250 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဖုန်းရွှေနည်းလမ်းနဲ့ သားသားမီးမီးလေးတွေအတွက် အခန်းလေးတွေ ပြင်ဆင်ပေးမယ်

 

[Unicode]

 

သားသားမီးမီးလေးတွေဆိုတာ မိဘတိုင်းရဲ့ ရတနာလေးတွေပါနော်။ သားသမီးရတနာလေးတွေ ရလာတဲ့အခါ မိသားစုလေးက ပိုပြီးပြည့်စုံသွားသလို ရင်သွေးလေးတွေ၊ ကလေးလေးတွေရဲ့ ပျော်ရွှင် ရယ်မောသံလေးတွေ ကလည်း မိသားစုအတွက် အမောပြေရပါတယ်။ ကလေးလေးတွေအတွက် ချစ်ခြင်းမေတ္တာ၊ အကြင်နာနဲ့ ဂရုတစိုက်ပြုစုပျိုးထောင်ပေးရင်း သူတို့လေးတွေအတွက် အကောင်းဆုံးသော ဘဝလေးတွေကို ပိုင်ဆိုင်ခွင့် ရစေချင်ကြတာက မိဘတိုင်းရဲ့ အလိုချင်ဆုံး ဆန္ဒတွေပါပဲ။


နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်တဲ့ ကလေးလေးတွေ၊ စားသောက်နေထိုင်သွားလာမှုပုံစံမှာ ရွှင်မြူးလန်းဆန်းနေတဲ့ ကလေးလေးတွေ၊ ကောင်းမွန်စွာ ဆော့ကစားရင်း ကြီးပြင်းအရွယ်ရောက်လာမယ့် ကလေးလေးတွေအတွက် သူတို့လေးတွေရဲ့ နေ့စဉ်နေ့တိုင်းမှာ မိဘတွေက အကောင်းဆုံးပုံစံနဲ့ ဖန်တီးပေးတတ်ကြတာဖြစ်ပါတယ်။ အခုလည်း ဖုန်းရွှေနည်းလမ်းက အကြံပြုပေးမယ့် သားသားမီးမီးလေးတွေအတွက် ဘယ်လိုမျိုး ပတ်ဝန်းကျင်၊ နေရာထိုင်ခင်းအပြင်အဆင်လေးတွေက အကောင်းဆုံး ဘဝတွေကို ဖန်တီးပေးမလဲဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဖုန်းရွှေကအကြံပြုပေးတဲ့ နည်းလမ်းအတိုင်း အရောင်တွေနဲ့ အထူးစီမံမှုတွေက ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေမှာ အမှန်တကယ်အထောက်အကူပြုစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကလေးမိဘတွေက ဖုန်းရွှေအစီရင်လမ်းညွှန်ချက်တွေ လိုက်နာခြင်းဖြင့် ရင်သွေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ သန်မာကြီးထွားမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အဘက်ဘက်က အကောင်းဆုံးတွေကို ဖန်တီးပေးနိုင်မှာပါ။

 

အခန်းရဲ့တည်နေရာကိုသေချာစဉ်းစားပါ။

 

ဖုန်းရွှေနည်းလမ်းနဲ့ သားသားမီးမီးလေးတွေအတွက် အခန်းလေးတွေ ပြင်ဆင်ပေးမယ်


ကလေးလေးတွေအတွက် အဓိကရွေးချယ်ရမယ့် အခန်းနေရာကတော့ အိမ်ရဲ့ အနောက်ဘက်ကျပြီး တိတ်ဆိတ်တဲ့ နေရာဖြစ်ပါတယ်။ အနည်းဆုံး ပြတင်းပေါက်တစ်ခုပါရှိရပါမယ်။ နောက်ပြီး ကလေးတွေရဲ့ အခန်းရဲ့ နံရံ တစ်ဖက်မှာ ဘာရှိသလဲဆိုတာ စဉ်းစားသင့်ပါတယ်။ ရေချိုးခန်း၊ ဘွိုင်လာ၊ မီးဖိုချောင်၊ အဝတ်လျှော်ခန်း တို့လို ကောင်းမွန်တဲ့ စွမ်းအင်၊ ဓာတ်တွေ ညစ်ညမ်းကုန်ခမ်းသွားစေမယ့် အခန်းတွေရဲ့ နံဘေးမှာ မရှိသင့်ဘူးလို့ ဖုန်းရွှေကျွမ်းကျင်သူက အကြံပြုထားပါတယ်။

