448 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

အခန်းတစ်ခန်းကို တစ်နာရီအတွင်းလန်းဆန်းသွားအောင်ဘယ်လိုပြင်ဆင်မလဲ ?

 

[Unicode]

အခန်းတစ်ခန်းကိုပြင်ဆင်ဖို့အတွက်နဲ့ အားလပ်ရက်တစ်ခုလုံးကိုအကုန်ဆုံးမခံချင်ဘူးဆိုရင် အောက်မှာဖော်ပြထားတဲ့နည်းလမ်းတွေထဲကတစ်ခုကို လက်တွေ့စမ်းသပ်အသုံးပြုကြည့်လိုက်ပါ။လက်မှုပစ္စည်းလေးတွေလုပ်တာကနေစလို့ ပစ္စည်းတွေကိုနေရာရွှေ့ပြောင်းတာအထိနည်းလမ်းပေါင်းများစွာကိုအသုံးပြုပြီး တစ်ခန်းလုံးကိုပြောင်းလဲပစ်စရာမလိုဘဲ ဆန်းသစ်တဲ့အသွင်အပြင်ကိုပိုင်ဆိုင်နိုင်မှာလားဆိုတာ လက်တွေ့စမ်းသပ်ကြည့်လိုက်ပါ။

၁။ကုတင်ခေါင်းရင်းကိုပြောင်းလဲပါ။


အိပ်ရာခေါင်းရင်းကနေရာတစ်ကွက်ကိုဆေးသုတ်လိုက်ခြင်းက အံ့သြစရာကောင်းလောက်အောင် အများကြီး အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။အရောင်းစွန်းထင်းမှုတွေမဖြစ်အောင် အရည်အသွေးကောင်းတဲ့တိပ်ကိုအသုံးပြုပြီး အိပ်ရာခေါင်းရင်းနံရံမှာ ဆေးသုတ်မယ့်နေရာကိုမှတ်သားလိုက်ပါ။ပြီးရင်တော့ တိပ်ကပ်ထားတဲ့အတွင်းပိုင်းအကွက်ထဲမှာ ဆေးသုတ်လို့ရပါပြီ။အိပ်ရာခေါင်းရင်းထက်ကစင်တစ်ခုနဲ့ကုတင်ဘေးကဗီရိုလေးကိုလည်း အရောင်တူဆေးသုတ်ပေးခြင်း အားဖြင့် ကျစ်သစ်သေသပ်တဲ့အခန်းအပြင်အဆင်သစ်ကိုရရှိနိုင်မှာပါ။

အခန်းတစ်ခန်းကို တစ်နာရီအတွင်းလန်းဆန်းသွားအောင်ဘယ်လိုပြင်ဆင်မလဲ ?

၂။အစိမ်းရောင်တွေဖြည့်ပါ။


ပန်းဆိုင်အထိသွားဖို့အချိန်မရှိဘူးဆိုရင် အိမ်ပြင်ခဏထွက်ပြီး လက်တစ်ပွေ့စာသစ်ကိုင်းတွေကိုချိုးလာခဲ့လိုက်ပါ။ ပြီးရင်တော့ ပန်းအိုးကြီးထဲမှာထိုးထားပေးလိုက်တာနဲ့ အခန်းထဲမှာအစိမ်းရောင်ကိုဖြည့်စွက်ပေးလိုက်နိုင်ပါပြီ။ပန်းအိုးအကြီး ကြီးထိုးရတာမကြိုက်ဘူးဆိုရင် ပန်းအိုးအသေးထဲမှာပဲအပင်ကိုင်းသေးလေးတွေကိုထိုးထားပေးလို့ရပါတယ်။

အခန်းတစ်ခန်းကို တစ်နာရီအတွင်းလန်းဆန်းသွားအောင်ဘယ်လိုပြင်ဆင်မလဲ ?

