260 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

စာသင်ခန်းအလှဆင်ခြင်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ....

[Unicode]

 

သင့်စာသင်ခန်းနံရံတွေပေါ်မှာ သင်ထားရှိတဲ့အရာက သင့်ကျောင်းသားတွေရဲ့ သင်ယူလေ့လာနိုင်စွမ်းအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

အလွန်အမင်းအလှဆင်ထားတဲ့စာသင်ခန်းတွေဟာ မှတ်ဉာဏ်နဲ့ အာရုံစိုက်နိုင်စွမ်းတွေကို နှောင့်ယှက်ခြင်း၊ အမြင်အာရုံများစေခြင်းတွေနဲ့ ကျောင်းသားတွေကို ‌တိုက်ခိုက်နိုင်ပါတယ်။

စာသင်ခန်းပတ်ဝန်းကျင်နဲ့ ကျောင်းသားတွေရဲ့ မှတ်ဉာဏ်၊ အာရုံစိုက်မှု၊ ကိုယ့်ကိုယ်ကိုယ်ထိန်းညှိမှုလိုမျိုး အရည်အချင်းတွေအပါအဝင် စီမံခန့်ခွဲရေးလုပ်ဆောင်ချက်တွေအကြား ဆက်စပ်မှုကို စစ်ဆေးစူးစမ်းဖို့ နောက်ဆုံးပြုလုပ်ထားတဲ့ လေ့လာမှုကို အခု‌ဆောင်းပါးမှာ ဖော်ပြပေးမှာပဲဖြစ်ပါတယ်၊

အလှဆင်ခြင်းတွေက လေ့လာသင်ယူမှုအပေါ် ဘယ်လိုမျိုးသက်ရောက်မှုရှိတယ်ဆိုတာကို နားလည်ဖို့ အသက် ၈ နှစ်နဲ့ ၁၂ နှစ်အကြား ကလေး ၆၄ ဦးကို အုပ်စုနှစ်ခုခွဲပြီးတော့ အာရုံစိုက်ခြင်းနဲ့ မှတ်ဉာဏ်လုပ်ငန်းတွေကို အဲဒီလေ့လာမှုမှာ ဆောင်ရွက်စေခဲ့ပါတယ်။ အလွန်အမင်းအလှဆင်ထားခြင်းနဲ့ရင်ဆိုင်စေမယ့်အုပ်စုအတွက် စာသင်ခန်းနံရံတွေကို ကားတွေ၊ တေးဂီတတူရိယာပစ္စည်းတွေ၊ သစ်ပင်တွေလိုမျိုး အလှဆင်ရုပ်ပုံကားချပ်တွေ၊ မြင်ကွင်းတွေနဲ့ ဖုံးအုပ်ထားလိုက်ပါတယ်။ ကျန်အုပ်စုရဲ့ စာသင်ခန်းမှာတော့ ဘယ်လိုအလှဆင်မှုမျိုးကိုမှ မပြုလုပ်ထားပါဘူး။ အဲဒီအုပ်စုနှစ်ခုကို တူညီတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်စေပြီးတော့ သူတို့ရဲ့ အာရုံစိုက်ခြင်းနဲ့ မှတ်ဉာဏ်တို့ကို စမ်းသပ်စစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။

စာသင်ခန်းအလှဆင်ခြင်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ....

အဲဒီအခါမှာ ‌ပြောင်နံရံတွေနဲ့စာသင်ခန်းထဲက ကလေးတွေနဲ့ယှဉ်ရင် အတော်လေးအလှဆင်ထားတဲ့အခန်းထဲက ကလေးတွေက စမ်းသပ်မှုအားလုံးမှာ ညံ့ကြတာကို တွေ့ရပါတယ်။ ဒါဟာ အမြင်အာရုံကို အလွန်အမင်းလှုံ့ဆော်ခြင်းက အ‌နှောင့်အယှက်တစ်ခုဖြစ်နိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်။

 

စာသင်ခန်းအလှဆင်ခြင်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ....

