3126 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

[Unicode]


မြို့ကြီး ပြကြီးများတွင် ကျန်းမာပျော်ရွှင်ဖွယ် နေအိမ်ခန်း တစ်ခန်း ဖန်တီးရခြင်းမှာ စိန် ခေါ်မှုများစွာရှိသည်။

အထူးသဖြင့် တိုက်ခန်းများတွင် နေထိုင်ကြသူများ အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အခန်းတွင်းလေထု ရရှိရေးမှာ အခက်အခဲများစွာရှိသည်။

အောက်တွင် အခန်းတွင်းလေထုကို သန့်ရှင်းစင်ကြယ် အောင်ပြုလုပ်နိုင်သည့် ထိပ်တန်းသစ်ပင်ပန်းမန်များကို ဖော်ပြ ပေးထားပါသည်။

မျက်မှောက်ခေတ် ပြင်ပလေထုအရည်အသွေးမှာ ကမ္ဘာထိပ်တန်းမြို့ကြီးများအတွက် ရတက်မအေးဖွယ် အခြေ အနေသို့ ရောက်လာသည်။

အထူးသဖြင့် တရုတ်ပြည်၊ ပေကျင်းနှင့် အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားကဲ့သို့ မြို့ကြီးများတွင် လေထုညစ်ညမ်းမှု ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။

အခန်းတွင်း လေထုညစ်ညမ်းမှုမှာမူ ပြင်ပလေထု ၏ ညစ်ညမ်းမှုအပြင် အခြားထပ်တိုးအချက်အလက်များ ကြောင့် နေအိမ်ပြင်ပထက် နေအိမ်ခန်းတွင်း လေထုမှာ ပိုမိုညစ်ညမ်း နေသည့်အခြေအနေများနှင့်လည်း ရင်ဆိုင်လာ ကြရသည်။

ကော်ဇော၊ အိမ်သုတ်ဆေး၊ ပရိဘောဂတို့မှ ထွက်ရှိသည့် အဆိပ်ငွေ့များမှ အစပြု၍ မျက်မှောက်ခေတ် လူသုံး ထုတ်ကုန် ပစ္စည်းများစွာမှာ အခန်းတွင်းလေထုသန့်စင်မှု အဆင့်ကို များစွာလျော့ကျစေသည့်အရာများဖြစ်သည်ကို သိရှိသူနည်းပါး လှသည်။

လေ့လာချက်များအရ အဆိုပါပစ်္စည်းများနှင့် ထိတွေ့မှု ကြောင့် ရေရှည်တွင် အဆုပ်ကင်ဆာအပြင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာများ ရင်ဆိုင်လာရသည်ဟု ဆို သည်။

အဆိပ်ဓာတ်များ

၁။ Formaldehyde
၂။ Xylene/toluene
၃။ Benzene
၄။ Ammonia
၅။ Alcohols
၆။ Acetone

ရင်းမြစ် ထုတ်လွှတ်သည့်ဓာတ်


က။ ကော်များ ၁ ၂ ၃ ၅
ခ။ လူနှင့်အိမ်မွေးတိရစ္ဆာန်များမှ ထုတ်လွှတ်မှု ၂ ၄ ၅ ၆
ဂ။ ကော်ဇော ၅
ဃ။ အလှကုန်များ ၅ ၆
င။ လိုက်ကာများ၊ အဝတ်အစားများ ၁
စ။ မျက်နှာရှိ တစ်သျှူးများမှ ထုတ်လွှတ်မှု ၁
ဆ။ လက်သည်းဖျက်ဆေး ၆
ဇ။ ရုံးသုံး correction pen အရည်မှ ထုတ်လွှတ်မှု ၆
ဈ။ အိမ်သုတ်ဆေး ၁ ၂ ၃ ၅
ည။ စက္ကူတစ်ရှုးလိပ်များ ၁
ဋ။ သုံးထပ်သားပြားများ ၁ ၂ ၃ ၅
ဌ။ မိတ္ထူကူးစက် ၂ ၃ ၄

ကံကောင်းသည်မှာ အခန်းတွင်းလေထုကို ထိရောက် စွာ သန့်စင်ပေးနိုင်မည့် အစွမ်းထက်သည့် အိမ်တွင်းစိုက်သစ်ပင် ပန်းမန်တို့ ရှိနေခြင်း ဖြစ်သည်။

အောက်ဖော်ပြပါ အပင်တို့မှာ တိုက်ခန်းဖြင့်နေထိုင် သူများအတွက် အခန်းတွင်းလေထုသန့်စင်ပေးရာတွင် အစွမ်းထက်ဆုံး အပင်များဖြစ်ကြောင်း ဒေါက်တာ ဘီ-စီ-ဝူဗာတန်က ဆိုသည်။

ဒေါက်တာဝူဗာတန်သည် လကမ္ဘာတွင် လူသားတို့ ကာလကြာရှည်စွာအခြေချနေထိုင်နိုင်ရေးအတွက် အသက် ရှူနိုင်မည့်လေထုဝန်းကျင် ဖန်တီးနိုင်ရန် နာဆာအဖွဲ့ကြီးက ပြုလုပ်လျက်ရှိသော သုတေသနစီမံကိန်းတွင် ပါဝင်သည့် သိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်သည်။

အောက်ဖော်ပြပါအပင်တို့မှာ ကျွနု်ပ်တို့ ဝန်းကျင်ရှိ လူသုံးထုတ်ကုန်ပစ္စည်းများမှ ထုတ်လွှတ်နေသော အဆိပ်ငွေ့ များကို စုပ်ယူကာ အခန်းတွင်းလေထုသန့်စင်ပေးရာတွင် အစွမ်းထက်ဆုံးများဖြစ်ကြောင်း နာဆာ၏ သုတေသနတွင် ဖော်ပြသည်။

ယင်းအပင်အများစုမှာ စိုက်ပျိုးရလွယ်ကူသော်လည်း အချို့အပင်များမှာမူ အနည်းငယ်ဂရုစိုက်ရန် လိုအပ်သောအပင် များ ဖြစ်ကြသည်။

ဒေါက်တာ ဝူဗာတန်က How to Grow Fresh Air အမည်ရှိ စာအုပ်အတွင်း ရေးသားဖော်ပြခဲ့ရာတွင် စတုရန်းပေ ၁၀၀ ပတ်လည် အခန်းတစ်ခန်းလျှင် အောက်ဖော်ပြပါအပင်များ အနက်မှ အလတ်စားနှင့် အကြီးစားအရွယ်ရှိသည့် အပင် အနည်းဆုံး ၂ ပင်ခန့် စိုက်ပျိုးသင့်ကြောင်း အကြံပြုထားသည်။

အချို့အပင်များမှာမူ အိမ်မွေးတိရစ္ဆာန်များအတွက် အဆိပ်သင့်နိုင်သည်ကိုလည်း သတိပြုရန် လိုလေသည်။

 

Boston Fern (ရုက္ခဗေအမည်- Nephrolepis Exaltata)

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

Boston Fern သည် နေအိမ်တွင်းစိုက်ပျိုးကြသည့် လေထုသန့်စင်ပေးနိုင်သော အပင်များအနက် အစွမ်းအထက် ဆုံးဖြစ်ပြီး လေထုအတွင်းသို့ ရေမှုန်များ များစွာထုတ်လွှတ် နိုင်ခြင်းကြောင့် နှစ်သက်ဖွယ်ဝန်းကျင်ကိုဖန်တီးပေးနိုင်သည်။

မြန်မာနိုင်ငံအတွင်းတွင်မူ ပျိုးဥယျာဉ်ခြံများတွင် ဝယ်ယူရရှိနိုင်ပြီး ငါးရိုးကျောက်ခက်ဟု ပန်းလောကတွင် ခေါ်ဝေါ်ကြသည်။

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

ဤအပင်မှာ လူနေမှုအရ အဆင့်မြင့်သည့်ဟန်ပန် လည်းပေါ်ပြီး စိုက်ပျိုးရလည်း အလွန်လွယ်ကူသည်။ သို့ရာတွင် ဂရုစိုက်ရမည့်အချက်အချို့ကား ရှိသည်။

