2055 ကြိမ် ကြည့်ရှု့ ပြီး

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ

မကြာသေးမီက ခရီးထွက်ဖြစ်တဲ့အခါ အိမ်ထဲမှာတောက်ပလွန်းတဲ့အရောင်တွေကို အသုံးပြုပြီး ဘယ်လိုလှပအောင်ပြုပြင်လို့ရမလဲဆိုတဲ့အချက်ကို တွေးတောစေမိ ခဲ့ပါသည်။ တောက်ပလွန်တဲ့ အရောင်တွေကို အလင်းအမှောင်၊ အရောင်အနုအရင့်လိုက်ပြီးလှပအောင်ဖန်တီးဖို့အတွက် ရေချိုးခန်းက အသင့်တော်ဆုံး နေရာပါပဲ။

၁၉၅ဝပြည့်နှစ် ဝန်းကျင်လောက်ကလို အရောင်အတောင်ရေချိုးခန်းမျိုးကို မနှစ်သက်ဘူးဆိုရင် ဒီအ ရောင်တောက်တောက်တွေနဲ့ပဲ လှပအောင်ဖန်တီးလို့ရမယ့် တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အလွန်အကျွံတော့ မလုပ်မိပါစေနဲ့။ ဒါဆိုရင် တောက်ပတဲ့အရောင်တွေကို အသုံးပြုပြီး ဘယ်လိုလှပအောင်ဖန် တီးကြမလဲဆိုတဲ့ ဒီဇိုင်နာတွေရဲ့ လမ်းညွှန်ချက် ၁ဝချက်ကို လေ့လာကြည့်လိုက်ရအောင်။

၁။ ဝင့်ဝါမှုများကို ပိုမိုတောက်ပစေခြင်း

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ
ပုံမှာပြထားတဲ့အတိုင်း ဒီရေချိုးခန်းရဲ့ ဝင့်ဝါမှုတွေကို ပိုပြီးတောက်ပသွားအောင် ပြုလုပ်ပေးလိုက်ပါ။ ဖန်ထည် ဗီရိုတံခါးလက်ကိုင်နဲ့ တခြားဖန်ထည်ပစ္စည်းတွေကို အသုံးပြုပေးရင် ကိုယ်ရွေးချယ်ထားတဲ့ ကြေးရောင်ကိုလည်း မထိရောက်စေဘဲ ခေတ်ဟောင်းကာလကိုရောက်ရှိသွားတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ

တစ်ဆက်တည်း ရေချိုးခန်းရဲ့ခန်းဆီးလိုက်ကာကိုလည်း ပီပီပြင်ပြင်ရှင်းရှင်းလင်းလင်းရှိတဲ့ ပန်းချီဒီဇိုင်း ခြယ်သထားတဲ့ ရေချိုးခန်းလိုက်ကာနဲ့ ပြောင်းလဲအသုံးပြုပြီး ပြီးပြည့်စုံမှုကို ခံစားကြည့်လိုက်ပါ။

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ

၂။ သဘာဝပစ္စည်းများနှင့် တွဲဖက်ခြင်း

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ
ပင်လယ်မှန်ပြာနဲ့ ရေမျောကမ်းတင် သစ်သားကိုတွဲဖက်အသုံးပြုခြင်းက နံရံမှာအပြာရောင် အရိပ် လေးတွေကို ဖြစ်ပေါ်စေပါသည်။ ဒီအပြာရောင်အရိပ်လေးတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအပြာရောင်အရိပ်တွေ က ရေမျောကမ်းတင်သစ်သားရဲ့သဘာဝအရောင်အသွေးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီးတော့ ကွဲပြားခြားနား တဲ့ရသကို ပေးစွမ်းနိုင်တာကြောင့် ရေချိုးခန်းကို တစ်မျိုးတစ်ဖုံလှပသွားစေမှာပါ။

ပုံမှာဖော်ပြထားတဲ့ လက်လုပ်ကြွေပြားလေးတွေက အရောင်စုံလှိုင်းလေးတွေသွားနေတဲ့ သဏ္ဍာန်ဖြစ် ပေါ်စေပါသည်။ ဒီနေရာမှာလည်းသဘာဝသစ်သားနဲ့ တောက်ပတဲ့အရောင်တွေကအားကောင်းတဲ့ အရောင် ပေါင်းစပ်မှုကို ဖြစ်ပေါ်စေတာ တွေ့မြင်ရမှာပါ။

၃။ မျက်နှာကျက်ကိုအလှဆင်ခြင်း

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ


ဒီဇိုင်းနာတွေက ပဉ္စမမြောက်နံရံအဖြစ်ရည်ညွှန်းကြတဲ့ မျက်နှာကျက်ကို အလှဆင်ဖို့မေ့နေတတ်ကြ ပါတယ်။ ဒီရေချိုးခန်းထဲမှာဆိုရင် တောက်ပတဲ့အရောင်တွေကို မျက်နှာကျက်မှာ လည်းတွေ့ မြင်နိုင်ပါတယ်။

၎။ ကြမ်းပြင်ကိုအလှဆင်ခြင်း

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ


ပုံမှန်ပြထားတဲ့ ရေချိုးခန်းကိုကြည့်လိုက်ရင် ရေချိုးခန်းကြမ်းပြင်ကို အပြာရောင်ကြွေပြားတွေနဲ့ အလှ ဆင်ထားတာ တွေ့မြင်ရမှာပါ။ အနားသပ်အကွပ်တွေခြားခြားပြီး အပြာရောင်ကြွေပြားတွေချည်းပဲ ထပ်ခါထပ်ခါ အသုံးပြုထားတာကြောင့် ရေချိုးခန်းလေးက နှစ်လိုဖွယ်ရာ ကောင်းနေပါလိမ့်မယ်။