 

စိတ်ငြိမ်သက်စေတဲ့ အရောင်တွေကို ရွေးချယ်ပါ။

 

ဖုန်းရွှေနည်းလမ်းနဲ့ သားသားမီးမီးလေးတွေအတွက် အခန်းလေးတွေ ပြင်ဆင်ပေးမယ်

ကလေးလေးတွေ ထိန်းကျောင်းပြုစုပေးတဲ့ အခန်းလေးတွေမှာ အထူးသဖြင့် အဖြူရောင်နဲ့ အလင်းဖက်ကို သွားတဲ့ အရောင်တွေ အမြဲတမ်းအသုံးပြုကြပါတယ်။ ဖုန်းရွှေနည်းကို အသုံးပြုပြီးတော့လည်း ဒီရွေးချယ်မှုက မှန်ကန်တယ်လို့ ဆိုနိုင်ပါတယ်။ အရောင်ခပ်ရဲရဲနဲ့ တောက်တောက်၊ အရောင်ရင့်ရင့်တွေက ရင်သွေးလေးတွေ အိပ်စက်အနားယူခြင်းကို အဟန့်အတားဖြစ်စေပါတယ်။ အဖြူရောင်၊ အဝါရောင်၊ ပန်းရောင်နဲ့ အပြာနု၊ ခရမ်းနု စတဲ့ အရောင်နုလေးတွေကို ကလေးလေးတွေ အခန်းပြင်ဆင်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

 

ကလေးပုခက်တွေကို မှန်ကန်စွာနေရာချပါ။

 

ဖုန်းရွှေနည်းလမ်းနဲ့ သားသားမီးမီးလေးတွေအတွက် အခန်းလေးတွေ ပြင်ဆင်ပေးမယ်

များသောအားဖြင့် ကလေးမိဘတွေက ကလေးတွေအိပ်စက် အနားယူတဲ့ ပုခက်တွေကို နံရံနဲ့ အပြိုင်ချထားတတ်ကြပါတယ်။ ဒါက အရေးတကြီးသတိပြုရမယ့် အချက်ထဲ ပါဝင်ပါတယ်။ ဖုန်းရွှေစည်းမျဉ်းအရ ကေလးပုခက်ကို နံရံနဲ့ T ပုံသဏ္ဌာန် ထောင့်မှန်ကျအောင် စီစဉ်ခြင်းက ကလေးဦးနှောက်အတွက် အထောက်အကူပြုပါတယ်။ ဒီလိုမဟုတ်ဘဲ နံရံနဲ့ ကပ်လျက် အပြိုင်ဆိုရင်တော့ ဦးနှောက်အတွက် အထောက်အပံ့မရှိပဲ စိုးရိမ်ပူပန်မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။


သဘာဝအလင်းရောင်များများရပါစေ။

 

ဖုန်းရွှေနည်းလမ်းနဲ့ သားသားမီးမီးလေးတွေအတွက် အခန်းလေးတွေ ပြင်ဆင်ပေးမယ်


ကလေးလေးတွေ နေထိုင်တဲ့အခန်းကို သဘာဝအလင်းရောင် အဆက်မပြတ် ရစေခြင်း က အကောင်းဆုံးဖြစ်ပါတယ်။ မနက်ခင်းနေရောင်ခြည်ဟာ ကလေးတွေကို စိတ်အာရုံ နိုးကြားစေ၊ လှုပ်နိုးတဲ့နေရာမှာ ကူညီပေးသလို နေ့ခင်းဘက်မှာထွက်ရှိတဲ့ အလင်းရောင်ကလည်း သူတို့လေးတွေကို အိပ်ပျော်စေပါတယ်။ မီးချောင်းတွေကို ရှောင်ပြီး နေအလင်းရောင်များများဝင်နိုင်မယ့် နေရာမျိုးမှာ ကလေးလေးတွေရဲ့ အခန်းပြင်ဆင်ပေးဖို့ ပိုပြီးသင့်တော်ပါတယ်။

 

စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ပရိဘောဂအသုံးအဆောင်တွေကို ဖယ်ရှားပါ။

 

