326 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

 

[Unicode]


အိမ်အောက်ကနေပြန့်လွင့်လာတဲ့ ချစ်သူရဲ့သံစဉ်နုလေးကို နားဆင်ဖို့ရာ၊ တစ်နေ့တာပင်ပန်းသမျှကို ဝရံတာဆီသို့ရိုက်ခတ်လာတဲ့လေနုအေးလေးနဲ့ ဖြေဖြောက်ဖို့ရာ၊ မင်းသမီးချောလေး Jasmine ကိုအာလာဒင်မင်းသားလေးက ညအလှကိုခံစားဖို့လာခေါ်တဲ့နေရာ ဝရံတာဟာ လူတစ်ယောက်ရဲ့ဘဝမှာ တစ်နည်းနည်းနဲ့အရေးပါပါတယ်။

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

မကြာခင်ရောက်ရှိလာတော့မယ့်နွေရာသီတွင်း ညဦးပိုင်းတိုက်ခတ်လာတဲ့နွေလေရူးရဲ့အထိအတွေ့ကို တိုးဝှေ့ခံစားရင်း ဆိတ်ငြိမ်အေးချမ်းတဲ့ကိုယ်ပိုင်ရပ်ဝန်းလေးတစ်ခုကို တိုက်ခန်းအပြင်ဝရံတာ (သို့မဟုတ်) အိမ်အပေါ်ထပ်ဝရံတာလေးမှာ ငွေကုန်ကြေးကျမများပဲဖန်တီးလို့ရနိုင်ပါတယ်။


ရိုးရှင်းနွေးထွေး အခင်းလေး

 

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

ကိုယ်ပိုင်ဝရံတာလေးဘယ်လောက်ကျဉ်းကျဉ်းအလှပဆုံးဖြစ်အောင်ပြင်ဆင်လို့ရနိုင်ပါတယ်။ နွေးထွေးပြီးစိတ်ကိုတည်ငြိမ်စေမယ့်အခင်းအရောင်နုလေးတွေနဲ့ စလိုက်ကြရအောင်။ ကိုယ်ကိုယ်တိုင်က သိုးမွေးထိုးတတ်တဲ့သူတစ်ယောက်ဆိုရင်သိုးမွှေးအခင်းနုလေးတွေထိုးနိုင်သလို မြက်ခင်းပြင်လိုထိတွေ့မှုမျိုးသဘောကျရင်လည်းမြက်ခင်းအတုကို ကိုယ့်ဝရံတာအကျယ်နဲ့အကိုက်ခင်းကျင်းနိုင်ပါတယ်။


ချစ်စရာထိုင်ခုံလေးမှာ သက်တောင့်သက်သာ အနားယူပါ။

 

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

ဝရံတာကျယ်ရင်တော့ မိသားစုအနားယူဖို့အတွက် ဆိုဖာအစုံအလိုက်ခင်းကျင်းနိုင်သလို တစ်ကိုယ်ရည်စာအတွက်ဆိုရင်တော့ သက်တောင့်သက်သာနေဖို့ရာအတွက် ထိုင်ခုံ၊စားပွဲလေးတစ်စုံနဲ့တင်အဆင်ပြေပါတယ်။

 

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

ဒန်းပုံစံမျိုးကိုအလှဆင်ချင်တဲ့သူတွေအတွက်လဲ ပူဖောင်းဒန်းလေးတွေကို အသုံးပြုနိုင်ပါတယ်။ ဝရံတာကျယ်မယ်၊ luxury ဆန်ဆန်လဲနေချင်တယ်ဆိုရင်တော့ မီးလင်းဖိုတစ်လုံးနဲ့အလှဆင်နိုင်ပါတယ်။

 


သွယ်ယှက်လို့ထား မီးကြိုးလေးများ

 

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

 

