1932 ကြိမ် ကြည့်ရှု့ ပြီး

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ကလေးလေးတွေကို လှပသပ်ရပ်တဲ့ အခန်းကောင်းကောင်းလေးနဲ့ ထားပေးတာဟာ သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ ဥာဏ်အမြော်အမြင်အပေါ် သင်တို့ သတိမထားမိလိုက်ပဲ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ တီထွင်ဖန်တီးမှုဆိုတဲ့ Creative Idea ကောင်းကောင်းလေးနဲ့ ဆင်မြန်းထားတဲ့ အခန်းလေးတွေက ကလေးတွေကို ဥာဏ်ကောင်းစေတယ်။ နောက်ပြီး ပျော်ရွှင်စေတယ်။ ဒါကြောင့် သင်ဟာ မိဘဖြစ်တော့မယ်ဆိုရင် ဒီကလေးလေးမွေးဖွားလာတာနဲ့ သူတို့ကို ဘယ်လိုပုံစံအခန်းလေးထဲကနေ အရွယ်ရောက်ကြီးပြင်းလာစေချင်လဲဆိုတာကို သင်တို့ကိုယ်တိုင် ဆုံးဖြတ်ပေးရမယ့် ကိစ္စပါ။ ကလေးလေးတွေ ပျော်ရွှင်ရုံသာမက ဥာဏ်ကောင်းပြီးကျန်းမာစေနိုင်မယ့် အခန်းပုံစံလေးတွေ ဖန်တီးပေးတဲ့နေရာမှာ အဲဒီ့အတွက် သင်တို့လိုအပ်မယ်ထင်တဲ့ Decoration Idea တွေကို MODA ကနေ မျှဝေပေးလိုက်ပါတယ်။

Toys Box

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ကလေးတွေရဲ့ အခန်းထဲမှာ အလိုအပ်ဆုံးဆိုရင် သူတို့အရုပ်လေးတွေထည့်ဖို့ Toys Box ကို မေ့ထားလို့မရဘူး ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကလေးတွေအတွက် အရုပ်တွေ တစ်စုတစ်စည်းထဲထားဖို့ Toys Box ဟာ သူတို့လေးတွေအတွက် စည်းကမ်းဆိုတာကို သင်ကြားပေးမှာပါ။ ဆော့ပြီးရင် သူတို့နေရာရှိတယ်။ သူတို့နေရာကို သိမ်းရမယ်ဆိုတဲ့အသိကို ကလေးတွေခေါင်းထဲထည့်ပေးမှာ ဖြစ်လို့ အရုပ်ဗီဒိုမထားပေးနိုင်ရင်တောင်မှ အရုပ်သေတ္တာလေးတွေ ထားပေးသင့်ပါတယ်။ နေရာကျဉ်းတယ်ဆိုရင် နံရံကပ်စင်လေးတွေနဲ့ဆိုလည်း အဆင်ပြေပါတယ်။

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

Fun Colours

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ထူးခြားဆန်းပြားတဲ့အရောင်လေးတွေက ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့အခန်းလို့ ဆိုလိုက်တာနဲ့ Crazy Colour လေးတွေ ရွေးချယ်သင့်ပါတယ်။ သူတို့ကို ပျော်ရွှင်ပြီး စိတ်ကြည်လင်လန်းဆန်းနေဖို့ဆိုရင် လွင်တဲ့အရောင်လေးတွေ အထူးသဖြင့် အပြာရောင်၊ အ၀ါရောင်၊ အစိမ်းရောင်နဲ့ ပန်းရောင်လေးတွေကို ရွေးချယ်ခြယ်မှုန်းသင့်ပါတယ်။ လိုက်ကာလေးတွေ တပ်မယ်ဆိုလည်း ဒီအတိုင်းပဲ ရွေးချယ်လိုက်ပါ။ ညစ်တစ်တစ်အရောင်တွေ၊ မှိုင်းတဲ့အရောင်တွေကတော့ သူတို့လေးတွေရဲ့ စိတ်ကိုလည်း ထုံထိုင်းပြီးပင်ပန်းစေပါလိမ့်မယ်။

