312 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ပြောင်းရွှေ့လာသော အိမ်သစ်တွင် အမြန်ဆုံး၊ အသင့်ဆုံး နေရာတကျဖြစ်စေရန်

 

[Unicode]


အိမ်သစ်တစ်အိမ်ကို အထိုင်ကျအောင်ပြုလုပ်ရတာဟာ လန့်စရာကောင်းတဲ့အလုပ်တစ်ခုလိုမျိုး ခံစားရနိုင်ပါတယ်။ ဘယ်ကဘယ်လိုစလုပ်ရမယ်ဆိုတာကို သိဖို့ ယေဘုယျအားဖြင့် သိမ်မွေ့နိုင်ပါတယ်၊ အထူးသဖြင့် သင်က ပထမဆုံးအကြိမ် အိမ်ဝယ်သူ ဒါမှမဟုတ် ငှားရမ်းသူဆိုရင်ပေါ့။

သင့်ရဲ့အိမ်ကို အလှဆင်ရတာဟာ ပျော်စရာကောင်းတဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ် ယူဆလို့ရပါတယ်၊ အလှမဆင်ခင်မှာ သင်ကြိုက်တဲ့စတိုင်လ်ကို အချိန်ယူဆုံးဖြတ်ဖို့ လိုတာပေါ့နော်။

ပြောင်းရွှေ့လာသော အိမ်သစ်တွင် အမြန်ဆုံး၊ အသင့်ဆုံး နေရာတကျဖြစ်စေရန်

အကယ်၍ သင်က သင့်အိမ်ကို အလှမဆင်ခင်၊ ဒီဇိုင်းပြန်မချခင်မှာ နေရာတကျဖြစ်ဖို့ အချိန်ယူနိုင်တယ်ဆိုရင် သင့်အိမ်က သင့်အတွက် ဘယ်လိုအနေအထားရှိတယ်၊ ဘာတွေလုပ်ဖို့လိုအပ်တယ်ဆိုတာကို မြင်နိုင်ပါလိမ့်မယ်။ ဒါဆိုရင် သင့်အိမ်နဲ့မသင့်လျော်မလိုက်ဖက်အသုံးမဝင်မလိုအပ်တဲ့အရာတွေ ဝယ်မိခြင်းမျိုးဖြစ်မှာ မဟုတ်တော့ပါဘူး။

 

ဒီအတွက် အခြေခံအဆင့်သုံးဆင့်ပဲ ရှိပါတယ်။

အဆင့် ၁- ဘာဆိုဘာမှမလုပ်ရသေးခင်မှာ အရင်ဆုံးလုပ်ရမှာကတော့ အခန်းတစ်ခန်းထဲမှာ ပစ္စည်းပစ္စယတွေအထုပ်အပိုးသေတ္တာတွေအားလုံးစုပုံထားလိုက်ပြီးတော့ သန့်ရှင်းရေးကို သေသေချာချာပြုလုပ်ရမှာပဲဖြစ်ပါတယ်။

အိမ်သန့်ရှင်းရေးလုပ်ရတာဟာ နေလက်စမှာ လုပ်ရတာထက် အိမ်အသစ်ပြောင်းခါစမှာ လုပ်ရတာ ပိုလွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ပစ္စည်းတွေက အပြင်ဘက်မရောက်လာ‌သေးဘဲ ထုပ်ပိုးသိမ်းဆည်းထားသေးတဲ့အနေအထားမှာပဲ ရှိနေသေးတာကြောင့် ရွှေ့စရာပြုစရာမလိုသေးသလို ပစ္စည်းတွေကိုပါ သန့်ရှင်းရေးလုပ်ဖို့မလိုသေးတာကြောင့် အိမ်ကိုယ်ထည်နေရာတွေချည်းသက်သက်ကိုပဲ သေသေချာချာနှံ့နှံ့စပ်စပ် အားရပါးရ သန့်ရှင်းနိုင်လို့ပဲဖြစ်ပါတယ်။