အဆင်မပြေခဲ့တဲ့တစ်နေ့တာကို မီးပွင့်များနဲ့လှပလွန်းတဲ့ဝရံတာလေးနဲ့ အဆုံးသတ်လိုက်ပါ။ မီးလုံးလှလှလေးတစ်လုံးနှစ်လုံး သို့မဟုတ် မီးပွင့်သေးသေးလေးတွေပါတဲ့ကြိုးတန်းလေးနဲ့ဝရံတာကိုသွယ်တန်း လို့ရနိုင်သလိုပဲ မီးအိမ်လေးတစ်လုံးနဲ့လဲ အလှဆင်နိုင်ပါတယ်။

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

 

မီးရောင်လှလှလေးနဲ့ ဝရံတာမှာ လေလေးတစ်ဖြူးဖြူးနဲ့ နွေးထွေးလှတဲ့မိသားစုစကားဝိုင်းလေးဖန်တီးလို့ရနိုင်ပါတယ်။


မပါမဖြစ်အလှဆင် ပျော်ရွင်ဖို့သစ်ပင်

 

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

 

ကိုယ်ပိုင်ဝရံတာလေးရဲ့အလှကိုပိုမိုအသက်ဝင်သွားစေရန်အတွက် သက်ရှိသစ်ပင်ပုလေးတွေနဲ့အလှဆင်နိုင်ပါတယ်။ သီးပင်ဖြစ်တဲ့ စပျစ်နွယ်၊စတော်ဘယ်ရီ၊ လီမွန်ပင်မျိုးကို ဝရံတာမှာစိုက်ပျိုးနိုင်သလို ရွက်လှပင်လေးများ ပန်းအိုးလှလှလေးများနဲ့အလှဆင်နိုင်ပါတယ်။ ပန်းပွင့်လေးတွေနဲ့ကြွရွနေတဲ့လူကြီးမင်းတို့ရဲ့ဝရံတာလေးကို လမ်းပေါ်ကလူတိုင်း တစ်မှတ်တမဲ့မောငေးမိကြမှာအမှန်ပါ။


သေးသေးမွှားမွှား ချစ်စရာလေးများ

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

 

လှပတဲ့ဝရံတာလေးပိုပြီးကြွရွသွားဖို့အတွက် ကိုယ့်ကြိုက်တဲ့ပစ္စည်းအတိုအထွာလေးတွေနဲ့အလှဆင်နိုင်ပါပြီ။ လေအေးဒဏ်ကိုရင်ဆိုင်ဖို့နွေးထွေးရစ်ပတ်ဖို့ရာခြုံစောင်လေးတစ်ခု၊ ဆိုဖာခေါင်းဦးသေး၊ မီးဆိုင်း၊ ပန်းအိုးအလှ၊ နံရံကပ်စာအုပ်စင်လေးတစ်ခုထားရှိပြီး ကိုယ်ပိုင်ဝရံတာလေးကို စိတ်ကြိုက်အရောင်လေးသုတ်လိုက်ရင်တော့ စိတ်ဖိစီးမှုတွေရဲ့လွတ်မြောက်နယ်မြေ ဝရံတာလေးတစ်ခုထွက်ပေါ်လာပါပြီ။

 

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

 

အချစ်တော်အိမ်မွေးတိရစ္ဆာန်လေးတွေအိပ်စက်အနားယူစရာနေရာလေးလဲဖြစ် မိုးရေစက်တို့မနှောင့်ယှက်နိုင်တဲ့နွေဦးရဲ့ လေဦးကိုထိတွေ့ခံစားဖို့ ဝရံတာလှလှလေးတစ်ခုကို ကိုယ်ပိုင် Idea လေးနဲ့ ပြင်ဆင်ဖို့အချိန်မှီသေးတယ်နော်.....။

 

ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

 

 ဂိမှန်နွေဦးရဲ့လေရူးကိုထိတွေ့ခံစားဖို့ရာ လှပတဲ့ဝရံတာ

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]


ဂိမွန္ေႏြဦးရဲ႕ေလ႐ူးကိုထိေတြ႕ခံစားဖို႔ရာ လွပတဲ့ဝရံတာ

 


