မိုးတိမ်နွယ် အိမ်ခြံမြေ အကျိုးဆောင် မှ မန်နေဂျာ ကိုထွန်းထွန်းဦး နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
3963 ကြိမ် ကြည့်ရှု့ ပြီး

မိုးတိမ်နွယ် အိမ်ခြံမြေ အကျိုးဆောင် မှ မန်နေဂျာ ကိုထွန်းထွန်းဦး နှင့် အင်တာဗျူး

Posted by နော်ချိုချိုလွင် (iMyanmarHouse.com)

မိုးတိမ်နွယ် အိမ်ခြံမြေ အကျိုးဆောင် ကို ၂၀၁၃ ဒီဇင်ဘာ လဆန်းပိုင်း၌ စတင်တည်ထောင်ခဲ့ ပါသည်။ စတင်တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ မိမိတို့၌လည်း ဆောက်လုပ်ရေး နှင့် ပတ်သတ် ပြီး ဆောက်နေ သည့် minicodo များရှိပါသည်။ မိမိတို့ဆောက်လုပ်သောအခန်းများအား ရောင်းချရင်းနှင့် အိမ်ခြံမြေလောကသို့ ၀င်ရောက်ခဲ့ပါသည်ဟု သိရပါသည်။ အိမ်ခြံမြေလောက ကို ၀ါသနာလည်းပါ အဆင်ပြေမှုများ များ နေမည်ဟုထင်ကာ စတင်လုပ်ကိုင်ရင်းနှင့် မိုးတိမ်နွယ် အိမ်ခြံမြေကို တည်ထောင်ဖြစ်ခြင်းဖြစ်ပါသည် ဟု ပြောပြထားပါသည်။

အကျိုးဆောင်လုပ်ငန်းများကို ရန်ကုန်တွင် နေရာတိုင်း၌ လက်တံများဖြန့်ထားသော်လည်း လှိုင်မြို့ နယ်တွင် အဓိကလုပ်ကိုင်ပါသည်။ ဒုတိယအနေဖြင့် စမ်းချောင်းနှင့် တောင်ဥက္ကလာ မြို့နယ် တို့တွင်လုပ်ကိုင် ပါသည်။ လှိုင်မြို့နယ်၊ တောင်ဥက္ကလာမြို့နယ်တို့တွင်လည်း Construction များဆောက်လုပ် ထားပါသည်။ လတ်တ လော အိမ်ခြံမြေဈေးကွက်အနေအထားမှာ အေးနေပါသည် ဟုပြောကြားထားပါသည်။
ယခင် အိမ်ခြံမြေဈေးကွက်နှင့် အခုလတ်တလော အိမ်ခြံမြေဈေးကွက် ကွာခြားချက်မှာ မိမိတို့ စတင်လုပ်ကိုင် သော ၂၀၁၃ ၊ ၂၀၁၄ တွင် အလုပ်အကိုင်များ လုပ်ကိုင်လို့ ကောင်းသော အခြေ အနေ ဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲများ အစိုးရသစ် အပြောင်းအလဲများရှိနေသောကြောင့် အလုပ်အကိုင် သိပ်မကောင်း ကြပါ။ အိမ်ခြံမြေ ဈေးကွက်များအေး သည် ထက်ပိုအေးနေပါသည် ဟုပြောကြားထားပါသည်။ အမြတ်ခွန်ပိုင်း နှင့် ပတ်သတ်ပြီးကြည့်နေသော အခြေအနေ ၊ အရောင်းအ၀ယ်ပိုင်း များ ပြန်လည် လှုပ်ရှားလာသော်လည်း ယ ခင်နှစ်များ ကိုတော့မမှီတော့ပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာသည့်အတွက် အိမ်ခြံမြေလောက အပေါ် အကျိုးသက်ရောက်မှု ကောင်းပါသည် ဟု ပြောကြားထားပါသည်။ အငှားများ ထွက်လာမည်။


ဥပဒေများ ခိုင်ခိုင်မာမာ ထွက်လာပါက နိုင်ငံခြားသားများ နှင့် အိမ်ခြံမြေ အရောင်းအ၀ယ်များ ပိုမိုအဆင်ပြေ လာမည် လို့ ထင်ပါသည် ဟု ပြောကြားထားပါသည်။ အိမ်ခြံမြေ လုပ်ကိုင်မှုများပြားလာခြင်းမှာ ရင်းနှီးမြှုပ်နှံမှု တစ်ခု အနေနဲ့ ငွေကစားခြင်းဖြစ်သည်ဟု မိမိထင်မြင်ချက်ကို ပြောကြားထားပါသည်။ ကောင်းသောအခြေ အ နေ တော့ မဟုတ်ပါ။ လိုအပ်သောသူများထက်စာလျှင် ငွေပေါသောသူများက ၀ယ်ထားကာ ပြန်ငှားခြင်းသာ များနေပါသည် ဟုဆိုထားပ်ါသည်။ ထိုသို့လုပ်ကိုင်နေမှုများသောကြောင့် အိမ်ခြံမြေ အကျိုးဆောင်အတွက် ကောင်းပါသည်။
မိုးတိမ်နွယ် အိမ်ခြံမြေ အကျိုးဆောင်အနေနဲ့ Customers တိုက်ခန်း ၀ယ်ယူ ၊ ငှားရမ်း သည့်အခါတွင် ပထမဦး ဆုံး အနေဖြင့် တိကျခိုင်မာမှုရှိပြီး Customers အတွက် ဆုံးရှုးနှစ်နာမှု မရှိစေဖို့ အဓိကထား ဆောင်ရွက်ပေးပါ သည်။ ပထမဦးဆုံး ကိုယ့်ဆီလာသော Customer တစ်ယောက် စိတ်ချမ်းသာမှုနှင့် ယုံကြည်မှု ခိုင်ခိုင်မာမာ ရ ရှိအောင်လုပ်ပေးခြင်း ၊ အမြဲတမ်း အဆင်ပြေပြီး စိတ်ကျေပ်နပ်မှု ရရှိအောင် ဆောင်ရွက် ပေးပါသည်။


ယခု ခေ တ် တွင် ပွဲစားများ များလာသော်လည်း တာဝန်ယူပေးနိုင်မှု နည်းနေပါသည်။ ထို့ကြောင့် ၀ယ်ယူမည့် Customers အနေဖြင့် မိမိတို့အား ခိုင်ခိုင်မာမာ နှင့်အတည်တကျ လုပ်ပေးနိုင်မည့် Company များနှင့်သာ ဆက်သွယ်ဆောင်ရွက်သင့် ကြောင်း အကြံပြု ပြောကြားထား ပါသည်။ Customers အနေဖြင့် မိုးတိမ်နွယ် အိမ်ခြံမြေ အကျိုးဆောင်နှင့် ဆက်သွယ်လိုပါက အမှတ် ( ၁၂၁ ) A ၊ ၃ လွှာ ရန်ကုန် ၊ အင်းစိန် လမ်းမ ၊ လှိုင်မြို့နယ် ရန်ကုန်တိုင်း သို့ ဆက်သွယ် စုံစမ်း ၀ယ်ယူ အားပေးနိုင်ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)