ပြောင်းရွှေ့လာသော အိမ်သစ်တွင် အမြန်ဆုံး၊ အသင့်ဆုံး နေရာတကျဖြစ်စေရန်


အဆင့် ၂- စတိုင်လ်နဲ့ပတ်သက်ရင် သင့်ကိုယ်သင် မကန့်သတ်ပါနဲ့

သင့်အိမ်ကို ဘယ်လိုမျိုးမြင်ချင်တယ်ဆိုတာကို တိတိပပသိရှိဖို့က ခဲရာခဲဆစ်နိုင်နိုင်ပါတယ်၊ အထူးသဖြင့် ရွေးချယ်စရာစတိုင်လ်အများအပြား၊ ဉာဏ်ကွန့်မြူးစရာဟန်ပန်အများအပြား ရှိနေတယ်ဆိုရင်ပေါ့။ ဒါပေမဲ့လို့ သင့်မှာ တစ်ကိုယ်ရည်အလှရသခံစားချက်ရှိပြီး သင့်အိမ်ကို အဲဒီအလှနဲ့ကိုက်ညီချင်တယ်ဆိုရင်တော့ အဲဒီစတိုင်လ်ဟန်ပန်အတိုင်း သင့်အိမ်ကို ပုံဖော်လိုက်ပါ။

ပြောင်းရွှေ့လာသော အိမ်သစ်တွင် အမြန်ဆုံး၊ အသင့်ဆုံး နေရာတကျဖြစ်စေရန်

သတိပြုရမှာကတော့ ဘယ်ဒီဇိုင်းကိုမှ အလွယ်တကူအလျင်စလိုဆုံးဖြတ်လိုက်ဖို့ မလိုပါဘူး။ အေးရာအေးကြောင်းသာ အလှဆင်ပါလေ။ တကယ်တော့ သင့်အိမ်သစ်ကို အပြောင်းအလဲတစ်စုံတစ်ရာမလုပ်ခင်မှာ အချိန်တစ်ခုကြာ နေကြည့်ဖို့ အရေးကြီးပါတယ်။ ဒါမှပဲ သင့်အိမ်သစ်အတွက် ဘာက အကောင်းဆုံးလဲဆိုတာကို သင့်အနေနဲ့ မှန်မှန်ကန်ကန်ရွေးချယ်နိုင်ပါလိမ့်မယ်။


အဆင့် ၃- ­­­အိပ်ခန်းနဲ့ ဧည့်ခန်းကို ဦးစားပေးပါ

ပြောင်းရွှေ့ခြင်း၊ သန့်ရှင်းခြင်းနဲ့ အလှဆင်ခြင်းတွေကို အစီအစဉ်တကျလုပ်ဆောင်ခြင်းတွေနဲ့အတူ သင့်အနေနဲ့ အနားရချိန်အချို့လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် သင့်အိပ်ခန်းကို အရင်ဆုံးဦးစားပေးလုပ်ဆောင်လိုက်ပါ၊ ဒါဆိုရင် အိပ်ခန်းကို နေရာချပြီးပြီဆိုတာနဲ့ အခြားနေရာချခြင်း၊ ပစ္စည်းချခြင်း စသဖြင့် လုပ်ဆောင်စရာလိုနေသေးတဲ့ ဖရိုဖရဲအခြေအနေတွေကနေ ခဏတာလွတ်မြောက်အနားယူဖို့ နေရာလေး ရှိသွားပါလိမ့်မယ်။

ပြောင်းရွှေ့လာသော အိမ်သစ်တွင် အမြန်ဆုံး၊ အသင့်ဆုံး နေရာတကျဖြစ်စေရန်

အိပ်ခန်းပြီးနောက် ဒုတိယဦးစားပေးလုပ်ဆောင်ရမှာကတော့ ဧည့်ခန်းဖြစ်သင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သင့်အိမ်သစ်ကို မြင်တွေ့ချင်နေကြတဲ့ ဧည့်သည်တွေ သင့်မှာ ရှိနေလို့ပါပဲ။ ဧည့်ခန်းဆိုတာ ဘက်စုံအသုံးပြုလို့ရတဲ့နေရာလည်းပဲဖြစ်ပါတယ်၊ ဒါကြောင့် ဧည့်ခန်းနေရာအဆင်ပြေပြီဆိုတာနဲ့ အနားယူ၊ အလုပ်လုပ်၊ အပန်းဖြေမှုရယူဖို့ နေရာတစ်နေရာကို ရရှိမှာပဲဖြစ်ပါတယ်။

ပြောင်းရွှေ့လာသော အိမ်သစ်တွင် အမြန်ဆုံး၊ အသင့်ဆုံး နေရာတကျဖြစ်စေရန်

အထက်မှာဖော်ပြခဲ့တာတွေကို ဖတ်ရှုပြီးတော့ အိမ်သစ်ပြောင်းရွှေ့ရာမှာ အဆင်ပြေကြပါစေကြောင်း iMyanmarHouse.com မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 
[Zawgyi]