၃။မီးဖိုချောင်းမှာကော်ဇောခင်းပါ။


ဒီနည်းလမ်းကိုမှသဘောကျမိတယ်ဆိုရင် တခြားအခန်းတစ်ခုကကော်ဇောကိုယူလာပြီး အရင်စမ်းသပ်ကြည့်ပါ။ ဧည့်ခန်းမှာမထားချင်တော့တာကြောင့် လိပ်ထားတဲ့ကော်ဇောရှိရင်လည်း အသုံးပြုလို့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် တစ်နာရီ တောင်ကြာမှာမဟုတ်ပါဘူး။အခန်းက တစ်မျိုးတစ်မျိုးပြောင်းလဲလို့စိတ်ကျေနပ်သွားပြီဆိုရင် ပိုနေတဲ့အချိန်မှာ မီးဖိုချောင်နဲ့ ပိုလိုက်ဖက်တဲ့ကော်ဇောတစ်ခုကိုဝယ်ယူဖို့ အွန်လိုင်းဈေးဝယ်ဝက်ဆိုက်ဒ်တွေမှာ အချိန်ဖြုန်းနေလိုက်လို့ရပါပြီ။

အခန်းတစ်ခန်းကို တစ်နာရီအတွင်းလန်းဆန်းသွားအောင်ဘယ်လိုပြင်ဆင်မလဲ ?

၄။နေရာရွှေ့ပြောင်းပါ။


နေရာတစ်ခုမှာနေတာကြာတဲ့အခါ အခန်းရဲ့လှပမှုကိုမျက်လုံးထဲမှာမမြင်တတ်တော့တာ ထုံးစံပါပဲ။ဒီတော့ အပြောင်းလဲဖြစ်သွားအောင် ပရိဘောဂတွေကိုနေရာရွှေ့ပြောင်းကြည့်ပါ။ပုံမှာပြထားတဲ့ထိုင်ခုံလေးက မီးဖိုချောင်ထဲမှာထားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ဒါမှမဟုတ် ကုတင်ဘေးကစားပွဲနေရာမှာ ဗီရိုတစ်ခုပြောင်းထားကြည့်ပါ။ဒါမှမဟုတ်ရင်လည်း မီးအိမ်ကို တခြားအခန်းပြောင်းထားတာ၊အခန်းတစ်ခုတည်းမှာပဲ နေရာပြောင်းထားတာ အစရှိသည်ဖြင့်လုပ်လို့ရပါတယ်။

အခန်းတစ်ခန်းကို တစ်နာရီအတွင်းလန်းဆန်းသွားအောင်ဘယ်လိုပြင်ဆင်မလဲ ?


၅။ချိတ်တွေအသုံးပြုပါ။


လှပတဲ့ပစ္စည်းတွေကိုချိတ်ဆွဲထားဖို့ဖြစ်ဖြစ်၊ကုတ်အင်္ကျီကနေ ကော်ဖီခွက်တွေအထိချိတ်ဖို့ပဲဖြစ်ဖြစ် နေရာတစ်ခု ရဲ့အသွင်အပြင်ကိုပြောင်းလဲပစ်ဖို့ ချိတ်တွေကိုအသုံးပြုခြင်းက အလွယ်ကူဆုံးနည်းလမ်းပါ။ပုံမှာကြည့်လိုက်မယ်ဆိုရင် စင် အောက်ကတန်းမှာ သစ်ကိုင်းတစ်ခုထားရှိပြီး ဒီသစ်ကိုင်းမှာ အင်္ဂလိပ်အက္ခရာ S သဏ္ဍာန်ချိတ်လေးတွေချိတ်ဆွဲပေးထားပါ တယ်။ဒီနည်းလမ်းက နံရံမှာလွန်ပူဖောက်စရာမလိုပါဘူး။