ပထမအချက်အနေဖြင့် ငါးရိုးကျောက်ခက်သည် တိုက်ရိုက်နေရောင်ကျမှုကို မကြိုက်ချေ။ ထို့ကြောင့် ပြတင်း ပေါက်နှင့် ဝေးရာတွင် စိုက်ပျိုးရမည် ဖြစ်၏။

မကြာခဏ ရေဖြန်းခြင်း၊ အပင်ခြေရင်းကို ရေလောင်း ပေးခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

မြေကြီးခြောက်သည့်အထိ ထားပါက အရွက်များ ဝါကာ ကြွေကျသွားမည်ဖြစ်ရာ အမြဲစွတ်စိုနေရန် ဂရုစိုက်ရမည် ဖြစ်သည်။

စွတ်စိုမှုအားကောင်းစေရန် ပြုလုပ်နိုင်သည့်နည်းလမ်း တစ်ခုမှာ စဉ့်ဗန်းခွက်ငယ်တစ်ခုအတွင်း ကျောက်တုံးကလေး များနှင့် ရေများဖြည့်ကာ အပေါ်တွင် ပန်းအိုးကိုထားသည့်နည်း လမ်းဖြစ်သည်။

 

Golden Pothos (Epipremnum Aureum)

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ


Golden Pothos ကို မြန်မာပျိုးဥယျာဉ်လောကတွင် ရွှေလာဂမုန်းဟုခေါ်လေ့ရှိကြသည်။ (အခေါ်ကွဲပြားနိုင်ပါ သည်။) စိုက်ပျိုးရအလွယ်ဆုံးအပင်များတွင် ပါဝင်သည်။

တွဲလောင်းဆွဲ ပန်းခြင်းများနှင့် အုတ်ဘောင်စွန်း ပန်းစိုက်ကွက်နေရာများတွင် ကောင်းစွာဖြစ်ထွန်းသည်။ နံရံ များပေါ်သို့ နွှယ်တက်အောင်လည်း ပြုလုပ်နိုင်သည့်အပင် ဖြစ်သည်။

မည်သို့စိုက်စိုက် မသေနိုင်သည့်အပင်များတွင် ပါဝင် ခြင်းကြောင့် အပင်စိုက်ပျိုးသူများစွာ ရွေးချယ်လေ့ရှိကြသည့် အပင်မျိုးလည်း ဖြစ်သည်။

တိုက်ရိုက်နေရောင်မကျဘဲ လေဝင်လေထွက်ကောင်း သည့်နေရာတွင်ထားလျှင် ပိုမိုဖြစ်ထွန်းမည် ဖြစ်သည်။

လျှပ်စစ်အလင်းအောက်တွင်လည်း ရှင်သန်နိုင်သည့် အပင်မျိုးဖြစ်သည်။ မြေကြီးစိုစွတ်မှုကို နှစ်သက်သော်လည်း အလွန်အကျွံ ရေမလောင်းရန် ဂရုပြုရမည် ဖြစ်သည်။

 

အုန်းမျိုးစိတ်ဝင် အပင်မျိုးစုံ (Palm Trees )

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

နေအိမ်ခန်းအတွင်း အုန်းမျိုးစိတ်ဝင်အပင်တစ်မျိုး မျိုး ထည့်သွင်းခြင်းအားဖြင့်လည်း မုတ်သုံရာသီရနံ့များ ရယူ နိုင်သည်။

အုန်းမျိုးစိတ်အပင်များသည် ထိန်းသိမ်းစိုက်ပျိုးရ အလွန် လွယ်ကူသည့်အပြင် လေထုသန့်စင်နိုင်စွမ်း ကောင်းမွန် သော အပင်များ ဖြစ်ကြသည်။
မြန်မာပြည်တွင်း ပျိုးဥယျာဉ်ဈေးကွက်တွင် အုန်းပွား၊ ဆစ်ဆောင်ပနား အစရှိသည့် အပင်မျိုးစိတ်များ ဝယ်ယူရရှိ နိုင်ပါသည်။

 

ရာဘာပင် Rubber Plant (Ficus Elastica)

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

ရာဘာပင်ကိုမူ မြန်မာပြည် ပျိုးဥယျာဉ်လောကတွင် အတန်ကြာစုံစမ်းဝယ်ယူမှ ရနိုင်မည် ဖြစ်သည်။

အလင်းရောင်နည်းပါးသော အခန်းများတွင်ပင် ကောင်းစွာရှင်သန်နိုင်သည်။ အရွက်များမှာ သားရေကဲ့သို့ တောက်ပြောင်ထူထဲသဖြင့် အခန်းတွင်းတွင် စွဲဆောင်မှုရှိသည့် အလှတစ်မျိုးကို ပေးစွမ်းနိုင်မည် ဖြစ်သည်။

 

သစ်ခွ (Orchid)

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

သစ်ခွသည် နာမည်ကျော် အိမ်တွင်းစိုက် ပန်းပင်များ ဖြစ်ကြသည်။ အရောင်အသွေးစုံလင်စွာ ဖူးပွင့်ကြသည့် ပန်းတို့၏အလှကို ပန်းစိုက်သူများ မြတ်နိုးကြသည်။

သို့ရာတွင် သစ်ခွစိုက်သူအများစုမှာ ထိန်းသိမ်းစောင့် ရှောက် စိုက်ပျိုးနည်း မသိကြချေ။ အကယ်၍သာ သစ်ခွပင် များကို မည်သို့ထိန်းသိမ်းပြုပြင်ရမည်ကို သိနားလည်ပါက သစ်ခွပင်များနှင့် ပန်းများသည် သင့်အတွက် အမြဲပွင့်လန်း ဝေဆာပေးနေမည် ဖြစ်သည်။

ယေဘုယျအားဖြင့် ဆိုရလျှင် သစ်ခွအများစုမှာ ရေ အလွန်အကျွံလောင်းခြင်းကို မနှစ်သက်ဟု ဆိုနိုင်သည်။ သစ်ခွ မှာ အပူပိုင်းမိုးသစ်တောများတွင် ပေါက်ရောက်သည့် ဇစ်မြစ် များဖြစ်ခြင်းကြောင့် လူအများစုက သစ်ခွမှာ ရေကြိုက်မည်ဟု တွေးထင်ကြသည်။

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

သို့ရာတွင် OrchidCare.com ၏ အဆိုအရ ရေ လောင်းခြင်းနှင့် စပ်လျဉ်းပြီး အခြေခံအားဖြင့် သစ်ခွ ၃ မျိုး ရှိသည်ဟု ဆိုသည်။

ပထမတစ်မျိုးမှာ အမြဲတစေ စွတ်စိုနေခြင်းကို နှစ်ခြိုက်သည်။

ဒုတိယတစ်မျိုးမှာ ရေလောင်းသည့်တစ်ကြိမ်နှင့် တစ်ကြိမ်အကြား ခြောက်လုနီးပါးအထိ ထားခြင်းကို နှစ်ခြိုက် သည်။

တတိယတစ်မျိုးမှာ ရေလောင်းသည့်အကြိမ်များ အကြား ခြောက်သွားသည်အထိ ထားခြင်းကို နှစ်ခြိုက်ကြသည်။

 

Peace Lilly (Spathiphyllum)

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

Peace Lilly ကို မြန်မာပြည်တွင် ရှင်သီဝလီဂမုန်းဟု ခေါ်ကြသည်။ အိမ်တွင်းတွင် ရှင်သန်ဖူးပွင့်နိုင်ပြီး အလင်း ရောင်နည်းပါးခြင်းကိုလည်း ခံနိုင်ရည်ရှိသည်။

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

လေထုအတွင်း ရေမှုန်မြူများ ထုတ်လွှတ်လေ့ရှိပြီး ထိန်းသိမ်းစောင့်ရှောက်ရမှု နည်းပါးကာ တစ်နှစ်တာပတ်လုံး ပန်းများပွင့်လေ့ရှိသည်။

Peace Lilly သည် Boston ferns နီးပါး လေထု သန့်စင်နိုင်မှု အဆင့်မြင့်မားသည့် အပင်ဖြစ်သည်။

 

Umbrella Tree
(Schefflera Brassaia Actinophylla)