ဖုန်းရွှေနည်းလမ်းနဲ့ သားသားမီးမီးလေးတွေအတွက် အခန်းလေးတွေ ပြင်ဆင်ပေးမယ်


ရင်သွေးလေးတွေရဲ့ အခန်းမှာ မလိုအပ်တဲ့ ပရိဘောဂအသုံးအဆောင်ပစ္စည်းတွေမထားပါနဲ့။ ချွန်ထက်တဲ့ ဒီဇိုင်းတွေ၊ အလှဆင်ပစ္စည်းတွေ၊ ရုပ်တုတွေနဲ့ ကလေးလေးတွေရဲ့ စိတ်အာရုံခံစားမှုနဲ့ မသက်ဆိုင်တဲ့ ဘယ်လို ပရိဘောဂအသုံးအဆောင်တွေကိုမဆို မထားသင့်ပါဘူး။ အဲဒီလို ချွန်ထက်တဲ့အရာတွေက အချိန်ကြာလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ စွမ်းအင်နယ်ပယ်ကို ဖြတ်တောက်ပစ်နိုင်တယ်လို့ စွမ်းအင်လေ့လာမှုဆိုင်ရာ ကျွမ်းကျင်သူက ဆိုထားပါတယ်။


သေးငယ်ပြီးနူးညံ့ပျော့ပျောင်းတဲ့ ပတ်ဝန်းကျင်လေး ဖန်တီးပေးပါ။

 

 

ဖုန်းရွှေနည်းလမ်းနဲ့ သားသားမီးမီးလေးတွေအတွက် အခန်းလေးတွေ ပြင်ဆင်ပေးမယ်

 

ကလေးလေးတွေဟာ ဝါဂွမ်းလေးတွေလို၊ ပန်းပွင့်လေးတွေလို နူးညံ့ကြပါတယ်။ အဲ့ဒါကြောင့် သူတို့တွေရဲ့ အနီးတစ်ဝိုက် ကြမ်းတမ်းခက်ထန်တဲ့ ခံစားချက်၊ အခြေအနေကို ဖန်တီးပေးမယ့် အရာတွေ မထားသင့်ပါဘူး။ ကြီးမားတဲ့ နံရံဆေးရေးပန်းချီကားကြီးတွေ၊ ကြမ်းတမ်းခက်ထန်တဲ့ ရုပ်တုကြီးတွေ၊ ခန့်ညားလှပသော်လည်းပဲ စိတ်ကို ကြောက်ရွံ့တုန်လှုပ်သွားစေမယ့် အလှဆင်ပရိဘောဂတွေကို ဖယ်ရှားလိုက်ပါ။ ကလေးတွေရဲ့ မျက်စိနဲ့ စိတ်ကိုပသာဒဖြစ်စေမယ့် အရောင်လေးတွေ၊ ပန်းချီကားလေးတွေ၊ ပျော်ရွှင်စရာ ကာတွန်းဇာတ်ကောင်လေးတွေ၊ တိရစ္ဆာန်ရုပ်လေးတွေ၊ နတ်သမီးရုပ်လေးတွေ စတာတွေက သူတို့လေးတွေရဲ့ ပျော်ရွှင်တဲ့စိတ်ခံစားမှုကို ပံ့ပိုးပေးနိုင်ပါတယ်။

 

ငြိမ်သက်တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်လေးမှာ ကစားပေးပါ။

 

ဖုန်းရွှေနည်းလမ်းနဲ့ သားသားမီးမီးလေးတွေအတွက် အခန်းလေးတွေ ပြင်ဆင်ပေးမယ်


ကျယ်လောင်စူးရှတဲ့အသံ၊ စက်ပစ္စည်းတွေရဲ့ မောင်းနှင်သံတွေ၊ ဆူညံသံတွေ ရှိတဲ့အရပ်က ကလေးလေးတွေနဲ့ မသင့်တော်ပါဘူး။ ဆူညံနေတဲ့ပတ်ဝန်းကျင် အသံတွေကနေ ကာကွယ်ပေးပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်လေးမှာ ဆော့ကစားနေတဲ့ကလေးလေးတွေက စိတ်အာရုံတည်ငြိမ်စေပြီး ပိုပြီးအာရုံစိုက်နိုင်ကြပါတယ်။

 

နည်းပညာပစ္စည်းတွေကို တတ်နိုင်သမျှ လျှော့ချပါ။

 