၆။နံရံကပ်စက္ကူအသုံးပြုပါ။


တစ်နာရီအတွင်း အခန်းတစ်ခုလုံးကို နံရံကပ်စက္ကူကပ်လို့ပြီးချင်မှပြီးပါလိမ့်မယ်။ဒါပေမဲ့ ဒေါင်လိုက်နေရာလေး တစ်ခုတည်းကိုကပ်မယ်ဆိုရင်တော့ လုံလောက်တဲ့အချိန်လို့ပြောလို့ရပါတယ်။ဒီလိုသန့်စင်ခန်းမျိုးက လက်တွေ့စမ်းသပ် ကြည့်ဖို့အကောင်းဆုံးနေရာပါ။ဒါပေမဲ့ အိမ်အဝင်လျှောက်လမ်းကကျဉ်းမြောင်းတဲ့နံရံ သို့မဟုတ် နံရံတွင်လိုဏ်ပေါက်၊ သန့်စင်ခန်း သို့မဟုတ် ကလေးအခန်းထဲမှာလည်း စမ်းသပ်ကြည့်လို့ရပါတယ်။

အခန်းတစ်ခန်းကို တစ်နာရီအတွင်းလန်းဆန်းသွားအောင်ဘယ်လိုပြင်ဆင်မလဲ ?

၇။တံခါးကိုဆေးသုတ်ပါ။

 

မျက်နှာပြင်ချောမွေ့စေဖို့အတွက် တံခါးအတွင်းမျက်နှာပြင်ကို ကော်ဖတ်နဲ့အရင်စားပေးပါ။ပြီးမှကြိုက်နှစ်သက်ရာ ဆေးရောင်ကိုသုတ်ပေးမယ်ဆိုရင် အခန်းရဲ့အသွင်အပြင်ကို လန်းဆန်းသစ်လွင်သွားစေမှာပါ။


၈။အနုပညာမြောက်ပစ္စည်းများကိုပြသထားခြင်း


ဒီနေရာမှာလုပ်ရမယ့်အရာက နံရံပေါ်မှာချိတ်လေးတွေချိတ်လိုက်ရုံပါပဲ။ပုံထဲမှာ အလှခြင်းလေးတွေချိတ်ဆွဲပြထား သလို ပန်းကန်ပြားတွေ၊ဓာတ်ပုံမှန်ဘောင်တွေ၊ပို့စ်ကတ်တွေ၊ဓာတ်ပုံတွေကိုလည်းချိတ်ဆွဲလို့ရတာကြောင့် နံရံမှာ ချိတ်တွေ အတွက်အပေါက်ဖောက်ပြီး အလုပ်စလိုက်ပါတော့။ကိုယ်ချိတ်ထားချင်တဲ့အရာက ပေါ့တယ်ဆိုရင် ကပ်ခွာချိတ်လေးတွေကို တောင်အသုံးပြုလို့ရပါတယ်။

အခန်းတစ်ခန်းကို တစ်နာရီအတွင်းလန်းဆန်းသွားအောင်ဘယ်လိုပြင်ဆင်မလဲ ?


၉။စာအုပ်အရောင်တွေကိုအသုံးပြုပါ။


ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင် ပိုနေတဲ့အချိန်မှာစာဖတ်လို့တောင်ရပါသေးတယ်။အရောင်အမျိုးမျိုးရှိတဲ့စာအုပ်တွေကို စာအုပ်စင်ပေါ်မှာ ဆန်းသစ်တဲ့အသွင်အပြင်ဖြစ်အောင်စီရီရတဲ့အလုပ်က ပျော်ဖို့လည်းကောင်းတာကြောင့် ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်ရတဲ့အလုပ်ပါပဲ။

အခန်းတစ်ခန်းကို တစ်နာရီအတွင်းလန်းဆန်းသွားအောင်ဘယ်လိုပြင်ဆင်မလဲ ?