ေျပာင္းေ႐ႊ႕လာေသာ အိမ္သစ္တြင္ အျမန္ဆုံး၊ အသင့္ဆုံး ေနရာတက်ျဖစ္ေစရန္

 

အိမ္သစ္တစ္အိမ္ကို အထိုင္က်ေအာင္ျပဳလုပ္ရတာဟာ လန္႔စရာေကာင္းတဲ့အလုပ္တစ္ခုလိုမ်ိဳး ခံစားရႏိုင္ပါတယ္။ ဘယ္ကဘယ္လိုစလုပ္ရမယ္ဆိုတာကို သိဖို႔ ေယဘုယ်အားျဖင့္ သိမ္ေမြ႕ႏိုင္ပါတယ္၊ အထူးသျဖင့္ သင္က ပထမဆုံးအႀကိမ္ အိမ္ဝယ္သူ ဒါမွမဟုတ္ ငွားရမ္းသူဆိုရင္ေပါ့။

သင့္ရဲ႕အိမ္ကို အလွဆင္ရတာဟာ ေပ်ာ္စရာေကာင္းတဲ့လုပ္ငန္းစဥ္တစ္ခုအျဖစ္ ယူဆလို႔ရပါတယ္၊ အလွမဆင္ခင္မွာ သင္ႀကိဳက္တဲ့စတိုင္လ္ကို အခ်ိန္ယူဆုံးျဖတ္ဖို႔ လိုတာေပါ့ေနာ္။

အကယ္၍ သင္က သင့္အိမ္ကို အလွမဆင္ခင္၊ ဒီဇိုင္းျပန္မခ်ခင္မွာ ေနရာတက်ျဖစ္ဖို႔ အခ်ိန္ယူႏိုင္တယ္ဆိုရင္ သင့္အိမ္က သင့္အတြက္ ဘယ္လိုအေနအထား႐ွိတယ္၊ ဘာေတြလုပ္ဖို႔လိုအပ္တယ္ဆိုတာကို ျမင္ႏိုင္ပါလိမ့္မယ္။ ဒါဆိုရင္ သင့္အိမ္နဲ႔မသင့္ေလ်ာ္မလိုက္ဖက္အသုံးမဝင္မလိုအပ္တဲ့အရာေတြ ဝယ္မိျခင္းမ်ိဳးျဖစ္မွာ မဟုတ္ေတာ့ပါဘူး။

 

ဒီအတြက္ အေျခခံအဆင့္သုံးဆင့္ပဲ ႐ွိပါတယ္။

အဆင့္ ၁- ဘာဆိုဘာမွမလုပ္ရေသးခင္မွာ အရင္ဆုံးလုပ္ရမွာကေတာ့ အခန္းတစ္ခန္းထဲမွာ ပစၥည္းပစၥယေတြအထုပ္အပိုးေသတၱာေတြအားလုံးစုပုံထားလိုက္ၿပီးေတာ့ သန္႔႐ွင္းေရးကို ေသေသခ်ာခ်ာျပဳလုပ္ရမွာပဲျဖစ္ပါတယ္။

အိမ္သန္႔႐ွင္းေရးလုပ္ရတာဟာ ေနလက္စမွာ လုပ္ရတာထက္ အိမ္အသစ္ေျပာင္းခါစမွာ လုပ္ရတာ ပိုလြယ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ပစၥည္းေတြက အျပင္ဘက္မေရာက္လာ‌ေသးဘဲ ထုပ္ပိုးသိမ္းဆည္းထားေသးတဲ့အေနအထားမွာပဲ ႐ွိေနေသးတာေၾကာင့္ ေ႐ႊ႕စရာျပဳစရာမလိုေသးသလို ပစၥည္းေတြကိုပါ သန္႔႐ွင္းေရးလုပ္ဖို႔မလိုေသးတာေၾကာင့္ အိမ္ကိုယ္ထည္ေနရာေတြခ်ည္းသက္သက္ကိုပဲ ေသေသခ်ာခ်ာႏွံ႔ႏွံ႔စပ္စပ္ အားရပါးရ သန္႔႐ွင္းႏိုင္လို႔ပဲျဖစ္ပါတယ္။