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

Umbrella Tree ကို မြန်မာပျိုးဥယျာဉ်လောကတွင် စုံမပင်ဟု ခေါ်လေ့ရှိကြသည်။

ယင်းသို့ခေါ်ရခြင်း၏ အကြောင်းရင်းမှာ အရွက်အုံ တစ်ခုတွင် အရွက်ရေ စုံဂဏန်းဖြစ်နေပြီး အခြားတစ်အုံတွင်မူ မဂဏန်းဖြစ်နေလေ့ရှိခြင်းကြောင့် ဖြစ်သည်။

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

၈ ပေမှ အထက်အထိ မြင့်မားစွာ ပေါက်ရောက် လေ့ရှိသည့် အပင်မျိုးဖြစ်သော်လည်း နေအိမ်တွင်းတွင် စိုက်ပျိုး နိုင်မည့် အပင်ငယ်များကို ပျိုးဥယျာဉ်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

အလင်းရောင်ကို နှစ်သက်သော်လည်း အရိပ်ကျ သည့်နေရာများတွင်လည်း ကောင်းစွာရှင်သန်မှုရှိသည်။

 

Dumb Cane

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ


Dumb Cane ကို မြန်မာပန်းသမားများက မယ်တော် ကြီးဂမုန်းဟု ခေါ်လေ့ရှိကြသည်။ (အခေါ်ကွဲပြားနိုင်ပါသည်။)

အရွက်များတွင် အစိမ်း၊ အဖြူနှင့် အဝါပျောက်တို့ ရောယှက် နေသည့် လှပသော indoor ပင်ဖြစ်ပြီး နေရောင်တစ်ဝက်၊ အရိပ်တစ်ဝက်ရှိသည့်နေရာများတွင် ကောင်းစွာဖြစ်ထွန်း သည်။

သတိပြုရမည့်အချက်မှာ စားသောက်မိပါက လူများ ပင် အဆိပ်သင့်တတ်ခြင်း ဖြစ်သည်။

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

Dumb Cane ဟူသော မူရင်းအမည်အတိုင်းပင် စားမိပါက စကားမပြောနိုင်သည်အထိ ဖြစ်သွားနိုင်သည်ဟု ဆိုသည်။

အပင်၏ အစေးများနှင့် ထိမိပါက လက်ကို ရေဖြင့် စင်ကြယ်အောင် အသေအချာဆေးကြောပေးရန် လိုလေသည်။သာမန်အဆင့်ထက်ပိုသည့် လေသန့်စင်နိုင်စွမ်းရှိသည်။

 

Red Emerald (Philodendron Erubescens)

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

Red Emerald ကို ပျိုးဥယျာဉ်လောကတွင် ပိန်းပန်းဟု ခေါ်လေ့ရှိကြသည်။ စိုက်ပျိုးရလွယ်ကူပြီး အလင်းရောင် နည်းပါးသည့်နေရာများတွင်လည်း ကောင်းစွာရှင်သန်နိုင် သည်။ အရိပ်ရကာ နွေးထွေးသည့်နေရာများတွင်အကောင်း ဆုံးဖြစ်ထွန်းသည်။

ဤဆောင်းပါးအတွက် လိုအပ်သည့်အချက်အလက်များ ကူညီပေးခဲ့သည့် သုခဝတီပျိုးဥယျာဉ်ခြံမှာ ကိုဇော်နှင့် မနွေးနွေး တို့ကို အထူးကျေးဇူးတင်ရှိပါသည်။

NASA မှ သိပ္ပံပညာရှင်က လမ်းညွှန်သည့် နေအိမ်ခန်းများအတွင်းလေသန့်စင်ပေးနိုင်သည့် အကောင်းဆုံးအလှစိုက်ပန်းပင်များ

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

NASA မွ သိပၸံပညာရွင္က လမ္းညႊန္သည့္ ေနအိမ္ခန္းမ်ားအတြင္းေလသန္႔စင္ေပးႏိုင္သည့္ အေကာင္းဆံုးအလွစိုက္ပန္းပင္မ်ား


ျမိဳ႕ၾကီး ျပၾကီးမ်ားတြင္ က်န္းမာေပ်ာ္ရႊင္ဖြယ္ ေနအိမ္ခန္း တစ္ခန္း ဖန္တီးရျခင္းမွာ စိန္ ေခၚမႈမ်ားစြာရွိသည္။

အထူးသျဖင့္ တိုက္ခန္းမ်ားတြင္ ေနထိုင္ၾကသူမ်ား အတြက္ က်န္းမာေရးႏွင့္ညီညြတ္သည့္ အခန္းတြင္းေလထု ရရွိေရးမွာ အခက္အခဲမ်ားစြာရွိသည္။

ေအာက္တြင္ အခန္းတြင္းေလထုကို သန္႔ရွင္းစင္ၾကယ္ ေအာင္ျပဳလုပ္ႏိုင္သည့္ ထိပ္တန္းသစ္ပင္ပန္းမန္မ်ားကို ေဖာ္ျပ ေပးထားပါသည္။

မ်က္ေမွာက္ေခတ္ ျပင္ပေလထုအရည္အေသြးမွာ ကမၻာထိပ္တန္းျမိဳ႕ၾကီးမ်ားအတြက္ ရတက္မေအးဖြယ္ အေျခ အေနသို႔ ေရာက္လာသည္။

အထူးသျဖင့္ တ႐ုတ္ျပည္၊ ေပက်င္းႏွင့္ အိႏိ္ၵယႏိုင္ငံ ၊ ကာလကတၱားကဲ့သို႔ ျမိဳ႕ၾကီးမ်ားတြင္ ေလထုညစ္ညမ္းမႈ ဆိုးရြားစြာ ရင္ဆိုင္ေနၾကရသည္။

အခန္းတြင္း ေလထုညစ္ညမ္းမႈမွာမူ ျပင္ပေလထု ၏ ညစ္ညမ္းမႈအျပင္ အျခားထပ္တိုးအခ်က္အလက္မ်ား ေၾကာင့္ ေနအိမ္ျပင္ပထက္ ေနအိမ္ခန္းတြင္း ေလထုမွာ ပိုမိုညစ္ညမ္း ေနသည့္အေျခအေနမ်ားႏွင့္လည္း ရင္ဆိုင္လာ ၾကရသည္။

ေကာ္ေဇာ၊ အိမ္သုတ္ေဆး၊ ပရိေဘာဂတို႔မွ ထြက္ရွိသည့္ အဆိပ္ေငြ႔မ်ားမွ အစျပဳ၍ မ်က္ေမွာက္ေခတ္ လူသံုး ထုတ္ကုန္ ပစၥည္းမ်ားစြာမွာ အခန္းတြင္းေလထုသန္႔စင္မႈ အဆင့္ကို မ်ားစြာေလ်ာ့က်ေစသည့္အရာမ်ားျဖစ္သည္ကို သိရွိသူနည္းပါး လွသည္။

ေလ့လာခ်က္မ်ားအရ အဆိုပါပစ္ၥည္းမ်ားႏွင့္ ထိေတြ႔မႈ ေၾကာင့္ ေရရွည္တြင္ အဆုပ္ကင္ဆာအျပင္ အသက္ရွဴ လမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ား ရင္ဆိုင္လာရသည္ဟု ဆို သည္။

အဆိပ္ဓာတ္မ်ား

၁။ Formaldehyde
၂။ Xylene/toluene
၃။ Benzene
၄။ Ammonia
၅။ Alcohols
၆။ Acetone

ရင္းျမစ္ ထုတ္လႊတ္သည့္ဓာတ္


က။ ေကာ္မ်ား ၁ ၂ ၃ ၅
ခ။ လူႏွင့္အိမ္ေမြးတိရစၦာန္မ်ားမွ ထုတ္လႊတ္မႈ ၂ ၄ ၅ ၆
ဂ။ ေကာ္ေဇာ ၅
ဃ။ အလွကုန္မ်ား ၅ ၆
င။ လိုက္ကာမ်ား၊ အ၀တ္အစားမ်ား ၁
စ။ မ်က္ႏွာရွိ တစ္သွ်ဴးမ်ားမွ ထုတ္လႊတ္မႈ ၁
ဆ။ လက္သည္းဖ်က္ေဆး ၆
ဇ။ ရံုးသံုး correction pen အရည္မွ ထုတ္လႊတ္မႈ ၆
စ်။ အိမ္သုတ္ေဆး ၁ ၂ ၃ ၅
ည။ စကၠဴတစ္ရႈးလိပ္မ်ား ၁
ဋ။ သံုးထပ္သားျပားမ်ား ၁ ၂ ၃ ၅
ဌ။ မိတၳဴကူးစက္ ၂ ၃ ၄

