330 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

Sleeping Beauty လေးများအတွက် ချိုမြိန်လှတဲ့ အိပ်စက်ညလေးဖြစ်ဖို့ရာ......

 

 

[Unicode]


စိုးရိမ်ပူပန်မှုတွေ၊ အခန်းတွင်းလေထုညစ်ညမ်းမှုတွေက လေဒီတို့ ဘေဘီတို့ကို အိပ်မရအောင်နှိပ်စက်နေပါသလား။ Sleeping Beauty လေးလို အပူအပင်ကင်းကင်းနဲ့ အိပ်စက်ညလေးတစ်ည ဖြတ်သန်းနိုင်ဖို့အတွက် အိပ်ခန်းလေးအတွင်းမှာ အလှဆင်ထားသင့်တဲ့ အိပ်ပျော်စေနိုင်တဲ့အပင်လေးများကိုစုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 

ခရမ်းသွေးရောင် လာဗင်ဒါနဲ့ အိပ်စက်ညကိုဖန်တီးပါ

 

Sleeping Beauty လေးများအတွက် ချိုမြိန်လှတဲ့ အိပ်စက်ညလေးဖြစ်ဖို့ရာ......

အခန်းတွင်း ခရမ်းရောင်ဓာတ်ကို လာဗင်ဒါပန်းအိုးလေးတစ်လုံးနဲ့ တိုးမြှင့်လိုက်ပါ။ လှပလွန်းတဲ့လာဗင်ဒါပန်းခရမ်းရောင်လေးများဟာ အိပ်ခန်းတွင်းအလှဆင်ဖို့ရာအတွက်သုံးနိုင်သလိုမျိုးပဲ ပန်းရဲ့ရနံ့သင်းသင်းလေးဟာ စိတ်ဖိစီးမှုကို အဆုံးထိလျှော့ချပေးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ဖို့ရာအထောက်အကူပြုပါတယ်။ လာဗင်ဒါပန်းခက်လေးတွေအလွယ်တကူရှာမရဘူးဆိုရင်တော့ လာဗင်ဒါအဆီကိုရေငွေ့ထုတ်စက်လေးထဲမှာထည့်သွင်းအသုံးပြုနိုင်ပြီး ဆံသားနဲ့အသားအရေလှပမှုအတွက် လာဗင်ဒါဆီကိုအသုံးပြုနိုင်ပါတယ်။

 

 

အိပ်ရေးမပျက်ဖို့ စံပယ်ဖြူဖြူရဲ့ အကူအညီယူ

 

Sleeping Beauty လေးများအတွက် ချိုမြိန်လှတဲ့ အိပ်စက်ညလေးဖြစ်ဖို့ရာ......

အဆင်းရောအနံ့ပါ ပြည့်စုံလှတဲ့ စံပယ်ပန်းလေးတွေဟာ အိပ်ရာဘေးမှာထားအိပ်တဲ့အခါ ပန်းကထုတ်လွှင့်တဲ့ရနံ့ကြောင့် တစ်နေ့တာစိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပါတယ်။ စံပယ်ပန်းရဲ့ ရနံ့ဟာ နားယူမှုအပြည့်နဲ့အိပ်ပျော်စေတယ်လို့ လေ့လာသူတွေက ပြောကြားထားပါတယ်။ စိတ်ကြည်လင်လန်းဆန်းမှုအပြည့်နဲ့ မနက်ဖြန်ကိုစတင်ဖို့ရာ စံပယ်ပန်းလေးတွေရဲ့အကူအညီကို ယူပြီးအိပ်စက်လိုက်ပါ။

 

ဘက်စုံကောင်းတဲ့ ရွှေရှားစောင်း

 

Sleeping Beauty လေးများအတွက် ချိုမြိန်လှတဲ့ အိပ်စက်ညလေးဖြစ်ဖို့ရာ......

ဆံပင်၊ အသားအရေ အတွက် အလှအပပံ့ပိုးမှုအပင်အဖြစ်အသုံးပြုကြတဲ့ ရှားစောင်းလက်ပတ်လေးတွေဟာ နေလောင်ဒဏ်နဲ့ အနာသက်သာစေတဲ့ မွေးရာပါအစွမ်းရှိပါတယ်။ ဘက်စုံသုံးနိုင်တဲ့ရှားစောင်းပင်လေးတွေဟာ စိုက်ပျိုးရန်လဲ လွယ်ကူတဲ့အတွက် အိမ်တွင်းမှာ အလှဆင်ပန်းအဖြစ် ထည့်သွင်းထားလို့ရပါတယ်။ အောက်စီဂျင်ထုတ်ပေးတဲ့အပင်ငယ်လေးတွေမို့ အိပ်စက်ညတွေမှာ သန့်ရှင်းတဲ့လေထုအဝန်းအဝိုင်းကို ဖန်တီးပေးနိုင်ပါတယ်။ အလှအပစိတ်ဝင်စားတဲ့လေဒီဆိုရင်တော့ အိပ်ခန်းလေးအတွင်းရှားစောင်းအပင်တစ်ပင်တော့ ထည့်ထားသင့်တယ်နော်။

 

Sleeping baby တို့အတွက် Lily ဖြူ

 

Sleeping Beauty လေးများအတွက် ချိုမြိန်လှတဲ့ အိပ်စက်ညလေးဖြစ်ဖို့ရာ......