ဒီလိုဆိုလို့ စာသင်ခန်းနံရံတိုင်းကို ပြောင်ပဲ ထားရမယ်လို့ ပြောတာမဟုတ်ပါဘူး။ အလွန်အကျွံအလှဆင်ခြင်းမျိုးမဖြစ်စေဖို့သာ ဆိုတာပါ၊ စာသင်ခန်းနံရံတွေမှာ အတန်အသင့်အလှဆင်ခြင်းကတော့ ကျောင်းသားတွေအတွက် အကျိုးကျေးဇူးပင်ရှိကြောင်းကို သုတေသနအချို့က တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ နံရံဧရိယာရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိကတော့ ရှင်းလင်းနေအောင် ထားကိုထားရမှာဖြစ်ပါတယ်။

 

ယင်းအတွက် ဆရာဆရာမတွေအနေနဲ့ ဘာလုပ်သင့်သလဲလို့ သုတေသီတွေက ဆိုပါသလဲ?

- ကျောင်းသားတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ဖော်ပြပါ။ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့လေ့လာသင်ယူမှုအတွက် တာဝန်ရှိမှုကို ခံစားရပါလိမ့်မယ်။

- စံပြပုဂ္ဂိုလ်တွေကို အသားပေးပါ။ သူရဲကောင်းတွေနဲ့ ခေါင်းဆောင်တွေ စတဲ့ စံပြပုဂ္ဂိုလ်တွေရဲ့ ရုပ်ပုံတွေ၊ ဇာတ်လမ်းတိုတွေ၊ အဆိုအမိန့်တွေက အထူးသဖြင့် သူတို့ရဲ့ နောက်ခံတွေနဲ့ စိတ်ဝင်စားမှုတို့ကို ကိုယ်စားပြုတဲ့အခါ ကျောင်းသားတွေကို ကြီးမားတဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုကို ရရှိစေနိုင်ပါတယ်။

စာသင်ခန်းအလှဆင်ခြင်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ....

- ဗြုတ်စဗျင်းတောင်းမဖြစ်ပါစေနဲ့။ အနည်းဆုံးတော့ စာသင်ခန်းနံရံရဲ့ ၂၀ ရာခိုင်နှုန်းကို ရှင်းလင်းနေပါစေ၊ ဖော်ပြမှုတစ်ခုနဲ့တစ်ခုအကြားမှာ လုံလောက်တဲ့နေရာလွတ်ချန်ထားပါ၊ ဒါမှ ဖရိုဖရဲပုံစံမပေါက်တော့မှာပါ။ ထားရှိမယ့် အလှဆင်ဖော်ပြမှုလေးတွေကို အသစ်ထပ်တိုးမထည့်ဘဲ အဟောင်းနဲ့ လဲလှယ်ပြောင်းလဲထားရှိတာ ပိုကောင်းပါတယ်။

- မြေပုံတွေ၊ ဇယားတွေလိုမျိုး သင်ထောက်ကူရုပ်ပုံကားချပ်တွေ၊ ပိုစတာတွေကို စာသင်ခန်းနံရံမှာ ထားရှိနိုင်ပါတယ်။ အဲဒါတွေကတော့ ကျောင်းသားတွေကို အာရုံမလွဲစေဘဲ လေ့လာသင်ယူမှုကို အားကောင်းစေနိုင်ပါတယ်။ အသုံးမဝင်အထောက်အကူမဖြစ်တော့တဲ့ ကားချပ်တွေကိုတော့ ဖြုတ်ချပစ်ဖို့ မမေ့ပါနဲ့။

စာသင်ခန်းအလှဆင်ခြင်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ....

- ကျောင်းသားတွေရဲ့ ရမှတ်တွေ၊ အဆင့်တွေကို ဖော်ပြခြင်းမှ ရှောင်ကြဉ်ပါ။ အကယ်၍ မရှောင်ကြဉ်ဘဲ ဖော်ပြခဲ့မယ်ဆိုရင် ကျောင်းသားတွေအတွက် အရှက်ရ၊ အားငယ်၊ စိတ်ဓာတ်ကျဆင်းမှုတွေကို ခံစားရစေနိုင်ပါတယ်။