အိမ္ေအာက္ကေနျပန္႔လြင့္လာတဲ့ ခ်စ္သူရဲ႕သံစဥ္ႏုေလးကို နားဆင္ဖို႔ရာ၊ တစ္ေန႔တာပင္ပန္းသမွ်ကို ဝရံတာဆီသို႔႐ိုက္ခတ္လာတဲ့ေလႏုေအးေလးနဲ႔ ေျဖေျဖာက္ဖို႔ရာ၊ မင္းသမီးေခ်ာေလး Jasmine ကိုအာလာဒင္မင္းသားေလးက ညအလွကိုခံစားဖို႔လာေခၚတဲ့ေနရာ ဝရံတာဟာ လူတစ္ေယာက္ရဲ႕ဘဝမွာ တစ္နည္းနည္းနဲ႔အေရးပါပါတယ္။ မၾကာခင္ေရာက္႐ွိလာေတာ့မယ့္ေႏြရာသီတြင္း ညဦးပိုင္းတိုက္ခတ္လာတဲ့ေႏြေလ႐ူးရဲ႕အထိအေတြ႕ကို တိုးေဝွ႔ခံစားရင္း ဆိတ္ၿငိမ္ေအးခ်မ္းတဲ့ကိုယ္ပိုင္ရပ္ဝန္းေလးတစ္ခုကို တိုက္ခန္းအျပင္ဝရံတာ (သို႔မဟုတ္) အိမ္အေပၚထပ္ဝရံတာေလးမွာ ေငြကုန္ေၾကးက်မမ်ားပဲဖန္တီးလို႔ရႏိုင္ပါတယ္။


႐ိုး႐ွင္းေႏြးေထြး အခင္းေလး

ကိုယ္ပိုင္ဝရံတာေလးဘယ္ေလာက္က်ဥ္းက်ဥ္းအလွပဆုံးျဖစ္ေအာင္ျပင္ဆင္လို႔ရႏိုင္ပါတယ္။ ေႏြးေထြးၿပီးစိတ္ကိုတည္ၿငိမ္ေစမယ့္အခင္းအေရာင္ႏုေလးေတြနဲ႔ စလိုက္ၾကရေအာင္။ ကိုယ္ကိုယ္တိုင္က သိုးေမြးထိုးတတ္တဲ့သူတစ္ေယာက္ဆိုရင္သိုးေမႊးအခင္းႏုေလးေတြထိုးႏိုင္သလို ျမက္ခင္းျပင္လိုထိေတြ႕မႈမ်ိဳးသေဘာက်ရင္လည္းျမက္ခင္းအတုကို ကိုယ့္ဝရံတာအက်ယ္နဲ႔အကိုက္ခင္းက်င္းႏိုင္ပါတယ္။


ခ်စ္စရာထိုင္ခုံေလးမွာ သက္ေတာင့္သက္သာ အနားယူပါ။

ဝရံတာက်ယ္ရင္ေတာ့ မိသားစုအနားယူဖို႔အတြက္ ဆိုဖာအစုံအလိုက္ခင္းက်င္းႏိုင္သလို တစ္ကိုယ္ရည္စာအတြက္ဆိုရင္ေတာ့ သက္ေတာင့္သက္သာေနဖို႔ရာအတြက္ ထိုင္ခုံ၊စားပြဲေလးတစ္စုံနဲ႔တင္အဆင္ေျပပါတယ္။ ဒန္းပုံစံမ်ိဳးကိုအလွဆင္ခ်င္တဲ့သူေတြအတြက္လဲ ပူေဖာင္းဒန္းေလးေတြကို အသုံးျပဳႏိုင္ပါတယ္။ ဝရံတာက်ယ္မယ္၊ luxury ဆန္ဆန္လဲေနခ်င္တယ္ဆိုရင္ေတာ့ မီးလင္းဖိုတစ္လုံးနဲ႔အလွဆင္ႏိုင္ပါတယ္။