အဆင့္ ၂- စတိုင္လ္နဲ႔ပတ္သက္ရင္ သင့္ကိုယ္သင္ မကန္႔သတ္ပါနဲ႔

သင့္အိမ္ကို ဘယ္လိုမ်ိဳးျမင္ခ်င္တယ္ဆိုတာကို တိတိပပသိ႐ွိဖို႔က ခဲရာခဲဆစ္ႏိုင္ႏိုင္ပါတယ္၊ အထူးသျဖင့္ ေ႐ြးခ်ယ္စရာစတိုင္လ္အမ်ားအျပား၊ ဉာဏ္ကြန္႔ျမဴးစရာဟန္ပန္အမ်ားအျပား ႐ွိေနတယ္ဆိုရင္ေပါ့။ ဒါေပမဲ့လို႔ သင့္မွာ တစ္ကိုယ္ရည္အလွရသခံစားခ်က္႐ွိၿပီး သင့္အိမ္ကို အဲဒီအလွနဲ႔ကိုက္ညီခ်င္တယ္ဆိုရင္ေတာ့ အဲဒီစတိုင္လ္ဟန္ပန္အတိုင္း သင့္အိမ္ကို ပုံေဖာ္လိုက္ပါ။

သတိျပဳရမွာကေတာ့ ဘယ္ဒီဇိုင္းကိုမွ အလြယ္တကူအလ်င္စလိုဆုံးျဖတ္လိုက္ဖို႔ မလိုပါဘူး။ ေအးရာေအးေၾကာင္းသာ အလွဆင္ပါေလ။ တကယ္ေတာ့ သင့္အိမ္သစ္ကို အေျပာင္းအလဲတစ္စုံတစ္ရာမလုပ္ခင္မွာ အခ်ိန္တစ္ခုၾကာ ေနၾကည့္ဖို႔ အေရးႀကီးပါတယ္။ ဒါမွပဲ သင့္အိမ္သစ္အတြက္ ဘာက အေကာင္းဆုံးလဲဆိုတာကို သင့္အေနနဲ႔ မွန္မွန္ကန္ကန္ေ႐ြးခ်ယ္ႏိုင္ပါလိမ့္မယ္။


အဆင့္ ၃- ­­­အိပ္ခန္းနဲ႔ ဧည့္ခန္းကို ဦးစားေပးပါ

ေျပာင္းေ႐ႊ႕ျခင္း၊ သန္႔႐ွင္းျခင္းနဲ႔ အလွဆင္ျခင္းေတြကို အစီအစဥ္တက်လုပ္ေဆာင္ျခင္းေတြနဲ႔အတူ သင့္အေနနဲ႔ အနားရခ်ိန္အခ်ိဳ႕လိုအပ္ပါလိမ့္မယ္။ ဒါေၾကာင့္ သင့္အိပ္ခန္းကို အရင္ဆုံးဦးစားေပးလုပ္ေဆာင္လိုက္ပါ၊ ဒါဆိုရင္ အိပ္ခန္းကို ေနရာခ်ၿပီးၿပီဆိုတာနဲ႔ အျခားေနရာခ်ျခင္း၊ ပစၥည္းခ်ျခင္း စသျဖင့္ လုပ္ေဆာင္စရာလိုေနေသးတဲ့ ဖ႐ိုဖရဲအေျခအေနေတြကေန ခဏတာလြတ္ေျမာက္အနားယူဖို႔ ေနရာေလး ႐ွိသြားပါလိမ့္မယ္။

အိပ္ခန္းၿပီးေနာက္ ဒုတိယဦးစားေပးလုပ္ေဆာင္ရမွာကေတာ့ ဧည့္ခန္းျဖစ္သင့္ပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ သင့္အိမ္သစ္ကို ျမင္ေတြ႕ခ်င္ေနၾကတဲ့ ဧည့္သည္ေတြ သင့္မွာ ႐ွိေနလို႔ပါပဲ။ ဧည့္ခန္းဆိုတာ ဘက္စုံအသုံးျပဳလို႔ရတဲ့ေနရာလည္းပဲျဖစ္ပါတယ္၊ ဒါေၾကာင့္ ဧည့္ခန္းေနရာအဆင္ေျပၿပီဆိုတာနဲ႔ အနားယူ၊ အလုပ္လုပ္၊ အပန္းေျဖမႈရယူဖို႔ ေနရာတစ္ေနရာကို ရ႐ွိမွာပဲျဖစ္ပါတယ္။

အထက္မွာေဖာ္ျပခဲ့တာေတြကို ဖတ္႐ႈၿပီးေတာ့ အိမ္သစ္ေျပာင္းေ႐ႊ႕ရာမွာ အဆင္ေျပၾကပါေစေၾကာင္း iMyanmarHouse.com မိသားစုမွ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)