- စာသင်ခန်းအတွင်းသို့ သဘာဝအလင်းရောင် ဝင်စေပါ။ မလိုအပ်ဘဲ ပြတင်းပေါက်တွေကို ဖုံးကာခြင်းမပြုပါနဲ့။ စာသင်ခန်းထဲမှာ သဘာဝအလင်းရောင်နဲ့ ထိတွေ့မှုပိုရတဲ့ ကျောင်းသားတွေက ထိတွေ့မှုသိပ်မရတဲ့ ကျောင်းသားတွေထက် သင်္ချာဘာသာရပ်နဲ့ စာဖတ်ခြင်းတွေမှာ ပိုတော်ကြပါတယ်။ အကယ်၍ အခန်းက ပြတင်းပေါက်မရှိဘူးဆိုရင် အခန်းကို ကောင်းကောင်းမီးထွန်းလင်းထားခြင်းက လေ့လာသင်ယူပေါက်မြောက်မှုကို အားကောင်းစေနိုင်ပါတယ်။

စာသင်ခန်းအလှဆင်ခြင်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ....

- နံရံအရောင်တွေကို ဟန်ချက်ညီစေပါ။ နံရံလေးဖက်စလုံး အရောင်တူစရာမလိုပါဘူး။ နံရံတစ်ဖက်ကို ဆေးအရောင်တောက်တောက်အသားပေး သုတ်ပြီး ကျန်နံရံတွေကို အရောင်ဖျော့ဖျော့သုတ်ရင် အဆင်ပြေပါတယ်။

 

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 


[Zawgyi]

စာသင္ခန္းအလွဆင္ျခင္းႏွင့္ပတ္သက္၍ ေဆာင္ရန္၊ ေ႐ွာင္ရန္မ်ား....

 

သင့္စာသင္ခန္းနံရံေတြေပၚမွာ သင္ထား႐ွိတဲ့အရာက သင့္ေက်ာင္းသားေတြရဲ႕ သင္ယူေလ့လာႏိုင္စြမ္းအေပၚ သက္ေရာက္မႈ႐ွိႏိုင္ပါတယ္။

အလြန္အမင္းအလွဆင္ထားတဲ့စာသင္ခန္းေတြဟာ မွတ္ဉာဏ္နဲ႔ အာ႐ုံစိုက္ႏိုင္စြမ္းေတြကို ေႏွာင့္ယွက္ျခင္း၊ အျမင္အာ႐ုံမ်ားေစျခင္းေတြနဲ႔ ေက်ာင္းသားေတြကို ‌တိုက္ခိုက္ႏိုင္ပါတယ္။

စာသင္ခန္းပတ္ဝန္းက်င္နဲ႔ ေက်ာင္းသားေတြရဲ႕ မွတ္ဉာဏ္၊ အာ႐ုံစိုက္မႈ၊ ကိုယ့္ကိုယ္ကိုယ္ထိန္းညႇိမႈလိုမ်ိဳး အရည္အခ်င္းေတြအပါအဝင္ စီမံခန္႔ခြဲေရးလုပ္ေဆာင္ခ်က္ေတြအၾကား ဆက္စပ္မႈကို စစ္ေဆးစူးစမ္းဖို႔ ေနာက္ဆုံးျပဳလုပ္ထားတဲ့ ေလ့လာမႈကို အခု‌ေဆာင္းပါးမွာ ေဖာ္ျပေပးမွာပဲျဖစ္ပါတယ္၊