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

Personalized Fun

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ကလေးလေးတွေ နည်းနည်းသိတတ်လာတဲ့အရွယ်ရောက်လာခဲ့ရင် ကလေးတွေရဲ့ အခန်းထဲမှာ သူကြိုက်တဲ့ပစ္စည်းလေးတွေ ထည့်သွင်းပြီး သူတို့ကိုယ်တိုင် အလှဆင်တတ်လာပါလိမ့်မယ်။ သင့်ရဲ့ကလေးလေးက အားကစားဝါသနာပါရင် အခန်းထဲမှာ အားကစားအကျတွေကို ပင်အပ်နဲ့ တွယ်ထားတာမျိုးတွေ၊ အနုပညာဝါသနာပါရင်တော့ ပန်းချီကားလေးတွေ စုတတ်လာတာမျိုးတွေ စတာလေးတွေလည်း သူတို့လေးတွေ လုပ်တတ်လာတဲ့အခါမှာလည်း သူတို့ရဲ့ Creative Idea တွေကို မကန့်ကွက်ပဲ လက်ခံပေးခြင်းအားဖြင့် ကလေးလေးရဲ့အခန်းထဲကနေ လူငယ်တစ်ဦးရဲ့ ခပ်မိုက်မိုက်အခန်းလေးတစ်ခန်းအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲသွားတာကလည်း လှပတဲ့ပြောင်းလဲမှုလေးတစ်ခုပါပဲ။

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

The World

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

နောက်တစ်ခု အကြံပေးချင်တာကတော့ ကလေးတွေရဲ့ အခန်း Wallpaper နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရောင်စုံတိရစ္ဆာန်ကောင်ပုံလေးတွေ ဒါမှမဟုတ် ကလေးကြိုက်ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ဗဟုသုတရဖွယ် ကမ္ဘာတစ်ခွင်က စိတ်ဝင်စားစရာပစ္စည်းမျိုးစုံနဲ့ အလှဆင်ပေးမယ်ဆိုရင်တော့ သူတို့လေးတွေရဲ့ သင်ကြားမှုအထောက်အကူပြု အခန်းလေးတစ်ခန်းကို ရပါလိမ့်မယ်။ သူတို့နေ့စဉ် ကျောင်းခန်းထဲမှာ သင်ကြားရတဲ့ ပညာရေးဟာ သူတို့အတွက် တကူးတက လေ့လာရတဲ့သင်ခန်းစာမျိုးတွေမဟုတ်ပဲ နေ့စဉ်မြင်တွေ့နေကျ ကိုယ်ပိုင်အခန်းလေးထဲက သူချစ်တဲ့ အသုံးအဆောင်ပစ္စည်းပေါ်က ချစ်စရာ Sticker လေးတွေ ဖြစ်နေမှာပါ။

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

Little Library

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ကလေးလေးတွေရဲ့ အခန်းထဲမှာ လိုအပ်တဲ့ နောက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ စာအုပ်စင်နဲ့ စာကြည့်စားပွဲပါ။ ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်လေးတွေအတွက်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်အခန်းဆိုတာဟာ သူတို့ရဲ့ ကမ္ဘာငယ်လေးတစ်ခုပါပဲ။ ဒါကြောင့် သူတို့ရဲ့ ကမ္ဘာငယ်လေးထဲမှာ စာကြည့်တိုက်ငယ်လေး ထည့်ပေးလိုက်ပါ။ ကလေးတွေအတွက် စာအုပ်စာပေဆိုတာ ကြောက်စရာ၊ ပျင်းစရာမဟုတ်ပဲ သူတို့ နေ့စဉ်ထိတွေ့နေကျနေရာတစ်ခုအဖြစ် ရှိနေသင့်တယ် မဟုတ်လား။

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ချစ်စရာကောင်းပြီး အဓိပ္ပာယ်အပြည့်နဲ့ KID’S ROOM IDEAS

ဒီလအတွက်ကတော့ မကြာခင်မှာ သားသားမီးမီးလေးတွေရရှိလာတော့မယ့် ဖေဖေမေမေတို့အတွက် Kid’s Room Idea လေးတွေကို ရွေးချယ်ပြောပြပေးလိုက်ပါတယ်။ ကလေးတွေရဲ့ အနေအထိုင်အပြုအမူက ဒီကလေးလေးတွေရဲ့ ပင်ကိုယ်စရိုက်အဖြစ် အတူတူတစ်ပါတည်း အရွယ်ရောက်သွားမှာမို့လို့ လှလည်းလှ အဓိပ္ပာယ်လည်းရှိတဲ့ Interior Design လေးတွေက သင့်ရဲ့ ကလေးလေးတွေအတွက် အထောက်အကူပြုမှာ အသေအချာပါပဲ။


Credit: MODA


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)