Golden City Condominium Project မှ Marketing Director ကိုကျော်စည်သူ နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
4925 ကြိမ် ကြည့်ရှု့ ပြီး

Golden City Condominium Project မှ Marketing Director ကိုကျော်စည်သူ နှင့် အင်တာဗျူး

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

Golden City Project ကို ရန်ကင်းမြို့နယ်တွင် တည်ဆောက်ထားပြီး ရန်ကင်းမြို့နယ်ကို ရွေးချယ် တည်ဆောက်ရခြင်းမှာ လက်ရှိအချိန်တွင် ရန်ကင်းမြို့နယ်အနေဖြင့် ဖွံ့ဖြိုးဆဲ ဖွံ့ဖြိုးလျှက်ရှိသော နေရာဒေသ ဖြစ်တာကြောင့် ရွေးချယ် တည်ဆောက်ဖြစ်ကြောင်း သိရှိရပါသည်။

Golden City Project ကို Singapore Investment Company တစ်ခုဖြစ်သော UGP Group (Uni Global Power) မှတာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပါသည်။ Local ပိုင်းအနေဖြင့် Nature Link Company နှင့်ပူးပေါင်း တည်ဆောက်လျှက် ရှိကြောင်းသိရှိရပါသည်။ Golden City Project တစ်ခုလုံးတွင် ရင်းနှီးမြုပ်နှံထားသော ငွေကြေးပမာဏမှာ US ဒေါ်လာသန်း ၃၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။

Golden City Project ကိုတည်ဆောက်ဖြစ်သော ရည်ရွယ်ချက်မှာ ပထမအချက်အနေဖြင့် ၂၀၁၀ခုနှစ်တွင် နိုင်ငံရေးအကူးအပြောင်းများ ဖြစ်ပေါ်လာပြီးနောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ များပြားလာသည့်အတွက် Foreign Investment Company နှင့် Local Investment Company နှစ်ခုပူးပေါင်းကာ ဆောက်လုပ်ရန် ဆောင်ရွက်ကာ ၂၀၁၀ခုနှစ်တွင် စတင် Register လုပ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ်တွင် MIC မှခွင့်ပြုချက်ရရှိကာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ဆောက်လုပ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

Golden City Project ကိုအထပ်အမြင့် ၃၃ထပ်ဖြင့် တည်ဆောက်ထားပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့ရဲ့ အမြင့်ဆုံး Condominium Projects တွေထဲက တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ အကျယ်အဝန်းအနေဖြင့် မြေဧက ၁၁ဧကပေါ်တွင် Tower ၁၁လုံး တည်ဆောက်ထားပြီး Tower ၉လုံးကို လူနေတိုက်များအဖြစ် သတ်မှတ်ထားပြီး နောက်ထပ် Tower ၁လုံးမှာတော့ Hotel, Service Apartment, Shopping Mall, Office Tower တို့ထည့်သွင်း တည်ဆောက်ထားပြီး နောက်ထပ် Tower မှာတော့ ရုံးခန်းအနေဖြင့် သတ်မှတ် တည်ဆောက် ထားကြောင်း သိရှိရပါသည်။

Tower အလိုက် Room Type အမျိုးအစား ၄မျိုးရှိပြီး (1Bedroom, 2Bedroom, 3Bedroom နှင့် 4Bedroom) ဟူ၍ သတ်မှတ်ထားပါသည်။ 1Bedroom မှာ 538 Sqft မှစတင်ပြီ်း 2Bedroom မှာ 986 Sqft မှ 1200 Sqft ကျော်ထိရှိပါသည်။ 3Bedroom မှာ 1200 Sqft ကျော်မှ 1700 Sqft ကျော်ထိရှိပြီး 4Bedroom မှာ 1900 Sqft ကျော်အထိရှိကြောင်း သိရှိရပါသည်။

Golden City project ကို ၂၀၁၄ခုနှစ် မတ်လတွင် Phase 1 (Tower ၄လုံး) ကိုစတင်အရောင်းဖွင့်ခဲ့ပြီး ၈၅% လောက်ရောင်းချပြီးစီးပြီ ဖြစ်ကြောင်းသိရှိရပါသည်။ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလတွင် Phase 2 (Tower ၃လုံး) ကိုထပ်မံအရောင်းဖွင့်ခဲ့ရာ ၆၀% ခန့်ရောင်းချပြီးစီးပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ရောင်းဈေးအနေဖြင့် Phase 1 တွင် 1Sqft ကို US $260 မှစတင်အရောင်းဖွင့်ခဲ့ပြီး Phase 2 တွင် 1Sqft ကို US $290~$340 အထိ သတ်မှတ် ရောင်းချပေးနေကြောင်း သိရှိရပါသည်။

Golden City Project မှတွေ့မြင်နိုင်သော မြင်ကွင်းများမှာ တောင်ဘက်တွင် ရွှေတိဂုံစေတီတော်၊ ကန်တော်ကြီး ရှိပြီး မြောက်ဘက်တွင် ကမ္ဘာအေးမြင်ရပြီး လေဆိပ်အထိပါ တွေ့မြင်နိုင်ပြီး အနောက်ဘက်တွင် အင်းယားကန် နှင့် အရှေ့ဘက်တွင် City View ကိုတွေ့မြင်နိုင်ကြောင်း သိရှိရပါသည်။

Car Parking System ကိုလဲနိုင်ငံတကာ အဆင့်မှီ Auto parking system ကိုဆောင်ရွက် ပေးထားခြင်းကြောင့် အခန်းပေါင်း ၁၄၀၀ အတွက် Car Parking နေရာ ၂၀၀၀ စီစဉ်ပေးထားကြောင်း သိရှိရပါသည်။ အခန်းဝယ်ယူသူများအနေဖြင့် ပိုင်ဆိုင်မှုနှင့် ပတ်သတ်၍ တိကျစွာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး Condo Law ထွက်ပေါ်ပြီးချိန်တွင်လဲ အခန်းဝယ်ယူသူများကို မြေယာကို အချိုးကျပိုင်ဆိုင်မှုများ ပြုလုပ်ပေးသွားမည်ဟု စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။

Golden City Project မှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ပြီးစီမည်ဖြစ်တာကြောင့် အခန်းဝယ်ယူလိုသူများ အနေဖြင့် ၄၀% ငွေချေရုံဖြင့် အသင့်နေထိုင်နိုင်ပြီး အရစ်ကျ၃နှစ် ဆက်တိုက်ပေးသွင်း ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

Golden City Project မှ တိုက်ခန်းများကို ဝယ်ယူလိုပါက Golden City ရုံးချုပ်တည်ရှိရာ Ground Floor, CMA Old Building, Yankin Township, Yangon သို့သွားရောက် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)