သြယ္ယွက္လို႔ထား မီးႀကိဳးေလးမ်ား

အဆင္မေျပခဲ့တဲ့တစ္ေန႔တာကို မီးပြင့္မ်ားနဲ႔လွပလြန္းတဲ့ဝရံတာေလးနဲ႔ အဆုံးသတ္လိုက္ပါ။ မီးလုံးလွလွေလးတစ္လုံးႏွစ္လုံး သို႔မဟုတ္ မီးပြင့္ေသးေသးေလးေတြပါတဲ့ႀကိဳးတန္းေလးနဲ႔ဝရံတာကိုသြယ္တန္း လို႔ရႏိုင္သလိုပဲ မီးအိမ္ေလးတစ္လုံးနဲ႔လဲ အလွဆင္ႏိုင္ပါတယ္။ မီးေရာင္လွလွေလးနဲ႔ ဝရံတာမွာ ေလေလးတစ္ျဖဴးျဖဴးနဲ႔ ေႏြးေထြးလွတဲ့မိသားစုစကားဝိုင္းေလးဖန္တီးလို႔ရႏိုင္ပါတယ္။


မပါမျဖစ္အလွဆင္ ေပ်ာ္႐ြင္ဖို႔သစ္ပင္

ကိုယ္ပိုင္ဝရံတာေလးရဲ႕အလွကိုပိုမိုအသက္ဝင္သြားေစရန္အတြက္ သက္႐ွိသစ္ပင္ပုေလးေတြနဲ႔အလွဆင္ႏိုင္ပါတယ္။ သီးပင္ျဖစ္တဲ့ စပ်စ္ႏြယ္၊စေတာ္ဘယ္ရီ၊ လီမြန္ပင္မ်ိဳးကို ဝရံတာမွာစိုက္ပ်ိဳးႏိုင္သလို ႐ြက္လွပင္ေလးမ်ား ပန္းအိုးလွလွေလးမ်ားနဲ႔အလွဆင္ႏိုင္ပါတယ္။ ပန္းပြင့္ေလးေတြနဲ႔ႂကြ႐ြေနတဲ့လူႀကီးမင္းတို႔ရဲ႕ဝရံတာေလးကို လမ္းေပၚကလူတိုင္း တစ္မွတ္တမဲ့ေမာေငးမိၾကမွာအမွန္ပါ။


ေသးေသးမႊားမႊား ခ်စ္စရာေလးမ်ား

လွပတဲ့ဝရံတာေလးပိုၿပီးႂကြ႐ြသြားဖို႔အတြက္ ကိုယ့္ႀကိဳက္တဲ့ပစၥည္းအတိုအထြာေလးေတြနဲ႔အလွဆင္ႏိုင္ပါၿပီ။ ေလေအးဒဏ္ကိုရင္ဆိုင္ဖို႔ေႏြးေထြးရစ္ပတ္ဖို႔ရာျခဳံေစာင္ေလးတစ္ခု၊ ဆိုဖာေခါင္းဦးေသး၊ မီးဆိုင္း၊ ပန္းအိုးအလွ၊ နံရံကပ္စာအုပ္စင္ေလးတစ္ခုထား႐ွိၿပီး ကိုယ္ပိုင္ဝရံတာေလးကို စိတ္ႀကိဳက္အေရာင္ေလးသုတ္လိုက္ရင္ေတာ့ စိတ္ဖိစီးမႈေတြရဲ႕လြတ္ေျမာက္နယ္ေျမ ဝရံတာေလးတစ္ခုထြက္ေပၚလာပါၿပီ။ အခ်စ္ေတာ္အိမ္ေမြးတိရစၧာန္ေလးေတြအိပ္စက္အနားယူစရာေနရာေလးလဲျဖစ္ မိုးေရစက္တို႔မေႏွာင့္ယွက္ႏိုင္တဲ့ေႏြဦးရဲ႕ ေလဦးကိုထိေတြ႕ခံစားဖို႔ ဝရံတာလွလွေလးတစ္ခုကို ကိုယ္ပိုင္ Idea ေလးနဲ႔ ျပင္ဆင္ဖို႔အခ်ိန္မွီေသးတယ္ေနာ္.....။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)