403 ကြိမ် ကြည့်ရှု့ ပြီး

နေအိမ်သစ်မှာ နေထိုင်မယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်တတ်ဖို့ သိထားသင့်စရာများ........

 ကဲ စာဖတ်ပရိသတ်တို့ရေ ... လာမယ့်လအနည်းငယ်ဆိုပဲ ဝါလကင်း လွတ် သီတင်းကျွတ်ကို ရောက်တော့မယ် ဆိုတော့ မင်္ဂလာရက်မြတ်မှာ လက်ထပ်မှု ပြုကြမယ့်သူတွေ၊ အိုးသစ်၊ အိမ်သစ်နဲ့ နေထိုင်ကြ မယ့်သူတွေ၊ နေရာထိုင်ခင်း အသစ်မှာ ပြောင်းရွှေ့နေထိုင်ကြမယ့် သူတွေအများအပြားရှိနေကြမှာပါ။ ဝါတွင်းသုံးလတာကာလမှာ နေရာဟောင်း၊ အိုး အိမ်အဟောင်းမှာ နေထိုင်ပြီးတဲ့နောက် ဝါကျွတ်ချိန် ရောက်တဲ့အခါ အိမ်သစ်နေရာ သစ်ကို ပြောင်းရွှေ့နေထိုင်ကြဖို့ ရှိလာ တတ်ကြပါတယ်။

တကယ်လို့ သင့်အနေနဲ့ အိုးသစ် အိမ်သစ်ကို ပြောင်းရွှေ့ကြတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုအပိုင်းနဲ့ ပြောင်းရွှေ့ နေထိုင်လာပြီးနောက်မှာ ဘယ်လိုမျိုးပြင် ဆင်မှုတွေ ပြုလုပ်ရမလဲဆိုတဲ့ အချက် တွေက သိပ်ကို အရေးကြီးပါတယ်။ နေရာ ထိုင်ခင်းအသစ်မှာ မနေထိုင်ခင်ကတည်း က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သင့် သလို၊ နေထိုင်နေစဉ်အချိန်မှာလည်း အိမ်သစ်အတွက် အသင့်တော်ဆုံး ပြင်ဆင် မှုတွေ ဘယ်လို ပြုလုပ်သင့်တယ်ဆိုတာ သိထား သင့်ပါတယ်။ ဒီတော့လာမယ့် ဝါကျွတ်အချိန်အခါသမယမှာ အိုးသစ် အိမ်သစ်မှာ နေထိုင်တော့မယ့် မိသားစု တွေ၊ ကြင်စဦး ဇနီးမောင်နှံတွေအတွက် မှတ်ထား သင့်စရာ နည်းလမ်းကောင်းတွေ ဝေမျှ ပေးလိုက်ပါတယ်။

နေအိမ်သစ်မှာ နေထိုင်မယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်တတ်ဖို့ သိထားသင့်စရာများ........

အိမ်တစ်အိမ်ရဲ့ အဓိကအကျဆုံး ကတော့ လုံခြုံမှုတံခါးတွေပါပဲ။ အရင်အိမ် အဟောင်းပဲဖြစ်ဖြစ်၊ အိမ်အသစ်ပဲဖြစ် ဖြစ်၊ တပ်ဆင်ထားတဲ့ တံခါးတွေ၊ တံခါး လော့ခ်တွေကို အသစ်ပြောင်းလဲတပ် ဆင် လိုက်ပါ။ အဝင်တံခါးမကြီး၊ နောက် ဖေးဘက်တံခါးတွေ၊ ခြံတံခါးတွေမှာ ခတ်ထားတဲ့ လုံခြုံရေး သော့ခလောက်တွေကို မိမိတို့ မိသားစုဝင်တွေသာ သိထားတဲ့ လုံခြုံရေးသော့တွေ၊ သော့ဂဏန်းအသစ် တွေကိုသာ အသုံးပြုသင့်ပါတယ်။

နေအိမ်သစ်မှာ နေထိုင်မယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်တတ်ဖို့ သိထားသင့်စရာများ........


အရေးပေါ်မီးတွေ၊ ခေါင်းလောင်း တွေ၊ အချက်ပေးခလုတ်မီးတွေကို လဲလှယ် ပါ။ တော်သင့်ရုံအသုံးပြုတတ်ကြလို့ ဘက် ထရီအသစ်ပြန်လဲလှယ်ဖို့ သတိမထားမိတဲ့ ဒီလိုအရေးပေါ် အချက်ပေးခေါင်းလောင်း တွေရဲ့ အားသွင်းစနစ်တွေကို အသစ်လဲ လှယ်ပေးပါ။ မတော်တဆမှု မဖြစ်အောင် နဲ့ ကြိုတင်သတိထားပြင်ဆင်ခြင်းက အကောင်းဆုံးပါပဲ။ ရုတ်တရက် ဖြစ်ပေါ်လာ တဲ့ အခြေအနေကို ကြိုမသိနိုင်တာကြောင့် ဒီလိုမျိုးအရေးပေါ် အချက်ပြခလုတ်တွေ ကို အသစ်ပြင်ဆင်အသုံးပြုသင့် ပါတယ်။