အဖြူရောင် lily လေးတွေဟာ လေထုညစ်ညမ်းမှုကိုလျော့ချပေးတဲ့အတွက် နေရောင်တိုက်ရိုက်မထိုးပဲ အလင်းရောင်ကောင်းကောင်းရတဲ့နေရာလေးမှာ ပန်းအိုးလှလှလေးနဲ့စိုက်ပျိုးထားနိုင်ပါတယ်။ အိပ်ခန်းတွင်းအလှဆင်အပင်လေးတစ်ဖြစ်လဲစိုက်ပျိုးနိုင်တဲ့ Lily လေးတွေဟာ ခွေး၊ ကြောင်စတဲ့ တိလေးတွေနဲ့ မတည့်တတ်တာကိုလည်း သတိထားသင့်ပါတယ်နော်။ အခန်းတွင်းထဲမှာထည့်ထားမယ့်ဆိုရင်တော့ သန့်ရှင်းသပ်ရပ်တဲ့အခန်းအသွင်အပြင်နဲ့လိုက်ဖက်တဲ့ အထက်တန်းဆန်ဆန် lily ပန်းလေးတွေပဲဖြစ်ပါတယ်။

Sleeping Beauty လေးများအတွက် ချိုမြိန်လှတဲ့ အိပ်စက်ညလေးဖြစ်ဖို့ရာ......

 

အတွေးများတဲ့ အိပ်ပျက်ညတွေ လေဒီတို့ကို နှိပ်စက်နေရင်တော့ အိပ်ပျော်စေတဲ့အပင်လေးတွေစိုက်ပျိုးထားရှိပြီး အန်တုလိုက်ပါ။ ပရိတ်သတ်အားလုံးပဲ ချိုမြိန်တဲ့အိပ်စက်ညလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

Sleeping Beauty ေလးမ်ားအတြက္ ခ်ိဳၿမိန္လွတဲ့ အိပ္စက္ညေလးျဖစ္ဖို႔ရာ......

 

စိုးရိမ္ပူပန္မႈေတြ၊ အခန္းတြင္းေလထုညစ္ညမ္းမႈေတြက ေလဒီတို႔ ေဘဘီတို႔ကို အိပ္မရေအာင္ႏွိပ္စက္ေနပါသလား။ Sleeping Beauty ေလးလို အပူအပင္ကင္းကင္းနဲ႔ အိပ္စက္ညေလးတစ္ည ျဖတ္သန္းႏိုင္ဖို႔အတြက္ အိပ္ခန္းေလးအတြင္းမွာ အလွဆင္ထားသင့္တဲ့ အိပ္ေပ်ာ္ေစႏိုင္တဲ့အပင္ေလးမ်ားကိုစုစည္းတင္ဆက္ေပးလိုက္ပါတယ္။

 

ခရမ္းေသြးေရာင္ လာဗင္ဒါနဲ႔ အိပ္စက္ညကိုဖန္တီးပါ

အခန္းတြင္း ခရမ္းေရာင္ဓာတ္ကို လာဗင္ဒါပန္းအိုးေလးတစ္လုံးနဲ႔ တိုးျမႇင့္လိုက္ပါ။ လွပလြန္းတဲ့လာဗင္ဒါပန္းခရမ္းေရာင္ေလးမ်ားဟာ အိပ္ခန္းတြင္းအလွဆင္ဖို႔ရာအတြက္သုံးႏိုင္သလိုမ်ိဳးပဲ ပန္းရဲ႕ရနံ႔သင္းသင္းေလးဟာ စိတ္ဖိစီးမႈကို အဆုံးထိေလွ်ာ့ခ်ေပးၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ဖို႔ရာအေထာက္အကူျပဳပါတယ္။ လာဗင္ဒါပန္းခက္ေလးေတြအလြယ္တကူ႐ွာမရဘူးဆိုရင္ေတာ့ လာဗင္ဒါအဆီကိုေရေငြ႕ထုတ္စက္ေလးထဲမွာထည့္သြင္းအသုံးျပဳႏိုင္ၿပီး ဆံသားနဲ႔အသားအေရလွပမႈအတြက္ လာဗင္ဒါဆီကိုအသုံးျပဳႏိုင္ပါတယ္။

