နေအိမ်ရဲ့ ပြတင်းတံခါးပေါက်လေးတွေမှာ ချစ်စရာကောင်းပြီး စွဲ ဆောင်မှုရှိဖို့အတွက် အိမ်အလှပြင်ဆင်တဲ့ ပစ္စည်းလေးတွေ ပြင် ဆင်ဖို့အပြင် တခြားနည်းလမ်းလေးတွေနဲ့လည်း ပြင်ဆင်နိုင်ပါ သေး တယ်။
ပုံမှန်ဆို ဖန်ချပ်၊ မှန်ချပ် တံခါးဘောင်လှလှကလေးတွေ၊ နောက် ခန်းစီးလိုက်ကာလေးတွေနဲ့ ဖန်စီပစ္စည်းလေးတွေ ပြင်ဆင် ကြတာမျိုးမဟုတ်တဲ့ ပြင်ဆင်နည်းလမ်းလေးတွေ ရှိနေပါသေး တယ်။
အဲ့ဒါကတော့ သင့်အိမ်ပြတင်းတံခါးလေးတွေလည်းလှပနေ မယ်။ နောက်ပြီးတော့ ထူးခြားတဲ့ အပြင်အဆင်လေးတွေ လည်း ဖြစ်နေမယ့် ပြင်ဆင်မှု နည်းလမ်းလေးကတော့ အစိမ်းရောင် စိမ်းစိုစို အပင်လေးတွေနဲ့ ပန်းပင်အိုးလေးနေတွေ စိုက်ပျိုးထားခြင်းပါပဲ။ နည်းလမ်းလေးတွေကို ကြည့်ရအောင်…
၁။ ပြတင်းမှန်ဘောင်လေးတွေမှာ ပန်းအိုးကလေးတွေ ထားရှိပြင် ဆင်လို့ရအောင် နေရာလေးတွေအနည်းငယ်ချန်ထားတာတို့၊ တန်း စင်ကလေးတွေ ပြုလုပ်တာမျိုးတွေ ပြင်ဆင်လို့ရနိုင်ပါတယ်။
ဘောင် လေးတွေ၊ သစ်သားဘောင်လေးတွေ၊ ပန်းအိုးတင်လို့ရနိုင်မယ့် စင်နဲ့ နေရာကလေးတွေ ပြုလုပ်နိုင်ပါတယ်။
၂။ ပန်းပင်ငယ်လေးတွေ စိုက်ပျိုးဖို့က အသင့်တော်ဆုံး ဖြစ်မှာပါ။ ပန်းအိုးသေးသေးလေးထဲ ချစ်စရာကောင်းတဲ့ ပန်းပင်ငယ်လေးတွေ စိုက်ပျိုးထားလိုက်ခြင်းက ပြတင်းပေါက်ကလေးတွေမှာ ပိုပြီးတော့ လှပပြီး ချစ်စရာလည်း ကောင်းပါတယ်။
စိမ်းစိုတဲ့ အပြင်အဆင်နဲ့ အရောင်ကလည်း စိတ်ကိုလန်း ဆန်းစေနိုင် ပါတယ်။ နောက်ပြီး ချစ် စရာကောင်းတဲ့ ပန်းပင်အိုး ဒီဇိုင်းလေးတွေကလည်း စွဲဆောင်မှုရှိစေ နိုင်မှာ ဖြစ်ပါတယ်။
၃။ နေရောင်ကောင်းကောင်းရတဲ့ နေရာလေးတွေမှာ စိုက်ပျိုးရင်ပိုပြီး တော့ အဆင်ပြေစေနိုင်ပါတယ်။
အိမ်တွင်းမှာ စိုက်ပျိုးဖို့သင့်တော် တဲ့အပင်လေးတွေလည်း ရှိပါတယ်။
နေရောင်ကောင်းကောင်းနဲ့ လေအဝင်အတွက် ကောင်းမွန်တဲ့ ပြတင်းမှန်လေးတွေမှာဆိုရင် တော့ အိမ်တွင်းစိုက်ပျိုးမယ့် ပန်းပင်လေးတွေက ပိုပြီးတော့ ရှင်သန် ဖွံ့ဖြိုးစေနိုင်ပါတယ်။
၎။ ပန်းပင်စိုက်ပျိုးမယ့် အပင်လေးတွေ၊ အိုးလေးတွေ၊ နောက်ပြီး တော့ ဒီဇိုင်းပုံစံလေးတွေကို ရွေးချယ်ပါ။
ချစ်စရာကောင်းတဲ့ ပန်းအိုးလေးတွေ၊ ပန်းပင်လေးတွေနဲ့ အစီအရီ စိုက်ပျိုးမယ့် ပုံစံလေး တွေကလည်း စွဲဆောင်မှုနဲ့ ထူးထူးခြားခြားလေး ပြင်ဆင်ထားမယ် ဆိုရင် ပိုပြီးတော့ လှပစေနိုင်မှာပါ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)