Mawrawady Condominium မှ တာဝန်ရှိသူ Director ဦးကျော်ကျော်ထက် နှင့်အင်တာဗျူး - Property Interview from iMyanmarHouse.com
3728 ကြိမ် ကြည့်ရှု့ ပြီး

Mawrawady Condominium မှ တာဝန်ရှိသူ Director ဦးကျော်ကျော်ထက် နှင့်အင်တာဗျူး

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

Mawrawady Condominium ကို Advance Unity Development မှ တာဝန်ယူထားပြီး ၂၀၁၄ခုနှစ်တွင် စတင်တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ Mawrawady Condominium ကိုရန်ကုန်မြို့ ၈မိုင်ခွဲတွင် တည်ထားပြီး လမ်းပန်းဆက်သွယ်ရေး နှင့် စီးပွားရေးအချက်အချာ အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပါသည်။

Mawrawady Condo ကို စုစုပေါင်း ၁၆ထပ်ဖြင့် တည်ဆောက်ထားပြီး Basement ၄ထပ်၊ လူနေတိုက်ခန်း ၁၂ထပ် ပါဝင်ကြောင်း သိရှိရပါသည်။ Car Parking ကိုလဲတစ်ခန်း ၁စီးကျသတ်မှတ်ပေးထားပြီး Extra guest များအတွက်လဲ လုံလောက်မှုရှိစေရန် စီစဉ်ပေးထားသော အဆင့်မြင့် Condominium တစ်ခုလဲ ဖြစ်ပါသည်။

Mawrawady Condo ကို Room Type ၃မျိုးဖြင့် ဖွဲ့စည်းထားပြီး (1100sqft,1300sqft,1450sqft) ဟူ၍သတ်မှတ်ထားကြောင်း သိရှိရပါသည်။ အခန်း၁ခန်းချင်းစီတွင် Master Bedroom ၃ခန်း၊ ရိုးရိုးအိပ်ခန်း ၁ခန်း ပါရှိပါသည်။ Fully Furnished ပြင်ဆင်ထားမှုကြောင့် ဝယ်ယူသော Customers များအနေနဲ့ အဆင့်မြင့်စွာ အသင့်နေထိုင်နိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ဈေးနှုန်းများ အနေဖြင့် အောက်ဆုံးထပ်ကို 1sqft နှစ်သိန်းရှစ်သောင်းကျော်မှ စတင်ကာ ရောင်းချပေးနေကြောင်း သိရှိရပါသည်။ Payment system ကိုလဲ Project တည်ဆောက်ရန် ပျှမ်းမျှအားဖြင့် ၂၇လ သတ်မှတ်ထားသောကြောင့် ငွေပေးချေမှုကိုလဲ တိုက်ခန်းတန်ဖိုးပေါ် မူတည်၍ အဆင်ပြေအောင် အရစ်ကျသတ်မှတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၆ခုနှစ် အိမ်ခြံမြေဈေးကွက် ကိုလဲစောင့်ကြည့်ကာလ တစ်ခုအနေနဲ့ သတ်မှတ်နိုင်ကြောင်း နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေ များပြားလာသည့် အပေါ်မှာလဲ အဆိုးထဲက အကောင်းတွေဖြစ်လာသည်ဟု ထင်မှတ်ရကြောင်း သုံးသပ်ချက်များကို ပြောပြပေးခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)