ကံေကာင္းသည္မွာ အခန္းတြင္းေလထုကို ထိေရာက္ စြာ သန္႔စင္ေပးႏိုင္မည့္ အစြမ္းထက္သည့္ အိမ္တြင္းစိုက္သစ္ပင္ ပန္းမန္တို႔ ရွိေနျခင္း ျဖစ္သည္။

ေအာက္ေဖာ္ျပပါ အပင္တို႔မွာ တိုက္ခန္းျဖင့္ေနထိုင္ သူမ်ားအတြက္ အခန္းတြင္းေလထုသန္႔စင္ေပးရာတြင္ အစြမ္းထက္ဆံုး အပင္မ်ားျဖစ္ေၾကာင္း ေဒါက္တာ ဘီ-စီ-၀ူဗာတန္က ဆိုသည္။

ေဒါက္တာ၀ူဗာတန္သည္ လကမၻာတြင္ လူသားတို႔ ကာလၾကာရွည္စြာအေျခခ်ေနထိုင္ႏိုင္ေရးအတြက္ အသက္ ရွဴႏိုင္မည့္ေလထု၀န္းက်င္ ဖန္တီးႏိုင္ရန္ နာဆာအဖြဲ႔ၾကီးက ျပဳလုပ္လ်က္ရွိေသာ သုေတသနစီမံကိန္းတြင္ ပါ၀င္သည့္ သိပၸံပညာရွင္တစ္ဦးလည္း ျဖစ္သည္။

ေအာက္ေဖာ္ျပပါအပင္တို႔မွာ ကၽြႏု္ပ္တို႔ ၀န္းက်င္ရွိ လူသံုးထုတ္ကုန္ပစၥည္းမ်ားမွ ထုတ္လႊတ္ေနေသာ အဆိပ္ေငြ႔ မ်ားကို စုပ္ယူကာ အခန္းတြင္းေလထုသန္႔စင္ေပးရာတြင္ အစြမ္းထက္ဆံုးမ်ားျဖစ္ေၾကာင္း နာဆာ၏ သုေတသနတြင္ ေဖာ္ျပသည္။

ယင္းအပင္အမ်ားစုမွာ စိုက္ပ်ဳိးရလြယ္ကူေသာ္လည္း အခ်ဳိ႕အပင္မ်ားမွာမူ အနည္းငယ္ဂရုစိုက္ရန္ လိုအပ္ေသာအပင္ မ်ား ျဖစ္ၾကသည္။

ေဒါက္တာ ၀ူဗာတန္က How to Grow Fresh Air အမည္ရွိ စာအုပ္အတြင္း ေရးသားေဖာ္ျပခဲ့ရာတြင္ စတုရန္းေပ ၁၀၀ ပတ္လည္ အခန္းတစ္ခန္းလွ်င္ ေအာက္ေဖာ္ျပပါအပင္မ်ား အနက္မွ အလတ္စားႏွင့္ အၾကီးစားအရြယ္ရွိသည့္ အပင္ အနည္းဆံုး ၂ ပင္ခန္႔ စိုက္ပ်ဳိးသင့္ေၾကာင္း အၾကံျပဳထားသည္။

အခ်ဳိ႕အပင္မ်ားမွာမူ အိမ္ေမြးတိရစာၦန္မ်ားအတြက္ အဆိပ္သင့္ႏိုင္သည္ကိုလည္း သတိျပဳရန္ လိုေလသည္။

Boston Fern (ရုကၡေဗအမည္- Nephrolepis Exaltata)

Boston Fern သည္ ေနအိမ္တြင္းစိုက္ပ်ဳိးၾကသည့္ ေလထုသန္႔စင္ေပးႏိုင္ေသာ အပင္မ်ားအနက္ အစြမ္းအထက္ ဆံုးျဖစ္ျပီး ေလထုအတြင္းသို႔ ေရမႈန္မ်ား မ်ားစြာထုတ္လႊတ္ ႏိုင္ျခင္းေၾကာင့္ ႏွစ္သက္ဖြယ္၀န္းက်င္ကို
ဖန္တီးေပးႏိုင္သည္။

ျမန္မာႏိုင္ငံအတြင္းတြင္မူ ပ်ဳိးဥယ်ာဥ္ျခံမ်ားတြင္ ၀ယ္ယူရရွိႏိုင္ျပီး ငါးရိုးေက်ာက္ခက္ဟု ပန္းေလာကတြင္ ေခၚေ၀ၚၾကသည္။

ဤအပင္မွာ လူေနမႈအရ အဆင့္ျမင့္သည့္ဟန္ပန္ လည္းေပၚျပီး စိုက္ပ်ဳိးရလည္း အလြန္လြယ္ကူသည္။ သို႔ရာတြင္ ဂရုစိုက္ရမည့္အခ်က္အခ်ဳိ႕ကား ရွိသည္။

ပထမအခ်က္အေနျဖင့္ ငါးရိုးေက်ာက္ခက္သည္ တိုက္ရိုက္ေနေရာင္က်မႈကို မၾကိဳက္ေခ်။ ထို႔ေၾကာင့္ ျပတင္း ေပါက္ႏွင့္ ေ၀းရာတြင္ စိုက္ပ်ဳိးရမည္ ျဖစ္၏။

မၾကာခဏ ေရျဖန္းျခင္း၊ အပင္ေျခရင္းကို ေရေလာင္း ေပးျခင္းမ်ား ျပဳလုပ္ရမည္ျဖစ္သည္။

ေျမၾကီးေျခာက္သည့္အထိ ထားပါက အရြက္မ်ား ၀ါကာ ေၾကြက်သြားမည္ျဖစ္ရာ အျမဲစြတ္စိုေနရန္ ဂရုစိုက္ရမည္ ျဖစ္သည္။

စြတ္စိုမႈအားေကာင္းေစရန္ ျပဳလုပ္ႏိုင္သည့္နည္းလမ္း တစ္ခုမွာ စဥ့္ဗန္းခြက္ငယ္တစ္ခုအတြင္း ေက်ာက္တံုးကေလး မ်ားႏွင့္ ေရမ်ားျဖည့္ကာ အေပၚတြင္ ပန္းအိုးကိုထားသည့္နည္း လမ္းျဖစ္သည္။

Golden Pothos (Epipremnum Aureum)


Golden Pothos ကို ျမန္မာပ်ဳိးဥယ်ာဥ္ေလာကတြင္ ေရႊလာဂမုန္းဟုေခၚေလ့ရွိၾကသည္။ (အေခၚကြဲျပားႏိုင္ပါ သည္။) စိုက္ပ်ဳိးရအလြယ္ဆံုးအပင္မ်ားတြင္ ပါ၀င္သည္။

တြဲေလာင္းဆြဲ ပန္းျခင္းမ်ားႏွင့္ အုတ္ေဘာင္စြန္း ပန္းစိုက္ကြက္ေနရာမ်ားတြင္ ေကာင္းစြာျဖစ္ထြန္းသည္။ နံရံ မ်ားေပၚသို႔ ႏႊယ္တက္ေအာင္လည္း ျပဳလုပ္ႏိုင္သည့္အပင္ ျဖစ္သည္။

မည္သုိ႔စိုက္စိုက္ မေသႏိုင္သည့္အပင္မ်ားတြင္ ပါ၀င္ ျခင္းေၾကာင့္ အပင္စိုက္ပ်ဳိးသူမ်ားစြာ ေရြးခ်ယ္ေလ့ရွိၾကသည့္ အပင္မ်ဳိးလည္း ျဖစ္သည္။

တိုက္ရိုက္ေနေရာင္မက်ဘဲ ေလ၀င္ေလထြက္ေကာင္း သည့္ေနရာတြင္ထားလွ်င္ ပိုမိုျဖစ္ထြန္းမည္ ျဖစ္သည္။

လွ်ပ္စစ္အလင္းေအာက္တြင္လည္း ရွင္သန္ႏိုင္သည့္ အပင္မ်ဳိးျဖစ္သည္။ ေျမၾကီးစိုစြတ္မႈကို ႏွစ္သက္ေသာ္လည္း အလြန္အကၽြံ ေရမေလာင္းရန္ ဂရုျပဳရမည္ ျဖစ္သည္။

