698 ကြိမ် ကြည့်ရှု့ ပြီး

သင့်အိမ်အရောင်ကပြောတဲ့ သင့်စိတ်အကြောင်း.....

 

[Unicode]

အိမ်ကို အလှဆင်တဲ့အခါမှာ အဓိက အကျဆုံးကတော့ အရောင်ရွေးချယ်တဲ့ အပိုင်းပါပဲ။ မရည်ရွယ်ပဲ သင် ရွေးလိုက်တဲ့ အရောင်ဟာ သင့်စိတ်ကိုပါ ထင်ဟပ်နေစေပါတယ်။ ဘယ်အရောင်ဟာ သင့်ကို ဘယ်လိုကိုယ်စားပြုလဲဆိုတာ အောက်မှာ အသေးစိတ် ဖတ်ကြည့်လိုက်ရအောင်နော်။

သင့်အိမ်အရောင်ကပြောတဲ့ သင့်စိတ်အကြောင်း.....

❤️ အနီရောင်

သင့်အိမ်အရောင်ကပြောတဲ့ သင့်စိတ်အကြောင်း.....

သင်ဟာ အနီရောင်ကို ကြိုက်နှစ်သက်တယ် အနီရောင် ဆေးသုတ်ထားတယ် အလှဆင်ထားတယ် ဆိုရင် သင်ဟာ ရဲရင့်သူတစ်ဦးဖြစ်ပါတယ်။ နွေးထွေးကြင်နာတတ်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေသူလို့ ထင်ဟပ်စေပါတယ်ရှင်။

? အပြာရောင်

သင့်အိမ်အရောင်ကပြောတဲ့ သင့်စိတ်အကြောင်း.....

ကမ္ဘာပေါ်က လူတွေအကြိုက်ဆုံး အရောင်လို့ တင်စားကြတဲ့ အပြာရောင်ကို ကြိုက်တယ်ဆိုရင် သင့်ကို အေးဆေး တည်ငြိမ်သူ တစ်ယောက်အဖြစ် ထင်ဟပ်စေပါတယ်။ မျက်စိအေးပြီး အေးချမ်းတဲ့ ပင်လယ်တွေရဲ့ အရောင်ဖြစ်တဲ့အပြာဟာ သင့်ကို အိမ်တွင်းပုန်းတတ်တဲ့ အကျင့်ရှိသူတစ်ယောက်လို့ လူတွေကြား ခံစားမိစေတဲ့အပြင် အိမ်တွင်းကလူတွေအတွက်လည်း စိတ်တည်ငြိမ်အေးဆေးမှုကိုပေးနိုင်ပါတယ်ရှင်။

? အဝါရောင်

သင့်အိမ်အရောင်ကပြောတဲ့ သင့်စိတ်အကြောင်း.....

စိတ်ပညာခံစားမှုအရဆိုရင် အဝါရောင်ကို အရောင်တွေထဲမှာ အသန်မာဆုံး အလင်းလက်ဆုံးလို့ သတ်မှတ်ကြပါတယ်။ စိတ်အားတက်ကြွတဲ့ လူတစ်ယောက်အဖြစ် ထင်ဟပ်စေတဲ့အပြင် အဝါရောင်ဟာ သင်နဲ့အိမ်မှာရှိနေတဲ့သူတွေကို တက်ကြွပြီး လန်းဆန်းတဲ့ ခံစားမှုတွေပေးနိုင်ပါတယ်ရှင်။

? အစိမ်းရောင်

သင့်အိမ်အရောင်ကပြောတဲ့ သင့်စိတ်အကြောင်း.....

ကမ္ဘာမြေကြီးရဲ့ အရောင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ အစိမ်းရောင်ကတော့ သင့်ရဲ့ တည်ငြိမ်အေးဆေးမှုကို ပြသပါတယ်။ Work-Life Balance ရှိတဲ့သူ၊ ကိစ္စတိုင်းကို စနစ်တကျ သေသေသပ်သပ် ဆောင်ရွက်တတ်သူ၊ သူတစ်ပါးကို ကူညီတတ်သူစတဲ့ အေးချမ်းကောင်းမွန်တဲ့ စိတ်ထားကို ဖော်ပြနေပါတယ်ရှင်။

? အမည်းရောင်

သင့်အိမ်အရောင်ကပြောတဲ့ သင့်စိတ်အကြောင်း.....

သင်ဟာ အာရုံစူးစိုက်မှုကို ခံယူချင်သူတစ်ယောက်ဖြစ်တယ်ဆိုတာ အမည်းရောင် က သက်သေပြပါတယ်။ စိတ်မြန် လက်မြန် တဲ့သူတစ်ယောက်ဖြစ်တဲ့ အပြင် အရာရာကို အသေးစိတ်ကအစ ခံစားလွယ်တဲ့ လူတစ်ယောက်အဖြစ် ထင်ဟပ်စေပါတယ်ရှင်။

? အဖြူရောင်

သင့်အိမ်အရောင်ကပြောတဲ့ သင့်စိတ်အကြောင်း.....

သန့်ရှင်းစင်ကြယ်တဲ့ အဓိပ္ပာယ်ဆောင်တဲ့အပြင် သင့် စိတ်ဟာ ရှင်းလင်းတယ်၊ တည်ငြိမ်သူအဖြစ် ဖော်ဆောင်ပေးပါတယ်ရှင်။

 Credit: Myanmar Home & Decor

 

[Zawgyi]





❤️ အနီရောင်


? အပြာရောင်


? အဝါရောင်


? အစိမ်းရောင်


? အမည်းရောင်


? အဖြူရောင်


 



ငှါးရန်ရှိသော အိမ်ခြံမြေများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)