1998 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ပန္းပင္ေလးမ်ားနဲ႔ သင့္အိပ္ခန္းကိုအလွဆင္ရင္း အိပ္ရေအာင္

[Zawgyi]

သင့္ကို အိပ္ေပ်ာ္ေစမယ့္ ပန္းပင္ေလးမ်ား

အလုပ္ေတြမ်ားရာက စိတ္ဖိစီးမႈေတြမ်ား၊ စိတ္ဖိစီးမႈေတြမ်ားေနၿပီဆိုရင္ ေသခ်ာပါတယ္။ သင္ အိပ္ေပ်ာ္ဖို႔ လြယ္မယ္မထင္ေတာ့ပါဘူး။ အဲဒီေတာ့ ဒီျပႆနာကို သင္ဘယ္လိုေျဖရွင္းဖို႔ စဥ္းစားထားပါသလဲ။ အိပ္ေဆးေသာက္အိပ္တယ္ဆိုတာ မွန္ကန္တဲ့ေျဖရွင္းနည္းတစ္ခုေတာ့ မဟုတ္ပါဘူး။ မ်က္လံုးအတင္းႀကိတ္မွိတ္ပိတ္ထားလည္း မအိပ္ေပ်ာ္ႏိုင္ဘူးျဖစ္ေနတဲ့ ျပႆနာကို သင့္ရဲ႕အခန္းထဲမွာ ပန္းပင္ေလးေတြတစ္ခ်ိဳ႕ကို ထားေပးျခင္းအားျဖင့္ သင့္အခန္းအတြက္ အနံ႔အသက္နဲ႔ ဒီဇိုင္းပိုင္းကိုေရာ၊ က်န္းမာေရးအတြက္ကိုေရာ အားလံုးအဆင္ေျပသြားမွာမို႔ အခုေဖာ္ျပမယ့္ပန္းပင္းေလးေတြထဲကေန သင္ ႀကိဳက္ႏွစ္သက္ရာကို ေရြးခ်ယ္လိုက္ႏိုင္ပါတယ္။

စံပယ္ပင္ေလးမ်ား

ပန္းပင္ေလးမ်ားနဲ႔ သင့္အိပ္ခန္းကိုအလွဆင္ရင္း အိပ္ရေအာင္

စံပယ္ပန္းေလးေတြကိုေတာ့ မႀကိဳက္တဲ့သူမရွိႏုိင္ေလာက္ေအာင္ ရွားမယ္လို႔ ထင္ပါတယ္။ သူ႔ရဲ႕အနံ႔အသက္ေလးက စိတ္ပိုင္းဆိုင္ရာကိုလည္း ေတာ္ေတာ္အေထာက္အကူျပဳေပးပါတယ္။

ပန္းပင္ေလးမ်ားနဲ႔ သင့္အိပ္ခန္းကိုအလွဆင္ရင္း အိပ္ရေအာင္

သူက ညဘက္မွာ သင့္ကို ေကာင္းမြန္စြာအိပ္စက္ႏို္င္ေအာင္လို႔ အကူအညီေပးမယ့္အျပင္ ေန႔ဘက္ဆိုရင္ေတာ့ သင့္ရဲ႕စိတ္ကို လန္းဆန္းဖို႔အတြက္ အေထာက္အကူေပးပါလိမ့္မယ္။

လီလီပင္ေလးမ်ား

ပန္းပင္ေလးမ်ားနဲ႔ သင့္အိပ္ခန္းကိုအလွဆင္ရင္း အိပ္ရေအာင္

လီလီကို ေရြးခ်ယ္မယ္ဆိုရင္ေတာ့ သင့္ကို အျမင္ေအးေစမွာျဖစ္ၿပီး သူကလည္း သင့္ကို အိပ္ေပ်ာ္ေစႏိုင္မယ့္ ေနာက္ထပ္ နည္းလမ္းတစ္ခုပါပဲ။ သူက သင့္ကို ညဘက္ေတြမွာ ဘယ္လိုမွအိပ္လို႔မရေအာင္ အေႏွာက္အယွက္ေပးမယ့္ကိုယ္တြင္းေျပာင္းလဲမႈေတြကို ဟန္႔တားေပးမွာျဖစ္လို႔ သင့္အတြက္ စိတ္ခ်ရတဲ့ ေဆးတစ္မ်ိဳးပဲျဖစ္ပါတယ္။