အုန္းမ်ဳိးစိတ္၀င္ အပင္မ်ဳိးစံု (Palm Trees )

ေနအိမ္ခန္းအတြင္း အုန္းမ်ဳိးစိတ္၀င္အပင္တစ္မ်ဳိး မ်ဳိး ထည့္သြင္းျခင္းအားျဖင့္လည္း မုတ္သုံရာသီရနံ႔မ်ား ရယူ ႏိုင္သည္။

အုန္းမ်ဳိးစိတ္အပင္မ်ားသည္ ထိန္းသိမ္းစိုက္ပ်ဳိးရ အလြန္ လြယ္ကူသည့္အျပင္ ေလထုသန္႔စင္ႏိုင္စြမ္း ေကာင္းမြန္ ေသာ အပင္မ်ား ျဖစ္ၾကသည္။
ျမန္မာျပည္တြင္း ပ်ဳိးဥယ်ာဥ္ေစ်းကြက္တြင္ အုန္းပြား၊ ဆစ္ေဆာင္ပနား အစရွိသည့္ အပင္မ်ဳိးစိတ္မ်ား ၀ယ္ယူရရွိ ႏိုင္ပါသည္။

ရာဘာပင္ Rubber Plant (Ficus Elastica)

ရာဘာပင္ကိုမူ ျမန္မာျပည္ ပ်ဳိးဥယ်ာဥ္ေလာကတြင္ အတန္ၾကာစံုစမ္း၀ယ္ယူမွ ရႏိုင္မည္ ျဖစ္သည္။

အလင္းေရာင္နည္းပါးေသာ အခန္းမ်ားတြင္ပင္ ေကာင္းစြာရွင္သန္ႏိုင္သည္။ အရြက္မ်ားမွာ သားေရကဲ့သို႔ ေတာက္ေျပာင္ထူထဲသျဖင့္ အခန္းတြင္းတြင္ စြဲေဆာင္မႈရွိသည့္ အလွတစ္မ်ဳိးကို ေပးစြမ္းႏိုင္မည္ ျဖစ္သည္။

သစ္ခြ (Orchid)

သစ္ခြသည္ နာမည္ေက်ာ္ အိမ္တြင္းစိုက္ ပန္းပင္မ်ား ျဖစ္ၾကသည္။ အေရာင္အေသြးစံုလင္စြာ ဖူးပြင့္ၾကသည့္ ပန္းတို႔၏အလွကို ပန္းစိုက္သူမ်ား ျမတ္ႏိုးၾကသည္။

သို႔ရာတြင္ သစ္ခြစိုက္သူအမ်ားစုမွာ ထိန္းသိမ္းေစာင့္ ေရွာက္ စိုက္ပ်ဳိးနည္း မသိၾကေခ်။ အကယ္၍သာ သစ္ခြပင္ မ်ားကို မည္သို႔ထိန္းသိမ္းျပဳျပင္ရမည္ကို သိနားလည္ပါက သစ္ခြပင္မ်ားႏွင့္ ပန္းမ်ားသည္ သင့္အတြက္ အျမဲပြင့္လန္း ေ၀ဆာေပးေနမည္ ျဖစ္သည္။

ေယဘုယ်အားျဖင့္ ဆိုရလွ်င္ သစ္ခြအမ်ားစုမွာ ေရ အလြန္အကၽြံေလာင္းျခင္းကို မႏွစ္သက္ဟု ဆိုႏိုင္သည္။ သစ္ခြ မွာ အပူပိုင္းမိုးသစ္ေတာမ်ားတြင္ ေပါက္ေရာက္သည့္ ဇစ္ျမစ္ မ်ားျဖစ္ျခင္းေၾကာင့္ လူအမ်ားစုက သစ္ခြမွာ ေရၾကိဳက္မည္ဟု ေတြးထင္ၾကသည္။

သို႔ရာတြင္ OrchidCare.com ၏ အဆိုအရ ေရ ေလာင္းျခင္းႏွင့္ စပ္လ်ဥ္းျပီး အေျခခံအားျဖင့္ သစ္ခြ ၃ မ်ဳိး ရွိသည္ဟု ဆိုသည္။

ပထမတစ္မ်ဳိးမွာ အျမဲတေစ စြတ္စိုေနျခင္းကို ႏွစ္ျခိဳက္သည္။

ဒုတိယတစ္မ်ဳိးမွာ ေရေလာင္းသည့္တစ္ၾကိမ္ႏွင့္ တစ္ၾကိမ္အၾကား ေျခာက္လုနီးပါးအထိ ထားျခင္းကို ႏွစ္ျခိဳက္ သည္။

တတိယတစ္မ်ဳိးမွာ ေရေလာင္းသည့္အၾကိမ္မ်ား အၾကား ေျခာက္သြားသည္အထိ ထားျခင္းကို ႏွစ္ျခိဳက္ၾကသည္။

Peace Lilly (Spathiphyllum)

Peace Lilly ကို ျမန္မာျပည္တြင္ ရွင္သီ၀လီဂမုန္းဟု ေခၚၾကသည္။ အိမ္တြင္းတြင္ ရွင္သန္ဖူးပြင့္ႏိုင္ျပီး အလင္း ေရာင္နည္းပါးျခင္းကိုလည္း ခံႏိုင္ရည္ရွိသည္။

ေလထုအတြင္း ေရမႈန္ျမဴမ်ား ထုတ္လႊတ္ေလ့ရွိျပီး ထိန္းသိမ္းေစာင့္ေရွာက္ရမႈ နည္းပါးကာ တစ္ႏွစ္တာပတ္လံုး ပန္းမ်ားပြင့္ေလ့ရွိသည္။

Peace Lilly သည္ Boston ferns နီးပါး ေလထု သန္႔စင္ႏိုင္မႈ အဆင့္ျမင့္မားသည့္ အပင္ျဖစ္သည္။

Umbrella Tree
(Schefflera Brassaia Actinophylla)

Umbrella Tree ကို ျမန္မာပ်ဳိးဥယ်ာဥ္ေလာကတြင္ စံုမပင္ဟု ေခၚေလ့ရွိၾကသည္။

ယင္းသို႔ေခၚရျခင္း၏ အေၾကာင္းရင္းမွာ အရြက္အံု တစ္ခုတြင္ အရြက္ေရ စံုဂဏန္းျဖစ္ေနျပီး အျခားတစ္အံုတြင္မူ မဂဏန္းျဖစ္ေနေလ့ရွိျခင္းေၾကာင့္ ျဖစ္သည္။

၈ ေပမွ အထက္အထိ ျမင့္မားစြာ ေပါက္ေရာက္ ေလ့ရွိသည့္ အပင္မ်ဳိးျဖစ္ေသာ္လည္း ေနအိမ္တြင္းတြင္ စိုက္ပ်ဳိး ႏိုင္မည့္ အပင္ငယ္မ်ားကို ပ်ဳိးဥယ်ာဥ္မ်ားတြင္ အလြယ္တကူ ၀ယ္ယူရရွိႏိုင္ပါသည္။

အလင္းေရာင္ကို ႏွစ္သက္ေသာ္လည္း အရိပ္က် သည့္ေနရာမ်ားတြင္လည္း ေကာင္းစြာရွင္သန္မႈရွိသည္။

Dumb Cane


Dumb Cane ကို ျမန္မာပန္းသမားမ်ားက မယ္ေတာ္ ၾကီးဂမုန္းဟု ေခၚေလ့ရွိၾကသည္။ (အေခၚကြဲျပားႏိုင္ပါသည္။)

အရြက္မ်ားတြင္ အစိမ္း၊ အျဖဴႏွင့္ အ၀ါေပ်ာက္တို႔ ေရာယွက္ ေနသည့္ လွပေသာ indoor ပင္ျဖစ္ျပီး ေနေရာင္တစ္၀က္၊ အရိပ္တစ္၀က္ရွိသည့္ေနရာမ်ားတြင္ ေကာင္းစြာျဖစ္ထြန္း သည္။