၁၀။စားပွဲပေါ်ကအပြင်အဆင်ကိုပြောင်းလဲလိုက်ပါ။


ဗီရိုပေါ်မှာအလှဖန်ပစ္စည်းတွေကို ပုံစံတစ်ခုတည်းပဲအချိန်အကြာကြီးထားရှိခဲ့မယ်ဆိုရင် သတိတောင်မထားမိ တော့ဘဲဖြစ်သွားတတ်ပါတယ်။ပတ်ဝန်းကျင်ကိုလတ်ဆတ်တဲ့အမြင်နဲ့ကြည့်ပြီး ပစ္စည်းတွေကိုနေရာအရွှေ့အပြောင်းလုပ်ပါ။အုပ်စုပြန်ခွဲပြီး ရောနှောပစ်တာ ဒါမှမဟုတ် တခြားအခန်းကပစ္စည်းတွေကိုယူလာပြီးထားတာမျိုးလုပ်ပေးမယ်ဆိုရင် သစ်လွင်လန်းဆန်းတဲ့အခန်းအသွင်အပြင်ကိုဖြစ်ပေါ်စေမှာပါ။

 


၁၁။နေရာတချို့မှာကြွေပြားကပ်ပါ။


နေအိမ်ရဲ့တခြားနေရာတွေမှာပြင်ဆင်ပြီးလို့ကျန်တာဖြစ်ဖြစ်၊ကြွေပြားအနည်းငယ်လောက်ဝယ်လိုက်တာပဲဖြစ်ဖြစ် အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။ပြီးရင်တော့ လှပတဲ့နောက်ခံအပြင်အဆင်ဖြစ်စေဖို့အတွက် အဆင်သင့်ရောစပ်ပြီး သားကြွေပြားကပ်ကော်ကိုအသုံးပြုပြီး လက်ဆေးဘေစင်နောက်မှာကပ်ပေးပါ။

 

 

Credit: mm-homedecor

 

 


[Zawgyi]

အခန္းတစ္ခန္းကို တစ္နာရီအတြင္းလန္းဆန္းသြားေအာင္ဘယ္လိုျပင္ဆင္မလဲ ?

 

အခန္းတစ္ခန္းကိုျပင္ဆင္ဖို႔အတြက္နဲ႔ အားလပ္ရက္တစ္ခုလုံးကိုအကုန္ဆုံးမခံခ်င္ဘူးဆိုရင္ ေအာက္မွာေဖာ္ျပထားတဲ့နည္းလမ္းေတြထဲကတစ္ခုကို လက္ေတြ႕စမ္းသပ္အသုံးျပဳၾကည့္လိုက္ပါ။လက္မႈပစၥည္းေလးေတြလုပ္တာကေနစလို႔ ပစၥည္းေတြကိုေနရာေ႐ႊ႕ေျပာင္းတာအထိနည္းလမ္းေပါင္းမ်ားစြာကိုအသုံးျပဳၿပီး တစ္ခန္းလုံးကိုေျပာင္းလဲပစ္စရာမလိုဘဲ ဆန္းသစ္တဲ့အသြင္အျပင္ကိုပိုင္ဆိုင္ႏိုင္မွာလားဆိုတာ လက္ေတြ႕စမ္းသပ္ၾကည့္လိုက္ပါ။