၅။ ကြွေပြားအရောင်များကို လိုက်ဖက်အောင်ဖန်တီးခြင်း

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ

ပုံမှာပြထားတဲ့ ရေချိုးကန်ဘေးပတ်လည်နေရာတွေနဲ့ နံရံကလိုင်ပေါက်နောက်ဘက်တွေကို အခုလိုပြု လုပ်ထားခြင်းက ရေချိုးခန်းကိုပိုပြီးကြည့်ကောင်းသွားစေပါတယ်။ ရေချိုးခန်း ပြတင်းပေါက်ကိုလည်း ခေါက်ချိုးညီ အနေထားဖြစ်အောင် ပြုလုပ်ခြင်းက ရေချိုးခန်းလေးကို တင့်တယ်လှပသွားစေမှာပါ။ ဒီလို ဆွဲဆောင်မှုအပြည့်ရှိတဲ့ ရေချိုးခန်းနံရံတွေက အခန်းရဲ့အဆုံးထိလိုက်မကြည့်ဘဲ မနေနိုင်လောက် အောင်ကို ညှို့ငင်နိုင်စွမ်းရှိပါတယ်။

၆။ ရောင်စုံပန်းချီကားနောက်ခံ

 

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ
အမျိုးသမီးသန့်စင်ခန်းတစ်ခန်းမှာ ရောင်စုံပန်းချီကားနောက်ခံက အနုပညာလက်ရာတစ်ခုအသွင် ဆောင်နေမှာပါ။

၇။ ဗီရိုလက်ကိုင်တပ်ဆင်ခြင်း

မှန်အစားထိုးပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ ဗီရိုလက်ကိုင်တွေပြောင်းလဲတပ်ဆင်လိုက်ရင် ပုံမှာပြထား သလို အပြင်အဆင်ထူးခြားတဲ့ ဒီရေချိုးခန်းက ဂန္တဝင်ဆန်တဲ့ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာပါ။

၈။ ပေါ်လွင်ထင်ရှားတဲ့ဒီဇိုင်းနဲ့ရက်ထည်ကော်ဇော

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ


သစ်သားဒီဇိုင်းနဲ့ လှိုင်းတွန့်ပုံရိုက်နှိပ်ထားတဲ့ ရက်ထည်ကော်ဇော၊ မလင်းလွန်းမမှောင်လွန်းတဲ့ အလင်း ရောင်၊ အရောင်ရင့်တဲ့ သစ်သားနံရံ ဒါတွေအားလုံးပေါင်းစပ်ဖန်တီးထားတဲ့ အခန်းပြင်အဆင်မှာ မျက်နှာသုတ် ပဝါ၊ လည်ရှည်ရေကရားတို့လို အသေးစားအသုံးအဆောင်ပစ္စည်းလေးတွေ ထားလိုက်မယ်ဆိုရင် လွမ်းမော ဖွယ်ရာကောင်းတဲ့ရေချိုးခန်းငယ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။

၉။ နံရံကလိုင်ပေါက်ထဲမှအသုံးအဆောင်ပစ္စည်းများ

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ
ပင်လယ်ပြာမှန်လိုအရောင်အသွေးရှိတဲ့ ပန်းအိုးနဲ့ပန်းကန်လုံးတွေက အခန်းရဲ့အရောင်အသွေးကို ပိုမို တောက်ပစေပြီးတော့ အလင်းလည်းပြန်စေပါတယ်။

၁၀။ နံရံကပ်စက္ကူများ

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ


ရေချိုးခန်းတစ်ခန်းကို အရောင်အသွေး ပိုမိုတောက်ပအောင်လုပ်ဖို့ဆိုရင် နံရံကပ်စက္ကူ အသုံးပြုခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ နံရံကပ်စက္ကူအပြည့်ကပ်ထားတဲ့ ရေချိုးခန်းထဲမှာ လေဝင်လေထွက် ကောင်းအောင်ပဲ အဓိကထားလုပ်ပါ။ ဒါမှရေနွေးငွေ့ရေပန်းတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၁၁။ ဗီရိုပေါ်မှာအလှဆင်ပါ။

ရေချိုးခန်းထဲမှာ ဘာလို့ တောက်ပတဲ့အရောင်တွေသုံးသင့်တာလဲ

ပုံမှာပြထားတဲ့ဗီရိုပေါ်က အပြင်အဆင်ကိုအင်တာနက်ကနေပရင့်ထုတ်ထားတဲ့ ဓာတ်ပုံတစ်ပုံထဲကအတိုင်း စတီးတွေအသုံးပြုထားပြီး ဗီရိုအပေါ်မှာလည်း မှန်တစ်ချပ်ထားထားပါသေးတယ်။ ဖန်လက်ဆေးကန် ကိုလည်း ထားထားတာကြောင့် အိမ်ထဲမှာ မှန်နဲ့ပြုလုပ်ထားတဲ့အရာတွေအမျိုးမျိုးနဲ့ ပြည့်နှက်နေပြီး ကြည့်ရတာ သိပ်ကိုမျက်စိပဒါသဖြစ်နေမှာပါ။

 

Credit:  mm-homedecor


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)