1912 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

[Unicode]


ခန်းဆီးလိုက်ကာဆိုတာနဲ့ နံရံပေါ်မှာ သံတန်းတွေနဲ့ လမ်းကြောင်းတွေ တပ်ဆင်ပြီးမှ ချိတ်ဆွဲစရာမလိုပါဘူး။ အဲဒီအစား ခန်းဆီးလိုက်ကာကို မျက်နှာကြက်က ချိတ်ဆွဲတဲ့ စနစ်ကမြင့်ရော၊ လှပမှုကိုပါ ထပ်ပေါင်းထည့်ပေး နိုင်တာကြောင့် ခန်းဆီးလိုက်ကာရဲ့ ပုံစံကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

ဥပမာအားဖြင့် ပြတင်းပေါက်တွေနဲ့ တံခါးပေါက်တွေရဲ့ နံရံပေါ်မှာ နေရာလွတ်မရှိဘူးဆိုရင် ဒါက အရမ်းအသုံးဝင်ပါတယ်။ မျက်နှာကြက်က တပ်ဆင်ထားတဲ့ ခန်းဆီးလိုက်ကာဟာ ဒီအခန်းတွေကို ဘယ်လိုလှပစေတယ်ဆိုတာ ကြည့်လိုက်ပါ။

၁။ နွေးနွေးထွေးထွေးရှိစေခြင်း

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

အထူးသဖြင့် ဆောင်းရာသီတွေမှာ ပြတင်းပေါက်ကြီးတွေက ချမ်းအေးစေနိုင်ပါတယ်။ ဒီအိပ်ခန်းမှာ ကြည့်လိုက်ရင် မျက်နှာကြက်မှာ ချိတ်ဆွဲထားတဲ့ ခန်းဆီးလိုက်ကာက ကျယ်ပြောတဲ့ ဧရိယာကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး တစ်ခန်းလုံးကို နွေးထွေးသွားစေနိုင်တာကြောင့် တစ်နေ့တာလုံးသက်သောင့်သက်သာ နေထိုင်နိုင်ပါတယ်။

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

အခန်းအပြင်အဆင်နဲ့ လိုက်ဖက်ညီတဲ့ ခန်းဆီးလိုက်ကာကို ရွေးချယ်ရမယ်ဆိုပေမယ့် လိုက်ကာကို ပိတ်ထားတဲ့အခါ အရောင်က အရမ်းလွှမ်းခြုံနေလို့ မဖြစ်ပါဘူး။ ပုံမှာကြည့်လိုက်ရင် မီးရောင်က အိပ်ရာဘေးနားက စားပွဲတွေ၊ အံဆွဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လှပနေပါတယ်။

၂။ ပေါ်တီကိုတံခါးများ

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

မျက်နှာကြက်မှာတပ်ဆင်ထားတဲ့ ခန်းဆီးလိုက်ကာက တောက်ပတဲ့ အခန်းကျယ်ဧည့်ခန်းရဲ့ ဖန်တံခါးတွေနဲ့ လိုက်ဖက်ညီပါတယ်။ ဒေါက်ချွန်းကွင်းတွေနဲ့ သံတန်းတွေထားဖို့ နံရံမှာနေရာလွတ်မရှိတဲ့အတွက် ခန်းဆီးလိုက်ကာတပ်ဆင်ဖို့ဆိုတာ လှည့်ကွက်လိုပါတယ်။

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

နံရံဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်အပြည့်တပ်ဆင်ထားတဲ့ မျက်နှာကြက်ခန်းဆီးလိုက်ကာလမ်းကြောင်းက ခန်းဆီးလိုက်ကာကို တံခါးနဲ့ ခပ်ခွါခွါထားနိုင်တဲ့အတွက် အလင်းရောင်ပိုရနိုင်သလို တံခါးဖွင့်ထားတဲ့အခါမှာလည်း ခန်းဆီးလိုက်ကာက ရှုပ်နေတော့မှာ မဟုတ်ပါဘူး။