သတိျပဳရမည့္အခ်က္မွာ စားေသာက္မိပါက လူမ်ား ပင္ အဆိပ္သင့္တတ္ျခင္း ျဖစ္သည္။

Dumb Cane ဟူေသာ မူရင္းအမည္အတိုင္းပင္ စားမိပါက စကားမေျပာႏိုင္သည္အထိ ျဖစ္သြားႏိုင္သည္ဟု ဆိုသည္။

အပင္၏ အေစးမ်ားႏွင့္ ထိမိပါက လက္ကို ေရျဖင့္ စင္ၾကယ္ေအာင္ အေသအခ်ာေဆးေၾကာေပးရန္ လိုေလသည္။
သာမန္အဆင့္ထက္ပိုသည့္ ေလသန္႔စင္ႏိုင္စြမ္းရွိသည္။

Red Emerald (Philodendron Erubescens)

Red Emerald ကို ပ်ဳိးဥယ်ာဥ္ေလာကတြင္ ပိန္းပန္းဟု ေခၚေလ့ရွိၾကသည္။ စိုက္ပ်ဳိးရလြယ္ကူျပီး အလင္းေရာင္ နည္းပါးသည့္ေနရာမ်ားတြင္လည္း ေကာင္းစြာရွင္သန္ႏိုင္ သည္။ အရိပ္ရကာ ေႏြးေထြးသည့္ေနရာမ်ားတြင္အေကာင္း ဆံုးျဖစ္ထြန္းသည္။

ဤေဆာင္းပါးအတြက္ လိုအပ္သည့္အခ်က္အလက္မ်ား ကူညီေပးခဲ့သည့္ သုခ၀တီပ်ဳိးဥယ်ာဥ္ျခံမွာ ကိုေဇာ္ႏွင့္ မေႏြးေႏြး တို႔ကို အထူးေက်းဇူးတင္ရွိပါသည္။

ေရွရီ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 


[Zawgyi]

NASA မွ သိပၸံပညာရွင္က လမ္းၫႊန္သည့္ ေနအိမ္ခန္းမ်ားအတြင္းေလသန႔္စင္ေပးႏိုင္သည့္ အေကာင္းဆုံးအလွစိုက္ပန္းပင္မ်ား


ၿမိဳ႕ႀကီး ျပႀကီးမ်ားတြင္ က်န္းမာေပ်ာ္႐ႊင္ဖြယ္ ေနအိမ္ခန္း တစ္ခန္း ဖန္တီးရျခင္းမွာ စိန္ ေခၚမႈမ်ားစြာရွိသည္။

အထူးသျဖင့္ တိုက္ခန္းမ်ားတြင္ ေနထိုင္ၾကသူမ်ား အတြက္ က်န္းမာေရးႏွင့္ညီၫြတ္သည့္ အခန္းတြင္းေလထု ရရွိေရးမွာ အခက္အခဲမ်ားစြာရွိသည္။

ေအာက္တြင္ အခန္းတြင္းေလထုကို သန႔္ရွင္းစင္ၾကယ္ ေအာင္ျပဳလုပ္ႏိုင္သည့္ ထိပ္တန္းသစ္ပင္ပန္းမန္မ်ားကို ေဖာ္ျပ ေပးထားပါသည္။

မ်က္ေမွာက္ေခတ္ ျပင္ပေလထုအရည္အေသြးမွာ ကမာၻထိပ္တန္းၿမိဳ႕ႀကီးမ်ားအတြက္ ရတက္မေအးဖြယ္ အေျခ အေနသို႔ ေရာက္လာသည္။

အထူးသျဖင့္ တ႐ုတ္ျပည္၊ ေပက်င္းႏွင့္ အိႏၵိယႏိုင္ငံ ၊ ကာလကတၱားကဲ့သို႔ ၿမိဳ႕ႀကီးမ်ားတြင္ ေလထုညစ္ညမ္းမႈ ဆိုး႐ြားစြာ ရင္ဆိုင္ေနၾကရသည္။

အခန္းတြင္း ေလထုညစ္ညမ္းမႈမွာမူ ျပင္ပေလထု ၏ ညစ္ညမ္းမႈအျပင္ အျခားထပ္တိုးအခ်က္အလက္မ်ား ေၾကာင့္ ေနအိမ္ျပင္ပထက္ ေနအိမ္ခန္းတြင္း ေလထုမွာ ပိုမိုညစ္ညမ္း ေနသည့္အေျခအေနမ်ားႏွင့္လည္း ရင္ဆိုင္လာ ၾကရသည္။

ေကာ္ေဇာ၊ အိမ္သုတ္ေဆး၊ ပရိေဘာဂတို႔မွ ထြက္ရွိသည့္ အဆိပ္ေငြ႕မ်ားမွ အစျပဳ၍ မ်က္ေမွာက္ေခတ္ လူသုံး ထုတ္ကုန္ ပစၥည္းမ်ားစြာမွာ အခန္းတြင္းေလထုသန႔္စင္မႈ အဆင့္ကို မ်ားစြာေလ်ာ့က်ေစသည့္အရာမ်ားျဖစ္သည္ကို သိရွိသူနည္းပါး လွသည္။

ေလ့လာခ်က္မ်ားအရ အဆိုပါပစ္ၥည္းမ်ားႏွင့္ ထိေတြ႕မႈ ေၾကာင့္ ေရရွည္တြင္ အဆုပ္ကင္ဆာအျပင္ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ား ရင္ဆိုင္လာရသည္ဟု ဆို သည္။

အဆိပ္ဓာတ္မ်ား

၁။ Formaldehyde
၂။ Xylene/toluene
၃။ Benzene
၄။ Ammonia
၅။ Alcohols
၆။ Acetone

ရင္းျမစ္ ထုတ္လႊတ္သည့္ဓာတ္
က။ ေကာ္မ်ား ၁ ၂ ၃ ၅
ခ။ လူႏွင့္အိမ္ေမြးတိရစာၦန္မ်ားမွ ထုတ္လႊတ္မႈ ၂ ၄ ၅ ၆
ဂ။ ေကာ္ေဇာ ၅
ဃ။ အလွကုန္မ်ား ၅ ၆
င။ လိုက္ကာမ်ား၊ အဝတ္အစားမ်ား ၁
စ။ မ်က္ႏွာရွိ တစ္သွ်ဴးမ်ားမွ ထုတ္လႊတ္မႈ ၁
ဆ။ လက္သည္းဖ်က္ေဆး ၆
ဇ။ ႐ုံးသုံး correction pen အရည္မွ ထုတ္လႊတ္မႈ ၆
ဈ။ အိမ္သုတ္ေဆး ၁ ၂ ၃ ၅
ည။ စကၠဴတစ္ရႈးလိပ္မ်ား ၁
ဋ။ သုံးထပ္သားျပားမ်ား ၁ ၂ ၃ ၅
ဌ။ မိတၳဴကူးစက္ ၂ ၃ ၄

ကံေကာင္းသည္မွာ အခန္းတြင္းေလထုကို ထိေရာက္ စြာ သန႔္စင္ေပးႏိုင္မည့္ အစြမ္းထက္သည့္ အိမ္တြင္းစိုက္သစ္ပင္ ပန္းမန္တို႔ ရွိေနျခင္း ျဖစ္သည္။

ေအာက္ေဖာ္ျပပါ အပင္တို႔မွာ တိုက္ခန္းျဖင့္ေနထိုင္ သူမ်ားအတြက္ အခန္းတြင္းေလထုသန႔္စင္ေပးရာတြင္ အစြမ္းထက္ဆုံး အပင္မ်ားျဖစ္ေၾကာင္း ေဒါက္တာ ဘီ-စီ-ဝူဗာတန္က ဆိုသည္။

ေဒါက္တာဝူဗာတန္သည္ လကမာၻတြင္ လူသားတို႔ ကာလၾကာရွည္စြာအေျခခ်ေနထိုင္ႏိုင္ေရးအတြက္ အသက္ ရႉႏိုင္မည့္ေလထုဝန္းက်င္ ဖန္တီးႏိုင္ရန္ နာဆာအဖြဲ႕ႀကီးက ျပဳလုပ္လ်က္ရွိေသာ သုေတသနစီမံကိန္းတြင္ ပါဝင္သည့္ သိပၸံပညာရွင္တစ္ဦးလည္း ျဖစ္သည္။