၁။ကုတင္ေခါင္းရင္းကိုေျပာင္းလဲပါ။


အိပ္ရာေခါင္းရင္းကေနရာတစ္ကြက္ကိုေဆးသုတ္လိုက္ျခင္းက အံ့ၾသစရာေကာင္းေလာက္ေအာင္ အမ်ားႀကီး အက်ိဳးသက္ေရာက္မႈ႐ွိေစႏိုင္ပါတယ္။အေရာင္းစြန္းထင္းမႈေတြမျဖစ္ေအာင္ အရည္အေသြးေကာင္းတဲ့တိပ္ကိုအသုံးျပဳၿပီး အိပ္ရာေခါင္းရင္းနံရံမွာ ေဆးသုတ္မယ့္ေနရာကိုမွတ္သားလိုက္ပါ။ၿပီးရင္ေတာ့ တိပ္ကပ္ထားတဲ့အတြင္းပိုင္းအကြက္ထဲမွာ ေဆးသုတ္လို႔ရပါၿပီ။အိပ္ရာေခါင္းရင္းထက္ကစင္တစ္ခုနဲ႔ကုတင္ေဘးကဗီ႐ိုေလးကိုလည္း အေရာင္တူေဆးသုတ္ေပးျခင္း အားျဖင့္ က်စ္သစ္ေသသပ္တဲ့အခန္းအျပင္အဆင္သစ္ကိုရ႐ွိႏိုင္မွာပါ။

၂။အစိမ္းေရာင္ေတြျဖည့္ပါ။


ပန္းဆိုင္အထိသြားဖို႔အခ်ိန္မ႐ွိဘူးဆိုရင္ အိမ္ျပင္ခဏထြက္ၿပီး လက္တစ္ေပြ႕စာသစ္ကိုင္းေတြကိုခ်ိဳးလာခဲ့လိုက္ပါ။ ၿပီးရင္ေတာ့ ပန္းအိုးႀကီးထဲမွာထိုးထားေပးလိုက္တာနဲ႔ အခန္းထဲမွာအစိမ္းေရာင္ကိုျဖည့္စြက္ေပးလိုက္ႏိုင္ပါၿပီ။ပန္းအိုးအႀကီး ႀကီးထိုးရတာမႀကိဳက္ဘူးဆိုရင္ ပန္းအိုးအေသးထဲမွာပဲအပင္ကိုင္းေသးေလးေတြကိုထိုးထားေပးလို႔ရပါတယ္။

၃။မီးဖိုေခ်ာင္းမွာေကာ္ေဇာခင္းပါ။


ဒီနည္းလမ္းကိုမွသေဘာက်မိတယ္ဆိုရင္ တျခားအခန္းတစ္ခုကေကာ္ေဇာကိုယူလာၿပီး အရင္စမ္းသပ္ၾကည့္ပါ။ ဧည့္ခန္းမွာမထားခ်င္ေတာ့တာေၾကာင့္ လိပ္ထားတဲ့ေကာ္ေဇာ႐ွိရင္လည္း အသုံးျပဳလို႔ရပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ တစ္နာရီ ေတာင္ၾကာမွာမဟုတ္ပါဘူး။အခန္းက တစ္မ်ိဳးတစ္မ်ိဳးေျပာင္းလဲလို႔စိတ္ေက်နပ္သြားၿပီဆိုရင္ ပိုေနတဲ့အခ်ိန္မွာ မီးဖိုေခ်ာင္နဲ႔ ပိုလိုက္ဖက္တဲ့ေကာ္ေဇာတစ္ခုကိုဝယ္ယူဖို႔ အြန္လိုင္းေဈးဝယ္ဝက္ဆိုက္ဒ္ေတြမွာ အခ်ိန္ျဖဳန္းေနလိုက္လို႔ရပါၿပီ။

၄။ေနရာေ႐ႊ႕ေျပာင္းပါ။


ေနရာတစ္ခုမွာေနတာၾကာတဲ့အခါ အခန္းရဲ႕လွပမႈကိုမ်က္လုံးထဲမွာမျမင္တတ္ေတာ့တာ ထုံးစံပါပဲ။ဒီေတာ့ အ ေျပာင္းလဲျဖစ္သြားေအာင္ ပရိေဘာဂေတြကိုေနရာေ႐ႊ႕ေျပာင္းၾကည့္ပါ။ပုံမွာျပထားတဲ့ထိုင္ခုံေလးက မီးဖိုေခ်ာင္ထဲမွာထား မယ္ဆိုရင္လည္း အဆင္ေျပပါတယ္။ဒါမွမဟုတ္ ကုတင္ေဘးကစားပြဲေနရာမွာ ဗီ႐ိုတစ္ခုေျပာင္းထားၾကည့္ပါ။ဒါမွမဟုတ္ရင္ လည္း မီးအိမ္ကို တျခားအခန္းေျပာင္းထားတာ၊အခန္းတစ္ခုတည္းမွာပဲ ေနရာေျပာင္းထားတာ အစ႐ွိသည္ျဖင့္လုပ္လို႔ရပါ တယ္။