၃။ ခန်းဆီးလိုက်ကာကို လှလှပပကျနနေအောင် ထားပါ။

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

ဒီပုံမှာကြည့်လိုက်ရင် အလင်းရောင်ဝင်တဲ့ နေရာနဲ့ အရောင်ဖျော့ခန်းဆီးလိုက်ကာက အဓိကပါပဲ။ မျက်နှာကြက်ကနေ နူးနူးညံ့ညံ့ကျနေပြီး အတွန့်အလိတ်တွေက လွင့်မျောနေပါတယ်။ ခန်းဆီးလိုက်ကာလမ်းကြောင်းက အလူမီနီယံ၊ သံမဏိနဲ့ ပလက်စတစ်အပါအဝင် အချိုးအစားပေါင်းမြောက်များစွာရှိပါတယ်။ ခန်းဆီးလိုက်ကာလမ်းကြောင်းကို ရွေးချယ်တဲ့အခါ မျက်နှာကြက်နဲ့ လိုက်ဖက်မယ့်အရာကို စဉ်းစားပါ။

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

ကြံ့ခိုင်မှုကိုလည်း ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။ သတ္ထုက ပလက်စတစ်ထက်ပိုကြံ့ခိုင်တာကြောင့် လေးလံတဲ့ ခန်းဆီးလိုက်ကာတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။ သတ္ထုလမ်းကြောင်းတွေက ကြိုးနဲ့ချိတ်ဆက်လို့လည်း ပိုအဆင်ပြေတာကြောင့် ကြိုးတစ်ချက်ဆွဲလိုက်ရုံနဲ့ ခန်းဆီးလိုက်ကာကို ဆွဲဖွင့်လိုက်လို့ ရပါပြီ။ အထူးသဖြင့် ပြတင်းပေါက်တွေနဲ့ ခန်းဆီးလိုက်ကာတွေက အရမ်းမြင့်နေတဲ့ အခါမျိုးမှာပါ။

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

၄။ ကျယ်တဲ့ပြတင်းပေါက်မှာ တပ်ဆင်ပါ။

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

မျက်နှာကြက်မှာ ခန်းဆီးလိုက်ကာတပ်ဆင်ခြင်းက အခန်းကို ပိုရှည်သွားစေပြီး မြင့်သွားသယောင်ဖန်တီးပေးနိုင်တာကြောင့် ကျယ်ပြန့်တဲ့ ပုတိုတိုပြတင်းပေါက်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ အေးချမ်းငြိမ်သက်တဲ့ ဒီအခန်းလေးထဲမှာ ပြတင်းပေါက်ကထင်တာထက် ပိုကြီးသွားသယောင်ယောင်ရှိပါတယ်။

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

နက်မှောင်တဲ့ အရောင်တွေနဲ့ ညို့အားပြင်းတဲ့ အခန်းအပြင်အဆင်ကို မပြင်ဆင်သရွေ့တော့ အရောင်ဖျော့တဲ့ ခန်းဆီးလိုက်ကာတွေက အမြင်အားဖြင့် ကျယ်ပြောစေတဲ့အတွက် အခန်းကျဉ်းတွေမှာ ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။

၅။ သံတန်းအကွေးကို သုံးပါ။

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ

ဒီလိုမျဉ်းကွေးသဏ္ဍာန်ပြတင်းပေါက်ရှိတဲ့ ထမင်းစားခန်းကို မျက်နှာကြက်ခန်းဆီးလိုက်ကာအဝိုင်း တပ်ဆင်ခြင်းက အခန်းကို ကျက်သရေရှိသွားစေပါတယ်

မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ


Credit: mm-homedecor

 

 

[Zawgyi]

