1108 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

သက်လတ်ပိုင်း အမျိုးသားတွေအတွက် သဘောကျနှစ်သက်စရာ အိမ်ခန်းအပြင်အဆင်ဒီဇိုင်း

[Unicode]

နေအိမ်ဒီဇိုင်းနဲ့ အိမ်အလှပြင်ဆင်သူ ဒီဇိုင်နာတွေအဖို့ အိမ်ဒီဇိုင်းနဲ့ ပတ်သက်တဲ့ အပြင်အဆင်တွေကို မိသားစုတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ လူငယ်တွေအတွက် လိုက်ဖက်ပြီး သင့်တော်တဲ့ ဒီဇိုင်းအပြင် အဆင်တွေ ချည်းသာပြင်ဆင်တာများကြပြီး လူလတ် ပိုင်းနဲ့ သက်လက်ပိုင်း အမျိုးသားတွေအဖို့ အိမ်ဒီဇိုင်း၊အခန်းအပြင်အဆင်ပြင်ဆင်မှုတွေကိုတော့ ပြင်ဆင်နည်းလမ်းဖော်ပြကြတာ နည်းပါတယ်။

အမျိုးသမီးတွေအတွက် စိတ်ကြိုက်ဖြစ်စေမယ့် အခန်းအပြင်အဆင် တွေ၊ ရင်သွေးငယ်၊ ကလေးတွေအတွက် ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အပြင်အဆင် စသဖြင့်နဲ့ သူတို့တွေအတွက် ပြင်ဆင် တာများပြီး အမျိုးသားတွေအဖို့တော့ သီးသန့် ပြင်ဆင်မှုကတော့ နည်းပါတယ်။

တချို့နေအိမ်တွေမှာ ဆိုရင်တော့လည်း အမျိုးသမီး တွေချည်းပဲ နေထိုင်ကြပေမယ့် တချို့နေအိမ်တွေမှာတော့ သက်လတ်ပိုင်းအမျိုးသား အနည်းဆုံးတစ်ဦးတော့ ပါတတ်ကြပါတယ်။ ဒီ့အတွက် သက်လတ်ပိုင်းအမျိုးသားတွေနဲ့ သင့်တော်ပြီးကြိုက်နှစ် သက်လောက်မယ့် နေအိမ်ဒီဇိုင်းအခန်းအပြင်အဆင်တချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

သက်လတ်ပိုင်း အမျိုးသားတွေအတွက် သဘောကျနှစ်သက်စရာ အိမ်ခန်းအပြင်အဆင်ဒီဇိုင်း

၁။ သက်လတ်ပိုင်းဖြစ်လာပြီဆိုတော့ အနည်းငယ်ရင့်ကျက်နေတဲ့ အမျိုးသားတစ်ဦး ဖြစ်နေပါပြီ။ ဒီ့အတွက်ကြောင့် အခန်းရဲ့ဖွဲ့စည်းပုံ နဲ့ အရောင်အသုံးပြုမှုပုံစံတွေကို အနည်းငယ်လူကြီးဆန် ရင့်ကျက် တဲ့ ဒီဇိုင်းတွေကို ရွေးချယ်ပါ။ ပစ္စည်းတွေ များများစားစားမထားပဲနဲ့ လိုအပ်လောက်မယ့် အိမ်ထောင်ပရိဘောဂနဲ့ အသုံးအဆောင်တွေ ကိုပဲ ထားရှိသင့်ပါတယ်။

သက်လတ်ပိုင်း အမျိုးသားတွေအတွက် သဘောကျနှစ်သက်စရာ အိမ်ခန်းအပြင်အဆင်ဒီဇိုင်း

၂။ အိမ်တစ်လုံးစာအတွက် အခန်းဖွဲ့တွေအများကြီး ဖွဲ့ထားတာထက် စာရင် ဟောတိုက်အခန်းကျယ်ကြီးဖွဲ့ထားတာကို အမျိုးသားတွေက ပိုပြီးတော့ နှစ်သက်ကြပါတယ်။ အမျိုးသားသဘာဝအနုအယွနဲ့ အလှတွေ ကြိုက်နှစ်သက်ကြတာမဟုတ်တာကြောင့်အိမ်အလှဆင်ပစ္စည်းများစွာတွေထက်စာရင် တန်ဖိုးကြီးကြီးနဲ့ခမ်းနားထည်ဝါတဲ့အိမ်အလှဆင်ပန်းချီကားတွေ၊ အိမ်အလှဆင် ပစ္စည်းတွေ အစရှိတာတွေနဲ့ ပြင်ဆင်လိုက်ပါ။

သက်လတ်ပိုင်း အမျိုးသားတွေအတွက် သဘောကျနှစ်သက်စရာ အိမ်ခန်းအပြင်အဆင်ဒီဇိုင်း

၃။ အရောင်မှိုင်းမှိုင်းတွေနဲ့ အလင်းရောင်ဖျော့ဖျော့အရောင်၊ မျက်စိ အေးမယ့် အရောင်တွေကို ရွေးချယ်သုတ်ခြယ်ပါ။ အမျိုးသားတွေအ ဖို့ မျက်စိနောက်စရာတွေထက် မျက်စိအေးစရာတွေကို ပိုပြီးနှစ် သက်ကြပါတယ်။ လှပတာထက်စာရင် စွဲဆောင်မှုရှိတဲ့ဒီဇိုင်းတွေကို ပိုပြီးတော့ သဘောကျတတ်ပါတယ်။