ရွားေစာင္းလက္ပတ္ပင္ေလးမ်ား

ပန္းပင္ေလးမ်ားနဲ႔ သင့္အိပ္ခန္းကိုအလွဆင္ရင္း အိပ္ရေအာင္

ရွားေစာင္းလက္ပတ္ပင္ေလးေတြကေတာ့ မ်ားေသာအားျဖင့္ အိပ္ခန္းထဲမွာ ထားေလ့သိပ္မရွိၾကပါဘူး။ ဒါေပမယ့္ သူက သင့္ရဲ႕ အခန္းတြင္းက မေကာင္းတဲ့အနံ႔အသက္ေတြကို ဖယ္ရွားေပးႏိုင္စြမ္းရွိတယ္ဆိုတာကို သိၿပီးၾကၿပီလား။

ပန္းပင္ေလးမ်ားနဲ႔ သင့္အိပ္ခန္းကိုအလွဆင္ရင္း အိပ္ရေအာင္

 

ရွားေစာင္းလက္ပတ္ပင္ေလးေတြကို ေနအလင္းေရာင္အမ်ားဆံုးထိေတြ႕ႏိုင္မယ့္ ျပတင္းတံခါးေလးေတြအနားမွာ ထားေပးျခင္းအားျဖင့္ ညေရးညတာေတြမွာ သင္ သက္ေသာင့္သက္သာ အိပ္စက္ေစႏိုင္ဖို႔ ကူညီပါလိမ့္မယ္။

ဇီဇ၀ါပင္ေလးမ်ား

ပန္းပင္ေလးမ်ားနဲ႔ သင့္အိပ္ခန္းကိုအလွဆင္ရင္း အိပ္ရေအာင္

သူကေတာ့ အိပ္ခန္းအတြက္ အလွပန္းအိုးထားၾကရာမွာ ေရြးခ်ယ္မႈႏႈန္းမ်ားၾကတယ္လို႔လည္း ဆိုပါတယ္။ ဇီဇ၀ါပန္းေလးေတြက လွပတယ္။ ေနာက္ၿပီး သင္ အိပ္မေပ်ာ္ဘူးဆိုရင္လည္း သူက ေကာင္းေကာင္းအိပ္ေပ်ာ္ႏိုင္ေအာင္ ကူညီေပးႏိုင္ပါတယ္တဲ့ေနာ္။ ဇီဇ၀ါပင္ေလးေတြကို ေရြးခ်ယ္မယ္ဆိုရင္ေတာ့ သူ လွပလန္းဆန္းေနဖို႔အတြက္ သင့္ရဲ႕အခန္းက အလင္းေရာင္ျပည့္၀တဲ့အခန္းျဖစ္ဖို႔ေတာ့ လိုပါလိမ့္မယ္။

ပန္းပင္ေလးမ်ားနဲ႔ သင့္အိပ္ခန္းကိုအလွဆင္ရင္း အိပ္ရေအာင္

ဒါကေတာ့ သင့္ကို ေကာင္းမြန္စြာနဲ႔ အိပ္ေပ်ာ္ေစႏိုင္မယ့္ နတ္ေဆးပင္ေလးေတြပါပဲ။ ရွာ၀ယ္လို႔ အဆင္မေျပတဲ့ ပန္းပင္မ်ိဳးေလးေတြအတြက္လည္း စိတ္မပူပါနဲ႔။ သူ႔ရဲ႕ ရနံ႔နဲ႔ ေဖာ္စပ္ထားတဲ့ အခန္းတြင္းသံုးအေမႊးနံ႔သာပစၥည္းေတြနဲ႔ ေရေမႊးေလးေတြကို လြယ္လြယ္ကူကူရွာ၀ယ္လို႔ရေနတာေၾကာင့္လည္း သင့္အတြက္ အဆင္ေျပမွာပါ။ ေကာင္းမြန္စြာ အိပ္ေပ်ာ္ၾကပါေစ။


Credit: MODA

 

[Unicode]

သင့်ကို အိပ်ပျော်စေမယ့် ပန်းပင်လေးများ

အလုပ်တွေများရာက စိတ်ဖိစီးမှုတွေများ၊ စိတ်ဖိစီးမှုတွေများနေပြီဆိုရင် သေချာပါတယ်။ သင် အိပ်ပျော်ဖို့ လွယ်မယ်မထင်တော့ပါဘူး။ အဲဒီတော့ ဒီပြဿနာကို သင်ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားပါသလဲ။ အိပ်ဆေးသောက်အိပ်တယ်ဆိုတာ မှန်ကန်တဲ့ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ပါဘူး။ မျက်လုံးအတင်းကြိတ်မှိတ်ပိတ်ထားလည်း မအိပ်ပျော်နိုင်ဘူးဖြစ်နေတဲ့ ပြဿနာကို သင့်ရဲ့အခန်းထဲမှာ ပန်းပင်လေးတွေတစ်ချို့ကို ထားပေးခြင်းအားဖြင့် သင့်အခန်းအတွက် အနံ့အသက်နဲ့ ဒီဇိုင်းပိုင်းကိုရော၊ ကျန်းမာရေးအတွက်ကိုရော အားလုံးအဆင်ပြေသွားမှာမို့ အခုဖော်ပြမယ့်ပန်းပင်းလေးတွေထဲကနေ သင် ကြိုက်နှစ်သက်ရာကို ရွေးချယ်လိုက်နိုင်ပါတယ်။

