Paragon Residence မှ ဒါရိုက်တာ ဦးကျော်မြင့်ဦး နှင့် အင်တာဗျူး အပိုင်း - (၁) - Property Interview from iMyanmarHouse.com
7776 ကြိမ် ကြည့်ရှု့ ပြီး

Paragon Residence မှ ဒါရိုက်တာ ဦးကျော်မြင့်ဦး နှင့် အင်တာဗျူး အပိုင်း - (၁)

Posted by နှင်းဒါလီ (iMyanmarHouse.com)

Paragon Residence ကို ၊ အမှတ် ( 2A ) ၊ ကမ်းနားလမ်း ၊ အလုံမြို့နယ် တွင် Resources Group Global Co., Ltd. မှ တည်ဆောက်လျှက်ရှိပါသည်။

အကျယ်အဝန်းအားဖြင့် ၁၆၀၀ sqft ဝန်းကျင်ကျယ်တဲ့ Room Type (၃) မျိုး ရှိကာ ရွှေတိဂုံဘုရား ဘက်ကိုလှည့်ထားတဲ့ Viewရယ် မြစ်ဘက်ကိုလှည့်ထား တဲ့ View ဆိုပြီး View (၂) မျိုး ဖြင့် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ကွန်ဒိုအခန်းတွေကို အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်မှာဖြစ်ပြီး ၀ယ်ယူသူတွေ အနေနဲ့ မိမိ ပေးသွင်းနိုင်မဲ့ ပမဏကို ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် သဘောတူ လစဉ်ပေးသွင်းရမှာ ဖြစ်ပါတယ်" လို့ Paragon Residence မှ ဒါရိုက်တာ ဦးကျော်မြင့်ဦး မှ အခုလို ဖြေကြားခဲ့ပါသည်။

တည်နေရာအနေအထားအရ မြို့ ထဲနှင့်အနီးဆုံးတွင် တည်ရှိသောကြောင့် သွားလာရလွယ်ကူပြီး ဘဏ်များ ၊ ဆေးရုံဆေးခန်းများ ၊ Super Market များ ၊ စားသောက်ဆိုင်များ ၊ ကျောင်းများ နှင့်လည်း အနီးဆုံးနေရာတွင် တည်ရှိသောကြောင့် ကောင်းမွန်သော နေရာကောင်းများထဲမှ တစ်ခုပင်ဖြစ် ပါသည်။

ရွှေတိဂုံဘုရား View နှင့် River View များကို Paragon Residence တွင် ၀ယ် ယူနေထိုင်သူများအနေ ဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး ရန်ကုန်မြစ်နှင့် ကပ်လျပ် အနေအထားတွင် တည်ဆောက်ထားသောကြောင့် ၀ယ်ယူသူများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော လေကိုရူရိုက် နိုင်မည် ဖြစ်ပါသည်။

Resources Group Global Co., Ltd. မှ တာဝန်ယူ ဆောက်လုပ်နေတဲ့ Paragon Residence ကွန်ဒိုအခန်းတွေဟာ အခုလက်ရှိမှာ အကြမ်းထည် ပြီးစီးနေပြီ ဖြစ်ပြီး အတွင်းပိုင်းအပြင်အဆင် (Interior Decoration) များ စတင်နေပြီဖြစ်ကြောင်း သိရပါသည်။ Paragon Residence အနေနဲ့ လာမည့် အောက်တိုဘာ (၂၀၁၇) ခုနှစ်မှာတော့ ၀ယ်ယူသူတွေကို အခန်း အပ်သွားမယ်လို့လည်း သိရပါတယ်ရှင်။

ကျေးဇူးတင်ပါသည်။
iMyanmarHouse.com အဖွဲ့သူ အဖွဲ့သားများ
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)