သက်လတ်ပိုင်း အမျိုးသားတွေအတွက် သဘောကျနှစ်သက်စရာ အိမ်ခန်းအပြင်အဆင်ဒီဇိုင်း
နောက်ပြီးတော့ အိမ်တွင်း အလှဆင်ပစ္စည်းတွေထက်စာရင် ပရိဘောဂ ကြီးကြီးတွေ၊ မီးဆိုင်း ကြီးကြီးတွေ၊ ပန်းချီကားကြီးကြီးတွေ၊ ဆိုဖာထိုင်ခုံတွေ အစရှိတဲ့ အရာဝတ္ထုတွေကို ပိုပြီးသဘောကျတတ်ကြပါတယ်။

သက်လတ်ပိုင်း အမျိုးသားတွေအတွက် သဘောကျနှစ်သက်စရာ အိမ်ခန်းအပြင်အဆင်ဒီဇိုင်း

၄။အမျိုးသားတွေအတွက် ပြင်ဆင်မယ့်အခန်းတစ်ခုအတွက်အဓိကလိုအပ်မယ့် ပြင်ဆင် မှုအတွက်သိပ်များများစားစားစဉ်းစား ပြင်ဆင်စရာမလိုပါဘူး။ဆိုဖာထိုင်ခုံကြီးကြီးတစ်ခုံ၊ ကော်ဖီစားပွဲ လေးတစ်လုံး၊ ရုပ်မြင်သံကြားဖန်သားပြင်တစ်ခု၊ စာအုပ်စင်တစ်ခု စတာတွေကိုသာ ပြင်ဆင်ပေးလိုက်ပါ။

သက်လတ်ပိုင်း အမျိုးသားတွေအတွက် သဘောကျနှစ်သက်စရာ အိမ်ခန်းအပြင်အဆင်ဒီဇိုင်း

တချို့ အားကစားနဲ့ အပျင်း ပြေသောက်ရတာကို ကြိုက်တဲ့ အမျိုးသားတွေအတွက် အား ကစား လုပ်တဲ့နေရာ၊ ဘိလိယက်ခုံ၊ ဂေါက်ရိုက်စရာနေရာနဲ့ အရက်ဘား တစ်ခုကိုပဲ တည်ဆောက်ပေးလိုက်ပါ။ သူတို့နှစ်သက် သဘောကျ ကြမှာပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

သက္လတ္ပုိင္း အမ်ိဳးသားေတြအတြက္ သေဘာက်ႏွစ္သက္စရာ အိမ္ခန္းအျပင္အဆင္ဒီဇုိင္း

ေနအိမ္ဒီဇုိင္းနဲ႔ အိမ္အလွျပင္ဆင္သူ ဒီဇုိင္နာေတြအဖုိ႔ အိမ္ဒီဇုိင္းနဲ႔ ပတ္သက္တဲ့ အျပင္အဆင္ေတြကုိ မိသားစုေတြ၊ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြ၊ လူငယ္ေတြအတြက္ လုိက္ဖက္ၿပီး သင့္ေတာ္တဲ့ ဒီဇုိင္းအျပင္ အဆင္ေတြ ခ်ည္းသာျပင္ဆင္တာမ်ားၾကၿပီး လူလတ္ ပုိင္းနဲ႔ သက္လက္ပုိင္း အမ်ိဳးသားေတြအဖုိ႔ အိမ္ဒီဇုိင္း၊အခန္းအျပင္အဆင္ျပင္ဆင္မႈေတြကုိေတာ့ ျပင္ဆင္နည္းလမ္းေဖာ္ျပၾကတာ နည္းပါတယ္။

အမ်ိဳးသမီးေတြအတြက္ စိတ္ႀကိဳက္ျဖစ္ေစမယ့္ အခန္းအျပင္အဆင္ ေတြ၊ ရင္ေသြးငယ္၊ ကေလးေတြအတြက္ ခ်စ္စရာေကာင္းၿပီး စြဲေဆာင္မႈရွိတဲ့ အျပင္အဆင္ စသျဖင့္နဲ႔ သူတုိ႔ေတြအတြက္ ျပင္ဆင္ တာမ်ားၿပီး အမ်ိဳးသားေတြအဖုိ႔ေတာ့ သီးသန္႔ ျပင္ဆင္မႈကေတာ့ နည္းပါတယ္။

