800 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

 

[Unicode]

သင့်ဧည့်ခန်းလေးက အခန်းကျဉ်းကျဉ်းလေးမို့ လူများများစားစား ဝိုင်းဖွဲ့ထိုင်စရာနေရာမရှိ ဖြစ်နေပါသလား။ အခန်းကျဉ်းတယ်ဆိုပေမယ့် ရှိတဲ့အခန်းကျဉ်းလေးထဲမှာပဲ ချောင်ချိသပ်ရပ်စွာနဲ့နေရာကျယ်ကျယ်နေထိုင် နိုင်ဖို့ ကြံဖန်နိုင်တဲ့ ဒီဇိုင်းလှည့်ကွက်တွေ အများကြီးရှိပါသေးတယ်။ ရိုးရှင်းလွယ်ကူတဲ့ ဒီနည်းလမ်းလေးတွေအ တိုင်း လိုက်နာလုပ်ဆောင်ရုံနဲ့ အခန်းအကျယ်အလိုက် သင့်တင့်တဲ့ပစ္စည်းတွေ၊ မျှတတဲ့ ပရိဘောဂနေရာချမှု တွေနဲ့ သင့်ဧည့်ခန်းကို နဂိုရှိရင်းထက် ပိုပြီးကျယ်သွားစေပြီး သက်သောင့်သက်သာရှိရှိ ကျယ်ကျယ်ဝန်းဝန်း နေထိုင်နိုင်မှာ အသေအချာပါပဲ။

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

ထောင့်ကွက်လပ်နေရာကို ဖြည့်ပါ

အခန်းကျဉ်းလေးထဲက ထောင့်နေရာမှာ ၁စင်တီမီတာလောင်တောင် နေရာလစ်ဟာပြီးမကျန်နေစေဖို့ ထောင်ချိုးနဲ့ကွက်တိကျတဲ့ L ပုံစံ ဆိုဖာဆက်တီခုံမျိုးကို ရွေးချယ်ပါ။ ထောင့်မှန်ချိုးဒီဇိုင်းက အခန်းရဲ့ထောင့်ချိုး နေရာနဲ့ အံဝင်ခွင်ကျဖြစ်သွားစေပြီး ဒီအခန်းကျဉ်းလေးထဲ ဆိုဖာခုံက အရွယ်ပိုကြီးနေသလို မထင်ရစေတော့ပါဘူး။

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ


အချိုးအစားလျှော့ချပါ

အပေါ်က နည်းလမ်းက နှစ်ယောက်ထိုင်ဆိုဖာထိုင်ခုံနှစ်လုံးကို မျက်နှာချင်းဆိုင်နေရာချတာဖြစ်ပြီး ဒီနည်းကိုသဘောတွေ့ပေမယ့် အခန်းက နှစ်ယောက်ဆိုဖာခုံထားဖို့လောက်တောင် မကျယ်ပါဘူးဆိုရင်လည်း အလားတူသဘောမျိုးနဲ့ပဲ နှစ်ယောက်ထိုင်ဆိုဖာနေရာမှာ တစ်ယောက်ခွဲစာသာသာလောက်ဆိုဖာခုံနဲ့အစား ထိုးပြီး နေရာချနိုင်ပါတယ်။ အခန်းနံရံဘက်နားထိ ဆိုဖာခုံတွေ နေရာကပ်ထားလိုက်ရုံနဲ့ အခန်းအကျယ်ကိုလည်း ထိခိုက်မှုမရှိစေဘဲ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အေးအေးလူလူနားနေနိုင်တဲ့ ဧည့်ခန်းလေးဖြစ်သွား စေမှာပါ။