အလွဆင္ျခင္းေတြက ေလ့လာသင္ယူမႈအေပၚ ဘယ္လိုမ်ိဳးသက္ေရာက္မႈ႐ွိတယ္ဆိုတာကို နားလည္ဖို႔ အသက္ ၈ ႏွစ္နဲ႔ ၁၂ ႏွစ္အၾကား ကေလး ၆၄ ဦးကို အုပ္စုႏွစ္ခုခြဲၿပီးေတာ့ အာ႐ုံစိုက္ျခင္းနဲ႔ မွတ္ဉာဏ္လုပ္ငန္းေတြကို အဲဒီေလ့လာမႈမွာ ေဆာင္႐ြက္ေစခဲ့ပါတယ္။ အလြန္အမင္းအလွဆင္ထားျခင္းနဲ႔ရင္ဆိုင္ေစမယ့္အုပ္စုအတြက္ စာသင္ခန္းနံရံေတြကို ကားေတြ၊ ေတးဂီတတူရိယာပစၥည္းေတြ၊ သစ္ပင္ေတြလိုမ်ိဳး အလွဆင္႐ုပ္ပုံကားခ်ပ္ေတြ၊ ျမင္ကြင္းေတြနဲ႔ ဖုံးအုပ္ထားလိုက္ပါတယ္။ က်န္အုပ္စုရဲ႕ စာသင္ခန္းမွာေတာ့ ဘယ္လိုအလွဆင္မႈမ်ိဳးကိုမွ မျပဳလုပ္ထားပါဘူး။ အဲဒီအုပ္စုႏွစ္ခုကို တူညီတဲ့လုပ္ေဆာင္ခ်က္ေတြ လုပ္ေဆာင္ေစၿပီးေတာ့ သူတို႔ရဲ႕ အာ႐ုံစိုက္ျခင္းနဲ႔ မွတ္ဉာဏ္တို႔ကို စမ္းသပ္စစ္ေဆးခဲ့တာပဲျဖစ္ပါတယ္။

အဲဒီအခါမွာ ‌ေျပာင္နံရံေတြနဲ႔စာသင္ခန္းထဲက ကေလးေတြနဲ႔ယွဥ္ရင္ အေတာ္ေလးအလွဆင္ထားတဲ့အခန္းထဲက ကေလးေတြက စမ္းသပ္မႈအားလုံးမွာ ညံ့ၾကတာကို ေတြ႕ရပါတယ္။ ဒါဟာ အျမင္အာ႐ုံကို အလြန္အမင္းလႈံ႕ေဆာ္ျခင္းက အ‌ေႏွာင့္အယွက္တစ္ခုျဖစ္ႏိုင္တယ္ဆိုတာကို ၫႊန္ျပေနပါတယ္။

ဒီလိုဆိုလို႔ စာသင္ခန္းနံရံတိုင္းကို ေျပာင္ပဲ ထားရမယ္လို႔ ေျပာတာမဟုတ္ပါဘူး။ အလြန္အကြၽံအလွဆင္ျခင္းမ်ိဳးမျဖစ္ေစဖို႔သာ ဆိုတာပါ၊ စာသင္ခန္းနံရံေတြမွာ အတန္အသင့္အလွဆင္ျခင္းကေတာ့ ေက်ာင္းသားေတြအတြက္ အက်ိဳးေက်းဇူးပင္႐ွိေၾကာင္းကို သုေတသနအခ်ိဳ႕က ေတြ႕႐ွိခဲ့ၿပီးျဖစ္ပါတယ္။ နံရံဧရိယာရဲ႕ ၂၀ ရာခိုင္ႏႈန္းကေန ၅၀ ရာခိုင္ႏႈန္းအထိကေတာ့ ႐ွင္းလင္းေနေအာင္ ထားကိုထားရမွာျဖစ္ပါတယ္။

ယင္းအတြက္ ဆရာဆရာမေတြအေနနဲ႔ ဘာလုပ္သင့္သလဲလို႔ သုေတသီေတြက ဆိုပါသလဲ?

- ေက်ာင္းသားေတြရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေဖာ္ျပပါ။ ေက်ာင္းသားေတြအေနနဲ႔ သူတို႔ရဲ႕ေလ့လာသင္ယူမႈအတြက္ တာဝန္႐ွိမႈကို ခံစားရပါလိမ့္မယ္။

- စံျပပုဂၢိဳလ္ေတြကို အသားေပးပါ။ သူရဲေကာင္းေတြနဲ႔ ေခါင္းေဆာင္ေတြ စတဲ့ စံျပပုဂၢိဳလ္ေတြရဲ႕ ႐ုပ္ပုံေတြ၊ ဇာတ္လမ္းတိုေတြ၊ အဆိုအမိန္႔ေတြက အထူးသျဖင့္ သူတို႔ရဲ႕ ေနာက္ခံေတြနဲ႔ စိတ္ဝင္စားမႈတို႔ကို ကိုယ္စားျပဳတဲ့အခါ ေက်ာင္းသားေတြကို ႀကီးမားတဲ့ စိတ္ကူးဉာဏ္ကြန္႔ျမဴးမႈကို ရ႐ွိေစႏိုင္ပါတယ္။