 

အိပ္ေရးမပ်က္ဖို႔ စံပယ္ျဖဴျဖဴရဲ႕ အကူအညီယူ

အဆင္းေရာအနံ႔ပါ ျပည့္စုံလွတဲ့ စံပယ္ပန္းေလးေတြဟာ အိပ္ရာေဘးမွာထားအိပ္တဲ့အခါ ပန္းကထုတ္လႊင့္တဲ့ရနံ႔ေၾကာင့္ တစ္ေန႔တာစိတ္ဖိစီးမႈကိုေလ်ာ့က်ေစႏိုင္ပါတယ္။ စံပယ္ပန္းရဲ႕ ရနံ႔ဟာ နားယူမႈအျပည့္နဲ႔အိပ္ေပ်ာ္ေစတယ္လို႔ ေလ့လာသူေတြက ေျပာၾကားထားပါတယ္။ စိတ္ၾကည္လင္လန္းဆန္းမႈအျပည့္နဲ႔ မနက္ျဖန္ကိုစတင္ဖို႔ရာ စံပယ္ပန္းေလးေတြရဲ႕အကူအညီကို ယူၿပီးအိပ္စက္လိုက္ပါ။

 

ဘက္စုံေကာင္းတဲ့ ေ႐ႊ႐ွားေစာင္း

ဆံပင္၊ အသားအေရ အတြက္ အလွအပပံ့ပိုးမႈအပင္အျဖစ္အသုံးျပဳၾကတဲ့ ႐ွားေစာင္းလက္ပတ္ေလးေတြဟာ ေနေလာင္ဒဏ္နဲ႔ အနာသက္သာေစတဲ့ ေမြးရာပါအစြမ္း႐ွိပါတယ္။ ဘက္စုံသုံးႏိုင္တဲ့႐ွားေစာင္းပင္ေလးေတြဟာ စိုက္ပ်ိဳးရန္လဲ လြယ္ကူတဲ့အတြက္ အိမ္တြင္းမွာ အလွဆင္ပန္းအျဖစ္ ထည့္သြင္းထားလို႔ရပါတယ္။ ေအာက္စီဂ်င္ထုတ္ေပးတဲ့အပင္ငယ္ေလးေတြမို႔ အိပ္စက္ညေတြမွာ သန္႔႐ွင္းတဲ့ေလထုအဝန္းအဝိုင္းကို ဖန္တီးေပးႏိုင္ပါတယ္။ အလွအပစိတ္ဝင္စားတဲ့ေလဒီဆိုရင္ေတာ့ အိပ္ခန္းေလးအတြင္း႐ွားေစာင္းအပင္တစ္ပင္ေတာ့ ထည့္ထားသင့္တယ္ေနာ္။

 

Sleeping baby တို႔အတြက္ Lily ျဖဴ

အျဖဴေရာင္ lily ေလးေတြဟာ ေလထုညစ္ညမ္းမႈကိုေလ်ာ့ခ်ေပးတဲ့အတြက္ ေနေရာင္တိုက္႐ိုက္မထိုးပဲ အလင္းေရာင္ေကာင္းေကာင္းရတဲ့ေနရာေလးမွာ ပန္းအိုးလွလွေလးနဲ႔စိုက္ပ်ိဳးထားႏိုင္ပါတယ္။ အိပ္ခန္းတြင္းအလွဆင္အပင္ေလးတစ္ျဖစ္လဲစိုက္ပ်ိဳးႏိုင္တဲ့ Lily ေလးေတြဟာ ေခြး၊ ေၾကာင္စတဲ့ တိေလးေတြနဲ႔ မတည့္တတ္တာကိုလည္း သတိထားသင့္ပါတယ္ေနာ္။ အခန္းတြင္းထဲမွာထည့္ထားမယ့္ဆိုရင္ေတာ့ သန္႔႐ွင္းသပ္ရပ္တဲ့အခန္းအသြင္အျပင္နဲ႔လိုက္ဖက္တဲ့ အထက္တန္းဆန္ဆန္ lily ပန္းေလးေတြပဲျဖစ္ပါတယ္။

အေတြးမ်ားတဲ့ အိပ္ပ်က္ညေတြ ေလဒီတို႔ကို ႏွိပ္စက္ေနရင္ေတာ့ အိပ္ေပ်ာ္ေစတဲ့အပင္ေလးေတြစိုက္ပ်ိဳးထား႐ွိၿပီး အန္တုလိုက္ပါ။ ပရိတ္သတ္အားလုံးပဲ ခ်ိဳၿမိန္တဲ့အိပ္စက္ညေလးေတြပိုင္ဆိုင္ႏိုင္ၾကပါေစ။

 


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)