တခ်ိဳ႕ေနအိမ္ေတြမွာ ဆုိရင္ေတာ့လည္း အမ်ိဳးသမီး ေတြခ်ည္းပဲ ေနထုိင္ၾကေပမယ့္ တခ်ိဳ႕ေနအိမ္ေတြမွာေတာ့ သက္လတ္ပုိင္းအမ်ိဳးသား အနည္းဆံုးတစ္ဦးေတာ့ ပါတတ္ၾကပါတယ္။ ဒီ့အတြက္ သက္လတ္ပုိင္းအမ်ိဳးသားေတြနဲ႔ သင့္ေတာ္ၿပီးႀကိဳက္ႏွစ္ သက္ေလာက္မယ့္ ေနအိမ္ဒီဇုိင္းအခန္းအျပင္အဆင္တခ်ိဳ႕ကုိ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ သက္လတ္ပုိင္းျဖစ္လာၿပီဆုိေတာ့ အနည္းငယ္ရင့္က်က္ေနတဲ့ အမ်ိဳးသားတစ္ဦး ျဖစ္ေနပါၿပီ။ ဒီ့အတြက္ေၾကာင့္ အခန္းရဲ႕ဖြဲ႔စည္းပံုနဲ႔ အေရာင္အသံုးျပဳမႈပံုစံေတြကုိ အနည္းငယ္လူႀကီးဆန္ ရင့္က်က္တဲ့ ဒီဇိုင္းေတြကုိ ေရြးခ်ယ္ပါ။ ပစၥည္းေတြ မ်ားမ်ားစားစားမထားပဲနဲ႔ လုိအပ္ေလာက္မယ့္ အိမ္ေထာင္ပရိေဘာဂနဲ႔ အသံုးအေဆာင္ေတြကုိပဲ ထားရွိသင့္ပါတယ္။

၂။ အိမ္တစ္လံုးစာအတြက္ အခန္းဖြဲ႔ေတြအမ်ားႀကီး ဖြဲ႔ထားတာထက္ စာရင္ ေဟာတုိက္အခန္းက်ယ္ႀကီးဖြဲ႔ထားတာကုိ အမ်ိဳးသားေတြက ပုိၿပီးေတာ့ ႏွစ္သက္ၾကပါတယ္။ အမ်ိဳးသားသဘာဝအႏုအယြနဲ႔ အလွေတြ ႀကိဳက္ႏွစ္သက္ၾကတာမဟုတ္တာေၾကာင့္အိမ္အလွဆင္ပစၥည္းမ်ားစြာေတြထက္စာရင္ တန္ဖိုးႀကီးႀကီးနဲ႔ခမ္းနားထည္ဝါတဲ့အိမ္အလွဆင္ပန္းခ်ီကားေတြ၊ အိမ္အလွဆင္ ပစၥည္းေတြ အစရွိတာေတြနဲ႔ ျပင္ဆင္လုိက္ပါ။

၃။ အေရာင္မႈိင္းမႈိင္းေတြနဲ႔ အလင္းေရာင္ေဖ်ာ့ေဖ်ာ့အေရာင္၊ မ်က္စိ ေအးမယ့္ အေရာင္ေတြကုိ ေရြးခ်ယ္သုတ္ျခယ္ပါ။ အမ်ိဳးသားေတြအ ဖုိ႔ မ်က္စိေနာက္စရာေတြထက္ မ်က္စိေအးစရာေတြကုိ ပုိုၿပီးႏွစ္ သက္ၾကပါတယ္။ လွပတာထက္စာရင္ စြဲေဆာင္မႈရွိတဲ့ဒီဇုိင္းေတြကုိ ပုိၿပီးေတာ့ သေဘာက်တတ္ပါတယ္။

ေနာက္ၿပီးေတာ့ အိမ္တြင္း အလွဆင္ပစၥည္းေတြထက္စာရင္ ပရိေဘာဂ ႀကီးႀကီးေတြ၊ မီးဆုိင္း ႀကီးႀကီးေတြ၊ ပန္းခ်ီကားႀကီးႀကီးေတြ၊ ဆုိဖာထုိင္ခံုေတြ အစရွိတဲ့ အရာဝတၳဳေတြကုိ ပုိၿပီးသေဘာက်တတ္ၾကပါတယ္။

၄။အမ်ိဳးသားေတြအတြက္ ျပင္ဆင္မယ့္အခန္းတစ္ခုအတြက္အဓိကလုိအပ္မယ့္ ျပင္ဆင္ မႈအတြက္သိပ္မ်ားမ်ားစားစားစဥ္းစား ျပင္ဆင္စရာမလုိပါဘူး။ဆုိဖာထုိင္ခံုႀကီးႀကီးတစ္ခံု၊ ေကာ္ဖီစားပြဲ ေလးတစ္လံုး၊ ရုပ္ျမင္သံၾကားဖန္သားျပင္တစ္ခု၊ စာအုပ္စင္တစ္ခု စတာေတြကုိသာ ျပင္ဆင္ေပးလုိက္ပါ။

တခ်ိဳ႕ အားကစားနဲ႔ အပ်င္း ေျပေသာက္ရတာကုိ ႀကိဳက္တဲ့ အမ်ိဳးသားေတြအတြက္ အား ကစား လုပ္တဲ့ေနရာ၊ ဘိလိယက္ခံု၊ ေဂါက္ရုိက္စရာေနရာနဲ႔ အရက္ဘားတစ္ခုကုိပဲ တည္ေဆာက္ေပးလုိက္ပါ။ သူတုိ႔ႏွစ္သက္ သေဘာက် ၾကမွာပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)