- ျဗဳတ္စဗ်င္းေတာင္းမျဖစ္ပါေစနဲ႔။ အနည္းဆုံးေတာ့ စာသင္ခန္းနံရံရဲ႕ ၂၀ ရာခိုင္ႏႈန္းကို ႐ွင္းလင္းေနပါေစ၊ ေဖာ္ျပမႈတစ္ခုနဲ႔တစ္ခုအၾကားမွာ လုံေလာက္တဲ့ေနရာလြတ္ခ်န္ထားပါ၊ ဒါမွ ဖ႐ိုဖရဲပုံစံမေပါက္ေတာ့မွာပါ။ ထား႐ွိမယ့္ အလွဆင္ေဖာ္ျပမႈေလးေတြကို အသစ္ထပ္တိုးမထည့္ဘဲ အေဟာင္းနဲ႔ လဲလွယ္ေျပာင္းလဲထား႐ွိတာ ပိုေကာင္းပါတယ္။

- ေျမပုံေတြ၊ ဇယားေတြလိုမ်ိဳး သင္ေထာက္ကူ႐ုပ္ပုံကားခ်ပ္ေတြ၊ ပိုစတာေတြကို စာသင္ခန္းနံရံမွာ ထား႐ွိႏိုင္ပါတယ္။ အဲဒါေတြကေတာ့ ေက်ာင္းသားေတြကို အာ႐ုံမလြဲေစဘဲ ေလ့လာသင္ယူမႈကို အားေကာင္းေစႏိုင္ပါတယ္။ အသုံးမဝင္အေထာက္အကူမျဖစ္ေတာ့တဲ့ ကားခ်ပ္ေတြကိုေတာ့ ျဖဳတ္ခ်ပစ္ဖို႔ မေမ့ပါနဲ႔။

- ေက်ာင္းသားေတြရဲ႕ ရမွတ္ေတြ၊ အဆင့္ေတြကို ေဖာ္ျပျခင္းမွ ေ႐ွာင္ၾကဥ္ပါ။ အကယ္၍ မေ႐ွာင္ၾကဥ္ဘဲ ေဖာ္ျပခဲ့မယ္ဆိုရင္ ေက်ာင္းသားေတြအတြက္ အ႐ွက္ရ၊ အားငယ္၊ စိတ္ဓာတ္က်ဆင္းမႈေတြကို ခံစားရေစႏိုင္ပါတယ္။

- စာသင္ခန္းအတြင္းသို႔ သဘာဝအလင္းေရာင္ ဝင္ေစပါ။ မလိုအပ္ဘဲ ျပတင္းေပါက္ေတြကို ဖုံးကာျခင္းမျပဳပါနဲ႔။ စာသင္ခန္းထဲမွာ သဘာဝအလင္းေရာင္နဲ႔ ထိေတြ႕မႈပိုရတဲ့ ေက်ာင္းသားေတြက ထိေတြ႕မႈသိပ္မရတဲ့ ေက်ာင္းသားေတြထက္ သခ်ၤာဘာသာရပ္နဲ႔ စာဖတ္ျခင္းေတြမွာ ပိုေတာ္ၾကပါတယ္။ အကယ္၍ အခန္းက ျပတင္းေပါက္မ႐ွိဘူးဆိုရင္ အခန္းကို ေကာင္းေကာင္းမီးထြန္းလင္းထားျခင္းက ေလ့လာသင္ယူေပါက္ေျမာက္မႈကို အားေကာင္းေစႏိုင္ပါတယ္။

- နံရံအေရာင္ေတြကို ဟန္ခ်က္ညီေစပါ။ နံရံေလးဖက္စလုံး အေရာင္တူစရာမလိုပါဘူး။ နံရံတစ္ဖက္ကို ေဆးအေရာင္ေတာက္ေတာက္အသားေပး သုတ္ၿပီး က်န္နံရံေတြကို အေရာင္ေဖ်ာ့ေဖ်ာ့သုတ္ရင္ အဆင္ေျပပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)