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

အသစ်အဆန်း တွေးတောပါ

ဧည့်ခန်းဆိုတာနဲ့ ဘယ်လိုပုံစံဖြစ်နေရမယ်ဆိုပြီး ဘောင်ခတ်ထားတဲ့အတွေးတွေကို စွန့်ပစ်ခဲ့ပါ။ သင့် ဧည့်ခန်းလေးက ကျဉ်းနေတာကြောင့် ပရိဘောဂတွေ၊ အသုံးအဆောင်ပစ္စည်းတွေအတွက် နေရာရှာတဲ့အခါ တွေ့မြင်နေကျပုံစံမျိုးနဲ့ ရှာနေရင် အသုံးကျတဲ့အဖြေမျိုးရှာတွေ့မှာမဟုတ်ပါဘူး။ ပုံမှာပြထားတဲ့အခန်းရဲ့ဒီဇိုင်နာ ဆိုရင် ထိုင်ခုံဆိုဖာနေရာတွေကို အထိအခိုက်မခံဘဲ တီဗီနဲ့ပစ္စည်းပစ္စယတွေကို သပ်သပ်ရပ်ရပ်ထားသိုနိုင်စေဖို့ ထူးခြားဆန်းသစ်တဲ့အတွေးနဲ့ နေရာဖန်တီးပေးထားတာကို မြင်တွေ့ကြမှာပါ။

နံရံကပ်စင်ပုံစံမျိုးနဲ့ တီဗီတွေနဲ့ ဧည့်ခန်းပစ္စည်းတွေကို နေရာချပေးထားတဲ့အပြင် တီဗီရှေ့မှာ ဆိုဖာခုံအတွဲထဲက ခြေဆန့်လက်ဆန့်ထိုင်နိုင်တဲ့ ခုံရှည်အပိုင်းကို နေရာချပေးထားပြီး အခြားတဖက်ကနံရံဘက်မှာမှ နှစ် ယောက်တွဲဆိုဖာခုံကို နေရာချထားတာဖြစ်ပါတယ်။ တီဗီရှေ့မှာ နေရာမပုပ်တော့သလို ဆိုဖာခုံရှည်မှာလည်း ခြေဆန့်ထိုင်နိုင်ပြီး တစ်ဖက်မျက်နှာချင်းဆိုင်က ထိုင်နေတဲ့သူနဲ့လည်း စကားစမြည်ပြောလို့ရတဲ့ပုံစံလေးဖြစ်ပါတယ်။ အလယ်ကော်ဖီစားပွဲမထားတော့ဘဲ ခွေးခြေခုံသာသာရှိတဲ့ ကော်ဖီစားပွဲအသေးစားလေးနှစ်ခုကို ဆိုဖာရဲ့တစ်ဖက်စီမှာချထားပြီး အခြားဧည့်ခန်းပစ္စည်းတွေကို နံရံကပ်စင်မှာတင်ထားပေးတာကြောင့် အပိုအလိုမရှိဘဲ သပ်ရပ်လှပတဲ့ ချစ်စဖွယ်ဧည့်ခန်းလေးအဖြစ် ပုံပေါ်လာပါတယ်။

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

အမျိုးစုံအသုံးချနိုင်တဲ့ ပရိဘောဂတွေအသုံးပြုပါ

ပရိဘောဂကို တစ်မျိုးတည်းသုံးနိုင်တဲ့ပရိဘောဂပုံစံမျိုးထက် ပုံစံမျိုးစုံနဲ့သုံးနိုင်တဲ့ ဘက်စုံသုံးပရိဘောဂ တွေအသုံးပြုပေးပါ။ ပုံမှာပြထားတဲ့အခန်းမှာဆိုရင် ခြေတင်တဲ့ခုံကို အသေးစားမျိုးမဟုတ်ဘဲ ကော်ဖီစားပွဲ လောက်ကြီးတဲ့အရွယ်အစားနဲ့ အသုံးပြုထားပါတယ်။ ခြေတင်ရုံမကဘဲ ကော်ဖီတွေမုန့်တွေချတဲ့အခါ ကော်ဖီ စားပွဲအဖြစ်အသုံးပြုနိုင်သလို ဆိုဖာထိုင်ခုံရှည်ပုံစံထိုင်ချင်ရင်လည်း ရှိပြီးသားဆိုဖာထိုင်ခုံနဲ့ခြေတင်ခုံကိုဆက် လိုက်ပြီး ပုံစံပြောင်းအသုံးချနိုင်ပါတယ်။

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

ရွှေ့လွယ်ပြောင်းလွယ်တဲ့ခြေတင်ခုံဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်းတွေ စုပြုံရောက်လာတဲ့အခါမျိုးမှာ အပေါ်မှာတင်ထားတဲ့ ဗန်းကိုဖယ်ရှားလိုက်ရုံနဲ့ ထိုင်ဖို့နေရာလုံလောက်သွားစေမှာဖြစ်ပါတယ်။