၅။ခ်ိတ္ေတြအသုံးျပဳပါ။


လွပတဲ့ပစၥည္းေတြကိုခ်ိတ္ဆြဲထားဖို႔ျဖစ္ျဖစ္၊ကုတ္အက်ႌကေန ေကာ္ဖီခြက္ေတြအထိခ်ိတ္ဖို႔ပဲျဖစ္ျဖစ္ ေနရာတစ္ခု ရဲ႕အသြင္အျပင္ကိုေျပာင္းလဲပစ္ဖို႔ ခ်ိတ္ေတြကိုအသုံးျပဳျခင္းက အလြယ္ကူဆုံးနည္းလမ္းပါ။ပုံမွာၾကည့္လိုက္မယ္ဆိုရင္ စင္ ေအာက္ကတန္းမွာ သစ္ကိုင္းတစ္ခုထား႐ွိၿပီး ဒီသစ္ကိုင္းမွာ အဂၤလိပ္အကၡရာ S သ႑ာန္ခ်ိတ္ေလးေတြခ်ိတ္ဆြဲေပးထားပါ တယ္။ဒီနည္းလမ္းက နံရံမွာလြန္ပူေဖာက္စရာမလိုပါဘူး။


၆။နံရံကပ္စကၠဴအသုံးျပဳပါ။


တစ္နာရီအတြင္း အခန္းတစ္ခုလုံးကို နံရံကပ္စကၠဴကပ္လို႔ၿပီးခ်င္မွၿပီးပါလိမ့္မယ္။ဒါေပမဲ့ ေဒါင္လိုက္ေနရာေလး တစ္ခုတည္းကိုကပ္မယ္ဆိုရင္ေတာ့ လုံေလာက္တဲ့အခ်ိန္လို႔ေျပာလို႔ရပါတယ္။ဒီလိုသန္႔စင္ခန္းမ်ိဳးက လက္ေတြ႕စမ္းသပ္ ၾကည့္ဖို႔အေကာင္းဆုံးေနရာပါ။ဒါေပမဲ့ အိမ္အဝင္ေလွ်ာက္လမ္းကက်ဥ္းေျမာင္းတဲ့နံရံ သို႔မဟုတ္ နံရံတြင္လိုဏ္ေပါက္၊ သန္႔စင္ခန္း သို႔မဟုတ္ ကေလးအခန္းထဲမွာလည္း စမ္းသပ္ၾကည့္လို႔ရပါတယ္။

၇။တံခါးကိုေဆးသုတ္ပါ။


မ်က္ႏွာျပင္ေခ်ာေမြ႕ေစဖို႔အတြက္ တံခါးအတြင္းမ်က္ႏွာျပင္ကို ေကာ္ဖတ္နဲ႔အရင္စားေပးပါ။ၿပီးမွႀကိဳက္ႏွစ္သက္ရာ ေဆးေရာင္ကိုသုတ္ေပးမယ္ဆိုရင္ အခန္းရဲ႕အသြင္အျပင္ကို လန္းဆန္းသစ္လြင္သြားေစမွာပါ။