မ်က္ႏွာၾကက္တြင္ ခ်ိတ္ဆြဲသည့္ ခန္းဆီးလိုက္ကာ၏ အားသာခ်က္မ်ား


ခန္းဆီးလိုက္ကာဆိုတာနဲ႔ နံရံေပၚမွာ သံတန္းေတြနဲ႔ လမ္းေၾကာင္းေတြ တပ္ဆင္ၿပီးမွ ခ်ိတ္ဆြဲစရာမလိုပါဘူး။ အဲဒီအစား ခန္းဆီးလိုက္ကာကို မ်က္ႏွာၾကက္က ခ်ိတ္ဆြဲတဲ့ စနစ္ကျမင့္ေရာ၊ လွပမႈကိုပါ ထပ္ေပါင္းထည့္ေပး ႏိုင္တာေၾကာင့္ ခန္းဆီးလိုက္ကာရဲ႕ ပုံစံကို လုံးဝေျပာင္းလဲသြားေစႏိုင္ပါတယ္။ ဥပမာအားျဖင့္ ျပတင္းေပါက္ေတြနဲ႔ တံခါးေပါက္ေတြရဲ႕ နံရံေပၚမွာ ေနရာလြတ္မရွိဘူးဆိုရင္ ဒါက အရမ္းအသုံးဝင္ပါတယ္။ မ်က္ႏွာၾကက္က တပ္ဆင္ထားတဲ့ ခန္းဆီးလိုက္ကာဟာ ဒီအခန္းေတြကို ဘယ္လိုလွပေစတယ္ဆိုတာ ၾကည့္လိုက္ပါ။

၁။ ေႏြးေႏြးေထြးေထြးရွိေစျခင္း

အထူးသျဖင့္ ေဆာင္းရာသီေတြမွာ ျပတင္းေပါက္ႀကီးေတြက ခ်မ္းေအးေစႏိုင္ပါတယ္။ ဒီအိပ္ခန္းမွာ ၾကည့္လိုက္ရင္ မ်က္ႏွာၾကက္မွာ ခ်ိတ္ဆြဲထားတဲ့ ခန္းဆီးလိုက္ကာက က်ယ္ေျပာတဲ့ ဧရိယာႀကီးတစ္ခုလုံးကို ဖုံးလႊမ္းထားၿပီး တစ္ခန္းလုံးကို ေႏြးေထြးသြားေစႏိုင္တာေၾကာင့္ တစ္ေန႔တာလုံးသက္ေသာင့္သက္သာ ေနထိုင္ႏိုင္ပါတယ္။

အခန္းအျပင္အဆင္နဲ႔ လိုက္ဖက္ညီတဲ့ ခန္းဆီးလိုက္ကာကို ေ႐ြးခ်ယ္ရမယ္ဆိုေပမယ့္ လိုက္ကာကို ပိတ္ထားတဲ့အခါ အေရာင္က အရမ္းလႊမ္းၿခဳံေနလို႔ မျဖစ္ပါဘူး။ ပုံမွာၾကည့္လိုက္ရင္ မီးေရာင္က အိပ္ရာေဘးနားက စားပြဲေတြ၊ အံဆြဲေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ လွပေနပါတယ္။

၂။ ေပၚတီကိုတံခါးမ်ား

မ်က္ႏွာၾကက္မွာတပ္ဆင္ထားတဲ့ ခန္းဆီးလိုက္ကာက ေတာက္ပတဲ့ အခန္းက်ယ္ဧည့္ခန္းရဲ႕ ဖန္တံခါးေတြနဲ႔ လိုက္ဖက္ညီပါတယ္။ ေဒါက္ခြၽန္းကြင္းေတြနဲ႔ သံတန္းေတြထားဖို႔ နံရံမွာေနရာလြတ္မရွိတဲ့အတြက္ ခန္းဆီးလိုက္ကာတပ္ဆင္ဖို႔ဆိုတာ လွည့္ကြက္လိုပါတယ္။

နံရံဟိုဘက္ထိပ္နဲ႔ ဒီဘက္ထိပ္အျပည့္တပ္ဆင္ထားတဲ့ မ်က္ႏွာၾကက္ခန္းဆီးလိုက္ကာလမ္းေၾကာင္းက ခန္းဆီးလိုက္ကာကို တံခါးနဲ႔ ခပ္ခြါခြါထားႏိုင္တဲ့အတြက္ အလင္းေရာင္ပိုရႏိုင္သလို တံခါးဖြင့္ထားတဲ့အခါမွာလည္း ခန္းဆီးလိုက္ကာက ရႈပ္ေနေတာ့မွာ မဟုတ္ပါဘူး။