ဖုန်းရွှေနည်းလမ်းနဲ့ သားသားမီးမီးလေးတွေအတွက် အခန်းလေးတွေ ပြင်ဆင်ပေးမယ်

 

ကလေးလေးတွေရဲ့ အခန်းထဲမှာ ခေတ်မီနည်းပညာပစ္စည်းတွေ၊ အိုင်တီပစ္စည်းတွေက သူတို့တွေရဲ့ စိတ်အာရုံကို ထွေပြားနှောင့်ယှက်စေနိုင်ပါတယ်။ အသိဉာဏ်ဖွံ့ဖြိုးခါစ ကလေးလေးတွေရဲ့ ဦးနှောက်မှတ် ဉာဏ်ကိုလည်း အခုခေတ် နည်းပညာနဲ့ လုပ်ထားတဲ့ပစ္စည်းတွေကနေ ထုံထိုင်းလေးလံသွားတာမျိုးတွေ၊ ကျန်းမာရေးရှုထောင့်အရ ဦးနှောက်သွေးကြောလေးတွေ ကျဉ်းမြောင်းကာ အာရုံစိုက်နိုင်မှု လျော့ကျသွားတာမျိုးတွေ ဖြစ်နိုင်လို့ တတ်နိုင်သရွေ့ ကလေးလေးတွေရဲ့ အခန်းမှာ နည်းပညာပစ္စည်းတွေ လျှော့ချသုံးစွဲသင့်ပါတယ်။

ကဲ ဒီလောက်ဆိုရင် သားသားမီးမီးလေးတွေအတွက် ဘယ်လိုအခန်းလေးတွေဖွဲ့ပြီး ပြင်ဆင်ပေးရမလဲဆိုတာ သိလောက်ကြပြီးဖြစ်ပါတယ်နော်။ iMyanmarHouse စာဖတ်ပရိသတ်ကြီးလည်း ချစ်ရတဲ့ သားသားမီးမီးလေးတွေနဲ့ ချမ်းမြေ့သာယာပြီးပျော်ရွှင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဖုန္းေ႐ႊနည္းလမ္းနဲ႔ သားသားမီးမီးေလးေတြအတြက္ အခန္းေလးေတြ ျပင္ဆင္ေပးမယ္

 

သားသားမီးမီးေလးေတြဆိုတာ မိဘတိုင္းရဲ႕ ရတနာေလးေတြပါေနာ္။ သားသမီးရတနာေလးေတြ ရလာတဲ့အခါ မိသားစုေလးက ပိုၿပီးျပည့္စုံသြားသလို ရင္ေသြးေလးေတြ၊ ကေလးေလးေတြရဲ႕ ေပ်ာ္႐ႊင္ ရယ္ေမာသံေလးေတြ ကလည္း မိသားစုအတြက္ အေမာေျပရပါတယ္။ ကေလးေလးေတြအတြက္ ခ်စ္ျခင္းေမတၱာ၊ အၾကင္နာနဲ႔ ဂ႐ုတစိုက္ျပဳစုပ်ိဳးေထာင္ေပးရင္း သူတို႔ေလးေတြအတြက္ အေကာင္းဆုံးေသာ ဘဝေလးေတြကို ပိုင္ဆိုင္ခြင့္ ရေစခ်င္ၾကတာက မိဘတိုင္းရဲ႕ အလိုခ်င္ဆုံး ဆႏၵေတြပါပဲ။


ေန႔ရက္တိုင္းမွာ က်န္းမာေပ်ာ္႐ႊင္တဲ့ ကေလးေလးေတြ၊ စားေသာက္ေနထိုင္သြားလာမႈပုံစံမွာ ႐ႊင္ျမဴးလန္းဆန္းေနတဲ့ ကေလးေလးေတြ၊ ေကာင္းမြန္စြာ ေဆာ့ကစားရင္း ႀကီးျပင္းအ႐ြယ္ေရာက္လာမယ့္ ကေလးေလးေတြအတြက္ သူတို႔ေလးေတြရဲ႕ ေန႔စဥ္ေန႔တိုင္းမွာ မိဘေတြက အေကာင္းဆုံးပုံစံနဲ႔ ဖန္တီးေပးတတ္ၾကတာျဖစ္ပါတယ္။ အခုလည္း ဖုန္းေ႐ႊနည္းလမ္းက အၾကံျပဳေပးမယ့္ သားသားမီးမီးေလးေတြအတြက္ ဘယ္လိုမ်ိဳး ပတ္ဝန္းက်င္၊ ေနရာထိုင္ခင္းအျပင္အဆင္ေလးေတြက အေကာင္းဆုံး ဘဝေတြကို ဖန္တီးေပးမလဲဆိုတဲ့အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