အစုံလိုက် အသုံးပြုပါ

ဧည့်ခန်းကျဉ်းကျဉ်းလေးတွေမှာ ပရိဘောဂတွေကို အချိုးညီပုံစံနဲ့နေရာချတာက အခန်းထဲ နေရာလွတ် ဟန်ချက်မျှပြီး သပ်ရပ်တဲ့အခင်းအကျင်းပုံစံဖြစ်စေပါတယ်။ သင့်ဧည့်ခန်းလေးက ကျဉ်းတယ်ဆိုရင် ဆိုဖာခုံနှစ်ခုကို ပုံစံတူတစ်စုံ မျက်နှာချင်းဆိုင်ထားရှိပါ။ ပရိဘောဂတွေ အခန်းရဲ့အလယ်မှာ စုစည်းနေတာက အခန်းရဲ့ အလယ်ဆုံမှတ်တစ်ခုလို မြင်သာသွားစေပြီး အခန်းကျဉ်းနေတာကို မသိသာစေတော့ပါဘူး။

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

ပုံစံမတူတဲ့ ပရိဘောဂတွေ ရောသုံးပါ

ကြီးကြီးမားမားပရိဘောဂတွေ မဆံ့လောက်အောင် အခန်းကကျဉ်းနေတယ်ဆိုရင်တော့ သင့်ဧည့်ခန်း လေးမှာ ထိုင်ခုံနေရာအတွက် အနည်းငယ်ပိုသေးတဲ့ ပရိဘောဂတွေ ရွေးချယ်လိုက်ပါ။

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

ပုံမှာပြတဲ့အခန်းမှာဆိုရင် ပုံစံမတူတဲ့ ထိုင်ခုံနှစ်မျိုးကို မျက်နှာချင်းဆိုင်နေရာချထားပါတယ်။ ထိုင်နိုင်တဲ့ နေရာလုံလုံလောက်လောက်ရှိတဲ့အပြင် ကြမ်းပြင်မှာလည်း ပြည့်ကျပ်လွန်းနေတာမျိုးမဟုတ်ဘဲ အခန်းထဲက စုံလင်တဲ့အပြင်အဆင်တွေအပေါ် မျက်စိကစားစရာဖြစ်စေပြီး ကျယ်သယောင်ဖြစ်သွားစေပါတယ်။

ထောင့်စွန်က နေရာတွေကို အသုံးချပါ

ဧည့်ခန်းမှာ ထိုင်ခုံနေရာဖန်တီးဖို့က ဆိုဖာခုံတွေနဲ့ ထိုင်ခုံတွေနဲ့မှ ဖန်တီးလို့ရတာမျိုးမဟုတ်ပါဘူး။ အခန်းကို လှည့်ပတ်ကြည့်လိုက်လို့ အသုံးမပြုဘဲရှိနေတဲ့ ထောင့်စွန်နေရာတွေရှိရင် ဒီနေရာတွေမှာ ထိုင်လို့ရတဲ့ နေရာတွေ ဖန်တီးယူလို့ရပါတယ်။

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

ဥပမာ - ပြတင်းပေါက်ကြီးကြီးမားမားရှိနေတဲ့ဘက်မှာ ပရိဘောဂထားလို့မရတော့ဘူးလို့ မထင်ပါနဲ့။ ပြတင်းပေါက်ဘောင်အောက်ခြေနဲ့အညီ ခုံတန်းရှည်ပြုလုပ်လို့ရပါတယ်။ ထောင်ချိုးမှာ ပုံစံတိတိပပမဟုတ်ဘဲ နေရာပိုရှိနေခဲ့ရင်လည်း ပုံမှာပြထားသလိုမျိုး စာအုပ်တွေတင်ထားလို့ရတဲ့ စာအုပ်စင်တွေနဲ့ စာထိုင်ဖတ်လို့ရတဲ့ စာဖတ်ချောင်လေးအဖြစ် ဖန်တီးလို့ရပါတယ်။

အကာအဆီးများဖယ်ရှားပါ

အခန်းကျဉ်းလေးမှာ အဓိကပိတ်ဆို့ကာဆီးနေမယ့်အရာမျိုးတွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။ ထူထည်း တဲ့အမှီအကာတွေပါတဲ့ ဆိုဖာထိုင်ခုံတွေမသုံးဘဲ ကျောမှီအနိမ့်နဲ့ဆိုဖာခုံတွေ၊ လက်တန်းမပါတဲ့ ဆိုဖာခုံတွေ ရွေးချယ်ပေးမယ်ဆိုရင် အခန်းမှာ ပြည့်ကျပ်နေသလိုမျိုးမခံစားရစေတော့ပါဘူး။