ေအာက္ေဖာ္ျပပါအပင္တို႔မွာ ကြၽႏု္ပ္တို႔ ဝန္းက်င္ရွိ လူသုံးထုတ္ကုန္ပစၥည္းမ်ားမွ ထုတ္လႊတ္ေနေသာ အဆိပ္ေငြ႕ မ်ားကို စုပ္ယူကာ အခန္းတြင္းေလထုသန႔္စင္ေပးရာတြင္ အစြမ္းထက္ဆုံးမ်ားျဖစ္ေၾကာင္း နာဆာ၏ သုေတသနတြင္ ေဖာ္ျပသည္။

ယင္းအပင္အမ်ားစုမွာ စိုက္ပ်ိဳးရလြယ္ကူေသာ္လည္း အခ်ိဳ႕အပင္မ်ားမွာမူ အနည္းငယ္ဂ႐ုစိုက္ရန္ လိုအပ္ေသာအပင္ မ်ား ျဖစ္ၾကသည္။

ေဒါက္တာ ဝူဗာတန္က How to Grow Fresh Air အမည္ရွိ စာအုပ္အတြင္း ေရးသားေဖာ္ျပခဲ့ရာတြင္ စတုရန္းေပ ၁၀၀ ပတ္လည္ အခန္းတစ္ခန္းလွ်င္ ေအာက္ေဖာ္ျပပါအပင္မ်ား အနက္မွ အလတ္စားႏွင့္ အႀကီးစားအ႐ြယ္ရွိသည့္ အပင္ အနည္းဆုံး ၂ ပင္ခန႔္ စိုက္ပ်ိဳးသင့္ေၾကာင္း အႀကံျပဳထားသည္။

အခ်ိဳ႕အပင္မ်ားမွာမူ အိမ္ေမြးတိရစာၦန္မ်ားအတြက္ အဆိပ္သင့္ႏိုင္သည္ကိုလည္း သတိျပဳရန္ လိုေလသည္။

Boston Fern (႐ုကၡေဗအမည္- Nephrolepis Exaltata)

Boston Fern သည္ ေနအိမ္တြင္းစိုက္ပ်ိဳးၾကသည့္ ေလထုသန႔္စင္ေပးႏိုင္ေသာ အပင္မ်ားအနက္ အစြမ္းအထက္ ဆုံးျဖစ္ၿပီး ေလထုအတြင္းသို႔ ေရမႈန္မ်ား မ်ားစြာထုတ္လႊတ္ ႏိုင္ျခင္းေၾကာင့္ ႏွစ္သက္ဖြယ္ဝန္းက်င္ကို
ဖန္တီးေပးႏိုင္သည္။

ျမန္မာႏိုင္ငံအတြင္းတြင္မူ ပ်ိဳးဥယ်ာဥ္ၿခံမ်ားတြင္ ဝယ္ယူရရွိႏိုင္ၿပီး ငါး႐ိုးေက်ာက္ခက္ဟု ပန္းေလာကတြင္ ေခၚေဝၚၾကသည္။

ဤအပင္မွာ လူေနမႈအရ အဆင့္ျမင့္သည့္ဟန္ပန္ လည္းေပၚၿပီး စိုက္ပ်ိဳးရလည္း အလြန္လြယ္ကူသည္။ သို႔ရာတြင္ ဂ႐ုစိုက္ရမည့္အခ်က္အခ်ိဳ႕ကား ရွိသည္။

ပထမအခ်က္အေနျဖင့္ ငါး႐ိုးေက်ာက္ခက္သည္ တိုက္႐ိုက္ေနေရာင္က်မႈကို မႀကိဳက္ေခ်။ ထို႔ေၾကာင့္ ျပတင္း ေပါက္ႏွင့္ ေဝးရာတြင္ စိုက္ပ်ိဳးရမည္ ျဖစ္၏။

မၾကာခဏ ေရျဖန္းျခင္း၊ အပင္ေျခရင္းကို ေရေလာင္း ေပးျခင္းမ်ား ျပဳလုပ္ရမည္ျဖစ္သည္။

ေျမႀကီးေျခာက္သည့္အထိ ထားပါက အ႐ြက္မ်ား ဝါကာ ေႂကြက်သြားမည္ျဖစ္ရာ အၿမဲစြတ္စိုေနရန္ ဂ႐ုစိုက္ရမည္ ျဖစ္သည္။

စြတ္စိုမႈအားေကာင္းေစရန္ ျပဳလုပ္ႏိုင္သည့္နည္းလမ္း တစ္ခုမွာ စဥ့္ဗန္းခြက္ငယ္တစ္ခုအတြင္း ေက်ာက္တုံးကေလး မ်ားႏွင့္ ေရမ်ားျဖည့္ကာ အေပၚတြင္ ပန္းအိုးကိုထားသည့္နည္း လမ္းျဖစ္သည္။

Golden Pothos (Epipremnum Aureum)


Golden Pothos ကို ျမန္မာပ်ိဳးဥယ်ာဥ္ေလာကတြင္ ေ႐ႊလာဂမုန္းဟုေခၚေလ့ရွိၾကသည္။ (အေခၚကြဲျပားႏိုင္ပါ သည္။) စိုက္ပ်ိဳးရအလြယ္ဆုံးအပင္မ်ားတြင္ ပါဝင္သည္။

တြဲေလာင္းဆြဲ ပန္းျခင္းမ်ားႏွင့္ အုတ္ေဘာင္စြန္း ပန္းစိုက္ကြက္ေနရာမ်ားတြင္ ေကာင္းစြာျဖစ္ထြန္းသည္။ နံရံ မ်ားေပၚသို႔ ႏႊယ္တက္ေအာင္လည္း ျပဳလုပ္ႏိုင္သည့္အပင္ ျဖစ္သည္။

မည္သို႔စိုက္စိုက္ မေသႏိုင္သည့္အပင္မ်ားတြင္ ပါဝင္ ျခင္းေၾကာင့္ အပင္စိုက္ပ်ိဳးသူမ်ားစြာ ေ႐ြးခ်ယ္ေလ့ရွိၾကသည့္ အပင္မ်ိဳးလည္း ျဖစ္သည္။

တိုက္႐ိုက္ေနေရာင္မက်ဘဲ ေလဝင္ေလထြက္ေကာင္း သည့္ေနရာတြင္ထားလွ်င္ ပိုမိုျဖစ္ထြန္းမည္ ျဖစ္သည္။

လွ်ပ္စစ္အလင္းေအာက္တြင္လည္း ရွင္သန္ႏိုင္သည့္ အပင္မ်ိဳးျဖစ္သည္။ ေျမႀကီးစိုစြတ္မႈကို ႏွစ္သက္ေသာ္လည္း အလြန္အကြၽံ ေရမေလာင္းရန္ ဂ႐ုျပဳရမည္ ျဖစ္သည္။

အုန္းမ်ိဳးစိတ္ဝင္ အပင္မ်ိဳးစုံ (Palm Trees )

ေနအိမ္ခန္းအတြင္း အုန္းမ်ိဳးစိတ္ဝင္အပင္တစ္မ်ိဳး မ်ိဳး ထည့္သြင္းျခင္းအားျဖင့္လည္း မုတ္သုံရာသီရနံ႔မ်ား ရယူ ႏိုင္သည္။

အုန္းမ်ိဳးစိတ္အပင္မ်ားသည္ ထိန္းသိမ္းစိုက္ပ်ိဳးရ အလြန္ လြယ္ကူသည့္အျပင္ ေလထုသန႔္စင္ႏိုင္စြမ္း ေကာင္းမြန္ ေသာ အပင္မ်ား ျဖစ္ၾကသည္။
ျမန္မာျပည္တြင္း ပ်ိဳးဥယ်ာဥ္ေဈးကြက္တြင္ အုန္းပြား၊ ဆစ္ေဆာင္ပနား အစရွိသည့္ အပင္မ်ိဳးစိတ္မ်ား ဝယ္ယူရရွိ ႏိုင္ပါသည္။

ရာဘာပင္ Rubber Plant (Ficus Elastica)

ရာဘာပင္ကိုမူ ျမန္မာျပည္ ပ်ိဳးဥယ်ာဥ္ေလာကတြင္ အတန္ၾကာစုံစမ္းဝယ္ယူမွ ရႏိုင္မည္ ျဖစ္သည္။

