အာရှဆောက်လုပ်ရေး မှ အထွေထွေမန်နေဂျာ ဦးရန်အောင် နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
2680 ကြိမ် ကြည့်ရှု့ ပြီး

အာရှဆောက်လုပ်ရေး မှ အထွေထွေမန်နေဂျာ ဦးရန်အောင် နှင့် အင်တာဗျူး

Posted by နှင်းဒါလီ (iMyanmarHouse.com)

အာရှဆောက်လုပ်ရေးကို 2014 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်းသိရပါသည်။ မြန်မာနိုင်ငံအနေဖြင့်သော်လည်းကောင်း ၊ ရန်ကုန်မြို့အနေဖြင့်သော်လည်းကောင်း၊ လူဦးရေ ဖွံ့ဖြိုးတိုးတက်လာသည်ကတစ်ကြောင်း ၊ စားရေးထက် နေရေးက ပိုအရေးကြီးလာသည်ကတစ်ကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း က ပိုမိုတိုးတက်လာရန် အလားအလာ ရှိသောကြောင့် ဆောက်လုပ်ရေးလောကသို့ ဝင်ရောက်လုပ်ကိုင်ကာ အာရှဆောက်လုပ်ရေးကို စတင်တည်ထောင်ဖြစ်ခဲ့ ကြောင်းသိရပါသည်။

သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာပ မြို့နယ်တို့တွင် အထပ်မြင့် အဆောက်အဦးများ အများဆုံး ဆောက်လုပ်ဖြစ်ကြောင်း သိရပါသည်။ ယခုလက်ရှိတွင် တောင်ဥက္ကလာပ မိဂသီလမ်း တွင် ၈ ထပ်ခွဲ အဆောက်အဦးကို ဆောက်လုပ်နေကြောင်းသိရပါသည် ။
ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းသိရပါသည်။ သင်္ဃန်းကျွန်း ငမိုးရိပ် ရပ်ကွက်တွင်လည်း ၆ ထပ် အဆောက်အဦးကို လည်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းသိရပါသည်။ ယခုလက်ရှိတွင် သင်္ဃန်းကျွန်းလေး ထောင့်ကန်လမ်းမ ပေါ်တွင် ၈ထပ်ခွဲ အဆောက်အဦး ကို လေးခန်းတွဲ ပုံစံဖြင့် တည်ဆောက်ထားသောကြောင့် အဆောက်အအုံ ဧရိယာ လဲ ကြီးမားကြောင်း ၊ အထူးစီမံကိန်းအနေဖြင့်လည်း မကြာခင်ဆောက်လုပ်တော့ မည်ဖြစ်ကြောင်း သိရပါသည်။

လေးထောင့်ကန်ဘက်တွင်လည်း ကြိုပွိုင့်အနေဖြင့် မကြာခင်စတင်ဈေးဖွင့်တော့မည် ဖြစ်ကြောင်း သိရပါသည်။ မြေရှင်နှင့် လည်း အခန်းပေးအခန်းယူ စနစ်ဖြင့် ဆောက်လုပ်ဖြစ်ကြောင်းသိရပါသည်။
အာရှဆောက်လုပ်ရေးအနေဖြင့်လည်း Customer များ၏ ယုံကြည်မှု ကိုလည်း အဓိကအလေးထားကြောင်း သိရပါသည်။ ဆောက်လုပ်ထားသော တိုက်ခန်းများတွင်လည်း အရည်အသွေးကို ဦးစားပေး ဆောက်လုပ် ကြောင်း သိရပါသည်။ ကျွမ်းကျင်သော ဗိသုကာ ပညာရှင်၊ ကျွမ်းကျင်သော အင်ဂျင်နီယာများနှင့် Customer အလိုကျ ဆောင်ရွက်ပေးခြင်းတို့ကြောင့် အာရှဆောက်လုပ်ရေးသည် နှစ်အနည်းငယ် အတွင်း မှာပင် နာမည် တစ်ခုရလာကြောင်းကိုလည်း ရှင်းပြပေးခဲ့ပါသည်။ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ကြောင်းလည်း သိရပါ သည်။

နိုင်ငံတော် project များတွင် ဝင်ရောက်ဆောင်ရွက်တော့ မည်ဖြစ်ကြောင်းလဲသိရပါသည်။ Customer များအနေဖြင့် အာရှဆောက်လုပ်ရေးကို ဆက်သွယ်မေးမြန်းလိုပါက No.354 A/B , 355 A, Yadanar St., South Okkalarpa Tsp., Ygn. သို့လည်းကောင်း ၊ 09-253325263 သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)