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

ပုံမှာပြတဲ့အခန်းမှာအသုံးပြုထားတဲ့ ဆိုဖာထိုင်ခုံမျိုးတွေက အရွယ်အစားမသေးလှဘဲ သက်သောင့် သက်သာရှိရှိ ထိုင်နိုင်တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် ဒီထိုင်ခုံတွေက ကျောမှီနိမ့်ပြီး လက်တန်းမပါတဲ့ ရှင်းလင်းတဲ့ ဆိုဖာဒီဇိုင်းဖြစ်တာကြောင့် အခန်းကိုကာဆီးနေတာမျိုးမရှိဘဲ အမြင်ရှင်းလင်းနေစေပြီး အခန်းနေရာကျယ်သလို မြင်ရစေမှာဖြစ်ပါတယ်။

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ


Credit: Myanmar Home & Decor

 

 


[Zawgyi]

ဧည့္ခန္းက်ဥ္းထဲ ဝိုင္းဖြဲ႕ထိုင္စရာ ေနရာက်ယ္က်ယ္ရေစမည့္နည္းလမ္းမ်ား


သင့္ဧည့္ခန္းေလးက အခန္းက်ဥ္းက်ဥ္းေလးမို႔ လူမ်ားမ်ားစားစား ဝိုင္းဖြဲ႕ထိုင္စရာေနရာမ႐ွိ ျဖစ္ေနပါသလား။ အခန္းက်ဥ္းတယ္ဆိုေပမယ့္ ႐ွိတဲ့အခန္းက်ဥ္းေလးထဲမွာပဲ ေခ်ာင္ခ်ိသပ္ရပ္စြာနဲ႔ေနရာက်ယ္က်ယ္ေနထိုင္ ႏိုင္ဖို႔ ၾကံဖန္ႏိုင္တဲ့ ဒီဇိုင္းလွည့္ကြက္ေတြ အမ်ားႀကီး႐ွိပါေသးတယ္။ ႐ိုး႐ွင္းလြယ္ကူတဲ့ ဒီနည္းလမ္းေလးေတြအ တိုင္း လိုက္နာလုပ္ေဆာင္႐ုံနဲ႔ အခန္းအက်ယ္အလိုက္ သင့္တင့္တဲ့ပစၥည္းေတြ၊ မွ်တတဲ့ ပရိေဘာဂေနရာခ်မႈ ေတြနဲ႔ သင့္ဧည့္ခန္းကို နဂို႐ွိရင္းထက္ ပိုၿပီးက်ယ္သြားေစၿပီး သက္ေသာင့္သက္သာ႐ွိ႐ွိ က်ယ္က်ယ္ဝန္းဝန္း ေနထိုင္ႏိုင္မွာ အေသအခ်ာပါပဲ။

ေထာင့္ကြက္လပ္ေနရာကို ျဖည့္ပါ

အခန္းက်ဥ္းေလးထဲက ေထာင့္ေနရာမွာ ၁စင္တီမီတာေလာင္ေတာင္ ေနရာလစ္ဟာၿပီးမက်န္ေနေစဖို႔ ေထာင္ခ်ိဳးနဲ႔ကြက္တိက်တဲ့ L ပုံစံ ဆိုဖာဆက္တီခုံမ်ိဳးကို ေ႐ြးခ်ယ္ပါ။ ေထာင့္မွန္ခ်ိဳးဒီဇိုင္းက အခန္းရဲ႕ေထာင့္ခ်ိဳး ေနရာနဲ႔ အံဝင္ခြင္က်ျဖစ္သြားေစၿပီး ဒီအခန္းက်ဥ္းေလးထဲ ဆိုဖာခုံက အ႐ြယ္ပိုႀကီးေနသလို မထင္ရေစေတာ့ပါဘူး။