အလင္းေရာင္နည္းပါးေသာ အခန္းမ်ားတြင္ပင္ ေကာင္းစြာရွင္သန္ႏိုင္သည္။ အ႐ြက္မ်ားမွာ သားေရကဲ့သို႔ ေတာက္ေျပာင္ထူထဲသျဖင့္ အခန္းတြင္းတြင္ စြဲေဆာင္မႈရွိသည့္ အလွတစ္မ်ိဳးကို ေပးစြမ္းႏိုင္မည္ ျဖစ္သည္။

သစ္ခြ (Orchid)

သစ္ခြသည္ နာမည္ေက်ာ္ အိမ္တြင္းစိုက္ ပန္းပင္မ်ား ျဖစ္ၾကသည္။ အေရာင္အေသြးစုံလင္စြာ ဖူးပြင့္ၾကသည့္ ပန္းတို႔၏အလွကို ပန္းစိုက္သူမ်ား ျမတ္ႏိုးၾကသည္။

သို႔ရာတြင္ သစ္ခြစိုက္သူအမ်ားစုမွာ ထိန္းသိမ္းေစာင့္ ေရွာက္ စိုက္ပ်ိဳးနည္း မသိၾကေခ်။ အကယ္၍သာ သစ္ခြပင္ မ်ားကို မည္သို႔ထိန္းသိမ္းျပဳျပင္ရမည္ကို သိနားလည္ပါက သစ္ခြပင္မ်ားႏွင့္ ပန္းမ်ားသည္ သင့္အတြက္ အၿမဲပြင့္လန္း ေဝဆာေပးေနမည္ ျဖစ္သည္။

ေယဘုယ်အားျဖင့္ ဆိုရလွ်င္ သစ္ခြအမ်ားစုမွာ ေရ အလြန္အကြၽံေလာင္းျခင္းကို မႏွစ္သက္ဟု ဆိုႏိုင္သည္။ သစ္ခြ မွာ အပူပိုင္းမိုးသစ္ေတာမ်ားတြင္ ေပါက္ေရာက္သည့္ ဇစ္ျမစ္ မ်ားျဖစ္ျခင္းေၾကာင့္ လူအမ်ားစုက သစ္ခြမွာ ေရႀကိဳက္မည္ဟု ေတြးထင္ၾကသည္။

သို႔ရာတြင္ OrchidCare.com ၏ အဆိုအရ ေရ ေလာင္းျခင္းႏွင့္ စပ္လ်ဥ္းၿပီး အေျခခံအားျဖင့္ သစ္ခြ ၃ မ်ိဳး ရွိသည္ဟု ဆိုသည္။

ပထမတစ္မ်ိဳးမွာ အၿမဲတေစ စြတ္စိုေနျခင္းကို ႏွစ္ၿခိဳက္သည္။

ဒုတိယတစ္မ်ိဳးမွာ ေရေလာင္းသည့္တစ္ႀကိမ္ႏွင့္ တစ္ႀကိမ္အၾကား ေျခာက္လုနီးပါးအထိ ထားျခင္းကို ႏွစ္ၿခိဳက္ သည္။

တတိယတစ္မ်ိဳးမွာ ေရေလာင္းသည့္အႀကိမ္မ်ား အၾကား ေျခာက္သြားသည္အထိ ထားျခင္းကို ႏွစ္ၿခိဳက္ၾကသည္။

Peace Lilly (Spathiphyllum)

Peace Lilly ကို ျမန္မာျပည္တြင္ ရွင္သီဝလီဂမုန္းဟု ေခၚၾကသည္။ အိမ္တြင္းတြင္ ရွင္သန္ဖူးပြင့္ႏိုင္ၿပီး အလင္း ေရာင္နည္းပါးျခင္းကိုလည္း ခံႏိုင္ရည္ရွိသည္။

ေလထုအတြင္း ေရမႈန္ျမဴမ်ား ထုတ္လႊတ္ေလ့ရွိၿပီး ထိန္းသိမ္းေစာင့္ေရွာက္ရမႈ နည္းပါးကာ တစ္ႏွစ္တာပတ္လုံး ပန္းမ်ားပြင့္ေလ့ရွိသည္။

Peace Lilly သည္ Boston ferns နီးပါး ေလထု သန႔္စင္ႏိုင္မႈ အဆင့္ျမင့္မားသည့္ အပင္ျဖစ္သည္။

Umbrella Tree
(Schefflera Brassaia Actinophylla)

Umbrella Tree ကို ျမန္မာပ်ိဳးဥယ်ာဥ္ေလာကတြင္ စုံမပင္ဟု ေခၚေလ့ရွိၾကသည္။

ယင္းသို႔ေခၚရျခင္း၏ အေၾကာင္းရင္းမွာ အ႐ြက္အုံ တစ္ခုတြင္ အ႐ြက္ေရ စုံဂဏန္းျဖစ္ေနၿပီး အျခားတစ္အုံတြင္မူ မဂဏန္းျဖစ္ေနေလ့ရွိျခင္းေၾကာင့္ ျဖစ္သည္။

၈ ေပမွ အထက္အထိ ျမင့္မားစြာ ေပါက္ေရာက္ ေလ့ရွိသည့္ အပင္မ်ိဳးျဖစ္ေသာ္လည္း ေနအိမ္တြင္းတြင္ စိုက္ပ်ိဳး ႏိုင္မည့္ အပင္ငယ္မ်ားကို ပ်ိဳးဥယ်ာဥ္မ်ားတြင္ အလြယ္တကူ ဝယ္ယူရရွိႏိုင္ပါသည္။

အလင္းေရာင္ကို ႏွစ္သက္ေသာ္လည္း အရိပ္က် သည့္ေနရာမ်ားတြင္လည္း ေကာင္းစြာရွင္သန္မႈရွိသည္။

Dumb Cane


Dumb Cane ကို ျမန္မာပန္းသမားမ်ားက မယ္ေတာ္ ႀကီးဂမုန္းဟု ေခၚေလ့ရွိၾကသည္။ (အေခၚကြဲျပားႏိုင္ပါသည္။)

အ႐ြက္မ်ားတြင္ အစိမ္း၊ အျဖဴႏွင့္ အဝါေပ်ာက္တို႔ ေရာယွက္ ေနသည့္ လွပေသာ indoor ပင္ျဖစ္ၿပီး ေနေရာင္တစ္ဝက္၊ အရိပ္တစ္ဝက္ရွိသည့္ေနရာမ်ားတြင္ ေကာင္းစြာျဖစ္ထြန္း သည္။

သတိျပဳရမည့္အခ်က္မွာ စားေသာက္မိပါက လူမ်ား ပင္ အဆိပ္သင့္တတ္ျခင္း ျဖစ္သည္။

Dumb Cane ဟူေသာ မူရင္းအမည္အတိုင္းပင္ စားမိပါက စကားမေျပာႏိုင္သည္အထိ ျဖစ္သြားႏိုင္သည္ဟု ဆိုသည္။

အပင္၏ အေစးမ်ားႏွင့္ ထိမိပါက လက္ကို ေရျဖင့္ စင္ၾကယ္ေအာင္ အေသအခ်ာေဆးေၾကာေပးရန္ လိုေလသည္။
သာမန္အဆင့္ထက္ပိုသည့္ ေလသန႔္စင္ႏိုင္စြမ္းရွိသည္။

Red Emerald (Philodendron Erubescens)

Red Emerald ကို ပ်ိဳးဥယ်ာဥ္ေလာကတြင္ ပိန္းပန္းဟု ေခၚေလ့ရွိၾကသည္။ စိုက္ပ်ိဳးရလြယ္ကူၿပီး အလင္းေရာင္ နည္းပါးသည့္ေနရာမ်ားတြင္လည္း ေကာင္းစြာရွင္သန္ႏိုင္ သည္။ အရိပ္ရကာ ေႏြးေထြးသည့္ေနရာမ်ားတြင္အေကာင္း ဆုံးျဖစ္ထြန္းသည္။

ဤေဆာင္းပါးအတြက္ လိုအပ္သည့္အခ်က္အလက္မ်ား ကူညီေပးခဲ့သည့္ သုခဝတီပ်ိဳးဥယ်ာဥ္ၿခံမွာ ကိုေဇာ္ႏွင့္ မေႏြးေႏြး တို႔ကို အထူးေက်းဇူးတင္ရွိပါသည္။

ေရွရီ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)