RGD Construction Co.,Ltd မှ Managing Director ကိုလွင်အောင်ဦး နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
4525 ကြိမ် ကြည့်ရှု့ ပြီး

RGD Construction Co.,Ltd မှ Managing Director ကိုလွင်အောင်ဦး နှင့် အင်တာဗျုး

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

RGD Construction ကို ၂၀၀၀ခုနှစ်မှစတင် တည်ထောင်ခဲ့ပြီး မြို့ထဲ လမ်း၄၀၊ ကျောက်တံတား၊ ပုဇွန်တောင် မြို့နယ်များတွင် နှစ်ခန်းတွဲ ၆ထပ်တိုက်၊ ၈ထပ်တိုက်များ အဓိကထား ဆောက်လုပ်လျှက် ရှိကြောင်း သိရှိရပါသည်။ Mini Condo များကိုလဲမြို့နယ် အသီးသီးတွင် ဆောက်လျှက်ရှိကြောင်း သိရှိရပါသည်။ မြို့ထဲပိုင်းတွင် အများဆုံး ရွေးချယ် ဆောက်လုပ်မှု အပိုင်းနှင့် ပတ်သတ်ပြီး စီးပွားရေးအရ အမြန်ဆုံး အကောင်အထည် ဖော်ရန် အကောင်းဆုံး ဖြစ်သောကြောင့် ရွေးချယ်ဖြစ်ကြောင်းနှင့် Development ပိုင်းနှင့် ပတ်သတ်၍ သာကေတ၊ ဒဂုံမြို့သစ် မြို့နယ်များကို ရွေးချယ်ဆောက်လုပ် ဖြစ်ကြောင်း သိရှိရပါသည်။ မြောက်ဒဂုံ မန္တလေးလမ်းမကြီး ပေါ်တွင်လည်း Mini Condo ဆောက်လုပ်ရန် စတင်ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။

RGD Constructrion မှဆောက်လုပ်ထား သောအဆောက်အဦး များကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး အသင်းနှင့် MCEA အသင်းတို့မှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့် အညီ ဆောက်လုပ်ထားကြောင်း သိရှိရပါသည်။ အဆောက်အဦး များ၏ ဈေးနူန်းများနှင့် ပတ်သတ်၍ သိန်း ၆၀၀ ဝန်းကျင် တိုက်ခန်းများကိုသာ အများဆုံး ဆောက်လုပ် ရောင်းချဖြစ်ကြောင်း သိရှိရပါသည်။ ရေကျော်မြို့နယ်တွင် မြေများကို ကိုယ်တိုင်ဝယ်ယူ ဆောက်လုပ်မှု များပြီး သာကေတ နှင့် မြောက်ဒဂုံ မြို့နယ်များတွင် မြေရှင်နှင့် အခန်းပေး အခန်းယူ စနစ်ဖြင့် ဆောက်လုပ်ပေးကြောင်း သိရှိရပါသည်။ ၂၀၁၆ခုနှစ် အိမ်၊ ခြံ၊ မြေ ဈေးကွက်အခြေအနေ နှင့်ပတ်သတ်၍ (၁)နိုင်ငံရေး အခြေအနေ (၂)နိုင်ငံ၏ စီးပွားရေး အခြေအနေ (၃)နိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဥပဒေ အခြေအနေ စသဖြင့် အခြေအနေ အရပ်ရပ်နှင့် ပြောင်းလဲမှုများ ရှိနိုင်ကြောင်း ပြောပြပေးသွားပါသည်။

RGD Construction မှတိုက်ခန်းများကို ဝယ်ယူရာတွင် ပိုင်ဆိုင်မှု စာရွက်စာတမ်း နှင်ပတ်သတ်၍ ခိုင်မာမှုရှိစေရန် အဓိကထား ဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် iMyanmarHouse.com မှ ကျင်းပပြုလုပ်ခဲ့သော မြန်မာ့ အကြီးဆုံး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီး တွင်ပါဝင်ပြသ ရသည့်အပေါ်တွင်လဲ အရောင်းပြပွဲ တစ်ခုမှာ အခန်းရောင်းရသည်၊ မရောင်းရသည်ထက် လုပ်ငန်းတစ်ခုရဲ့ နာမည်ကိုထိုးဖောက် ပေးမှုတစ်ခု ဖြစ်သောကြောင့် အကျိုးကျေးဇူး များစွာရရှိကြောင်းနှင့် အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များ အနေဖြင့်လည်း ပါဝင်ပြသသင့်ကြောင်း ပြောပြပေးခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)