အခ်ိဳးအစားေလွ်ာ့ခ်ပါ

အေပၚက နည္းလမ္းက ႏွစ္ေယာက္ထိုင္ဆိုဖာထိုင္ခုံႏွစ္လုံးကို မ်က္ႏွာခ်င္းဆိုင္ေနရာခ်တာျဖစ္ၿပီး ဒီနည္းကိုသေဘာေတြ႕ေပမယ့္ အခန္းက ႏွစ္ေယာက္ဆိုဖာခုံထားဖို႔ေလာက္ေတာင္ မက်ယ္ပါဘူးဆိုရင္လည္း အလားတူသေဘာမ်ိဳးနဲ႔ပဲ ႏွစ္ေယာက္ထိုင္ဆိုဖာေနရာမွာ တစ္ေယာက္ခြဲစာသာသာေလာက္ဆိုဖာခုံနဲ႔အစား ထိုးၿပီး ေနရာခ်ႏိုင္ပါတယ္။ အခန္းနံရံဘက္နားထိ ဆိုဖာခုံေတြ ေနရာကပ္ထားလိုက္႐ုံနဲ႔ အခန္းအက်ယ္ကိုလည္း ထိခိုက္မႈမ႐ွိေစဘဲ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ ေအးေအးလူလူနားေနႏိုင္တဲ့ ဧည့္ခန္းေလးျဖစ္သြား ေစမွာပါ။

အသစ္အဆန္း ေတြးေတာပါ

ဧည့္ခန္းဆိုတာနဲ႔ ဘယ္လိုပုံစံျဖစ္ေနရမယ္ဆိုၿပီး ေဘာင္ခတ္ထားတဲ့အေတြးေတြကို စြန္႔ပစ္ခဲ့ပါ။ သင့္ ဧည့္ခန္းေလးက က်ဥ္းေနတာေၾကာင့္ ပရိေဘာဂေတြ၊ အသုံးအေဆာင္ပစၥည္းေတြအတြက္ ေနရာ႐ွာတဲ့အခါ ေတြ႕ျမင္ေနက်ပုံစံမ်ိဳးနဲ႔ ႐ွာေနရင္ အသုံးက်တဲ့အေျဖမ်ိဳး႐ွာေတြ႕မွာမဟုတ္ပါဘူး။ ပုံမွာျပထားတဲ့အခန္းရဲ႕ဒီဇိုင္နာ ဆိုရင္ ထိုင္ခုံဆိုဖာေနရာေတြကို အထိအခိုက္မခံဘဲ တီဗီနဲ႔ပစၥည္းပစၥယေတြကို သပ္သပ္ရပ္ရပ္ထားသိုႏိုင္ေစဖို႔ ထူးျခားဆန္းသစ္တဲ့အေတြးနဲ႔ ေနရာဖန္တီးေပးထားတာကို ျမင္ေတြ႕ၾကမွာပါ။

နံရံကပ္စင္ပုံစံမ်ိဳးနဲ႔ တီဗီေတြနဲ႔ ဧည့္ခန္းပစၥည္းေတြကို ေနရာခ်ေပးထားတဲ့အျပင္ တီဗီေ႐ွ႕မွာ ဆိုဖာခုံအတြဲထဲက ေျခဆန္႔လက္ဆန္႔ထိုင္ႏိုင္တဲ့ ခုံ႐ွည္အပိုင္းကို ေနရာခ်ေပးထားၿပီး အျခားတဖက္ကနံရံဘက္မွာမွ ႏွစ္ ေယာက္တြဲဆိုဖာခုံကို ေနရာခ်ထားတာျဖစ္ပါတယ္။ တီဗီေ႐ွ႕မွာ ေနရာမပုပ္ေတာ့သလို ဆိုဖာခုံ႐ွည္မွာလည္း ေျခဆန္႔ထိုင္ႏိုင္ၿပီး တစ္ဖက္မ်က္ႏွာခ်င္းဆိုင္က ထိုင္ေနတဲ့သူနဲ႔လည္း စကားစျမည္ေျပာလို႔ရတဲ့ပုံစံေလးျဖစ္ပါတယ္။ အလယ္ေကာ္ဖီစားပြဲမထားေတာ့ဘဲ ေခြးေျခခုံသာသာ႐ွိတဲ့ ေကာ္ဖီစားပြဲအေသးစားေလးႏွစ္ခုကို ဆိုဖာရဲ႕တစ္ဖက္စီမွာခ်ထားၿပီး အျခားဧည့္ခန္းပစၥည္းေတြကို နံရံကပ္စင္မွာတင္ထားေပးတာေၾကာင့္ အပိုအလိုမ႐ွိဘဲ သပ္ရပ္လွပတဲ့ ခ်စ္စဖြယ္ဧည့္ခန္းေလးအျဖစ္ ပုံေပၚလာပါတယ္။