စံပယ်ပင်လေးများ

စံပယ်ပန်းလေးတွေကိုတော့ မကြိုက်တဲ့သူမရှိနိုင်လောက်အောင် ရှားမယ်လို့ ထင်ပါတယ်။ သူ့ရဲ့အနံ့အသက်လေးက စိတ်ပိုင်းဆိုင်ရာကိုလည်း တော်တော်အထောက်အကူပြုပေးပါတယ်။ သူက ညဘက်မှာ သင့်ကို ကောင်းမွန်စွာအိပ်စက်နိုင်အောင်လို့ အကူအညီပေးမယ့်အပြင် နေ့ဘက်ဆိုရင်တော့ သင့်ရဲ့စိတ်ကို လန်းဆန်းဖို့အတွက် အထောက်အကူပေးပါလိမ့်မယ်။

လီလီပင်လေးများ

လီလီကို ရွေးချယ်မယ်ဆိုရင်တော့ သင့်ကို အမြင်အေးစေမှာဖြစ်ပြီး သူကလည်း သင့်ကို အိပ်ပျော်စေနိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခုပါပဲ။ သူက သင့်ကို ညဘက်တွေမှာ ဘယ်လိုမှအိပ်လို့မရအောင် အနှောက်အယှက်ပေးမယ့်ကိုယ်တွင်းပြောင်းလဲမှုတွေကို ဟန့်တားပေးမှာဖြစ်လို့ သင့်အတွက် စိတ်ချရတဲ့ ဆေးတစ်မျိုးပဲဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်ပင်လေးများ

ရှားစောင်းလက်ပတ်ပင်လေးတွေကတော့ များသောအားဖြင့် အိပ်ခန်းထဲမှာ ထားလေ့သိပ်မရှိကြပါဘူး။ ဒါပေမယ့် သူက သင့်ရဲ့ အခန်းတွင်းက မကောင်းတဲ့အနံ့အသက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတယ်ဆိုတာကို သိပြီးကြပြီလား။ ရှားစောင်းလက်ပတ်ပင်လေးတွေကို နေအလင်းရောင်အများဆုံးထိတွေ့နိုင်မယ့် ပြတင်းတံခါးလေးတွေအနားမှာ ထားပေးခြင်းအားဖြင့် ညရေးညတာတွေမှာ သင် သက်သောင့်သက်သာ အိပ်စက်စေနိုင်ဖို့ ကူညီပါလိမ့်မယ်။

ဇီဇဝါပင်လေးများ

သူကတော့ အိပ်ခန်းအတွက် အလှပန်းအိုးထားကြရာမှာ ရွေးချယ်မှုနှုန်းများကြတယ်လို့လည်း ဆိုပါတယ်။ ဇီဇဝါပန်းလေးတွေက လှပတယ်။ နောက်ပြီး သင် အိပ်မပျော်ဘူးဆိုရင်လည်း သူက ကောင်းကောင်းအိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်တဲ့နော်။ ဇီဇဝါပင်လေးတွေကို ရွေးချယ်မယ်ဆိုရင်တော့ သူ လှပလန်းဆန်းနေဖို့အတွက် သင့်ရဲ့အခန်းက အလင်းရောင်ပြည့်ဝတဲ့အခန်းဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

ဒါကတော့ သင့်ကို ကောင်းမွန်စွာနဲ့ အိပ်ပျော်စေနိုင်မယ့် နတ်ဆေးပင်လေးတွေပါပဲ။ ရှာဝယ်လို့ အဆင်မပြေတဲ့ ပန်းပင်မျိုးလေးတွေအတွက်လည်း စိတ်မပူပါနဲ့။ သူ့ရဲ့ ရနံ့နဲ့ ဖော်စပ်ထားတဲ့ အခန်းတွင်းသုံးအမွှေးနံ့သာပစ္စည်းတွေနဲ့ ရေမွှေးလေးတွေကို လွယ်လွယ်ကူကူရှာဝယ်လို့ရနေတာကြောင့်လည်း သင့်အတွက် အဆင်ပြေမှာပါ။ ကောင်းမွန်စွာ အိပ်ပျော်ကြပါစေ။


Credit: MODA

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)