၃။ ခန္းဆီးလိုက္ကာကို လွလွပပက်နေနေအာင္ ထားပါ။

ဒီပုံမွာၾကည့္လိုက္ရင္ အလင္းေရာင္ဝင္တဲ့ ေနရာနဲ႔ အေရာင္ေဖ်ာ့ခန္းဆီးလိုက္ကာက အဓိကပါပဲ။ မ်က္ႏွာၾကက္ကေန ႏူးႏူးညံ့ညံ့က်ေနၿပီး အတြန႔္အလိတ္ေတြက လြင့္ေမ်ာေနပါတယ္။ ခန္းဆီးလိုက္ကာလမ္းေၾကာင္းက အလူမီနီယံ၊ သံမဏိနဲ႔ ပလက္စတစ္အပါအဝင္ အခ်ိဳးအစားေပါင္းေျမာက္မ်ားစြာရွိပါတယ္။ ခန္းဆီးလိုက္ကာလမ္းေၾကာင္းကို ေ႐ြးခ်ယ္တဲ့အခါ မ်က္ႏွာၾကက္နဲ႔ လိုက္ဖက္မယ့္အရာကို စဥ္းစားပါ။

ႀကံ့ခိုင္မႈကိုလည္း ထည့္စဥ္းစားဖို႔ လိုအပ္ပါတယ္။ သတၳဳက ပလက္စတစ္ထက္ပိုႀကံ့ခိုင္တာေၾကာင့္ ေလးလံတဲ့ ခန္းဆီးလိုက္ကာေတြနဲ႔ ပိုၿပီးသင့္ေတာ္ပါတယ္။ သတၳဳလမ္းေၾကာင္းေတြက ႀကိဳးနဲ႔ခ်ိတ္ဆက္လို႔လည္း ပိုအဆင္ေျပတာေၾကာင့္ ႀကိဳးတစ္ခ်က္ဆြဲလိုက္႐ုံနဲ႔ ခန္းဆီးလိုက္ကာကို ဆြဲဖြင့္လိုက္လို႔ ရပါၿပီ။ အထူးသျဖင့္ ျပတင္းေပါက္ေတြနဲ႔ ခန္းဆီးလိုက္ကာေတြက အရမ္းျမင့္ေနတဲ့ အခါမ်ိဳးမွာပါ။

၄။ က်ယ္တဲ့ျပတင္းေပါက္မွာ တပ္ဆင္ပါ။

မ်က္ႏွာၾကက္မွာ ခန္းဆီးလိုက္ကာတပ္ဆင္ျခင္းက အခန္းကို ပိုရွည္သြားေစၿပီး ျမင့္သြားသေယာင္ဖန္တီးေပးႏိုင္တာေၾကာင့္ က်ယ္ျပန႔္တဲ့ ပုတိုတိုျပတင္းေပါက္ေတြနဲ႔ အလိုက္ဖက္ဆုံးပါပဲ။ ေအးခ်မ္းၿငိမ္သက္တဲ့ ဒီအခန္းေလးထဲမွာ ျပတင္းေပါက္ကထင္တာထက္ ပိုႀကီးသြားသေယာင္ေယာင္ရွိပါတယ္။ နက္ေမွာင္တဲ့ အေရာင္ေတြနဲ႔ ညိဳ႕အားျပင္းတဲ့ အခန္းအျပင္အဆင္ကို မျပင္ဆင္သေ႐ြ႕ေတာ့ အေရာင္ေဖ်ာ့တဲ့ ခန္းဆီးလိုက္ကာေတြက အျမင္အားျဖင့္ က်ယ္ေျပာေစတဲ့အတြက္ အခန္းက်ဥ္းေတြမွာ ေ႐ြးခ်ယ္ဖို႔ အသင့္ေတာ္ဆုံးပါပဲ။

၅။ သံတန္းအေကြးကို သုံးပါ။

ဒီလိုမ်ဥ္းေကြးသ႑ာန္ျပတင္းေပါက္ရွိတဲ့ ထမင္းစားခန္းကို မ်က္ႏွာၾကက္ခန္းဆီးလိုက္ကာအဝိုင္း တပ္ဆင္ျခင္းက အခန္းကို က်က္သေရရွိသြားေစပါတယ္


Credit: mm-homedecor

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)