ဖုန္းေ႐ႊကအၾကံျပဳေပးတဲ့ နည္းလမ္းအတိုင္း အေရာင္ေတြနဲ႔ အထူးစီမံမႈေတြက ကေလးေတြရဲ႕ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈေတြမွာ အမွန္တကယ္အေထာက္အကူျပဳေစမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ ကေလးမိဘေတြက ဖုန္းေ႐ႊအစီရင္လမ္းၫႊန္ခ်က္ေတြ လိုက္နာျခင္းျဖင့္ ရင္ေသြးငယ္ေတြရဲ႕ က်န္းမာေရးနဲ႔ သန္မာႀကီးထြားမႈ၊ ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ အဘက္ဘက္က အေကာင္းဆုံးေတြကို ဖန္တီးေပးႏိုင္မွာပါ။

 

အခန္းရဲ႕တည္ေနရာကိုေသခ်ာစဥ္းစားပါ။


ကေလးေလးေတြအတြက္ အဓိကေ႐ြးခ်ယ္ရမယ့္ အခန္းေနရာကေတာ့ အိမ္ရဲ႕ အေနာက္ဘက္က်ၿပီး တိတ္ဆိတ္တဲ့ ေနရာျဖစ္ပါတယ္။ အနည္းဆုံး ျပတင္းေပါက္တစ္ခုပါ႐ွိရပါမယ္။ ေနာက္ၿပီး ကေလးေတြရဲ႕ အခန္းရဲ႕ နံရံ တစ္ဖက္မွာ ဘာ႐ွိသလဲဆိုတာ စဥ္းစားသင့္ပါတယ္။ ေရခ်ိဳးခန္း၊ ဘြိဳင္လာ၊ မီးဖိုေခ်ာင္၊ အဝတ္ေလွ်ာ္ခန္း တို႔လို ေကာင္းမြန္တဲ့ စြမ္းအင္၊ ဓာတ္ေတြ ညစ္ညမ္းကုန္ခမ္းသြားေစမယ့္ အခန္းေတြရဲ႕ နံေဘးမွာ မ႐ွိသင့္ဘူးလို႔ ဖုန္းေ႐ႊကြၽမ္းက်င္သူက အၾကံျပဳထားပါတယ္။

 

စိတ္ၿငိမ္သက္ေစတဲ့ အေရာင္ေတြကို ေ႐ြးခ်ယ္ပါ။

ကေလးေလးေတြ ထိန္းေက်ာင္းျပဳစုေပးတဲ့ အခန္းေလးေတြမွာ အထူးသျဖင့္ အျဖဴေရာင္နဲ႔ အလင္းဖက္ကို သြားတဲ့ အေရာင္ေတြ အၿမဲတမ္းအသုံးျပဳၾကပါတယ္။ ဖုန္းေ႐ႊနည္းကို အသုံးျပဳၿပီးေတာ့လည္း ဒီေ႐ြးခ်ယ္မႈက မွန္ကန္တယ္လို႔ ဆိုႏိုင္ပါတယ္။ အေရာင္ခပ္ရဲရဲနဲ႔ ေတာက္ေတာက္၊ အေရာင္ရင့္ရင့္ေတြက ရင္ေသြးေလးေတြ အိပ္စက္အနားယူျခင္းကို အဟန္႔အတားျဖစ္ေစပါတယ္။ အျဖဴေရာင္၊ အဝါေရာင္၊ ပန္းေရာင္နဲ႔ အျပာႏု၊ ခရမ္းႏု စတဲ့ အေရာင္ႏုေလးေတြကို ကေလးေလးေတြ အခန္းျပင္ဆင္တဲ့ေနရာမွာ အသုံးျပဳႏိုင္ပါတယ္။