အမ်ိဳးစုံအသုံးခ်ႏိုင္တဲ့ ပရိေဘာဂေတြအသုံးျပဳပါ

ပရိေဘာဂကို တစ္မ်ိဳးတည္းသုံးႏိုင္တဲ့ပရိေဘာဂပုံစံမ်ိဳးထက္ ပုံစံမ်ိဳးစုံနဲ႔သုံးႏိုင္တဲ့ ဘက္စုံသုံးပရိေဘာဂ ေတြအသုံးျပဳေပးပါ။ ပုံမွာျပထားတဲ့အခန္းမွာဆိုရင္ ေျခတင္တဲ့ခုံကို အေသးစားမ်ိဳးမဟုတ္ဘဲ ေကာ္ဖီစားပြဲ ေလာက္ႀကီးတဲ့အ႐ြယ္အစားနဲ႔ အသုံးျပဳထားပါတယ္။ ေျခတင္႐ုံမကဘဲ ေကာ္ဖီေတြမုန္႔ေတြခ်တဲ့အခါ ေကာ္ဖီ စားပြဲအျဖစ္အသုံးျပဳႏိုင္သလို ဆိုဖာထိုင္ခုံ႐ွည္ပုံစံ ထိုင္ခ်င္ရင္လည္း ႐ွိၿပီးသားဆိုဖာထိုင္ခုံနဲ႔ေျခတင္ခုံကိုဆက္ လိုက္ၿပီး ပုံစံေျပာင္းအသုံးခ်ႏိုင္ပါတယ္။

ေ႐ႊ႕လြယ္ေျပာင္းလြယ္တဲ့ေျခတင္ခုံျဖစ္ၿပီး မိတ္ေဆြအေပါင္းအသင္းေတြ စုျပဳံေရာက္လာတဲ့အခါမ်ိဳးမွာ အေပၚမွာတင္ထားတဲ့ ဗန္းကိုဖယ္႐ွားလိုက္႐ုံနဲ႔ ထိုင္ဖို႔ေနရာလုံေလာက္သြားေစမွာျဖစ္ပါတယ္။

အစုံလိုက္ အသုံးျပဳပါ

ဧည့္ခန္းက်ဥ္းက်ဥ္းေလးေတြမွာ ပရိေဘာဂေတြကို အခ်ိဳးညီပုံစံနဲ႔ေနရာခ်တာက အခန္းထဲ ေနရာလြတ္ ဟန္ခ်က္မွ်ၿပီး သပ္ရပ္တဲ့အခင္းအက်င္းပုံစံျဖစ္ေစပါတယ္။ သင့္ဧည့္ခန္းေလးက က်ဥ္းတယ္ဆိုရင္ ဆိုဖာခုံႏွစ္ခု ကို ပုံစံတူတစ္စုံ မ်က္ႏွာခ်င္းဆိုင္ထား႐ွိပါ။ ပရိေဘာဂေတြ အခန္းရဲ႕အလယ္မွာ စုစည္းေနတာက အခန္းရဲ႕ အလယ္ဆုံမွတ္တစ္ခုလို ျမင္သာသြားေစၿပီး အခန္းက်ဥ္းေနတာကို မသိသာေစေတာ့ပါဘူး။

ပုံစံမတူတဲ့ ပရိေဘာဂေတြ ေရာသုံးပါ

ႀကီးႀကီးမားမားပရိေဘာဂေတြ မဆံ့ေလာက္ေအာင္ အခန္းကက်ဥ္းေနတယ္ဆိုရင္ေတာ့ သင့္ဧည့္ခန္း ေလးမွာ ထိုင္ခုံေနရာအတြက္ အနည္းငယ္ပိုေသးတဲ့ ပရိေဘာဂေတြ ေ႐ြးခ်ယ္လိုက္ပါ။

