီ၏ Link => www.imyanmarhouse.com/myanmar-aung-myay-thit-realestate

တင်ထားပြီးသော အရောင်းကြော်ငြာ အရေအတွက်

0

တင်ထားပြီးသော အငှါးကြော်ငြာ အရေအတွက်

0

တင်ထားပြီးသော စုစုပေါင်းကြော်ငြာ အရေအတွက်

0