၈။အႏုပညာေျမာက္ပစၥည္းမ်ားကိုျပသထားျခင္း


ဒီေနရာမွာလုပ္ရမယ့္အရာက နံရံေပၚမွာခ်ိတ္ေလးေတြခ်ိတ္လိုက္႐ုံပါပဲ။ပုံထဲမွာ အလွျခင္းေလးေတြခ်ိတ္ဆြဲျပထား သလို ပန္းကန္ျပားေတြ၊ဓာတ္ပုံမွန္ေဘာင္ေတြ၊ပို႔စ္ကတ္ေတြ၊ဓာတ္ပုံေတြကိုလည္းခ်ိတ္ဆြဲလို႔ရတာေၾကာင့္ နံရံမွာ ခ်ိတ္ေတြ အတြက္အေပါက္ေဖာက္ၿပီး အလုပ္စလိုက္ပါေတာ့။ကိုယ္ခ်ိတ္ထားခ်င္တဲ့အရာက ေပါ့တယ္ဆိုရင္ ကပ္ခြာခ်ိတ္ေလးေတြကို ေတာင္အသုံးျပဳလို႔ရပါတယ္။


၉။စာအုပ္အေရာင္ေတြကိုအသုံးျပဳပါ။


ဒီနည္းလမ္းကိုအသုံးျပဳမယ္ဆိုရင္ ပိုေနတဲ့အခ်ိန္မွာစာဖတ္လို႔ေတာင္ရပါေသးတယ္။အေရာင္အမ်ိဳးမ်ိဳး႐ွိတဲ့စာ အုပ္ေတြကို စာအုပ္စင္ေပၚမွာ ဆန္းသစ္တဲ့အသြင္အျပင္ျဖစ္ေအာင္စီရီရတဲ့အလုပ္က ေပ်ာ္ဖို႔လည္းေကာင္းတာေၾကာင့္ ခဲတစ္လုံးနဲ႔ငွက္ႏွစ္ေကာင္ပစ္ရတဲ့အလုပ္ပါပဲ။


၁၀။စားပြဲေပၚကအျပင္အဆင္ကိုေျပာင္းလဲလိုက္ပါ။


ဗီ႐ိုေပၚမွာအလွဖန္ပစၥည္းေတြကို ပုံစံတစ္ခုတည္းပဲအခ်ိန္အၾကာႀကီးထား႐ွိခဲ့မယ္ဆိုရင္ သတိေတာင္မထားမိ ေတာ့ဘဲျဖစ္သြားတတ္ပါတယ္။ပတ္ဝန္းက်င္ကိုလတ္ဆတ္တဲ့အျမင္နဲ႔ၾကည့္ၿပီး ပစၥည္းေတြကိုေနရာအေ႐ႊ႕အေျပာင္းလုပ္ ပါ။အုပ္စုျပန္ခြဲၿပီး ေရာေႏွာပစ္တာ ဒါမွမဟုတ္ တျခားအခန္းကပစၥည္းေတြကိုယူလာၿပီးထားတာမ်ိဳးလုပ္ေပးမယ္ဆိုရင္ သစ္လြင္လန္းဆန္းတဲ့အခန္းအသြင္အျပင္ကိုျဖစ္ေပၚေစမွာပါ။


၁၁။ေနရာတခ်ိဳ႕မွာေႂကြျပားကပ္ပါ။


ေနအိမ္ရဲ႕တျခားေနရာေတြမွာျပင္ဆင္ၿပီးလို႔က်န္တာျဖစ္ျဖစ္၊ေႂကြျပားအနည္းငယ္ေလာက္ဝယ္လိုက္တာပဲျဖစ္ျဖစ္ အဆင္ေျပရာကိုေ႐ြးခ်ယ္ႏိုင္ပါတယ္။ၿပီးရင္ေတာ့ လွပတဲ့ေနာက္ခံအျပင္အဆင္ျဖစ္ေစဖို႔အတြက္ အဆင္သင့္ေရာစပ္ၿပီး သားေႂကြျပားကပ္ေကာ္ကိုအသုံးျပဳၿပီး လက္ေဆးေဘစင္ေနာက္မွာကပ္ေပးပါ။

 

Credit: mm-homedecor

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)