ပုံမွာျပတဲ့အခန္းမွာဆိုရင္ ပုံစံမတူတဲ့ ထိုင္ခုံႏွစ္မ်ိဳးကို မ်က္ႏွာခ်င္းဆိုင္ေနရာခ်ထားပါတယ္။ ထိုင္ႏိုင္တဲ့ ေနရာလုံလုံေလာက္ေလာက္႐ွိတဲ့အျပင္ ၾကမ္းျပင္မွာလည္း ျပည့္က်ပ္လြန္းေနတာမ်ိဳးမဟုတ္ဘဲ အခန္းထဲက စုံလင္တဲ့အျပင္အဆင္ေတြအေပၚ မ်က္စိကစားစရာျဖစ္ေစၿပီး က်ယ္သေယာင္ျဖစ္သြားေစပါတယ္။

ေထာင့္စြန္က ေနရာေတြကို အသုံးခ်ပါ

ဧည့္ခန္းမွာ ထိုင္ခုံေနရာဖန္တီးဖို႔က ဆိုဖာခုံေတြနဲ႔ ထိုင္ခုံေတြနဲ႔မွ ဖန္တီးလို႔ရတာမ်ိဳးမဟုတ္ပါဘူး။ အခန္းကို လွည့္ပတ္ၾကည့္လိုက္လို႔ အသုံးမျပဳဘဲ႐ွိေနတဲ့ ေထာင့္စြန္ေနရာေတြ႐ွိရင္ ဒီေနရာေတြမွာ ထိုင္လို႔ရတဲ့ ေနရာေတြ ဖန္တီးယူလို႔ရပါတယ္။

ဥပမာ - ျပတင္းေပါက္ႀကီးႀကီးမားမား႐ွိေနတဲ့ဘက္မွာ ပရိေဘာဂထားလို႔မရေတာ့ဘူးလို႔ မထင္ပါနဲ႔။ ျပတင္းေပါက္ေဘာင္ေအာက္ေျခနဲ႔အညီ ခုံတန္း႐ွည္ျပဳလုပ္လို႔ရပါတယ္။ ေထာင္ခ်ိဳးမွာ ပုံစံတိတိပပမဟုတ္ဘဲ ေနရာပို႐ွိေနခဲ့ရင္လည္း ပုံမွာျပထားသလိုမ်ိဳး စာအုပ္ေတြတင္ထားလို႔ရတဲ့ စာအုပ္စင္ေတြနဲ႔ စာထိုင္ဖတ္လို႔ရတဲ့ စာဖတ္ေခ်ာင္ေလးအျဖစ္ ဖန္တီးလို႔ရပါတယ္။

အကာအဆီးမ်ားဖယ္႐ွားပါ

အခန္းက်ဥ္းေလးမွာ အဓိကပိတ္ဆို႔ကာဆီးေနမယ့္အရာမ်ိဳးေတြကို ဖယ္႐ွားရမွာျဖစ္ပါတယ္။ ထူထည္း တဲ့အမွီအကာေတြပါတဲ့ ဆိုဖာထိုင္ခုံေတြမသုံးဘဲ ေက်ာမွီအနိမ့္နဲ႔ဆိုဖာခုံေတြ၊ လက္တန္းမပါတဲ့ ဆိုဖာခုံေတြ ေ႐ြးခ်ယ္ေပးမယ္ဆိုရင္ အခန္းမွာ ျပည့္က်ပ္ေနသလိုမ်ိဳးမခံစားရေစေတာ့ပါဘူး။

ပုံမွာျပတဲ့အခန္းမွာအသုံးျပဳထားတဲ့ ဆိုဖာထိုင္ခုံမ်ိဳးေတြက အ႐ြယ္အစားမေသးလွဘဲ သက္ေသာင့္ သက္သာ႐ွိ႐ွိ ထိုင္ႏိုင္တဲ့ပုံစံမ်ိဳးပါ။ ဒါေပမယ့္ ဒီထိုင္ခုံေတြက ေက်ာမွီနိမ့္ၿပီး လက္တန္းမပါတဲ့ ႐ွင္းလင္းတဲ့ ဆိုဖာဒီဇိုင္းျဖစ္တာေၾကာင့္ အခန္းကိုကာဆီးေနတာမ်ိဳးမ႐ွိဘဲ အျမင္႐ွင္းလင္းေနေစၿပီး အခန္းေနရာက်ယ္သလို ျမင္ရေစမွာျဖစ္ပါတယ္။


Credit: Myanmar Home & Decor

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ငှါးရန်ရှိသော အိမ်ခြံမြေများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)