2002 ကြိမ် ကြည့်ရှု့ ပြီး
[Zawgyi]
[Unicode]
ဝါးကုန်ကြမ်းအပိုင်းအစလေးတွေနဲ့ နေအိမ်အသုံးအဆောင်လေး တွေ ဖန်တီးအသုံးပြုကြမယ်…..
ဝါးကုန်ကြမ်း အသုံးအဆောင်လေးတွေနဲ့ အိမ်အလှပြင်ဆင်ခြင်းက စရိတ်စကသက်သာပြီးတော့ ထူးထူးခြားခြား အလှအပအပြင်အ ဆင်မျိုးကို ပေးနိုင်ပါတယ်။
သာမန်အိမ်အလှဆင်ပစ္စည်းတွေ၊ ခေတ် မီ၊ ခေတ်ပေါ်ပစ္စည်းတွေလိုမျိုး ခံစားမှုနဲ့ကွဲထွက်ပြီးတော့ သဘာဝ ပတ်ဝန်းကျင် အလှအပတရားနဲ့ နီးစပ်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင် တာကြောင့်လည်း နှစ်သက်သဘောကျလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါ့ကြောင့် ကုန်ကျစရိတ်လည်းသက်သာမယ်။
အိမ်အတွက်ထူးထူး ခြားခြား ပြင်ဆင်မှုလေးတွေလည်း ဖြစ်မယ်ဆိုတဲ့ ဝါးကုန်ကြမ်းအိမ် အလှဆင်ပစ္စည်းလေးတွေနဲ့ နေအိမ်ပြင်ဆင်နိုင်မယ့် နည်းလမ်းလေး တွေကို ဖော်ပြပေးလိုက်ပါတယ်…
၁။ မီးအလင်းတိုင်လေးတွေအတွက်ကို ခေတ်မီပစ္စည်းတွေမဟုတ်ပဲ ဝါးဆစ်ကျည်တောက်ကလေးတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ပုံဖော်မှု လေးပါပဲ။ စိတ်ဝင်စားစရာကောင်းတဲ့ ဖန်တီးမှုမျိုးဖြစ်ပြီးတော့ စိတ် ကူးနဲ့ ပုံဖော်နိုင်မှုကလည်း တကယ့်ကို နှစ်ခြိုက်စွဲဆောင်စေနိုင်ပါ တယ်။
ဝါးဆစ်တောက်ကလေးတွေကို အချောသတ်ပြီးတော့အ တွင်းအခေါင်းပေါက်ထဲမှာ မီးအလင်းတိုင်လေးတွေ ထည့်ပြီးတော့ မီးထွန်းထားတာ ဖြစ်ပါတယ်။
၂။ ထိုင်ခုံလေးတွေ၊ စားပွဲ၊ နံရံ ၊ ကုတင်၊ စင်တန်း ကလေး တွေမှာလည်း ပုံသဏ္ဍာန်မျိုးစုံ၊ အရွယ်မျိုးစုံရှိတဲ့ ဝါးချောင်းလေးတွေ ဝါးပင် ကလေးတွေ ဖြတ်တောက်ပြီး စိတ်ကြိုက်လိုရာအသုံး အဆောင် ပစ္စည်းလေး တွေအဖြစ်ပုံဖော်နိုင်ပါတယ်။
ဝါးပင်၊ဝါးချောင်းလေး တွေ စီရီပြီး တော့နံရံလုပ်တာမျိုး၊ အခင်းပြားလုပ်တာမျိုးနဲ့ အသုံး ဆောင်အသေးလေးတွေ ပြုလုပ်တာမျိုးနဲ့ ပုံဖော်နိုင်ပါသေးတယ်။
၃။ ဝါးချောင်းရှည်ရှည်နဲ့ တုတ်တုတ်ခိုင်ခိုင် ဝါးပင်တွေဆိုရင် နံရံလေးတွေ၊ အကာအရံကာရံလို့ရမယ့် နံရံကန့်လန့်ကာလေးတွေ၊ ပြုလုပ်လို့ရနိုင်သလို အိမ်အလှဆင်မယ့် အလှဆင်ပစ္စည်းအဖြစ် လည်း စိတ်ကူးကောင်းကောင်းလေးအဖြစ် ပုံဖော်ထားရှိလို့ ရနိုင်ပါ သေးတယ်။
ဝါးဆစ်တောင့်လေးတွေကလည်း ဖယောင်းတိုင်ထွန်း ခွက်ကလေးတွေ၊ မှန်ဘောင်၊ ဓာတ်ပုံဘောင်၊ မီးအိမ်လေးတွေ၊ စသဖြင့် အသုံးအဆောင်ပစ္စည်းအသေးအမွှားလေးတွေအဖြစ်လည်း ဖန်တီးလုပ်ယူလို့ ရနိုင်ပါသေးတယ်။
၄။ ခြံဝင်းလေးထဲက အလှစိုက်ပျိုးမယ့် ပန်းအိုးကလေးတွေ၊ ပန်း စိုက် ဝါးဆစ်တောက်ကလေးတွေ၊ ရေတံခွန်အသေးစားလေးတွေ၊ ပန်းစိုက်ပျိုးနိုင်မယ့် စင်တန်းကလေးတွေ အစရှိသဖြင့်ကို ဝါးဆစ် ကလေးတွေ၊ ဝါးကုန်ကြမ်းကလေးတွေနဲ့ ပြင်ဆင်လို့ရနိုင်ပါသေး တယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)