ကေလးပုခက္ေတြကို မွန္ကန္စြာေနရာခ်ပါ။

မ်ားေသာအားျဖင့္ ကေလးမိဘေတြက ကေလးေတြအိပ္စက္ အနားယူတဲ့ ပုခက္ေတြကို နံရံနဲ႔ အၿပိဳင္ခ်ထားတတ္ၾကပါတယ္။ ဒါက အေရးတႀကီးသတိျပဳရမယ့္ အခ်က္ထဲ ပါဝင္ပါတယ္။ ဖုန္းေ႐ႊစည္းမ်ဥ္းအရ ေကလးပုခက္ကို နံရံနဲ႔ T ပုံသဏၭာန္ ေထာင့္မွန္က်ေအာင္ စီစဥ္ျခင္းက ကေလးဦးေႏွာက္အတြက္ အေထာက္အကူျပဳပါတယ္။ ဒီလိုမဟုတ္ဘဲ နံရံနဲ႔ ကပ္လ်က္ အၿပိဳင္ဆိုရင္ေတာ့ ဦးေႏွာက္အတြက္ အေထာက္အပံ့မ႐ွိပဲ စိုးရိမ္ပူပန္မႈကို ျဖစ္ေစတယ္လို႔ ဆိုပါတယ္။


သဘာဝအလင္းေရာင္မ်ားမ်ားရပါေစ။


ကေလးေလးေတြ ေနထိုင္တဲ့အခန္းကို သဘာဝအလင္းေရာင္ အဆက္မျပတ္ ရေစျခင္း က အေကာင္းဆုံးျဖစ္ပါတယ္။ မနက္ခင္းေနေရာင္ျခည္ဟာ ကေလးေတြကို စိတ္အာ႐ုံ ႏိုးၾကားေစ၊ လႈပ္ႏိုးတဲ့ေနရာမွာ ကူညီေပးသလို ေန႔ခင္းဘက္မွာထြက္႐ွိတဲ့ အလင္းေရာင္ကလည္း သူတို႔ေလးေတြကို အိပ္ေပ်ာ္ေစပါတယ္။ မီးေခ်ာင္းေတြကို ေ႐ွာင္ၿပီး ေနအလင္းေရာင္မ်ားမ်ားဝင္ႏိုင္မယ့္ ေနရာမ်ိဳးမွာ ကေလးေလးေတြရဲ႕ အခန္းျပင္ဆင္ေပးဖို႔ ပိုၿပီးသင့္ေတာ္ပါတယ္။

စိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္ ပရိေဘာဂအသုံးအေဆာင္ေတြကို ဖယ္႐ွားပါ။


ရင္ေသြးေလးေတြရဲ႕ အခန္းမွာ မလိုအပ္တဲ့ ပရိေဘာဂအသုံးအေဆာင္ပစၥည္းေတြမထားပါနဲ႔။ ခြၽန္ထက္တဲ့ ဒီဇိုင္းေတြ၊ အလွဆင္ပစၥည္းေတြ၊ ႐ုပ္တုေတြနဲ႔ ကေလးေလးေတြရဲ႕ စိတ္အာ႐ုံခံစားမႈနဲ႔ မသက္ဆိုင္တဲ့ ဘယ္လို ပရိေဘာဂအသုံးအေဆာင္ေတြကိုမဆို မထားသင့္ပါဘူး။ အဲဒီလို ခြၽန္ထက္တဲ့အရာေတြက အခ်ိန္ၾကာလာတာနဲ႔အမွ် လူတစ္ေယာက္ရဲ႕ စြမ္းအင္နယ္ပယ္ကို ျဖတ္ေတာက္ပစ္ႏိုင္တယ္လို႔ စြမ္းအင္ေလ့လာမႈဆိုင္ရာ ကြၽမ္းက်င္သူက ဆိုထားပါတယ္။


ေသးငယ္ၿပီးႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ ပတ္ဝန္းက်င္ေလး ဖန္တီးေပးပါ။

