Trust & Gain Company Limited မှ Managing Director ဦးကြည်ထွန်း နှင့်အင်တာဗျူး - Property Interview from iMyanmarHouse.com
7230 ကြိမ် ကြည့်ရှု့ ပြီး

Trust & Gain Company Limited မှ Managing Director ဦးကြည်ထွန်း နှင့်အင်တာဗျူး

Posted by နုညက်သိမ်မွေ့လှိုင် (iMyanmarHouse.com)

Trust & Gain Company Limitedကို (၂၀၀၉) ခုနှစ်မှာ စတင်တည်ထောင်ခဲ့ ပြီး အရည်အသွေးကောင်းမွန်သော အဆောက်အဦးများကို စနစ်တ ကျဆောက်လုပ်ပေးမည့် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ စီဒိုးနား ဟိုတယ်တည်ဆောက်သည့် ၁၉၉၆ ခုနှစ်တွင် Marterial Supplier အနေဖြင့် ပထမဦးဆုံးပါဝင်ခဲ့ကြောင်းလည်း သိရပါသည်။

Trust & Gain Company Limitedအနေဖြင့်"လမ်းတံတားနဲ့ စာသင်ကျောင်းတွေ အပြင် ဆေးရုံ ဆေးခန်း၊ ၀န်ကြီးဌာနတွေ ရဲ့ အဆောက်အဦးတွေ ၊ ရန်ကုန်မြို့မှာဆိုရင် ရှစ်ထပ်ခွဲတိုက်ခန်းတွေနဲ့ လုံးချင်း တိုက်ခန်းတွေကို တာဝန်ယူဆောက်လုပ် ပေးနေပါတယ်" ဟု မန်နေဂျင်း ဒါရိုက်တာ ဦးကြည်ထွန်းမှ ပြောကြားသွားပါသည်။

ယခုလက်ရှိတွင် ပုဂ္ဂလိက နှင့် အစိုးရအဆောက်အဦးများ အပြင် နိုင်ငံခြားမှ လာရောက် ရင်းနှီး မြှုပ်နှံပြီး ဆောက်လုပ်နေ သော ပရောဂျက်များလည်း ပါဝင်ကြောင်းသိရပါသည်။Trust & Gain Company Limited မှဆောက် လုပ်ရောင်းချပေးနေ သည့် တိုက်ခန်းများ၊ အိမ်ယာများကို ၀ယ်ယူသူ စိတ်တိုင်းကျအတွင်းအပြင် ပြင်ဆင်မွန်းမံမှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။

“စီးပွားရေးလုပ်ငန်းရှင်များမှ အိမ်ခြံမြေဈေးကွက်မှာ ဝင်ရောက်ဈေးကစားခြင်းများ ရှိနေ၍ ဈေးကွက်မတည်ငြိမ်ခြင်းများ ဖြစ်နေရ ပါတယ်။” ဟု လက်ရှိ အိမ်ခြံမြေဈေးကွက် အနေအထားကို သုံးသပ်ပြသွားပါသည်။

Condo Law ထွက်ပေါ်လာပါက နိုင်ငံခြားသားများဝယ်ယူနိုင်မှာ ဖြစ်သည့် အတွက် မကြာခင်ဈေးကွက်ပြန်လည် ကောင်းမွန်လာနိုင်ပါသည် ဟု မျှော် လင့်ထားကြောင်း သိရပါသည်။

Trust & Gain Company Limitedကို ဆက်သွယ်လိုပါက အမှတ် (600/A-B)၊ ရွှေနှင်းဆီကန်လမ်း၊ ၈မိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)