1472 ကြိမ် ကြည့်ရှု့ ပြီး

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ

နွေဦးပေါက်ကာလများနှင့် နွေသို့ရောက်ပြီဆို လျှင် ကျွန်မသည် အိမ်နောက်ဘက်ခြံဝန်း သို့ သွားကာ မြင်ကွင်းကို အလုံးစုံပြောင်းလဲပစ်ပြီး လှပသာယာအောင် မည်သို့မွမ်းမံစိုက်ပျိုးရမည်ကို တွေးဆပြီးနောက် မွမ်းမံ မှုများ ပြုလုပ်လေ့ရှိခဲ့ပါသည်။

သို့ရာတွင် ကျွန်မသုံးစွဲနိုင်သည့် ငွေမှာအကန့်အသတ် ရှိသောကြောင့် တစ်ရာသီလျှင် မွမ်းမံမှုတစ်ခုခန့်သာ ပြုလုပ် ကာ စခန်းသိမ်းသွားလေ့ရှိခဲ့သည်။

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ
ကျွန်မ၏ အိမ်နောက်ဘက်ခြံဝန်းလေးမှာ အ၀ါရောင်ကဲနေသည်ဟု ခံစားရ၏။ အိမ်နောက်ဘက်ခြံဝန်းမှာ ကျယ်ဝန်း လှသည်ကားမဟုတ်ပါ။ နောက်ဆုံးတွင် ကျွန်မက ဒေါင်လိုက်မွမ်းမံအလှဆင်နည်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်ပါသည်။

မိမိတို့ကိုယ်တိုင် အလှဆင်မွမ်းမံနိုင်သည့် ယခုစိတ်ကူး ကို ကျွန်မစိတ်ထဲတွေးမိနေသည်မှာ ပြီးခဲ့သော နွေကတည်း က ဖြစ်ပါသည်။

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ
ပြုလုပ်ပြီးစီးသွားချိန်တွင်လည်း အလွန်လှပလှပြီး အိမ်နောက်ခြံဝန်းကို အသွင်တစ်မျိုး ပြောင်းလဲစေခဲ့ပါ၏။

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ

ဖော်ပြပါပုံမှာ ပန်းပင်များ မစိုက်ပျိုးရသေးမီ ပြီးခဲ့ သော နွေရာသီက ဓာတ်ပုံရိုက်ယူထားခဲ့သော အိမ်နောက် ဘက် ခြံစည်းရိုးပုံ ဖြစ်ပါသည်။

လုပ်ဆောင်ရမည့် အဆင့်များမှာ အလွန်လွယ်ကူ ရိုးရှင်းလှပါသည်။

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ

ဦးစွာအားဖြင့် နို့ဆီဘူး၊ အချိုရည်သံဘူး၊ နို့မှုန့်၊ သံဘူး အစရှိသည်တို့ကို စုဆောင်းပါ။

ဘူးဘေးတွင်ရှိသော စက္ကူတံဆိပ်များကို ခွာယူပါ။ သံဘူး၏ အောက်ခြေတွင် ရေဆင်းနိုင်ရန်အတွက် အပေါက်ငယ် အနည်းငယ် သံဖြင့် ရိုက်ဖောက်ပေးပါ။

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ

မှုတ်ဆေးဘူးဖြင့် မိမိနှစ်သက်ရာအရောင် ဆေးမှုတ် ပေးပြီး အခြောက်ခံထားပါ။

ကျွန်မကမူ အပြာရင်ရောင့်ကို အသုံးပြုခဲ့ပါသည်။
ယင်းနောက် အတွင်းဘက်ကို အပေါ်ဘက်တစ်လက်မခန့် ဆေးမှုတ်ပေးပါ။ ကျွန်မကမူ အတွင်းပိုင်းကိုလည်း အပြည့် ဆေးမှုတ်ပေးခဲ့ပါသည်။

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ

ဆေးလုံးဝခြောက်သွားလျှင် သံဘူးများကို ခြံစည်း ရိုးတွင် ၀က်အူဖြင့် ချိတ်ဆွဲပေးပါ။

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ
အမြင့်မှတ်အမျိုးမျိုးတွင် ချိတ်ဆွဲပေးပါက မျက်စိ ပသာဒဖြစ်စေနိုင်မည် ဖြစ်ပါသည်။

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ

သံဘူးများတွင် မြေဆွေးများထည့်ကာ နှစ်သက်ရာ သင့်လျော်မည့် ပန်းပင်များ ထည့်သွင်းစိုက်ပျိုးပြီး နေ့စဉ် ရေလောင်းပေးပါ။

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ
ဖော်ပြပါပုံမှာ တစ်လအကြာတွင် တွေ့မြင်ရပုံဖြစ်ပါ ၏။ ကျွန်မစိုက်ပျိုးခဲ့သည့် အာလူးပင် မည်မျှရှင်သန်ကြီးထွား နေသည်ကို ကြည့်ရှုပါလေ။

အိမ်နောက်ဘက် ခြံစည်းရိုးကို သံဘူးဟောင်းတွေနဲ့ဘယ်လိုအလှဆင်မလဲ

 

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

 


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)