ကေလးေလးေတြဟာ ဝါဂြမ္းေလးေတြလို၊ ပန္းပြင့္ေလးေတြလို ႏူးညံ့ၾကပါတယ္။ အဲ့ဒါေၾကာင့္ သူတို႔ေတြရဲ႕ အနီးတစ္ဝိုက္ ၾကမ္းတမ္းခက္ထန္တဲ့ ခံစားခ်က္၊ အေျခအေနကို ဖန္တီးေပးမယ့္ အရာေတြ မထားသင့္ပါဘူး။ ႀကီးမားတဲ့ နံရံေဆးေရးပန္းခ်ီကားႀကီးေတြ၊ ၾကမ္းတမ္းခက္ထန္တဲ့ ႐ုပ္တုႀကီးေတြ၊ ခန္႔ညားလွပေသာ္လည္းပဲ စိတ္ကို ေၾကာက္႐ြံ႕တုန္လႈပ္သြားေစမယ့္ အလွဆင္ပရိေဘာဂေတြကို ဖယ္႐ွားလိုက္ပါ။ ကေလးေတြရဲ႕ မ်က္စိနဲ႔ စိတ္ကိုပသာဒျဖစ္ေစမယ့္ အေရာင္ေလးေတြ၊ ပန္းခ်ီကားေလးေတြ၊ ေပ်ာ္႐ႊင္စရာ ကာတြန္းဇာတ္ေကာင္ေလးေတြ၊ တိရစၧာန္႐ုပ္ေလးေတြ၊ နတ္သမီး႐ုပ္ေလးေတြ စတာေတြက သူတို႔ေလးေတြရဲ႕ ေပ်ာ္႐ႊင္တဲ့စိတ္ခံစားမႈကို ပံ့ပိုးေပးႏိုင္ပါတယ္။

ၿငိမ္သက္တိတ္ဆိတ္တဲ့ ပတ္ဝန္းက်င္ေလးမွာ ကစားေပးပါ။


က်ယ္ေလာင္စူး႐ွတဲ့အသံ၊ စက္ပစၥည္းေတြရဲ႕ ေမာင္းႏွင္သံေတြ၊ ဆူညံသံေတြ ႐ွိတဲ့အရပ္က ကေလးေလးေတြနဲ႔ မသင့္ေတာ္ပါဘူး။ ဆူညံေနတဲ့ပတ္ဝန္းက်င္ အသံေတြကေန ကာကြယ္ေပးၿပီး တိတ္ဆိတ္ၿငိမ္သက္တဲ့ ပတ္ဝန္းက်င္ေလးမွာ ေဆာ့ကစားေနတဲ့ကေလးေလးေတြက စိတ္အာ႐ုံတည္ၿငိမ္ေစၿပီး ပိုၿပီးအာ႐ုံစိုက္ႏိုင္ၾကပါတယ္။

နည္းပညာပစၥည္းေတြကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ပါ။

ကေလးေလးေတြရဲ႕ အခန္းထဲမွာ ေခတ္မီနည္းပညာပစၥည္းေတြ၊ အိုင္တီပစၥည္းေတြက သူတို႔ေတြရဲ႕ စိတ္အာ႐ုံကို ေထြျပားေႏွာင့္ယွက္ေစႏိုင္ပါတယ္။ အသိဉာဏ္ဖြံ႕ၿဖိဳးခါစ ကေလးေလးေတြရဲ႕ ဦးေႏွာက္မွတ္ ဉာဏ္ကိုလည္း အခုေခတ္ နည္းပညာနဲ႔ လုပ္ထားတဲ့ပစၥည္းေတြကေန ထုံထိုင္းေလးလံသြားတာမ်ိဳးေတြ၊ က်န္းမာေရး႐ႈေထာင့္အရ ဦးေႏွာက္ေသြးေၾကာေလးေတြ က်ဥ္းေျမာင္းကာ အာ႐ုံစိုက္ႏိုင္မႈ ေလ်ာ့က်သြားတာမ်ိဳးေတြ ျဖစ္ႏိုင္လို႔ တတ္ႏိုင္သေ႐ြ႕ ကေလးေလးေတြရဲ႕ အခန္းမွာ နည္းပညာပစၥည္းေတြ ေလွ်ာ့ခ်သုံးစြဲသင့္ပါတယ္။

ကဲ ဒီေလာက္ဆိုရင္ သားသားမီးမီးေလးေတြအတြက္ ဘယ္လိုအခန္းေလးေတြဖြဲ႕ၿပီး ျပင္ဆင္ေပးရမလဲဆိုတာ သိေလာက္ၾကၿပီးျဖစ္ပါတယ္ေနာ္။ iMyanmarHouse စာဖတ္ပရိသတ္ႀကီးလည္း ခ်စ္ရတဲ့ သားသားမီးမီးေလးေတြနဲ႔ ခ်မ္းေျမ့သာယာၿပီးေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလး ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)