သီရိသဇင် ဆောက်လုပ်ရေးမှ တာဝန်ရှိသူ ကိုမိုးထွန်းကျော် နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
3513 ကြိမ် ကြည့်ရှု့ ပြီး

သီရိသဇင် ဆောက်လုပ်ရေးမှ တာဝန်ရှိသူ ကိုမိုးထွန်းကျော် နှင့် အင်တာဗျူး

Posted by နှင်းဒါလီ (iMyanmarHouse.com)

သီရိသဇင် ဆောက်လုပ်ရေးကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သက်တမ်း ၁၀ နှစ်ကျော် ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ ကိုမိုးထွန်းကျော်၏ ဖခင်ဖြစ်သူမှာ ၁၉၈၅ ခုနှစ်လောက်ကစ၍ အဆောက်အအုံလောကသို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း သိရှိရပါသည်။ အထပ်မြင့်အမျိုးအစားများကို အဓိကထား ဆောက်လုပ်၍ ယခုနောက်ပိုင်း တွင်ခြောက်ထပ် အဆောက်အဦးများ ပိုမို ဆောက်လုပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်က ဗဟန်း၊ တာမွေ၊ ကြည့်မြင်တိုင် နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် ဆောက်လုပ်၍ ယခုနောက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၌ အများဆုံး ဆောက်လုပ်ဖြစ် ကြောင်း သိရှိရပါသည်။

မြောက်ဥက္ကလာပမြို့နယ်သည် ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီဖြစ်ကြောင်း၊ မြောက်ဥက္ကလာအဝိုင်းမှ လေဆိပ်သို့ ၁၀ မိနစ်ဖြင့်သွားနိုင်ကြောင်းနှင့် အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ မိနစ်၂၀ ဖြင့်သွား နိုင်ကြောင်း၊ နေပြည်တော်တွင် အလုပ်လုပ်ကိုင်လိုသူများ အနေဖြင့်လည်း မြောက်ဥက္ကလာအဝိုင်းမှ ထောက်ကြံ့တိုးဂိတ်သို့ မိနစ်၃၀ (သို့) မိနစ်၄၀ ဖြင့်ရောက်ရှိနိုင်ကြောင်း ၊မြောက်ဥက္ကလာအဝိုင်းတွင် ဘဏ်များနှင့် မီးသတ်ဋ္ဌာနရှိကြောင်းသိရပါသည်။
ဆိတ်ငြိမ်ရက်ကွက်တွင် အများဆုံးဆောက်လုပ် ဖြစ်သောကြောင့် အေးချမ်းစွာနေထိုင်နိုင်ကြောင်း ကိုလည်းပြောပြ ပေးသွား ပါသည်။ သီရိသဇင် ဆောက်လုပ်ရေးမှ ကြိုပွိုင့်ရောင်းချမှု ရှိကြောင်း သိရှိရပါသည်။ ကြိုပွိုင့်ဝယ်ယူခြင်းဖြင့် ငွေကိုအရစ်ကျ ပေးချေ ရသောကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်ကြောင်း ပြောပြပေးသွားပါသည်။ ဆောက်လုပ်ပြီးသော တိုက်ခန်းများကို ဝယ်ယူပါက မိမိကြိုက်နှစ်သက်သော တိုက်ခန်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာနိုင်ပြီး ပတ်ဝန်းကျင်အနေအထားနှင့် လူနေခွင့်ကျပြီး မပြီး ကိုလည်း သိရှိနိုင်မည် ဖြစ်ကြောင်း ပြောပြပေးသွားပါသည်။ မြေရှင်နှင့် အခန်းပေးအခန်းယူစနစ် ဆောက်လုပ်ကြောင်း နှင့် ကိုယ်ပိုင်မြေကွက်ဝယ်ယူ၍ ဆောက်လုပ်ကြောင်းလည်း သိရှိရပါသည်။


အခန်းပေးအခန်းယူစနစ် ဆောက်လုပ်ရာတွင် သီရိသဇင်ဆောက်လုပ်ရေး အနေနှင့် ပေးနိုင်သော ငွေပမာဏနှင့် အခန်းအရေအတွက်ကို မြေရှင်နှင့် ညှိနှိုင်း ဆောင်ရွက်ကြောင်း သိရှိရပါသည်။ သီရိသဇင်ဆောက်လုပ်ရေးမှ တိုက်ခန်းများကို ဝယ်ယူပါကသီရိသဇင်ဆောက်လုပ်ရေး အနေနှင့် Customer ကအလိုရှိသော ကြွေပြားခင်းခြင်း၊ အခန်းဖွဲ့ပေးခြင်း၊ ပါကေးခင်းခြင်း တို့ကိုဆောင်ရွက်ပေးကြောင်း သိရပါသည်။ သီရိသဇင်ဆောက်လုပ်ရေးမှ တိုက်ခန်းများတွင် ဂျိုးဖြူရေလျှောက်ပေးခြင်း၊ မီးသတ်ပိုက်များစနစ်တကျတပ်ဆင်ပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။ သီရိသဇင်ဆောက်လုပ်ရေး ကိုဆက်သွယ်လိုပါက မြောက်ဥက္ကလာပမြို့နယ် (ဃ)ရက်ကွက်၊ ဝေပုလ္လ (၆) လမ်း၊ အမှတ်(၂၅၉) သို့ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။ ဗဟန်းရုံးသို့ ဆက်သွယ်လိုပါက ဗဟန်းမြို့နယ်၊ တာမွေအဝိုင်းအနီး၊ ဗိုလ်မှူးအောင်လမ်း၊ ဗိုလ်စိန်မှန်ရက်ကွက်၊ အမှက် (၁၀) ဖြစ်ပြီး Ph;09-5172639နှင့် 09-25411558 သို့ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)