လျှပ်စစ်မီးအသုံးပြုမှုစနစ်တွေကို စစ်ဆေးပါ။ အသစ်လဲလှယ် လိုက်ရင်တော့ အကောင်းဆုံးပါပဲ။ ဝါယာကြိုးတွေ၊ မီးလုံး၊ မီးချောင်းတွေ၊ မီးချောင်းချုပ်တွေ၊ မီး ခလုတ်တွေ၊ ပါဝါဘရိတ်တွေ၊ မော်တာ၊ မီးဘောက်စ် တွေ အစရှိတဲ့ တစ်အိမ်လုံးစာ အသုံးပြုမယ့် မီးအားစနစ်အတွက် တတ် ကျွမ်းသူနဲ့ စစ်ဆေးသင့်ပါတယ်။ မီးကြိုး ပေါက်ပြဲနေ တာမျိုးတွေ၊ မီးအား စနစ် ပျက်ယွင်းနေတာတွေ၊ မီးလုံး၊ မီးချောင်း ကျွမ်းနေတာ၊ လျှပ်စစ်အားမလျှောက် တော့တာတွေကို အသစ်လဲလှယ်ပြီး တပ်ဆင်အသုံးပြုပါ။

နေအိမ်သစ်မှာ နေထိုင်မယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်တတ်ဖို့ သိထားသင့်စရာများ........


ရေသုံးစနစ်တွေကို စစ်ဆေးပါ။ နေအိမ်တစ်အိမ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းကလည်း ရေအသုံးပြုမှု စနစ်ပါပဲ။ သုံးရေနဲ့ သောက်ရေတို့အတွက် ရေအရင်းမြစ်ရရှိမှုတွေကို လေ့လာပါ။ နေအိမ်အသစ်မှာရှိနေတဲ့ မြေအောက် သွယ်ယူတဲ့ရေစနစ်၊ ရေတွင်းတူးစနစ်၊ အဝီစိစနစ်၊ ဒါမှမဟုတ် အခြားရေသွယ်ယူ စနစ်တွေကို မိမိတို့မိသားစုတွေနဲ့ အဆင် ပြေနိုင်မယ့်နည်းလမ်းတွေကို ရွေးချယ် သင့်ပါတယ်။ သောက်သုံးရေစနစ်ကို လည်း ရေအရင်းမြစ်ကောင်းကောင်းနဲ့ ရေအသုံးပြုမှုအတွက် မပူမပင်ရတဲ့ အခြေ အနေဖြစ်အောင် လုပ်ဆောင်တတ်ဖို့ လိုပါတယ်။

နေအိမ်သစ်မှာ နေထိုင်မယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်တတ်ဖို့ သိထားသင့်စရာများ........

အိမ်သစ်အတွက် တစ်အိမ်လုံးစာ နေရာထိုင်ခင်းလုံခြုံမှုကို ဦးစားပေးပြီး စစ်ဆေးပါ။ ပြင်ဆင်ပါ။ အမိုးတွေ၊ အကာ အရံတွေ၊ ခြေနင်း ကြမ်းခင်းပြင်တွေ အစ ရှိသဖြင့် အကောင်းဆုံးဖြစ်အောင် ဖန်တီး ပြင်ဆင်တတ်ဖို့ လိုပါတယ်။ မိမိ မိသားစု တို့နဲ့ ကိုက်ညီသင့်တော်မယ့် နေအိမ် အတွက် ရာသီဥတုဒဏ်၊ လူနေထိုင်မှု လုံခြုံစိတ်ချရခြင်း၊ ခိုင်ခံ့မှု ရှိမရှိ စစ်ဆေး ခြင်း၊ သက်သောင့်သက်သာရှိမှုစတဲ့ အရာ တွေကို စစ်ဆေးသင့်ပါတယ်။ အမိုးအကာ တို့မှာ ပေါက်ပြဲတာတို့၊ မလုံခြုံတာတို့ကို ပြုပြင်သင့်ပါတယ်။ ကြမ်းခင်းပြင်တွေမှာ ဆိုရင်လည်း ကြမ်းခင်းအနင်းမခံနိုင်ခြင်း၊ ကြမ်းကျွံပေါက်ပြဲခြင်း၊ ကြမ်းခင်းပြင်မှာ ပျက်စီးယိုယွင်းနေခြင်းတို့ကို အသစ်ပြန် လည်ခင်းကျင်းသင့်ပါတယ်။ ပြတင်းတံခါး များ၊ ခြံစည်းရိုး၊ ဝင်းတံခါးတွေ စတဲ့အရာ တွေကလည်း နေအိမ်တစ်လုံးစာအတွက် အရမ်းကိုအရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လုံလုံခြုံခြုံ ဖြစ်မယ့် အခြေအနေအထိ ပြင်ဆင်ထား သင့်ပါတယ်။

 

ရွှေဝတ်မှုံ  မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)